ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

ဇွန်လ၊ ဒုတိယအပတ်တွင် အရောင်းအဝယ်ဖြစ်နေသည့် နွေနှမ်းဈေးနှုန်း

  စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ရွှေဘိုခရိုင်ဦးစီးမှူးရုံးအနေဖြင့် စားသုံးသူကာကွယ်ရေးလုပ်ငန်းများအပြင် ပြည်တွင်းကုန်သွယ်မှုဖွံ့ဖြိုးရေးလုပ်ငန်းများဆောင်ရွက်လျက်ရှိပြီး ပုဂ္ဂလိကကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် အသင်း၊ အစုအဖွဲ့နှင့်ကုန်စည်ဒိုင်များဖွဲ့စည်းခြင်း၊ ဖွဲ့စည်းပြီးအသင်းအဖွဲ့များ၊ ကုန်စည်ဒိုင်များပိုမိုခိုင်မာအားကောင်းလာစေရေး ပူးပေါင်းဆောင်ရွက်လျက်ရှိပါသည်။ ကုန်စည်ဒိုင်များ၏သီးနှံဈေးနှုန်းများနှင့် အရောင်းအဝယ်ဖြစ်မှု တင်း/တန်စာရင်းတို့ကိုလည်း အပတ်စဉ်၊ လစဉ် တင်ပြလျက်ရှိရာ ၂၀၂၃ခုနှစ်၊ ဇွန်လ၊ ဒုတိယအပတ်အတွင်း အရောင်းအဝယ်ဖြစ်နေသည့်သီးနှံနှင့် ဈေးနှုန်းအခြေအနေများကို ရွှေဘိုမြို့၊ ပဲ၊ နှမ်းကုန်စည်ဒိုင်ရှိ တာဝန်ရှိသူများနှင့်ဆက်သွယ်မေးမြန်းခဲ့ပါသည်။

   မေလ၊ စတုတ္ထအပတ်မှစတင်၍ ရွှေဘိုဈေးကွက်သို့ နွေနှမ်းများစတင်ဝင်ရောက်လာပြီး ဇွန်လ၊ ဒုတိယအပတ်အထိ အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း၊ ဇွန်လ၊ ဒုတိယအပတ်တွင် အရောင်းအဝယ်ဖြစ်သည့်ဈေးနှုန်းမှာ နှမ်းနက်တစ်တင်းလျှင် (၁၁၁၇၀ဝိ/-) ကျပ်ပေါက်ဈေးရှိပြီး အရောင်းအဝယ်ဖြစ်မှုမှာ (၃၅၀၀) တင်း/(၈၆) တန်ဖြစ်ကြောင်း၊ နှမ်းညိုတစ်တင်းလျှင် (၉၇၀၀ဝိ/-) ကျပ်ပေါက်ဈေးရှိပြီး အရောင်းအဝယ်ဖြစ်မှုမှာ (၁၀၀၀) တင်း/(၂၅) တန်ဖြစ်ကြောင်း၊ ယခင်နှစ်ကာလတူ၌ နှမ်းနက်နှင့်နှမ်းညိုများမှာ အရောင်းအဝယ်ဖြစ်ခြင်းမရှိကြောင်း၊ ဇွန်လ၊ ပထမအပတ်နှင့်ဒုတိယပတ်တွင် အရောင်းအဝယ်ဖြစ်သည့်ဈေးနှုန်းတို့ကိုနှိုင်းယှဉ်ပါက ပထမအပတ်၌ နှမ်းညိုများမှာ အရောင်းအဝယ်ဖြစ်ခြင်းမရှိဘဲ နှမ်းနက်တစ်တင်းလျှင် (၁၀၆၆၀ဝိ/-) ကျပ်ဈေးဖြင့် အရောင်းအဝယ်ဖြစ်ခဲ့သဖြင့် ဒုတိယအပတ်တွင် ပထမအပတ်ထက် နှမ်းနက်တစ်တင်းလျှင် (၅၁၀ဝိ/-) ကျပ်ဈေးပိုခဲ့ပြီး  ဝင်ရောက်သမျှ အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

 

 

ရွှေဘိုမြို့တွင်ရောင်းချနေသော အခြေခံစားသောက်ကုန်များ၏ ကုန်ဈေးနှုန်းအခြေအနေ

   စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနအနေဖြင့် စားသုံးသူကာကွယ်ရေးလုပ်ငန်းများအပြင် အခြေခံစားကုန်ဈေးနှုန်းများကို အပတ်စဉ် တင်ပြလျက်ရှိပါသည်။

  ၂၀၂၃ခုနှစ်၊ ဇွန်လ၊ ပထမအပတ်အတွင်း ရွှေဘိုမြို့နယ်၏အခြေခံစားကုန်ဈေးနှုန်းများမှာ  ရွှေဘိုပေါ်ဆန်းဆန် (၁) ပြည်လျှင် (၄၀၀ဝိ/-) ကျပ်နှင့် ဧရာမင်းဆန် (သစ်) (၁) ပြည်လျှင် (၃၉၀ဝိ/-) ကျပ်တို့ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိပါသည်။ ကြက်သွန်နီ (သစ်) လက်လီဈေးမှာ (ကြီး) (၁) ပိဿာလျှင် (၂၂၀ဝိ/-) ကျပ်၊ (လတ်) (၁) ပိဿာလျှင် (၂၀၀ဝိ/-) ကျပ်နှင့် (သေး) (၁) ပိဿာလျှင် (၁၅၀ဝိ/-) ကျပ်တို့ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိပါသည်။ ကြက်သွန်ဖြူလက်လီဈေးမှာ (ဗမာ) (၁) ပိဿာလျှင် (၅၀၀ဝိ/-) ကျပ်မှ (၇၀၀ဝိ/-) ကျပ်ထိ၊ ရှမ်းကြက်သွန်ဖြူ (၁) ပိဿာလျှင် (၅၅၀ဝိ/-) ကျပ်မှ (၆၅၀ဝိ/-) ကျပ်ထိ၊ (ကြူကုတ်) (၁) ပိဿာလျှင် (၅၅၀ဝိ/-) ကျပ်မှ (၆၅၀ဝိ/-) ကျပ်ထိ၊ ချင်း (၁) ပိဿာလျှင် (၁၃၀ဝိ/-) ကျပ်မှ (၁၅၀ဝိ/-) ကျပ်ထိ၊ ငရုတ်သီးခြောက် (၁) ပိဿာလျှင် အမျိုးအစားအလိုက် (၁၆၀၀ဝိ/-) ကျပ်မှ (၁၇၀၀ဝိ/-) ကျပ်ထိ၊ အာလူး (၁) ပိဿာလျှင် (၁၈၀ဝိ/-) ကျပ်မှ (၂၄၀ဝိ/-) ကျပ်ထိနှင့် ခရမ်းချဉ်သီး (၁) ပိဿာလျှင် (၁၄၀ဝိ/-) ကျပ်တို့ဖြင့် အရောင်းအဝယ်ဖြစ်နေပါသည်။

    ကြက်ဥလက်လီဈေးနှုန်းမှာ (ကြီး) (၁) လုံးလျှင် (၃၀ဝိ/-) ကျပ်၊ (သေး) (၁) လုံးလျှင် (၂၅ဝိ/) ကျပ်၊ ဘဲဥ (ကြီး) (၁) လုံးလျှင် (၃၀ဝိ/-) ကျပ်နှင့် (သေး) (၁) လုံးလျှင် (၂၅ဝိ/-) ကျပ်တို့ရှိပါသည်။

    ရွှေဘိုမြို့၏ အသားငါးဈေးနှုန်းများမှာ ကြက်သား (CP) (၁) ပိဿာလျှင် (၈၀၀ဝိ/-) ကျပ်မှ (၁၁၀၀ဝိ/-) ကျပ်ထိ၊ ကြက်သား (ဗမာ) (၁) ပိဿာလျှင် (၁၃၀၀ဝိ/-) ကျပ်မှ (၁၅၀၀ဝိ/-) ကျပ်ထိ၊ ဝက်သား (၁) ပိဿာလျှင် (၁၈၀၀ဝိ/-) ကျပ်မှ (၂၂၀၀ဝိ/-) ကျပ်ထိ၊ အမဲသား (၁) ပိဿာလျှင် (၁၄၀၀ဝိ/) ကျပ်မှ (၁၆၀၀ဝိ/-) ကျပ်ထိ၊ ငါးမြစ်ချင်း (၁) ပိဿာလျှင် (၇၅၀ဝိ/-) ကျပ်နှင့် ငါးကြင်း (၁) ပိဿာလျှင်  (၇၀၀ဝိ/-) ကျပ်တို့ဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်း သိရှိရပါသည်။

     စားသုံးဆီဈေးနှုန်းများမှာ ပဲဆီသန့် (၁) ပိဿာလျှင် (၁၅၀၀ဝိ/-) ကျပ်၊ စားအုန်းဆီ (၁) ပိဿာလျှင် (၆၃၅ဝိ/-) ကျပ်နှင့် နှမ်းဆီ (၁) ပိဿာလျှင် (၁၅၀၀ဝိ/-) ကျပ်တို့ဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်း  သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

 

မုံရွာမြို့တွင်ရောင်းချနေသော အခြေခံစားကုန်များ၏ဈေးနှုန်းအခြေအနေ

   ၂၀၂၃ခုနှစ်၊ ဇွန်လ၊ ဒုတိယအပတ်အတွင်း မုံရွာမြို့နယ်၌ အခြေခံစားကုန်များဖြစ်သော ရွှေဘိုပေါ်ဆန်းဆန်တစ်ပြည်လျှင် (၄၃၀၀) ကျပ်နှင့် ဧရာမင်းဆန်တစ်ပြည်လျှင် (၄၁၀၀)  ကျပ်တို့ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိပါသည်။ စားအုန်းဆီတစ်ပိဿာလျှင် (၆၄၀၀) ကျပ်၊ မြေပဲဆီတစ်ပိဿာလျှင် (၁၃၅၀၀) ကျပ်၊ နှမ်းဆီတစ်ပိဿာလျှင် (၁၁၀၀၀) ကျပ်တို့ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိပါသည်။ ကြက်သွန်နီလက်လီတစ်ပိဿာလျှင် (၂၀၀၀) ကျပ်မှ (၂၂၀၀) ကျပ်ထိ၊ ကြက်သွန်ဖြူလက်လီ (ဗမာ) တစ်ပိဿာလျှင် (၇၅၀၀) ကျပ်မှ (၈၀၀၀) ကျပ်ထိ၊ ကြက်သွန်ဖြူ (ရှမ်း) တစ်ပိဿာလျှင် (၇၀၀၀) ကျပ်မှ (၇၅၀၀) ကျပ်ထိ၊ ကြက်သွန်ဖြူ (ကြူကုတ်) တစ်ပိဿာလျှင် (၇၅၀၀) ကျပ်မှ (၈၀၀၀) ကျပ်ထိ၊ ချင်းတက်တစ်ပိဿာလျှင် (၁၉၀၀) ကျပ်မှ (၂၀၀၀) ကျပ်ထိ၊ ငရုတ်ခြောက်တစ်ပိဿာလျှင် အမျိုးအစားအလိုက်  (၁၄၀၀၀)  ကျပ်မှ (၁၅၀၀၀) ကျပ်ထိ၊ အာလူးတစ်ပိဿာလျှင် (၂၄၀၀) ကျပ်မှ (၂၅၀၀) ကျပ်ထိ၊ ခရမ်းချဉ်သီးတစ်ပိဿာလျှင် (၁၉၀၀) ကျပ်မှ (၂၀၀၀) ကျပ်တို့ဖြင့် အရောင်းအဝယ်ဖြစ်လျက်ပါသည်။

     ကြက်ဥလက်လီဈေးနှုန်းမှာ အကြီးတစ်လုံးလျှင် (၂၅၀) ကျပ်၊ အသေးတစ်လုံးလျှင် (၂၀၀) ကျပ်၊ ဘဲဥ (ကြီး) တစ်လုံးလျှင် (၃၅၀) ကျပ်နှင့် အသေးတစ်လုံးလျှင် (၃၀၀) ကျပ်တို့ရှိပါသည်။ မုံရွာမြို့၏အသားငါးဈေးနှုန်းများမှာ ကြက်သား (CP) တစ်ပိဿာလျှင် (၁၀၀၀၀) ကျပ်မှ  (၁၁၀၀၀) ကျပ်ထိ၊ ကြက်သား (ဗမာ) တစ်ပိဿာလျှင် (၁၂၀၀၀) ကျပ်၊ ဝက်သားတစ်ပိဿာလျှင် (၁၉၀၀၀) ကျပ်မှ (၂၀၀၀၀) ကျပ်ထိ၊ အမဲသားတစ်ပိဿာလျှင် (၁၈၀၀၀) ကျပ်မှ (၁၉၀၀၀) ကျပ်ထိ၊ ငါးမြစ်ချင်းတစ်ပိဿာလျှင် (၈၀၀၀) ကျပ်၊ ငါးကြင်းတစ်ပိဿာလျှင် (၁၀၀၀၀) ကျပ်တို့ဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်း သိရပါသည်။

    ဇွန်လ၊ ဒုတိယအပတ်အတွင်း အခြေခံစားကုန်ဈေးနှုန်းများနှင့် ယခင်အပတ်ဈေးနှုန်းများကိုနှိုင်းယှဉ်လျှင် မြေပဲဆီတစ်ပိဿာလျှင် (၁၀၀၀) ကျပ်ဈေးတက်လျက်ရှိပြီး ကျန်အခြားအခြေခံစားကုန်ဈေးနှုန်းများမှာ ကွာဟမှုမရှိကြောင်း မုံရွာမြို့နေ ဈေးရောင်းချသူများထံမှ သိရှိရပါသည်။

DOCA(စစ်ကိုင်း)

 

တိုင်းဒေသကြီး/ပြည်နယ်များ၏ စပါးဆန်ဈေးနှုန်းများအား ယခင်နှစ်၊ ယခင်လ၊ ယနေ့ ကာလတူ နှိုင်းယှဉ်ပြုစုတင်ပြခြင်း

   တိုင်းဒေသကြီး/ပြည်နယ်များ၏ စပါးဆန် ဈေးနှုန်းများအား ယခင်နှစ်၊ ယခင်လ၊ ယနေ့ ကာလတူ နှိုင်းယှဉ်ပြုစုတင်ပြအပ်ပါသည်။

တိုင်းဒေသကြီး/ပြည်နယ်များရှိ ကုန်စည်ဒိုင်များတွင် ဖြစ်ပေါ်နေသော မတ်ပဲ၊ ပဲတီစိမ်း နှင့် ပဲစဉ်းငုံတစ်တန် ဈေးနှုန်းများအား ယခင်နှစ်၊ ယခင်လ၊ ယခင်အပတ်၊ ယခင်နေ့၊ ကာလတူ ဈေးနှုန်းစာရင်း

   တိုင်းဒေသကြီး/ပြည်နယ်များရှိ ကုန်စည်ဒိုင်များတွင် ဖြစ်ပေါ်နေသော မတ်ပဲ၊ ပဲတီစိမ်း နှင့် ပဲစဉ်းငုံ တစ်တန် ဈေးနှုန်းများအား ယခင်နှစ်၊ ယခင်လ၊ ယခင်အပတ်၊ ယခင်နေ့၊ ကာလတူ ဈေးနှုန်းစာရင်းအား နှိုင်းယှဉ်ပြုစု တင်ပြအပ်ပါသည်။

ဆန်စပါးဆိုင်ရာ အပတ်စဉ်လေ့လာသုံးသပ်ချက်(အကျဉ်းချုပ်)

   စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ဝန်ကြီးရုံး၏ ရည်ညွှန်းပါစာလမ်းညွှန်ချက်အရ ဆန်စပါးဆိုင်ရာ အပတ်စဉ်လေ့လာသုံးသပ်ချက်(အကျဉ်းချုပ်) ၂၀/၂၀၂၃ အား သိရှိလမ်းညွှန်မှုပြုနိုင်ပါရန် တင်ပြအပ်ပါသည်။

တိုင်းဒေသကြီးနှင့်ပြည်နယ် မြို့နယ်အလိုက် ဆန်၊ ဆီ၊ မီးဖိုချောင်သုံး ပစ္စည်းများ၊ သားငါး၊ စက်သုံးဆီ၊ ရွှေ၊ ဒေါ်လာ ဈေးနှုန်းများ( ၁၃.၆.၂၀၂၃ )

     ၁၃.၆.၂၀၂၃ ရက်နေ့တွင် တိုင်းဒေသကြီးနှင့်ပြည်နယ် မြို့နယ်အလိုက် ဆန်၊ ဆီ၊ မီးဖိုချောင်သုံးပစ္စည်းများ၊ သားငါး၊ စက်သုံးဆီ၊ ရွှေ၊ ဒေါ်လာ ဈေးနှုန်းများအား အောက်ပါ .pdf တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်-

မုံရွာမြို့၏ မင်းဂွတ်သီးဈေးနှုန်းဈေးကွက်အခြေအနေ

      စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့ရှိ ချင်းတွင်းရတနာဈေး၊ မြသလ္လာဈေးနှင့်သီရိမင်္လာဈေးကြီးများတွင် မော်လမြိုင်ဒေသထွက် မင်းဂွတ်သီးများ ဈေးကွက်အတွင်း ဝင်ရောက်လျက်ရှိပါသည်။

   ၂၀၂၃ခုနှစ်၊ ဇွန်လ၊ ဒုတိယအပတ်တွင် ဈေးကွက်အတွင်းဖြစ်ပေါ်နေသော မင်းဂွတ်သီးဈေးနှုန်းမှာ အလုံးကြီးတစ်လုံးလျှင် (၄၀၀) ကျပ်၊ အလုံးအလတ်တစ်လုံးလျှင် (၃၀၀) ကျပ်၊ အလုံးအငယ်တစ်လုံးလျှင် (၁၅၀) ကျပ်ဖြစ်နေကာ ယခင်နှစ်၊ ဈေးကွက်အတွင်းဖြစ်ပေါ်ခဲ့သော မင်းဂွတ်သီးဈေးနှုန်းများမှာ အလုံးကြီးတစ်လုံးလျှင် (၂၅၀) ကျပ်၊ အလုံးအလတ်တစ်လုံးလျှင် (၁၅၀) ကျပ်နှင့် အလုံးအငယ်တစ်လုံးလျှင် (၁၀၀) ကျပ်တို့ဖြင့် ရောင်းချကြကြောင်း၊ ယခင်နှစ်နှင့်နှိုင်းယှဉ်လျှင် ယနှစ်တွင် မင်းဂွတ်သီးဈေးနှုန်းမှာ နှစ်ဆခန့်မြင့်တက်လာကြောင်းနှင့် ဈေးနှုန်းမြင့်တက်ရခြင်းမှာ ဈေးကွက်အတွင်းသို့ မင်းဂွတ်သီးများဝင်ရောက်မှုနည်းခြင်း၊ အသီးရှားပါးမှုကြောင့် ဈေးနှုန်းကြီးမြင့်ခြင်းဖြစ်ကြောင်း သီရိမင်္ဂလာဈေးအတွင်း ရောင်းချနေသောဈေးသည်တစ်ဦးထံမှ သိရှိရပါသည်။    

    မင်းဂွတ်သီးတွင် ရေ၊ စွမ်းအင်၊ ပရိုတင်း၊ ကာဗိုဟိုက်ဒရိတ်နှင့် အမျှင်ဓာတ်များကြွယ်ဝစွာပါဝင်ခြင်းကြောင့် ခန္ဓာကိုယ်ကျန်းမာရေးအတွက် မရှိမဖြစ်လိုအပ်သော ကယ်လ်ဆီယမ်၊ သံဓာတ်၊ ဖော့ဖရိတ်၊ ပိုတက်ဆီယမ်၊ ဇင့်၊ ကော့ပါးနှင့်မဂ္ဂနိကဲ့သို့ အာဟာရဓာတ်များလည်း ကြွယ်ဝစွာပါဝင်ပြီး ဗီတာမင် C၊ B6၊ B12၊ A တို့ပါဝင်သောကြောင့် ကျန်းမာရေးအတွက်ကောင်းမွန်ပါသည်။

DOCA(စစ်ကိုင်း)   

                            

သိန္နီမြို့၌ ရှမ်းပြည်‌ဒေသထွက်သီးနှံ လိုင်ချီးသီးများအရောင်းအဝယ်ဖြစ်

  ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးခရိုင်၊ သိန္နီမြို့နယ်တွင် ဒေသထွက်ရာသီစာသီးနှံ လိုင်ချီးသီးများကို စတင်ရောင်းချနေပြီဖြစ်ပါသည်။ သိန္နီမြို့ရှိလိုင်ချီးပင်များသည် ယခုကာလတွင် သီးကင်းအဖြစ်သာရှိနေပြီး နှစ်လ၊ သုံးလခန့်အကြာမှ ဆွတ်ခူးရောင်းချရမည်ဖြစ်ကြောင်း၊ လားရှိုး၊ သီပေါ၊ တန့်ယန်းမြို့နယ်တစ်ဝိုက်မှဝယ်ယူ၍ တစ်ဆင့်ပြန်လည်ရောင်းချခြင်းဖြစ်ကြောင်း သိရပါသည်။

   လိုင်ချီးသီးအား ယခင်နှစ်က (၅၀) ကျပ်သားခန့်တစ်တွဲလျှင် ငွေကျပ် (၅၀၀၀) နှုန်းဖြင့်ရောင်းချပြီး၊ ယခုနှစ်တွင် (၈၀၀၀) ကျပ်မှ (၁၂၀၀၀) ကျပ်နှုန်းတို့ဖြင့် အသီးအရွယ်အစားလိုက် ခွဲခြားပြီးရောင်းချကြောင်း၊ လိုင်ချီးသီးများမှာ အရောင်းအဝယ်ဖြစ်သောကြောင့် စိုက်ပျိုးသည့်ခြံရှင်များသည် ရာသီချိန်အတွင်း ဝင်ငွေရရှိ၍ မိသားစုအပိုဝင်ငွေများတိုးတက်လာမည်ဖြစ်ကြောင်း လေ့လာသိရှိရပါသည်။

DOCA(ရှမ်း)

တညင်းကုန်းလက်ကားဈေးကြီးတွင် ရက်သတ္တပတ်အတွင်းရောင်းချနေသော ကုန်ဈေးနှုန်းအခြေအနေ

    အင်းစိန်မြို့နယ်ရှိ တညင်းကုန်းလက်ကားဈေးကြီးအတွင်းသို့ (၃၁-၅-၂၀၂၃) ရက်နေ့မှ  (၆-၆-၂၀၂၃) ရက်နေ့အတွင်း ညောင်တုန်း၊ မှော်ဘီ၊ သာရဝေါ၊ ညောင်နှစ်ပင်ကျေးရွာ၊ ကြာကန်စုကျေးရွာ၊ နေပြည်တော်၊ တပ်ကုန်း၊ ရွှေဒါး၊  မင်္ဂလာဒုံ၊ အင်းစိန်၊ ခရမ်း၊ သုံးခွ၊ ပြည်၊ လက်ပံတန်း၊ မင်းလှ၊ ဝါးနက်ချောင်း၊ မော်လမြိုင်၊ မန္တလေး၊ အုတ်ဖိုနှင့် ရှမ်းပြည်နယ်တို့မှ ဟင်းသီးဟင်းရွက်နှင့် သစ်သီးဝလံပန်းမန်များ အများဆုံးဝင်ရောက်ရောင်းချနေကြောင်း သိရှိရပါသည်။ ထိုသို့ဝင်ရောက်ရာတွင် ယခုရက်သတ္တပတ်အတွင်း ခရမ်းချဉ်သီးထိုင်ဝမ်တစ်ပိဿာလျှင် ကျပ် (၁၂၀၀) မှ ကျပ် (၁၅၀၀) အတွင်း၊ ဂေါ်ဖီထုပ်တစ်ထုပ်လျှင် ကျပ် (၅၀၀) မှ ကျပ် (၁၈၀၀) အတွင်း၊ ပန်းဂေါ်ဖီတစ်ထုပ်လျှင် ကျပ် (၇၀၀) မှ ကျပ် (၂၀၀၀) အတွင်း၊ အာလူးတစ်ပိဿာလျှင် ကျပ် (၂၀၀၀) မှ ကျပ် (၂၁၀၀) အတွင်း၊ မုန့်လာဥနီတစ်ပိဿာလျှင် ကျပ် (၆၀၀) မှ ကျပ် (၂၂၀၀) အတွင်း ရွှေဖရုံသီးတစ်လုံးလျှင် ကျပ် (၂၀၀၀) မှ ကျပ် (၅၀၀၀) အတွင်း၊ ဘူးသီးတစ်လုံးလျှင် ကျပ် (၁၅၀၀) မှ ကျပ် (၂၀၀၀) အတွင်း၊ မုန်ညှင်းထုပ်တစ်ပိဿာလျှင် ကျပ် (၂၀၀၀) မှ ကျပ် (၂၅၀၀) အတွင်း၊ ကြက်သွန်နီ(ဆိပ်ဖြူ)တစ်ပိဿာလျှင် ကျပ် (၁၈၀၀) မှ ကျပ် (၂၀၀၀) အတွင်း၊ ကြက်သွန်ဖြူ(ရှမ်း)တစ်ပိဿာလျှင် ကျပ် (၄၈၀၀) မှ ကျပ် (၆၀၀၀) အတွင်း၊ ကြက်သွန်ဖြူ(ကြူကုတ်)တစ်ပိဿာလျှင် ကျပ် (၆၀၀၀) မှ ကျပ် (၆၈၀၀) အတွင်း၊ ချင်းတစ်ပိဿာလျှင် ကျပ် (၄၅၀၀) မှ (၆၀၀၀) အတွင်း၊ ဆလပ်ရွက်တစ်စည်းလျှင် ကျပ် (၂၀၀) မှ ကျပ် (၂၅၀) အတွင်း၊ ချဉ်ပေါင်ရွက်တစ်စည်းလျှင် ကျပ် (၇၅) မှ ကျပ် (၁၀၀) အတွင်း၊ ခရမ်းသီး(ရှည်)တစ်ပိဿာလျှင် ကျပ် (၁၈၀၀) မှ ကျပ် (၂၂၀၀) အတွင်း၊ သံပရာသီးတစ်လုံးလျှင် ကျပ် (၅၀) မှ ကျပ် (၂၀၀) အတွင်း၊ ငရုတ်သီးစိမ်း(ကျောက်စိမ်း)တစ်ပိဿာလျှင် ကျပ် (၃၅၀၀) မှ ကျပ် (၄၅၀၀) အတွင်း၊ ဖရဲသီး (အကြီး၊ အလတ်၊ အသေး)တစ်လုံးလျှင် ကျပ် (၁၅၀၀) မှ ကျပ် (၈၀၀၀) အတွင်းဖြစ်ကြောင်း သိရှိရပါသည်။ တညင်းကုန်းလက်ကားဈေးကြီးအတွင်းသို့ ယခုရက်သတ္တပတ်အတွင်း သံပုရာသီးအလုံးပေါင်း (၂၂၁၀၀၀) ကျော်၊ ခရမ်းသီး(ရှည်)ပိဿာပေါင်း (၁၁၀၈၀) ကျော်၊ ဘူးသီးအလုံးပေါင်း (၂၈၅၅) ကျော်၊ ရွှေဖရုံသီးအလုံးပေါင်း (၅၀၅၀) ကျော်၊ ဂေါ်ဖီထုပ်ပေါင်း (၅၅၂၀၀) ကျော်၊ ပန်းဂေါ်ဖီထုပ်ပေါင်း (၃၀၁၀၀) ကျော်၊ မုန်ညှင်းထုပ်(ပိဿာ)ပေါင်း (၇၈၃၀) ကျော်နှင့် ဖရဲသီးလုံးပေါင်း (၃၆၀၀) ကျော်  အသီးသီးကုန်အဝင်ရှိကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)

 

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း