ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

ပခုက္ကူ ကုန်စည်ဒိုင်၌မေလ (စတုတ္ထပတ်)တွင် အရောင်းအဝယ်ဖြစ်နေသော ကြက်သွန်နီ ကြက်သွန်ဖြူဈေးနှုန်းဈေးကွက်

       ကြက်သွန်နီ ကုန်စည်ဒိုင်တွင် ကြက်သွန်နီ စိုက်ပျိုးရာဒေသများဖြစ်ကြသော ပေါက်၊ ဆိပ်ဖြူ၊ ရေပြာ၊ ကမ္မ၊ ရေစကြို နှင့် ပခုက္ကူကျွန်းများမှ ဆောင်းစိုက်ပင်စိုက်များ အရောင်းအဝယ်ဖြစ်လျက်ရှိသည့်အပြင် အခြားဒေသများဖြစ်သော ပုလဲ၊ မြင်းခြံမြို့တောင်သာနယ်၊ ညောင်ဦးနယ်တို့မှ ဆောင်းစိုက် (ပင်စိုက်)ကြက်သွန်နီများအပြင် ကြက်သွန်ဖြူများလည်း ဝင်ရောက်အရောင်းအဝယ်ဖြစ်လျက်ရှိပါသည်။

      ၂၀၂၃ခုနှစ် မေလ(စတုတ္ထ)ပတ်တွင် ပခုက္ကူ ကုန်စည်ဒိုင်၌ ကြက်သွန်နီ ဒိုင်ပြတ်ဈေးမှာ ပေါက်နယ်(ယောစ) ထိပ်စ တစ်ပိဿာလျှင် (၂၀၀၀) ကျပ်၊ အလတ်စ တစ်ပိဿာလျှင် (၁၇၀၀) ကျပ်၊ အနိမ့်စ တစ်ပိဿာလျှင် (၁၃၀၀)ကျပ်၊ ပုလဲ ကြက်သွန်နီ ထိပ်စ တစ်ပိဿာလျှင် (၂၀၅၀)ကျပ်၊  အလတ်စ တစ်ပိဿာလျှင် (၁၇၀၀)ကျပ်၊ အနိမ့်စ တစ်ပိဿာလျှင် (၁၃၀၀) ကျပ်ဖြင့် နေ့စဉ်ကုန်ချိန် (၅၀၀၀၀ မှ ၁၀၀၀၀၀) ကျော် အရောင်းအဝယ်ဖြစ်နေပြီး တင်ပို့မှုအနေဖြင့် ရန်ကုန်ဘုရင့်နောင်၊ တရုတ်နှင့် ဗီယက်နမ်နိုင်ငံများသို့လည်း တင်ပို့နေကြောင်း ကုန်သည်များထံမှ သိရှိရပါသည်။

      ကြက်သွန်ဖြူ(ဗမာ) ဒိုင်ပြတ်လက်ကားဈေးမှာ အရည်အသွေးပေါ်မူတည်၍ ထိပ်စ တစ်ပိဿာလျှင် (၅၉၀၀)ကျပ်၊ အလတ်စ တစ်ပိဿာလျှင်( ၅၇၀၀)ကျပ်၊ အနိမ့် တစ်ပိဿာလျှင် (၅၂၀၀)ကျပ် ဖြစ်ပြီး ကြက်သွန်ဖြူ (ရှမ်းစ) ထိပ်စ တစ်ပိဿာလျှင် (၄၇၀၀)ကျပ်၊ အလတ်စ တစ်ပိဿာလျှင် (၄၀၀၀)ကျပ်၊ အနိမ့် တစ်ပိဿာလျှင် (၃၈၀၀)ကျပ်ဖြင့် ဥပုသ်နေ့မှလွဲ၍ အရောင်းအဝယ်ဖြစ်နေပါသည်။

DOCA(မကွေး)         

ပခုက္ကူကုန်စည်ဒိုင်၌ မေလ(စတုတ္ထပတ်) ပဲမျိုးစုံ အရောင်းအဝယ်ဖြစ်နေ

    ပခုက္ကူကုန်စည်ဒိုင်တွင် ပခုက္ကူဒေသမှ စိုက်ပျိုးထွက်ရှိသော ပဲစဉ်းငုံနီ၊ ကုလားပဲ၊ မတ်ပဲ၊ ပဲယင်း၊ စွန်တာနီ၊ ပဲလွန်းပြာနှင့် အခြားပဲမျိုးစုံများ အရောင်းအဝယ်ဖြစ်နေပါသည်။ ၂၀၂၃ခုနှစ် မေလ (စတုတ္ထ)ပတ်၏ ပဲဈေးနှုန်းများမှာ ပဲစဉ်းငုံနီ တစ်တင်းလျှင် (၈၄၀၀၀-၈၅၀၀၀-၈၅၃၀၀)ကျပ်၊ ကုလားပဲဝါ လုံးကြီး (929) တစ်တင်းလျှင် (၇၇၁၀၀-၇၈၅၀၀)ကျပ်၊ ကုလားပဲဖြူလုံး (V2/V6) တစ်တင်းလျှင် (၇၉၀၀၀) ကျပ်၊ ပဲတီစိမ်းကြီးမှာ အရည်အသွေးပေါ်မူတည်ပြီး တစ်တင်းလျှင် (၄၅၀၀၀-၆၆၀၀၀)ကျပ်၊  ပဲဇီးကွက် တစ်တင်းလျှင် (၄၂၀၀၀-၄၂၆၀၀-၄၃၇၀၀)ကျပ်၊ ပဲယင်းနီ တစ်တင်းလျှင် (၇၂၈၀၀)ကျပ်၊ ပဲယင်း (မြစ်ခြေ) တစ်တင်းလျှင် (၄၉၂၀၀) ကျပ်၊ ပြောင်းဖူးစေ့(CP) တစ်တင်းလျှင် (၂၀၃၀၀)ကျပ် ထောပတ်ပဲဖြူ တစ်တင်းလျှင် (၇၉၀၀၀-၈၀၀၀၀)နှင့် မန်ကျည်းတောင့် တစ်ပိဿာလျှင် (၉၄၀-၉၅၀-၉၆၀)ကျပ်ဖြင့် ဥပုသ်နေ့မှလွဲ၍ နေ့စဉ် ကုန်စည်ဒိုင်တွင် အရောင်းအဝယ် ဖြစ်နေပါသည်။

    ယခုတစ်ပတ်၏ အရောင်းအဝယ်ဖြစ်မှု အိတ်ရေမှာ ပဲစဉ်းငုံနီ (၉၀၀)အိတ်၊ ကုလားပဲဝါ လုံးကြီး(929) ၂၅၀ အိတ်၊ ကုလားပဲဖြူလုံး (V2/V6) (၂၀၀)အိတ်၊ ပဲတီစိမ်းကြီး (၄၁၀၀)အိတ်၊  ပဲဇီးကွက် (၃၀၀) အိတ်၊ ပဲယင်းနီ(၁၀၀)အိတ်၊ ပဲယင်း(မြစ်ခြေ)(၅၀)အိတ်၊ ပြောင်းဖူးစေ့ (CP)(၁၀၀၀)အိတ် ထောပတ် ပဲဖြူ (၄၅၀)အိတ်နှင့် မန်ကျည်းတောင့်  ကုန်ချိန်(၃၀၀၀၀) ကျော် အရောင်းအဝယ်ဖြစ်နေပြီး တင်ပို့မှုအနေဖြင့် မန္တလေး၊ ရန်ကုန်နှင့် အိန္ဒိယ၊ တရုတ်နိုင်ငံများသို့ တင်ပို့နေကြောင်း ကုန်သည်များထံမှ သိရှိရပါသည်။

DOCA(မကွေး)         

                                                                  

ပခုက္ကူမြို့၌ ဆီးသီးခြောက်၊ ဆီးဆံများ ဈေးကောင်းရရှိနေ

     ဆီးပင်သည် ပူအိုက်စွတ်စိုသောဒေသများတွင် အလေ့ကျပေါက်ရောက်သော အပင်မျိုးဖြစ်သည်နှင့်အညီ ပူပြင်းသောရာသီဥတုရှိသည့် ပခုက္ကူဒေသတွင်လည်း ယာမြေများဘေး၌ အများအပြား ပေါက်ရောက်လျက်ရှိပါသည်။ အလေ့ကျပေါက်ရောက်သော အပင်မျိုးဖြစ်သော်လည်း ပင်စည်မှစ၍ အသီး၊ အသီးဖတ်များနှင့် အဆံအထိ အသုံးဝင်သော အပင်မျိုးဖြစ်သည်။

      ပခုက္ကူဒေသတွင် ဆီးသီးကုန်ကြမ်း ပေါများသဖြင့် ဆီးခွဲစက်လုပ်ငန်းရှင်များ၊ ဖျော်ရည် လုပ်ငန်းရှင်များ၊ ဆီးယိုလုပ်ငန်းရှင်များမှ ဝယ်ယူအသုံးပြုမှု များပါသည်။  ကြိတ်ခွဲ၍ ထွက်ရှိလာသော ဆီးခွဲခြမ်းများအား ပဲကြော်လုပ်ငန်းရှင်၊ နှမ်းလှော်လုပ်ငန်းရှင်၊ ကြက်သွန်ကြော်လုပ်ငန်းရှင်နှင့် မြေပဲဆားလှော်လုပ်ငန်းရှင်များမှ လောင်စာအဖြစ် အသုံးပြုရန်အတွက် အရောင်းဝယ်ဖြစ်နေသလို ဆီးသီးမှ ထွက်ရှိသော ဆီးဆံသည်လည်း ဆေးဘက်ဝင်၍ အခြားနိုင်ငံများမှ ဝယ်ယူနေကြောင်း သိရှိရပါသည်။  

      ဈေးနှုန်းများအနေဖြင့် ယခင်နှစ်မေလက ဆီးသီးခြောက် တစ်တင်းလျှင် (၅၅၀၀-၆၀၀၀)ကျပ်၊ ဆီးဆံ တစ်ပိဿာလျှင် (၂၅၀၀၀)ကျပ် ရှိခဲ့ပါသည်။ ယခုနှစ်မေလ ပထမပတ်တွင် ဆီးသီးခြောက် တစ်တင်းလျှင် (၁၄၀၀၀)ကျပ်၊ ဆီးဆံ တစ်ပိဿာလျှင် (၆၄၀၀၀) ကျပ်ဖြစ်ပြီး  ယခုဇွန်လ ပထမပတ်တွင် ဆီးသီးခြောက် တစ်တင်းလျှင် (၁၆၀၀၀) ကျပ်၊  ဆီးဆံတစ်ပိဿာလျှင် (၈၀၀၀၀)ကျပ်ထိ ရှိသောကြောင့် ဈေးကောင်းရနေကြောင်း ဆီးခွဲစက် လုပ်ငန်းရှင်ထံမှ သိရှိရပါသည်။

      ပြည်တွင်းဈေးကွက်အနေဖြင့်  ဆီးယိုလုပ်ငန်းရှင်များ၊ ဖျော်ရည်လုပ်ငန်းရှင်များမှာ ဝယ်ယူအသုံးပြုနေသည့်အပြင် ပြည်ပဈေးကွက်အနေဖြင့် တရုတ်နိုင်ငံနှင့် ကိုရီးယားနိုင်ငံတို့မှ အဝယ်ရှိနေသောကြောင့် ဒေသတွင်း ဆီးသီးတောင်သူများနှင့် ဆီးခွဲစက်လုပ်ငန်းရှင်များပါ  အကျိုးအမြတ် ရရှိ နေကြောင်း သိရှိရပါသည်။

DOCA(မကွေး)                                               

ပခုက္ကူမြို့ပေါ်ရှိ အိမ်သုံးဆေးဝါး ဈေးကွက်အခြေအနေ

   ပခုက္ကူမြို့ပေါ်တွင် ၂၀၂၃ခုနှစ် မေလဒုတိယ(၂)ပတ်အတွင်း အရောင်းအဝယ်ဖြစ်လျက်ရှိသော အိမ်သုံးဆေးဝါးများ၏ ဈေးနှုန်းများမှာ Decogen (၁၀)လုံးပါ(၁)ကဒ်လျှင် ၁၀၀၀ ကျပ်၊ Cevit အလုံး(၁၀၀)ပါ (၁)ဘူးလျှင် ၁၉၀၀ ကျပ်၊ Paracetamol (၁၀)လုံးပါ(၁)ကဒ်လျှင် ၃၀၀ ကျပ်၊ Biogesic (၁၀)လုံးပါ(၁)ကဒ်လျှင် ၈၀၀ ကျပ်၊ Amoxacillin (၁၀)လုံးပါ(၁)ကဒ်လျှင် ၄၅၀ ကျပ်၊ Enervon-C (၄)လုံးပါ(၁)ကဒ်လျှင် ၁၃၅၀ ကျပ်၊ Bermeton အလုံး(၁၀၀)ပါ(၁)ဘူးလျှင် ၁၉၀၀ ကျပ်၊ Cetrine (၁၀)လုံးပါ(၁)ကဒ်လျှင် ၁၉၀ ကျပ်၊ ဓာတ်ဆား MPF (၁)ထုပ်လျှင် ၃၀၀ ကျပ်၊ သီးစုံဓာတ်ဆား Royal-D (၁)ထုပ်လျှင် ၂၇၀ ကျပ်၊ Oramin-G (၅)လုံးပါ(၁)ကဒ်လျှင် ၃၀၀၀ ကျပ်၊ Becozinc (၁၀)လုံးပါ(၁)ကဒ်လျှင် ၃၆၀၀ ကျပ်၊ Vitahome (၁၀)လုံးပါ(၁)ကဒ်လျှင် ၁၆၀၀ ကျပ်၊ SaRa (၁၀)လုံးပါ(၁)ကဒ်လျှင် ၉၀၀ ကျပ်၊ Vitacee (၁၅)လုံးပါ(၁)ကဒ်လျှင် ၃၉၀၀ ကျပ်၊ Flemex (၁၀)လုံးပါ(၁)ကဒ်လျှင် ၃၀၀၀ ကျပ်၊ Solmux (၄)လုံးပါ (၁)ကဒ်လျှင် ၉၀၀ ကျပ်၊ Wood (၁)ဘူးလျှင် ၇၀၀၀ ကျပ်၊ Alexan (၁၀)လုံးပါ(၁)ကဒ်လျှင် ၁၅၀၀ ကျပ်၊ Mexagrip (၄)လုံးပါ(၁)ကဒ်လျှင် ၆၀၀ ကျပ်၊ Vitamin-D  1000 IU (၁)လုံးလျှင် ၁၀၀ ကျပ်၊ Vitamin-K   (၁)လုံးလျှင် ၁၀၀ ကျပ်၊ Zinc (၁)လုံးလျှင် ၅၀ ကျပ်၊ Becozinc (၁)လုံးလျှင် ၃၇၀ ကျပ်၊ Zincovit (၁)လုံးလျှင် ၂၀၀ ကျပ် ဈေးနှုန်းအသီးသီးဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိပါသည်။

   ယခင်မေလ ပထမ(၂)ပတ်နှင့် ဈေးနှုန်းနှိုင်းယှဉ်ချက်အရ ယခုမေလ ဒုတိယ (၂)ပတ်အတွင်း Cevit၊ Bermeton၊ Cetrine၊ Becozinc၊ SaRa၊ Vitacee၊ Solmux စသည့်ဆေးများမှာ(၁၀၀)ကျပ်၊ Amoxacillin နှင့် Enervon-C တို့မှာ(၅၀)ကျပ်ခန့် ဈေးနှုန်းကျဆင်းပြီး ကျန်ဆေးပစ္စည်းများမှာ ဈေးငြိမ်၍ အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း ဆေးနှင့်ဆေးပစ္စည်းရောင်းချသူများထံမှ သိရှိရပါသည်။

DOCA(မကွေး)

ပခုက္ကူမြို့ပေါ်ရှိ မေလ(စတုတ္ထပတ်) စားသုံးဆီ ဈေးကွက်အခြေအနေ

     မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ပခုက္ကူမြို့ပေါ်၌ ၂၀၂၃ ခုနှစ်၊ မေလ (စတုတ္ထပတ်)တွင် အရောင်းအဝယ်ဖြစ်လျက်ရှိသော စားသုံးဆီဈေးနှုန်းများမှာ ပဲဆုံဆီ လက်ကား တစ်ပိဿာလျှင် (၁၄၀၀၀)ကျပ်၊ လက်လီတစ်ပိဿာလျှင် (၁၅၀၀၀)ကျပ်၊ နှမ်းဆီ လက်ကား တစ်ပိဿာလျှင် (၁၂၀၀၀)ကျပ်၊ လက်လီ တစ်ပိဿာလျှင်(၁၂၅၀၀)ကျပ်၊ နှမ်းရောဆီ လက်ကား တစ်ပိဿာလျှင် (၁၀၀၀၀)ကျပ်၊ လက်လီ တစ်ပိဿာလျှင် (၁၁၀၀၀)ကျပ်၊ စားအုန်းဆီ လက်ကား တစ်ပိဿာလျှင် (၆၃၀၀)ကျပ်၊ လက်လီ တစ်ပိဿာလျှင် (၆၆၀၀)ကျပ်၊ နေကြာဆီ လက်ကား တစ်ပိဿာလျှင် (၁၃၀၀၀)ကျပ်၊ လက်လီ တစ်ပိဿာလျှင် (၁၃၅၀၀)ကျပ် ဈေးဖြင့် အရောင်းအဝယ်ဖြစ်လျက် ရှိပါသည်။

     ယခင် မေလ(တတိယ)ပတ်နှင့် ဈေးနှုန်းနှိုင်းယှဉ်ရမည်ဆိုလျှင် မေလ(စတုတ္ထ)ပတ်တွင် စားသုံးဆီဈေးနှုန်းများ မြင့်တက်ခြင်းမရှိဘဲ ဈေးငြိမ်ပြီးအရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း ဝယ်ယူစားသုံးသူများထံမှ သိရှိရပါသည်။

     ပခုက္ကူမြို့ရှိ စားသုံးသူများသည် မြေပဲဆီကိုသာ အဓိကစားသုံးမှုများပြီး လုပ်ငန်းရှင်များမှလည်း မြေပဲဆံ၊ မြေပဲဆီများ ထုတ်လုပ်ရောင်းဝယ်ဖောက်ကားလျက်ရှိပြီး မြန်မာနိုင်ငံနေရာဒေသ အနှံ့အပြားသို့ မြေပဲဆီများ ထုတ်လုပ်တင်ပို့ ရောင်းချဖြန့်ဖြူးလျက်ရှိကြောင်း သိရှိရသည်။

DOCA(မကွေး)

 

 

ဆိပ်ဖြူမြို့ ပတ္တမြားဈေးအတွင်း၌ နေ့စဉ်အရောင်းအဝယ်ဖြစ်လျက်ရှိသော အခြေခံစားကုန်ဈေးနှုန်းများ

   မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ဆိပ်ဖြူမြို့ ပတ္တမြားဈေးကြီးအတွင်းတွင် သီးနှံမျိုးစုံ အများဆုံး စိုက်ပျိုးထွက်ရှိသော ရေလယ်ကျွန်း၊ သံဇလုံ၊ ချင်တောင်၊ ချောင်းမကြီး၊ မယ်ဇလီကွေ့၊ တူရွင်းမျော၊ ဂွေးပင်ကျေးရွာများမှ အများဆုံးဝင်ရောက် ရောင်းချလျက်ရှိသည့်အပြင် ချောက်၊ ဆင်ဖြူကျွန်း၊ စလင်း၊ ပွင့်ဖြူ၊ ကျောက်ပန်းတောင်း၊ ပုပ္ပါး၊ ရှမ်းပြည်နယ် အင်းလေးဒေသထွက် ဟင်းသီးဟင်းရွက် သစ်သီးဝလံများ ဝင်ရောက်လျက်ရှိပြီး ဒေသခံပြည်သူများ ရောင်းဝယ်ဖောက်ကားရာ ဈေးဖြစ်ပါသည်။

   ဆိပ်ဖြူမြို့ ပတ္တမြားဈေးအတွင်း၌ (၂၀၂၃)ခုနှစ်၊ မေလ(၂၅)ရက် မှ (၃၁)ရက်နေ့ထိ အရောင်းအဝယ်ဖြစ်လျက်ရှိသော အခြေခံစားကုန်ဈေးနှုန်းများမှာ ခရမ်းချဉ်သီး (၁)ပိဿာလျှင် (၁၅၀၀ မှ ၁၆၀၀)ကျပ်၊ ခရမ်းသီး (၁)ပိဿာလျှင်(၃၀၀၀ မှ ၃၂၀၀)ကျပ်၊ အာလူး (၁)ပိဿာလျှင် (၂၅၀၀ မှ ၂၈၀၀)ကျပ်၊ ငရုတ်သီး (စိမ်း) (၁)ပိဿာလျှင် (၁၀၀၀၀)ကျပ်၊ ငရုတ်သီး(ခြောက်)အသစ် (၁)ပိဿာလျှင် (၁၅၀၀၀ မှ ၂၀၀၀၀)ကျပ်၊ သကြားပြောင်းဖူး (၁)ဖူးလျှင် (၃၅၀)ကျပ်၊  ဒညင်းသီး (၁)လုံးလျှင် (၅၀ မှ ၁၀၀)ကျပ်၊ ကြက်သွန်နီ (၁)ပိဿာလျှင် (၂၀၀၀ မှ ၂၂၀၀)ကျပ်ဈေးဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိသည်။

   ဆိပ်ဖြူမြို့ အသားငါးဈေးနှုန်းများမှာ မွေးမြူရေး CP ကြက်သား (၁)ပိဿာလျှင် (၁၂၀၀၀) ကျပ်၊ ဗမာကြက်သား (၁)ပိဿာလျှင် (၁၇၀၀၀)ကျပ်၊ ဝက်သား (၁)ပိဿာလျှင် (၁၈၀၀၀) ကျပ်၊ ဆိတ်သား (၁)ပိဿာလျှင် (၂၂၀၀၀) ကျပ်၊ အမဲသား (၁)ပိဿာလျှင် (၁၂၀၀၀ မှ ၁၆၀၀၀)ကျပ်၊ မြစ်ငါးကြင်း(၁)ပိဿာလျှင် (၁၆၀၀၀)ကျပ်၊ မွေးမြူရေး ငါးကြင်း (၁)ပိဿာလျှင် (၈၀၀၀)ကျပ်၊ မြေပဲစက်ပဲဆီ (၁)ပိဿာလျှင် (၁၅၀၀၀)ကျပ်၊ နှမ်းရောဆီ (၁)ပိဿာလျှင် (၉၅၀၀)ကျပ်၊ စားအုန်းဆီ (၁)ပိဿာလျှင် (၇၀၀၀)ကျပ်၊ ဧရာပဒေသာဆန်(၂၄)ပြည် တစ်အိတ်လျှင် (၁၀၄၀၀၀)ကျပ်၊ မနောသုခ (၂၄)ပြည် တစ်အိတ်လျှင် (၈၀၀၀၀)ကျပ်၊ ရာပြည့် (၂၄)ပြည် တစ်အိတ် လျှင် (၈၅၀၀၀)ကျပ်၊ သိင်္ဂီပေါ်ဆန်း (၂၄)ပြည် တစ်အိတ်လျှင် (၁၁၀၀၀၀)ကျပ် ဈေးနှုန်းအသီးသီးဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်း သိရှိရသည်။

DOCA(မကွေး)

 

         

ဆိပ်ဖြူကြက်သွန်နီ မေလ(စတုတ္ထပတ်)အတွင်း ဈေးနှုန်းဈေးကွက်အခြေအနေ

    ဆိပ်ဖြူမြို့ ကြက်သွန်နီဈေးကွက်သို့ မေလ(၂၁)ရက် မှ (၃၁)ရက်ထိ (စတုတ္ထ)ပတ်အတွင်း နေ့စဉ်ကုန်ချိန် ပိဿာ(၂)သောင်းခန့်၊ တစ်ပတ်အတွင်း ကုန်ချိန်ပိဿာ(၂)သိန်းခန့် ကုန်စည်ဒိုင်နှင့် ပွဲရုံများတွင် ဝင်ရောက်အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရှိရသည်။

   ၂၀၂၃ခုနှစ် မေလ(စတုတ္ထ)ပတ်အတွင်း ကြက်သွန်နီ(၁)ပိဿာဈေးနှုန်းမှာ အမြင့်ဈေး ထိပ်စ(ရှယ်) ကျပ် (၁၉၀၀ မှ ၁၈၅၀)၊ အလတ်စ ကျပ်(၁၈၂၅ မှ ၁၈၀၀)၊ အသေးစ ကျပ်( ၁၇၅၀ မှ  ၁၆၅၀)ဈေးနှုန်းတို့ဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ပါသည်။ ယခင် မတ်လ(တတိယ)ပတ်တွင် မိုခါမုန်တိုင်း ကြောင့် ကားလမ်းများ ပျက်စီးပြီး ကြက်သွန်စိုက်ဒေသကျေးရွာများမှ မြို့ပေါ်သို့ လာရောက်ရောင်းဝယ် ဖောက်ကားမှုမရှိ၍ ယခင်(၁)ပတ်တွင် ကုန်စည်ဒိုင်နှင့် ပွဲရုံများ၌ အရောင်းအဝယ်မဖြစ်ကြောင်း သိရှိရပါသည်။

  မေလ(ဒုတိယပတ်)တွင် ကြက်သွန်နီ(၁)ပိဿာအမြင့်ဈေး(၁၉၇၅)ကျပ်၊ အလတ်စ အမြင့် ဈေး (၁၇၀၀)ကျပ်၊ အသေးစ (၁၃၀၀)ကျပ် ဈေးအသီးသီးဖြင့် အရောင်းအဝယ်ဖြစ်ခဲ့၍ ယခု မေ(စတုတ္ထ ပတ်)တွင် အမြင့်ဈေး (၁)ပိဿာ (၁၉၀၀)ကျပ်ဈေးဖြင့် ရောင်းချရ၍ (၇၅)ကျပ်နှင့် အလတ်စ(၁၂၅) ကျပ် ဈေးနှုန်း ကျဆင်းပြီး အသေးစ(၁)ပိဿာ(၄၀၀)ကျပ်ခန့် ဈေးနှုန်းမြင့်တက်ပြီး အရောင်းအဝယ်ဖြစ်ကြောင်း ကြက်သွန်နီဈေးကွက်မှ သိရှိရပါသည်။

  ဆိပ်ဖြူမြို့မှ ကြက်သွန်နီများကို အခြားတိုင်းဒေသကြီးများသို့ စီးထွက်မှုမှာ ရန်ကုန်ဘုရင့် နောင်ပွဲရုံ၊ ဧရာဝတီတိုင်းဒေသကြီးများသို့ တင်ပို့မှုများပြီး   ပြည်ပပို့ကုန်အဖြစ် မြဝတီ ဝယ်လက်မှတစ်ဆင့် ထိုင်း၊ ဗီယက်နမ်နိုင်ငံများသို့ တင်ပို့လျက်ရှိကြောင်း သိရှိရသည်။ ယခု(၁)ပတ်အတွင်း စုစုပေါင်းပျမ်းမျှပိဿာ(၂)သိန်း၊ (၆၆၆၅)အိတ်၊ တန်ချိန်(၃၂၇)ခန့် ကုန်စည်စီးဆင်းခဲ့ကြောင်း ကုန်စည်ဒိုင်ဈေးကွက်မှ သိရှိရသည်။

   ဆိပ်ဖြူမြို့ ပတ္တမြားဈေးအတွင်းရှိ ဈေးတန်းများတွင် ကြက်သွန်နီ အရွယ်အစား အရည်အသွေးလိုက်၍ (၁)ပိဿာလျှင် လက်လီဈေး (၂၂၀၀ မှ ၁၅၀၀)ကျပ် ဈေးနှုန်းဖြင့် အရောင်းအဝယ်ဖြစ်ကြောင်း သိရှိရသည်။

DOCA(မကွေး)

         

မေလ(စတုတ္ထပတ်)၌ ပခုက္ကူမြို့၏ မြေပဲဈေးကွက်အခြေအနေ

    ပခုက္ကူမြေပဲဈေးကွက်၌ ၂၀၂၃ခုနှစ် မေလ(စတုတ္ထ)ပတ်တွင် မြေပဲဈေးများမှာ ဈေးတက်ပြီး အရောင်းအဝယ် ဖြစ်လျက်ရှိသည်။ ယခုတစ်ပတ်တွင် ဗန်းမော်၊ ကသာမြို့နယ်များမှ (၃)လမြေပဲများ အနည်းငယ် ဝင်ရောက်လျက်ရှိပြီး ဈေးကွက်အနေဖြင့် မြင့်တက်လျက်ရှိကြောင်း သိရှိရသည်။ (၃)လမြေပဲဆံများမှာ တစ်ပိဿာလျှင် ကျပ်(၆၈၀၀ မှ ၇၂၀၀)ထိ ဈေးဖြင့် အရောင်းအဝယ် ဖြစ်လျက်ရှိကြောင်း သိရှိရသည်။  (၃)လမြေပဲများကို မျိုးဆံများအဖြစ် ပြန်လည်ရောင်းချပြီး ရေဦး၊ မြိုင်မြို့နယ်ဘက်မှ ဝယ်ယူကြောင်း သိရှိရသည်။ မြေပဲဆီဆံ တစ်ပိဿာလျှင် (၆၀၀၀ မှ ၆၃၀၀) ကျပ် ဈေးရှိပြီး မြေပဲလုံးဆံ တစ်ပိဿာလျှင် (၆၅၀၀ မှ ၆၉၀၀)ကျပ်ဈေးရှိကြောင်း သိရှိရသည်။

    ဈေးကွက်သို့ မြေပဲအတောင့် အဝင်နည်းသော်လည်း ပခုက္ကူမြို့ပေါ်ရှိ မြေပဲကုန်သည် ပွဲစားများသည် ယခင်ဝယ်ယူ သိုလှောင်ထားသော မြေပဲများကိုသာ ကြိတ်ခွဲထုတ်လုပ် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရှိရသည်။

  ယောဘက်မှ ဝင်ရောက်လာသော (၆)လမြေပဲလုံးဆံနီများမှာ အဝင်နည်းသော်လည်း တစ်ပိဿာလျှင်(၈၂၀၀ မှ ၈၅၀၀)ကျပ်ဈေးရှိပြီး ဈေးမြင့်၍ အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရှိရသည်။ ဈေးကွက်အနေဖြင့် မန္တလေးမှတဆင့် ပြည်ပတရုတ်နိုင်ငံသို့ တင်ပို့ဖြန့်ဖြူးရောင်းချလျက်ရှိကြောင်း သိရှိရပါသည်။

DOCA(မကွေး)

 

အောင်လံကုန်စည်ဒိုင်၏ သီးနှံရောင်းဝယ်ဖြစ်မှုအခြေအနေ

   အောင်လံကုန်စည်ဒိုင်တွင် နှမ်းဈေးကွက်အနေဖြင့် (၄၅)ပိဿာ(၁)အိတ်လျှင် ယခင်အပတ် (၂၄-၅-၂၀၂၃)ရက်နေ့တွင် နှမ်းနက်(စမုံ)မှာ ကျပ်(၂၈၅၀၀၀မှ ၃၀၀၀၀၀)ဖြစ်ပြီး ယခုအပတ် (၃၀-၅-၂၀၂၃)ရက်နေ့တွင် ကျပ်(၂၈၀၀၀၀မှ ၂၉၅၀၀၀)ရှိခဲ့၍ ကျပ်(၅၀၀၀)ဈေးလျော့ခဲ့ပြီး (၉၀၀)အိတ် အရောင်းအဝယ်ရှိခဲ့ပါကြောင်း အောင်လံကုန်စည်ဒိုင်မှ သိရှိရပါသည်။

   ပဲမျိုးစုံဈေးကွက်တွင် ပဲစဉ်းငုံ(နီ)မှာ(၂၀)ပိဿာ(၁)တင်းလျှင် ယခင်အပတ်တွင် ကျပ် (၈၅၂၀၀)ဖြစ်ပြီး ယခုအပတ်တွင် ကျပ်(၉၁၅၀၀)ဖြစ်၍ ကျပ်(၆၃၀၀)ဈေးမြင့်ခဲ့ကြောင်း၊ မတ်ပဲ ယခင်အပတ်တွင် ကျပ်(၇၂၀၀၀)ဖြစ်ပြီး ယခုအပတ်တွင် ကျပ်(၇၃၀၀၀)ဖြစ်၍ ကျပ်(၁၀၀၀) ဈေးမြင့်ခဲ့ကြောင်း၊ ကုလားပဲ(H-L) ယခင်အပတ်တွင် ကျပ်(၈၀၀၀၀)ဖြစ်ပြီး ယခုအပတ်တွင် ကျပ် (၈၅၀၀၀)ဖြစ်၍ ကျပ်(၅၀၀၀)ဈေးမြင့်ခဲ့ကြောင်း၊ ကုလားပဲ(မြကြေး)ယခင်အပတ်တွင် ကျပ် (၈၁၅၀၀)ဖြစ်ပြီး ယခုအပတ်တွင် ကျပ်(၈၅၀၀၀)ဖြစ်၍ ကျပ်(၃၅၀၀)ဈေးမြင့်ခဲ့ကြောင်း၊ ဘိုကိတ်မှာ ယခင်အပတ်တွင် ကျပ်(၄၅၀၀၀)ဖြစ်ပြီး ယခုအပတ်တွင် ကျပ်(၄၇၅၀၀)ဖြစ်၍ ကျပ်(၂၅၀၀) ဈေးမြင့်ခဲ့ကြောင်း၊ ပဲကြီးယခင်အပတ်တွင် ကျပ်(၉၀၀၀၀မှ ၉၅၀၀၀)ဖြစ်ပြီး ယခု အပတ်တွင် ကျပ်(၉၂၀၀၀မှ  ၉၆၀၀၀)ဖြစ်၍ ကျပ်(၂၀၀၀မှ ၁၀၀၀) စသည့်ဖြင့် အသီးသီးဈေးမြင့်တက်ခဲ့ပါသည်။ အရောင်းအဝယ်ပမာဏအနေဖြင့် (၃၀)ပိဿာဝင်အိတ်များဖြင့် ပဲစဉ်းငုံ(နီ) (၂၂၀၀)အိတ်၊ မတ်ပဲ (၂၇၀)အိတ်၊ ကုလားပဲ(H-L)(၁၁၀၀)အိတ်၊ ကုလားပဲ(မြကြေး(၈၀၀) အိတ်၊ ပဲကြီး(၄၂၀)အိတ်၊ ဘိုကိတ်ပြာ(၂၀၀)အိတ်တို့ အရောင်းအဝယ်ရှိခဲ့ပါသည်။

    မြေပဲလုံးဆံ(ဖြူ)မှာ (၁)ပိဿာလျှင် ယခင်အပတ်တွင် ကျပ်(၆၇၀၀)ဖြစ်ပြီး ယခုအပတ်တွင်လည်း ကျပ်(၆၇၀၀)ဖြစ်၍ ဈေးနှုန်းပြောင်းလဲခြင်းမရှိပဲ အရောင်းအဝယ်ပမာဏအနေဖြင့် (၃၀) ပိဿာဝင်အိတ်များဖြင့် မြေပဲလုံးဆံ(ဖြူ)(၁၈၀)အိတ်တို့ အရောင်းအဝယ်ရှိခဲ့ပါကြောင်းနှင့် အောင်လံ ကုန်စည်ဒိုင်မှ နှမ်းနှင့် ပဲမျိုးစုံသီးနှံများအား ရန်ကုန်မြို့နှင့် မန္တလေးမြို့များသို့ တင်ပို့ရောင်းချရပါကြောင်း သိရှိရပါသည်။

DOCA(မကွေး)

 

မုံရွာမြို့တွင်ရောင်းချနေသော အခြေခံစားကုန်များ၏ ဈေးနှုန်းအခြေအနေ

      ၂၀၂၃ ခုနှစ် မေလ စတုတ္ထအပတ်အတွင်း မုံရွာမြို့နယ်အတွင်း အခြေခံစားကုန်များ ဖြစ်သော ရွှေဘိုပေါ်ဆန်းဆန်တစ်ပြည် (၄၃၀၀) ကျပ်၊ ဧရာမင်းဆန်တစ်ပြည် (၄၁၀၀)  ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိပါသည်။ စားအုန်းဆီ တစ်ပိဿာလျှင် (၆၄၀၀) ကျပ်၊ မြေပဲဆီတစ်ပိဿာလျှင် (၁၂၅၀၀) ကျပ်၊ နှမ်းဆီ တစ်ပိဿာလျှင် (၁၁၀၀၀) ကျပ်တို့ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိပါသည်။ ကြက်သွန်နီ လက်လီတစ်ပိဿာလျှင် (၂၀၀၀) ကျပ်မှ (၂၂၀၀) ကျပ်ထိ၊ ကြက်သွန်ဖြူ လက်လီ (ဗမာ) တစ်ပိဿာလျှင် (၉၀၀၀) ကျပ်မှ (၁၀၀၀၀) ကျပ်ထိ၊ ကြက်သွန်ဖြူ (ရှမ်း) တစ်ပိဿာ လျှင် (၈၅၀၀) ကျပ်မှ (၉၀၀၀) ကျပ်ထိ၊ ကြက်သွန်ဖြူ(ကြူကုတ်) တစ်ပိဿာလျှင် (၈၅၀၀) ကျပ်မှ (၉၀၀၀) ကျပ်ထိ၊ ချင်းတက် တစ်ပိဿာလျှင် (၁၉၀၀) ကျပ်မှ (၂၀၀၀) ကျပ်ထိ၊ ငရုတ်ခြောက် အမျိုးအစားအလိုက်  (၁၄၀၀၀)  ကျပ် မှ (၁၅၀၀၀) ကျပ်ထိ၊ အာလူး တစ်ပိဿာလျှင် (၂၄၀၀) ကျပ် မှ (၂၅၀၀) ကျပ်ထိ၊ ခရမ်းချဉ်သီး တစ်ပိဿာလျှင် (၁၉၀၀) ကျပ်မှ (၂၀၀၀) ကျပ်တို့ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိပါသည်။

       ကြက်ဥလက်လီဈေးနှုန်းမှကြီး တစ်လုံး (၂၅၀) ကျပ်၊ သေးတစ်လုံး (၂၀၀) ကျပ်၊ ဘဲဥ(ကြီး) တစ်လုံး (၃၅၀) ကျပ်၊ သေးတစ်လုံး (၃၀၀) ကျပ်ရှိသည်။ မုံရွာမြို့၏ သား/ ငါးဈေးနှုန်းမှ ကြက်သား (CP) တစ်ပိဿာလျှင် ( ၁၀၀၀၀) ကျပ်မှ  (၁၁၀၀၀) ကျပ်ထိ ၊ ကြက်သား (ဗမာ) တစ်ပိဿာလျှင် (၁၂၀၀၀) ကျပ်၊ ဝက်သားတစ်ပိဿာလျှင် (၁၉၀၀၀) ကျပ်မှ (၂၀၀၀၀) ကျပ်ထိ၊ အမဲသား တစ်ပိဿာလျှင် (၁၈၀၀၀) ကျပ်မှ (၁၉၀၀၀)ကျပ်ထိ၊ ငါးမြစ်ချင်း တစ်ပိဿာလျှင် (၈၀၀၀) ကျပ်၊ ငါးကြင်း တစ်ပိဿာလျှင် (၁၀၀၀၀) ကျပ် တို့ဖြင့်အရောင်းအဝယ်ဖြစ်နေကြောင်း သိရပါသည်။

     မေလ စတုတ္ထပတ်အတွင်း အခြေခံစားကုန်ဈေးနှုန်းများနှင့် ယခင်အပတ်ဈေးနှုန်းများနှိုင်းယှဉ်လျှင် စားအုန်းဆီ တစ်ပိဿာလျှင် (၅၀၀)ကျပ်၊ ငရုတ်ခြောက် တစ်ပိဿာလျှင် (၁၀၀၀)ကျပ် ဈေးနှုန်းတက်ပြီး အခြားအခြေခံစားကုန်များ၏ ဈေးနှုန်းများမှာ ကွာဟမှုမရှိကြောင်း မုံရွာမြို့နေ ဈေးရောင်းချသူများထံမှ သိရှိရပါသည်။

DOCA(စစ်ကိုင်း)

 

 

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း