ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

 မန္တလေးကျွဲကောသီးစျေးအနည်းငယ်မြင့်တက်

                     မန္တလေးစျေးကွက်သို့  မန္တလေးတိုင်းဒေသကြီး ၊ စစ်ကိုင်းတိုင်းဒေသကြီး ၊ရှမ်းပြည်နယ်နှင့် မွန်ပြည်နယ်တို့ မှ ထွက်သည့်ကျွဲကောသီးများဝင်ရောက်မှုအနည်းငယ်လျော့ကျပြီး၊ စျေးအနည်း ငယ်မြင့် တက်ကာအရောင်းသွက်လျက် ရှိကြောင်း သိရှိရပါသည်။  ၂၀၂၅ ခုနှစ်နိုဝင်ဘာလနောက် ဆုံးပတ်အတွင်း ဖြစ်ပေါ်သည့်စျေးနှုန်း များမှာ ကျွဲကောသီး ၁ လုံးလျှင်အလုံး(ကြီး) ၅၅၀၀ ကျပ်နှင့် ၇၀၀၀ကျပ်၊အလုံး(လတ်)  ၄၀၀၀ ကျပ် နှင့် ၄၅၀၀ ကျပ်၊ အလုံး(သေး) ၃၀၀၀ ကျပ်နှင့် ၃၅၀၀ ကျပ်စျေးတို့ဖြင့် အလုံးအရွယ်အစား အပေါ် မူတည်၍ စျေးကွာခြားမှုရှိကြောင်း   သိရှိရပါ သည်။ မန္တလေးစျေးကွက်အတွင်း မော်လမြိုင်ဒေသ ထွက်ကျွဲကောသီးမှာ အလုံးကြီး၍လှပခြင်း၊  အရည်ရွမ်းခြင်း၊ အတွင်းသားအရသာမှာ အချဉ်ဓါတ်နည်းသည့်အတွက်  လူကြိုက်များကြောင်း မြင်းတန်းစျေးရှိ သစ်သီးဆိုင်ရှင်တစ်ဦး၏ပြောပြချက်အရ သိရှိရပါသည်။

DOCA(မန္တလေး)

လိပ်ခေါင်းရောဂါပျောက်ကင်းသောနံနံစေ့အကြောင်း

                နံနံပင်သည် မြန်မာနိုင်ငံနေရာအနှံအပြားတွင် ဟင်းခတ်အမွှေးအကြိုင်အဖြစ် အသုံးပြုရန် စိုက်ပျိုးရောင်းချကြပြီး နံနံစေ့သည်လည်းဈေးကွက်ဝင် ဆေးဖက်ဝင်ကြောင်း၊ နံနံစေ့သည် ဗီတာမင်ကေပါဝင်၍ အရိုးပွရောဂါကိုကာကွယ်သလို နှလုံးရောဂါဖြစ်နိုင်ချေကို လျော့နည်းစေပြီး Antioxidants သည်ခန္ဓာကိုယ်ရောင်ရမ်းမှုကို လျော့ချစေပြီး ကင်ဆာဆဲလ်ကြီးထွားမှု ကိုနှေးကွေး စေ၍ အိုမင်းရင့်ရော်ခြင်း လက္ခဏာများကို လျော့နည်းစေကြောင်း၊ ဗီတာမင်အေများစွာ ပါဝင်သောကြောင့် မျက်စိအမြင်အာရုံကို ကြည်လင်စေကြောင်း၊ လိပ်ခေါင်းရောဂါခံစားနေရပါက နံနံစေ့ကို အနံ့မွှေးလာသည်အထိလှော်၍ နံနံစေ့အခြောက်မှုန့် လက်ဖက်ရည်တစ်ဇွန်းခန့်ကို အရက်ဖြူ တစ်ပတ်ဖြင့် သမအောင်မွှေပြီး ထိုရောစပ်ထားသောအရည်ကို တစ်နေ့လျှင်မနက်၊ နေ့လည်၊ ညနေ (၃)ကြိမ် ခွဲ၍ တစ်ပတ်ခန့် ဆက်တိုက်သောက်သုံးပေးခြင်းဖြင့် ရောင်ရမ်းနေသော လိပ်ခေါင်းရောဂါ ကျုံ့ဝင်လာပြီးခြောက်သွေ့ကာ သက်သာပျောက်ကင်းကြောင်း၊ လိပ်ခေါင်းကြောင့် ဝမ်းသွားစဉ်သွေးထွက်ခြင်းများပင် လုံးဝပျောက်ကင်းသွားပြီး ဘေးထွက်ဆိုးကျိုးနည်း၍ ရိုးရှင်းသောသဘာဝ ဆေးနည်းအား အသုံးပြုသင့်သည်။

DOCA(မန္တလေး)

                  

ကောက်ညှင်းငချိပ်ဖြင့်အသားအရေကြည်လင်(Glow)ကြမယ်

           မြန်မာ့ရိုးရာအစားအစာ ဖြစ်သောကောက်ညှင်းငချိပ်သည် ခန္ဓာကိုယ်အတွက် ကောင်းကျိုးတွေ များစွာရရှိကြောင်း၊ သဘာဝအင်တီအောက်ဆီးဒင့်ဓာတ် ပါဝင်သောကြောင့် ခန္ဓာကိုယ်ကို မထိခိုက်အောင် ခရမ်းလွန်ရောင်ခြည်ဒဏ်မှကာကွယ်ပေးကြောင်း၊ စားသုံးခြင်းဖြင့် ဦးနှောက်၏ လုပ်ငန်းစဉ်များ ဖွံ့ဖြိုးတိုးတက်စေ၍ အယ်လ်ဇိုင်းမားရောဂါနှင့် သက်ကြီးသတိမေ့ရောဂါ များလျော့ချပေးကြောင်း၊ အင်ဆူလင်က ခန္ဓာကိုယ်အတွက်ကောင်းစွာ အကျိုးရှိသောကြောင့် သွေးတွင်းသကြားဓာတ်ကို ပုံမှန်ဖြစ်စေသောကြောင့် ဆီးချိုသွေးချိုရောဂါသမားများအနေဖြင့် စားသုံးသင့်ကြောင်း၊ ဖော့စဖိတ်နှင့် ကယ်လ်စီယမ်ဓာတ် ပါဝင်သောကြောင့် အရိုးနှင့် သွားများကို ကျန်းမာစေကြောင်း၊ လုံလောက်သော ပရိုတင်းဓာတ်များပါဝင်သောကြောင့် ခန္ဓာကိုယ်အတွက် အနာကျက်မြန်စေ၍ ဆဲလ်အသစ်များဖြစ်ပေါ်ပြီး အနာကျက်မြန်စေကြောင်း၊ အရွယ်မတိုင်မီ အိုမင်းရင့်ရော်မှုကိုလည်းကာကွယ်ပေးကြောင်း၊ အရေပြားကိုအစိုဓာတ်ထိန်းပေးပြီး အသားအရေကို အေးစေ၍ မျက်နှာကြေးချွတ်ရန်နှင့် ပေါင်းတင်ရန်အတွက် ကောက်ညှင်းငချိတ်ဆန်ကို အသုံးပြုနိူင်ပြီး ဆဲလ်သေတွေဖယ်ရှားပေး၍ ဆဲလ်အသစ်ဖြစ်ပေါ်ခြင်းကိုလည်း အားဖြည့်ပေး ကြောင်း၊ ကောက်ညှင်းငချိပ်ကို တစ်ညရေစိမ်ပြီး စက်ဝိုင်းပုံစံညင်သာစွာ ပွတ်ပေးပြီးပါက ရေကြက်သီးနွေးဖြင့် ဆေးကြောသန့်စင်ပါက မျက်နှာအသားအရေကြည်လင်ဝင်းပ (Glow) စေကြောင်းလေ့လာ့သိရှိရသည်။

DOCA(မန္တလေး)

ကျန်းမာရေးအတွက်အိုင်အိုဒင်းဆားအကြောင်း    

            လူသားများနေ့စဉ်စားသုံးနေသော ဆားသည်ကျန်းမာရေးအတွက်အလွန်အရေးပါကြောင်း၊ ဆား မပါသောဟင်းသည် အရသာပေါ့ပြက်ပြက်ဖြစ်တက်ပြီး  အငန်ဓာတ်ပါဝင်သော ဆားသည် အစား အစာများကို အရသာရှိစေရုံမက ကျန်းမာရေးအတွက် အထောက်အကူပြုကြောင်း၊ ချွေးထွက် လျှင် ခန္ဓာကိုယ်အညစ်အကြေးတို့နှင့်အတူ ဆားဓာတ်ပါသွား၍ ကာယလုပ်သားများနှင့် အားကစား သမားများသည် သာမာန်လူတို့ထက် ဆားဓာတ် ပိုမိုလိုအပ်ကြောင်း၊ သို့သော် တန်ဆေးလွန်ဘေးဆို သကဲ့သို့ဆားစားသုံးမှုများပါက ကျန်းမာရေးကိုထိခိုက်နိုင်ကြောင်း၊  ဆားသည်ခန္ဓာကိုယ်အတွက် အသုံး ဝင်ရုံသာမက အသာငါးများမပုပ်မသိုးစွာ ကြာရှည်ခံအောင် ဆားနယ်၍ ငါးပိ၊ ငါးခြောက်၊ အသားခြောက် စသည်တို့ပြုလုပ်ရာတွင်လည်း အသုံးဝင်ကြောင်း၊လည်ချောင်းနာ၊သွားနာပါကဆားရည်ဖြင့်ပလုတ်ကျင်းပေးလျှင်သက်သာနိုင်ကြောင်း၊ ဆားဖြင့် သွားတိုက်ခြင်း၊ ပါးစပ်ဆေးခြင်း တို့ကို ပြုလုပ်လေ့ရှိကြောင်း၊ ဆားသည်လူသားတို့အတွက်အသုံးဝင် သည်သာမက တိရစ္ဆာန်နှင့် သစ်ပင်တို့သည်လည်း ဆားဓာတ်လိုအပ်ကြောင်း တောတွင်းတိရစ္ဆာန်တို့သည် ဆားပေါက်သော မြေကိုရှာဖွေပြီး လျှာဖြင့်လျက်၍စားသုံးကြကြောင်း၊ ဆားကိုရခိုင်ပြည်နယ်၊ ဧရာဝတီတိုင်းဒသကြီး၊ မွန်ပြည်နယ်နှင့် တနင်္သာရီတိုင်းဒေသကြီးတို့တွင် ဆားလုပ်ငန်းများကို အကြီးအကျယ် လုပ်ကိုင် ကြကြောင်း၊ ဆားထုတ်လုပ်ရာတွင် ပင်လယ်ရေကိုကျိုချက်၍ ချက်ဆားအဖြစ်လည်းကောင်း၊ ရေခန်း အောင်နေလှန်း၍ နေလှန်းဆားအဖြစ်လည်းကောင်း ဆားထုတ်လုပ်ကြကြောင်း သိရှိရသည်။ အိုင်အိုဒင်း ချို့တဲ့ပါက လူသားတို့သည် လည်ပင်းကြီး ရောဂါဖြစ်တတ်ကြောင်း၊ ဆားလုံးဝမရှိသော အရေးပေါ် အခြေအနေတွင် ဝါးစသည့်အပင်မျိုးကို မီးရှို့ပြီးရလာသောပြာကို ဆားအစားအသုံး ပြုနိုင်ကြောင်း၊ နေ့စဉ်စားသုံးနေသော ဆားသည်လူသားတို့အတွက် အလွန်အသုံးဝင်ကြောင်း ဖတ်ရှု့သိရှိရသည်။

DOCA(မန္တလေး)

        

ဆေးဖက်ဝင်ဗောက်သီးအကြောင်း

                ဗောက်သီးပင်သည် အပူပိုင်းဒေသများနှင့် အအေးပိုင်းတောင်ပေါ်ဒေသများတွင်များတွင် စိုက်ပျိုးနိုင်သောအပင်ဖြစ်ကြောင်း၊ ၎င်းသီးနှံသည်  ချိုချိုချဉ်ချဉ်အရသာရှိပြီး ကယ်လိုရီနည်း၍ ဗီတာမင်ဓာတ်နှင့် သတ္တုဓာတ် များပါဝင်သောကြောင့်  ကိုယ်အလေးချိန်ကိုလျှော့ချပေးပြီး ခန္ဓာကိုယ် အတွင်းက အဆိပ်တောက် တွေးကိုပြေစေ၍ ဆီးချိုရောဂါကိုထိန်းညှိပေးကြောင်း၊ ကျောက်ကပ် ရောဂါကို ကာကွယ်ပြီး၊  နှလုံးကျန်းမာသန်စွမ်းမှုကို တိုးမြှင့်ပေး၍ ဗီတာမင်စီ ပါဝင်သောကြောင့် ကိုယ်ခံအားစနစ်ကို ကောင်းမွန်စေပြီး အအေးမိတုပ်ကွေးရောဂါနှင့် ကင်ဆာဆဲလ်ဖြစ်ပွားမှုကို လျော့ချပေးကြောင်း၊ ပိုတက်ဆီယမ်ဓာတ်များ သင့်တင့်မျှတစွာ ပါဝင်သောကြောင့် သွေးတိုးရာဂါကို ထိန်းညှိပေးကြောင်း၊ ဗီတာမင်အေကြွယ်ဝစွာ ပါဝင်သောကြောင့် အမြင်အာရုံကို  ကောင်းမွန်စေပြီး မျက်စိရေတိမ်ရောဂါနှင့် မျက်လုံးကြွက်သား ပျက်စီးတာများကို သက်သာပျောက်ကင်းကြောင်း၊ ဗောက်သီးကိုစားသုံးခြင်းဖြင့်  အရိုးအဆစ်များကို ကြံ့ခိုင်သန်စွမ်းစေကြောင်း၊ အမျိုးသားများတွင် ဖြစ်သောဒူလာနှင့် အရေပြားနီမြန်းရောင်ရမ်းတာများကို သက်သာစေကြောင်း  စာပေများမှ ဖတ်ရှု့သိရှိရသည်။ 

DOCA(မန္တလေး)

ဖီးကြမ်းငှက်ပျောသီး၏အာဟာရတန်ဖိုး

                    ငှက်ပျောသီးသည် ကမ္ဘာပေါ်တွင် လူကြိုက်အများဆုံးသစ်သီးအမျိုးအစားဖြစ်ပြီး အရှေ့တောင် အာရှနိုင်ငံများတွင် ငှက်ပျောမျိုးကွဲများစွာဖြင့် စိုက်ပျိုးထွက်ရှိမှု အများဆုံးသစ်သီး ဖြစ်သကဲ့သို့ မြန်မာနိုင်ငံတွင်လည်း နေရာအနှံ့အပြားတွင် စိုက်ပျိုးထွက်ရှိသည့် သီးနှံဖြစ်သည်။ ငှက်ပျောသီးတွင် ပိုတက်စီယမ်ဓါတ်၊ ဗီတာမင်(B6)၊ ဗီတာမင်(C)၊ မဂ္ဂနီဆီယမ်ဓာတ်၊ ကစီဓာတ်၊ ပရိုတင်းဓာတ်နှင့် အဆီဓာတ်အနည်းငယ်တို့ ပါဝင်ကြောင်း၊ ငှက်ပျောသီးတွင် ဓာတ်တိုးဆန့်ကျင် ပစ္စည်း(Antioxidants) များစွာပါဝင်သည့်အတွက် ခန္ဓာကိုယ်အတွင်းရှိ ဆဲလ်များပျက်စီးမှု ကိုကာကွယ်ခြင်း၊ ကိုယ်ခံအား စနစ်ကို မြှင့်တင်ပေးခြင်း၊ အသားအရေနှင့်ကျန်းမာရေးကို ထိန်းသိမ်း ပေးခြင်း၊ အိုမင်းရင့်ရော်ခြင်းကို နှေးကွေးစေခြင်းတို့ကို အထောက်အကူပြုကြောင်း သိရှိရသည်။ ထို့အပြင် ငှက်ပျောသီးသည် အရသာကောင်းမွန်ပြီး ကျန်းမာရေးနှင့်ညီညွတ်၍ လူသားတို့အတွက် အာဟာရဓာတ်များစွာပါဝင်ခြင်း၊ ခွန်အားကိုဖြစ်စေခြင်း၊ နှလုံးကျန်းမာရေးကောင်းခြင်းနှင့် ခန္ဓာကိုယ်အလေးချိန်လျော့ကျခြင်း၊ အမျှင်ဓာတ်များစွာပါဝင်သောကြောင့် အစာချေဖျက်မှုစနစ် ကောင်းမွန်စေသဖြင့် ဝမ်းချုပ်ခြင်းမှကာကွယ်ပေးပြီး အစာအိမ်နှင့်အူလမ်းကြောင်း ကျန်းမာရေးအတွက်များစွာ အထောက်အကူပြုကြောင်း သိရှိရသည်။

DOCA(မန္တလေး)

           

ညောင်ဦးဒေသ၏ ပဲလွန်းပြာစိုက်ပျိုးမှုနှင့်ဈေးနှုန်းဈေးကွက်

               မန္တလေးတိုင်းဒသကြီး၊ ညောင်ဦးခရိုင်သည် လယ်ယာစိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်း များကို လုပ်ကိုင်ကြပြီး သီးနှံမျိုးစုံစိုက်ပျိုးလျက်ရှိရာ ဘိုကိတ်(ခေါ်)ပဲလွန်းပြာသီးနှံကိုလည်း စီးပွားဖြစ်စိုက်ပျိုးလျက်ရှိကြောင်း သိရသည်။ ပဲလွန်းပြာသီးနှံကို ညောင်ဦးမြို့နယ်တွင် ၂၀၂၅-၂၀၂၆ ခုနှစ် စိုက်ပျိုးရာသီး၌(၁၆၄)ဧက စိုက်ပျိုးပြီးဖြစ်ကြောင်း သက်ဆိုင်ရာဌာန၏ စာရင်းများအရသိရသည်။

          ပဲလွန်းပြာသီးနှံကို အောက်တိုဘာလတွင် စတင်စိုက်ပျိုးပြီး ဒီဇင်ဘာလတွင် ရိတ်သိမ်းရ ကြောင်း၊ စိုက်ပျိုးသောမျိုးမှာ ဒေသမျိုးကိုသာ စိုက်ပျိုးကြကြောင်း၊ စိုက်ပျိုးရာတွင် ထွန်ကြောင်းဆွဲ အစေ့ချစနစ်ဖြင့်(၂)ပေခြား စိုက်ပျိုးပြီး တစ်ဧကကုန်ကျမှုအနေဖြင့် မျိုး၊ သွင်းအားစု၊ လုပ်သားခ အပါအဝင် ငွေကျပ်(၃၀၀၀၀၀)ကျပ်ခန့် ကုန်ကျကြောင်း၊ ယခင်နှစ်တစ်ဧကအထွက်နှုန်းအနေဖြင့် (၁၄/၁၅)တင်း ခန့်ထွက်ရှိကြောင်း၊ ဈေးနှုန်းအနေဖြင့်ပေါ်စအချိန်တွင်တစ်တင်းလျှင်(၈၀၀၀၀)ကျပ်ခန့်ဖြင့်အရောင်းအဝယ်ဖြစ်ခဲ့ရာတစ်ဧကအကျိုးအမြတ်အနေဖြင့် (၈၀၀၀၀၀) ကျပ်ခန့် ရရှိခဲ့ကြောင်းနှင့် ထွက်ရှိလာသောသီးနှံများကို မြို့ပေါ်ရှိပွဲရုံများမှတဆင့် ဒေသတွင်းနှင့်မန္တလေး၊ ရန်ကုန်ဒေသများသို့ တင်ပို့ရောင်းချကြောင်း၊ ယခုနှစ် ပဲလွန်းပြာစိုက်ခင်းများ အောင်မြင်ဖြစ် ထွန်းလျက်ရှိကြောင်း သိရသည်။

DOCA(မန္တလေး)

ညောင်ဦးမြို့ရှိ ပြောင်းဖူးဈေးနှုန်း

            ညောင်ဦးမြို့ ဘုန်းဇဉ်ဈေးတွင် အသား၊ ငါး၊ အသီးအရွက်မျာ၊ ဒေသထွက်သီးနှံများကို ရောင်းချလျက်ရှိရာ ပြောင်းဖူးများကို အနီးအနားကျေးရွာများမှလည်းကောင်း၊ ပခုက္ကူ အင်းဝိုင်းဒေသမှလည်း ရောင်းချလျက်ရှိကြောင်း တွေ့ရှိရသည်။ ပြောင်းဖူးကိုပြုတ်၍ စားသုံးကြသလို မီးဖုတ်၍လည်းကောင်း၊ ကြော်၍လည်းကောင်းအမျိုးမျိုးပြုလုပ်စားသုံးကြသည်။

          ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ တတိယပတ်တွင် ညောင်ဦးမြို့ ဘုန်းဇဉ်ဈေး၌ ရောင်းချလျက်ရှိ သော ပြောင်းဖူးဈေးနှုန်းများမှာ အကြီးတစ်ဖူးလျှင်(၅၀၀)ကျပ်၊ အလတ်တစ်ဖူးလျှင်(၃၀၀)ကျပ်၊ အသေးတစ်ဖူးလျှင်(၂၀၀)ကျပ်တို့ဖြင့် အရွယ်အစားအကြီးအသေးပေါ်မူတည်၍ ရောင်းချလျက်ရှိ ကြောင်း သိရသည်။

DOCA(မန္တလေး)

မြင်းခြံမြို့နယ်အတွင်းရောင်းချနေသောအိမ်ဆောက်ပစ္စည်းဈေးနှုန်းများ

        စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန လက်အောက်ရှိမြင်းခြံခရိုင်စားသုံးသူရေးရာဦးစီးဌာနသည် ပြည်တွင်းကုန်သွယ်မှု လုပ်ငန်းများဖွံ့ဖြိုးတိုးတက်စေရန် အတွက်ဈေးကွက် အတွင်းဘိလပ်မြေများ ပြတ်လပ်မှုရှိ/မရှိနှင့် ဈေးနှုန်းကြီးမြင့်မှုရှိ/မရှိ အခြေအနေများအား ကြပ်မတ်ဆောင်ရွက်လျက်ရှိသည်။

            မြင်းခြံမြို့နယ် အမှတ်(၈)ရပ်ကွက်၊၄၆လမ်းရှိ တော်ဝင်အိမ်ဆောက်ပစ္စည်း အရောင်းဆိုင်၌ (၂၄-၁၁-၂၀၂၅) နေ့တွင် ရောင်းချနေသာ ဈေးနှုန်းများမှာ Crown ဘိလပ်မြေ (50)kg တစ်အိတ်လျှင် (၂၁၀၀၀) ကျပ်၊ သွပ်ပြားလိုင်းပါအလတ်တစ်ပေလျှင်(၁၈၀၀)ကျပ်၊ အိမ်ရိုက်သံ၁လက်မအသေးတစ်ပိဿာလျှင်(၉၀၀၀)ကျပ်၊အိမ်ရိုက်သံ(၂-၄)လက်မတစ်ပိဿာလျှင်(၈၀၀၀)ကျပ်၊သံချောင်း(သုံးမှုး)ချောင်း (၉၅၀၀)ကျပ်၊ သံချောင်းလုံးတစ်တန်လျှင် (၁၅၅၀၀၀၀)ကျပ်၊ Hollow သံချောင်း1.2mm ချောင်း (၂၅၀၀၀)ကျပ်၊ U Bean တစ်ချောင်းလျှင် (၁၉၀၀၀) ကျပ်အသီးသီးရောင်းချကြောင်း၊ ဒေသတွင်း အဆာက်အဦများဆောက်လုပ်ရန် ဖြန့်ဖြူးရောင်းချ လျက်ရှိပြီး၊ ဈေးကွက်ဝင်ရောက်မှု အနေဖြင့် ရန်ကုန်မြို့နှင့် မန္တလေးမြို့မှ ဝယ်ယူရောင်းချ ကြောင်းသိရှိရပြီး ဘိလပ်မြေရောင်းချသူများအား ဈေးကွက်အတွင်း သင့်တင့်မျှတသော နှုန်းထားများ အတိုင်း ရောင်းချရန်၊ ဈေးနှုန်းကြီးမြင့် မှုမရှိစေရန်၊ ဈေးကစားရန်ရည်ရွယ်ချက်ဖြင့် သိုလှောင်ခြင်းများ မပြုလုပ်ရန်နှင့် အရောင်းဆိုင် များတွင် ဘိလပ်မြေများပြတ်လပ်မှုမရှိကြောင်းသိရှိရသည်။

DOCA(မန္တလေး)

အမျှင်ဓာတ်ကြွယ်ဝသောပဲပင်ဖောက်၏ကျန်းမာရေး

              ပဲတီပင်ပေါက်သည် ပဲတီစိမ်းကို အညှောင့်ဖောက်ခြင်းဖြင့် စိုက်ပျိုးထားသော ဟင်းသီးဟင်း ရွက်တစ်မျိုးဖြစ်ကြောင်း၊ ပဲပင်ပေါက်ကို အရှေ့နှင့် အရှေ့တောင်အာရှတွင် ကျယ်ကျယ်ပြန့်ပြန့် စိုက်ပျိုးစားသုံးကြကြောင်းသိရှိရသည်။ ပဲပင်ပေါက်ကို ကြော်စားလို့ရသလို အသုပ်တွေထဲမှာ ပဲထည့်ထည့်၊ သုပ်ပြီးတော့ပဲဖြစ်ဖြစ်၊ ဟင်းချိုချက်ပြီးတော့ပဲဖြစ်ဖြစ်၊ အချဉ် စိမ်ပြီးတော့ပဲဖြစ်ဖြစ် စားလေ့ရှိကြောင်း၊ စားလို့ကောင်းသော ပဲပင်ပေါက်ကို နေ့တိုင်း စားသုံးခြင်းဖြင့် အာဟာရဓာတ် ကြွယ်ဝသလို ခန္ဓာကိုယ်အတွက် လိုအပ်သောဗီတာမင်နှင့် သတ္တုဓာတ်တွေကြွယ်ဝစွာပါဝင်ကြောင်း၊ ဗီတာမင်စီပါဝင်သောကြောင့် ကိုယ်ခံအားကောင်းစေ၍ ရောဂါပိုးကူးစက်မှုကနေ အထိရောက်ဆုံး ကာကွယ်ပေးကြောင်း၊ ပဲပင်ပေါက်မှာ ဆဲလ်တွေ ဖြစ်ပေါ်မှု ကိုယ်တွင်းအင်္ဂါတွေ ကျန်းမာအောင် ထောက်ပံ့ပေး၍ ကြွက်သားများ ကျန်းမာသန်စွမ်းအောင် လုပ်ဆောင်ပေးသော ပရိုတင်းဓာတ်ကြွယ်ဝပါဝင်၍ အရိုးနှင့် ကြွက်သားတွေသန်မာပြီး  ကိုယ်တွင်းအင်္ဂါများ ကျန်းမာစေရန်စားသုံး ပေးသင့်သည်။ ပဲပင်ပေါက်မှာ ပါဝင်သောအင်ဇိုင်းက အစာခြေစနစ်ကိုကျန်းမာစေ၍  အစာကြေစေနိုင်သလို အူနံရံတွေကို အာဟာရဓာတ်တွေ အကောင်းဆုံးစုပ်ယူနိုင်အောင် ထောက်ပံပေးခြင်းဖြင့်  အမျှင်ဓာတ်ကြွယ်ဝကာ ဝမ်းချုပ်ခြင်း ကိုကာကွယ်ပေးကြောင်း၊ သွေးအားနည်းတာ၊ အစာခြေစနစ် ပြဿနာတွေ ခံစားရတာ၊ ခြေကုန်လက်ပမ်းကျတာ၊ အမောမခံနိုင်တာတွေ မဖြစ်စေဖို့အတွက် ပဲပင်ပေါက်ကို  စားသုံးသင့် ကြောင်း၊ ဗီတာမင်အေကြွယ်ဝ သောကြောင့်အသက် အရွယ်ကြောင့်ဖြစ်တဲ့ အမြင်အာရုံကိုအထိ ရောက်ဆုံး ကာကွယ်ပေး၍ မျက်လုံးကျန်းမာစေရန် ပဲပင်ပေါက်ကို နေ့စဉ်အစား အသောက်ထဲတွင် ထည့်သွင်းစားသုံးသင့်ပေသည်။

DOCA(မန္တလေး)

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း