ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

တောင်ငူမြို့ရှိ ကွမ်းသီးဈေးကွက်

အထက် တောင်ပေါ်ဒေသများဖြစ်သော ကရင်ပြည်နယ်၊ သံတောင်ကြီးဒေသ၊ လိပ်သို၊ (၁၃)မိုင်၊ သံဘိုးတောင်၊ မုန်း၊ ဘောဂလိဒေသများရှိ ဒေသခံပြည်သူများသည် ကွမ်းသီးပင်များကို မိသားစု စားသုံးရန်အတွက်သာမက စီးပွားဖြစ် စိုက်ပျိုးကြသည်။ ထိုဒေသများမှ ကွမ်းသီးများကို တောင်ငူမြို့သို့ တင်ပို့ရောင်းချလျက်ရှိရာ ကွမ်းယာတွင် ထည့်သုံးသော ကွမ်းသီးစိတ်ရိုးရိုး (၁)ပိဿာလျှင် ၂၀၀၀၀ ကျပ်မှ ၂၅၀၀၀ကျပ်အထိ ရောင်းချပြီး၊ ကွမ်းသီးစိတ်(ရှယ်) ၁ပိဿာလျှင် ၂၈၀၀၀ ကျပ်မှ ၃၅၀၀၀ ကျပ်အထိ ရောင်းချလျက်ရှိသည်။ ကွမ်းသီးရွေးဈေးနှုန်းအနေဖြင့် ရွေးသီး အရွယ်အစားပေါ်မူတည်၍ ၁ပိဿာ လျှင် ၂၅၀၀၀ ကျပ်မှ ၆၀၀၀၀ ကျပ်ထိ ဈေးပေါက်ကြောင်း ရောင်းချသည့် ကွမ်းသီးဒိုင်များမှ သိရှိရပါသည်။ DOCA(ပဲခူး)

ဂေါ်ရခါးသီးနှင့် ဂေါ်ဖီများ ဈေးနှုန်းအနည်းငယ်မြှင့်တက်

တောင်ငူမြို့ ညောင်ပင်လေးဈေးသို့ အခြားမြို့နယ်ဒေသများမှ ရာသီပေါ်သီးနှံများ ဝင်ရောက်ရောင်းချလျက်ရှိရာ ဂေါ်ရခါးသီးမှာ ယခုအပါတ်တွင် အသီး(ကြီး)(၁)လုံးလျှင် ၁၀၀၀ ကျပ်၊ (၁၀)လုံးလျှင် (၉၀၀၀)ကျပ်၊ အလတ်(၁)လုံး ၇၀၀ ကျပ်၊ (၁၀)လုံး ၆၅၀၀ ကျပ်၊ အသေး(၁) လုံး ၅၀၀ ကျပ်၊ (၁၀)လုံး(၄၀၀၀)ကျပ်ဖြင့် ရောင်းချနေပြီး ဂေါ်ရခါးညွှန့်မှာ (၁)စီး ၁၃၀၀ ကျပ်၊ (၁၀)စီး (၁၁၀၀၀)ကျပ် ဈေးအသီးသီးဖြင့် ရောင်းချလျက်ရှိသည်။ ဂေါ်ဖီဈေးနှုန်းအနေဖြင့် ယခင်အပါတ်က (၁)ပိဿာ ၁၅၀၀ကျပ် ဖြစ်၍ (၃)ပိဿာ နှင့် အထက် ဝယ်ယူပါက (၁၃၀၀) ကျပ် ဈေးသာရှိပြီး ယခုအပါတ်တွင် (၁)ပိဿာ (၂၀၀၀)ကျပ် ၊ (၃)ပိဿာနှင့်အထက် ဝယ်ယူပါက (၁၈၀၀)ကျပ်ဈေးအထိ အနည်းငယ်မြှင့်တက်သွားကြောင်း ရောင်းချသည့် ဈေးသည်များထံမှ သတင်းရရှိပါသည်။ DOCA(ပဲခူး)

တောင်ငူမြို့တွင် ပန်းထိမ်ငိုပန်းများ ဈေးနှုန်းကျဆင်း

တောင်ငူမြို့ဈေးများရှိ ဘုရားပန်းဆိုင်များတွင် အခြားပန်းများနှင့်အတူ ပန်းထိမ် ငိုပန်းများ ရောင်းချလျှက်ရှိသည်။ ယခင်လက ပြင်ဦးလွင်ဒေသမှ ပန်းထိမ်ငိုပန်းများ ဝယ်ယူရောင်းချ လျက်ရှိရာ ယခုအခါ တောင်ငူခရိုင်၊ အုတ်တွင်းမြို့နယ်၊ ရှမ်းဝတီးကျေးရွာမှ ပန်းထိမ်ငိုပန်းများ စတင်ရောင်းချလျက် ရှိနေပြီဖြစ်သည်။ ပန်းထိမ်ငိုပန်းများသည် မိုးတွင်းကာလ၌ ပွင့်တတ်သော ပန်းတစ်မျိုး ဖြစ်ပါသည်။ ပန်းထိမ်ငိုပန်းတွင် အဖြူရောင်၊ခရမ်းရောင်နင့် ပန်းရောင်စသည်ဖြင့် အရောင်များရှိသည်။ ပြင်ဦးလွင်မြို့ဘက်မှ ပန်းများသည် ဒေသတွင်းပန်းများထက် ပို၍ အပွင့်ကြီးသဖြင့် ဈေးကွက်အတွင်း ဈေးပိုရသည်။ ၁၀ပင်ပါ တစ်စည်းလျှင် ယခင်လက ၄၅၀၀ ကျပ်မှ ၅၀၀၀ကျပ် အထိရောင်းချပြီး ယခုအခါ ဒေသတွင်းမှ ပန်းများ စတင်ရောင်းချနေပြီ ဖြစ်သောကြောင့် ၁၀ပင်ပါ တစ်စည်းလျှင် ၃၀၀၀ ကျပ် မှ ၃၅၀၀ ကျပ်ဖြင့် ရောင်းချပြီး ဈေးနှုးန်းအနည်းငယ် ကျဆင်း သွားပါသည်။ DOCA(ပဲခူး)

တောင်ငူမြို့နယ်ရှိ ကွမ်းကြမ်းနှင့်ကွမ်းသီးဈေးကွက်

ကွမ်းသည်ကပ်ပါးနွယ်ပင်တစ်မျိုးဖြစ်ပြီး မြန်မာနိုင်ငံအနှံအပြားပေါက်ရောက်သော အပင် တစ်မျိုး ဖြစ်ပါသည်။ မြန်မာအစတကောင်းက ဟုဆိုရိုးစကားရှိသကဲ့သို့ ကွမ်းကိုတကောင်းခေတ်ကတည်းက စားသုံးခဲ့ကြပါသည်။ ကွမ်းရွက်ကိုညှစ်၍ရသော အရည်နှင့် ဂျင်းပြုတ်ရည်၊ ဆား အနည်းငယ်နှင့် တိုက်ကျွေးပါကပန်းနာ၊ ရင်ကျပ်၊ ရင်အောင့် ရင်ကယ်၊ ကြက်ညှာချောင်းဆိုး ရောဂါများပျောက်စေနိုင်ပြီး ကလေးများ လေပွခြင်း၊ အစာမကြေဖြစ်ခြင်း၊ ဝမ်းသွားခြင်း၊ ဖျားနာ ခြင်းများ၌ ကွမ်းရွက်အရည်နှင့် ပျားရည်ရော ၍တိုက်ကျွေးလျှင် ပျောက်ကင်းနိုင်သဖြင့် အလွန်အသုံးဝင်ပါသည်။ တောင်ငူမြို့နယ်တွင် ကရင်ပြည်နယ်၊ သံတောင်ကြီးဒေသမှထွက်သော ကွမ်းကြမ်း တစ်ထုပ်လျှင် ၅၀၀ ကျပ်၊ ဘောဂလိဒေသမှထွက်သောကွမ်းသီး(ပြောင်) တစ်ပိဿာလျှင် ၂၅၀၀၀ကျပ်၊ ကွမ်းသီး(ရွေး)တစ်ပိဿာလျှင် ၂၀၀၀၀ ကျပ်မှ ၃၅၀၀၀ ကျပ်၊ ကွမ်းသီး (ကြက်ချေး) တစ်ပိဿာလျှင် ၇၀၀၀ ကျပ်တို့ဖြင့် ဈေးနှုန်းဖြစ်ပေါ်နေပြီး အရောင်းသွက် နေကြောင်း တောင်ငူမြို့နယ်၊ ညောင်ပင်ဈေးရှိ ကွမ်းနှင့်ကွမ်းသီးရောင်းချသူ မကြည်ပြာအေး ၏ ပြောကြားချက်အရ သိရှိရပါသည်။ DOCA(ပဲခူး)

တောင်ငူမြို့တွင် ရောင်းချနေသော ဩဇာသီး ဈေးနှုန်း

တောင်ငူမြို့ ဈေးများရှိ သစ်သီးဆိုင်များတွင် ပန်းသီး၊ ပန်းသစ်တော်၊ စပျစ်သီး၊ သရက်သီး၊ လိမ္မော်သီး၊ဖရဲသီး၊နာနတ်သီး၊ဒူးရင်းသီး၊မင်းဂွတ်သီး၊ကြက်မောက်သီး စသည်ဖြင့် အသီးမျိုးစုံများကို ဆိုင်များတွင် အထိုင်သော်လည်းကောင်း၊ မော်တော်ယာဉ်ငယ်များဖြင့် လှည့်လည်၍သော်လည်းကောင်း ရောင်းချလျက်ရှိရာ ယခုအခါ ဩဇာသီးများ ရောင်းချလျက် ရှိသည်။ ဩဇာသီးသည် အနံ့အရသာနှင့် ပြည့်စုံ၍ လူကြိုက်များသည့် အသီးတစ်မျိုးဖြစ်သည်။ ဩဇာသီးများကို ရှမ်းပြည်နယ်၊ တောင်ကြီးမြို့သို့ မှာယူရောင်းချလျက်ရှိကြောင်း သိရသည်။ ဩဇာသီးဈေးနှုန်းများအနေဖြင့် အကြီး ၁ လုံးလျှင် ၂၀၀၀ ကျပ်၊ ၁၀ လုံး နှင့်အထက် ဝယ်ယူပါက ၁၈၀၀ ကျပ်ဖြင့် ရောင်းချပြီး၊ အသေး ၁ လုံးလျှင် ၁၀၀၀ ကျပ်၊ ဩဇာသီးအသေး ၁၀လုံးနှင့် အထက် ဝယ်ယူပါက ၈၀၀ ကျပ်ဖြင့်ရောင်းချပြီး ဩဇာသီးသည် ရာသီစာ သီးနှံဖြစ်ပြီး လူကြီးလူငယ်မရွေး ကြိုက်နှစ်သက်သည့်အတွက် အရောင်းအဝယ်သွက်ကြောင်း သစ်သီး ရောင်းချသည့် ဆိုင်များမှ သိရပါသည်။ DOCA(ပဲခူး)

ဆေးဖက်ဝင် ပန်းခါးခြောက်အကြောင်း

ပန်းခါးပင်သည် ဆေးဖက်ဝင်အပင်တစ်မျိုးဖြစ်ပြီး အပူပိုင်းနှင့်သမပိုင်းဒေသများတွင် သဘာဝ အလျောက်ပေါက်ရောက်ကာ အာရှတိုက်၏ဒေသအများအပြားတွင် တွေ့ရှိရပါသည်။ မြန်မာနိုင်ငံ တွင် စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်း၊ မကွေးတိုင်း၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်တို့၌ ပေါက်ရောက်ပြီး ပူပြင်းခြောက်သွေ့သော ဒေသနှင့် မိုးများသောဒေသနှစ်မျိုးလုံးတွင် ပေါက်ရောက်နိုင်ပါသည်။ ပန်းခါးပင် သည် ရာသီဥတုဒဏ်ခံနိုင်ပြီး မြေဆီလွှာတိုက်စားမှုကို ကာကွယ်ပေးနိုင်သောကြောင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးအတွက် အရေးပါ လှသော အပင်တစ်မျိုးဖြစ်ပါသည်။ မြန်မာနိုင်ငံအထက်ပိုင်းဒေသများတွင် ပန်းခါးပွင့်ခြောက်များကို အများဆုံးထုတ်လုပ်နိုင်ပြီး ပန်းခါးပင် အကိုင်းနှင့် အခေါက်များကို ထင်းအဖြစ်လည်း အသုံးပြုကြပါသည်။ ပန်းခါးပွင့်သည် ခါးသက်သော အရသာရှိကာ ပန်းခါးပွင့်ကို အခြောက်လှန်း၍ လက်ဖက်ရည်ကြမ်း အဖြစ်သောက်သုံးခြင်း၊ ဆေးဝါးအဖြစ်ဖော်စပ်ခြင်းများ ပြုလုပ်နိုင်ပါသည်။ ပန်းခါးပွင့်ခြောက်ကို ရေနွေးစိမ်၍ သောက်သုံး ပေးခြင်းဖြင့် ခန္ဓာကိုယ်မှ အဆိပ်အတောက်များကို ဖယ်ရှားပေးနိုင်ပြီး သွေးတိုးကျစေနိုင်ပါသည်။ ပန်းခါးပွင့်ခြောက်များကို နေပူပူတွင် ၂-၃ ရက်ကြာလှန်း နိုင်ပြီး လေလုံအိတ်တွင်သိမ်းဆည်းနိုင်ပါသည်။ လက်ရှိဈေးကွက်ထဲတွင် ပန်းခါးပွင့်ခြောက်များကို အလေး ချိန် ပါဝင်မှုပေါ်မူတည်ပြီး ၂၀၀၀ ကျပ်မှ ၅၀၀၀ ကျပ်အထိ ရောင်းချလျက်ရှိကြောင်း သိရပါသည်။ DOCA(ပဲခူး)

ပုဇွန်တောင်ဈေးအတွင်း အခြေခံစားသောက်ကုန်ဈေးနှုန်းများအခြေအနေ

   ရန်ကုန်တိုင်းဒေသကြီး ဗိုလ်တထောင်ခရိုင်၊ ပုဇွန်တောင်ဈေးအတွင်း အခြေခံစားသောက် ကုန်ဈေးနှုန်းများဖြစ်သော ဆန်ကြမ်း / ဆန်ချော အမျိုးအစားများအလိုက် ၂၀၂၅ ခုနှစ် ဇူလိုင်လ ၊ နောက်ဆုံးပတ်တွင် ဧည့်မထတစ်ပြည်လျှင် (၃၂၀၀ မှ ၄၀၀၀) ကျပ်ထိ၊ ငစိန်တစ်ပြည်လျှင် (၂၆၀၀) ကျပ်၊  ဇီယာတစ်ပြည်လျှင်(၃၁၀၀ မှ ၃၄၀၀) ကျပ်ထိ၊  ပေါ်ကျွဲတစ်ပြည်လျှင် (၄၇၀၀) ကျပ် ၊ ပုသိမ်ပေါ်ဆန်းတစ်ပြည်လျှင် ( ၅၀၀၀) ကျပ် ၊  ဖျာပုံပေါ်ဆန်းတစ်ပြည်လျှင် (၄၈၀၀) ကျပ် ၊ ရွှေဘိုပေါ်ဆန်းမွှေးတစ်ပြည်လျှင် (၆၉၅၀ မှ ၆၆၀၀ )ကျပ်တို့ဖြင့် အရောင်းအဝယ် ဖြစ်လျက်ရှိကြောင်း သိရှိရပါ သည်။

        အလားတူ စားဖိုဆောင်သုံးစားသောက်ကုန်များတွင် ဆီ(စားအုန်းဆီ)  တစ်ပိဿာ(၆၅၀၀)  ကျပ်၊  ပဲဆီ တစ်ပိဿာ ၂၁၀၀၀ ကျပ် ၊ ကြက်သွန်နီ တစ်ပိဿာ (၂၂၀၀) ကျပ် ၊ ကြက်သွန်ဖြူ (ရှမ်း)တစ်ပိဿာ (၁၂၀၀၀) ကျပ် ၊ (အမွှာ) တစ်ပိဿာ (၁၂၀၀၀) ကျပ်၊ (ဥတလုံး) တစ်ပိဿာ (၂၃၀၀၀) ကျပ်တို့ဖြစ်ပြီး အာလူးတစ်ပိဿာ ၅၃၀၀ ကျပ်၊ နနွင်းမှုန့်တစ်ပိဿာ (၁၅၀၀၀) ကျပ်၊ နနွင်းတက် တစ်ပိဿာ ၉၀၀၀ ကျပ်၊ အိုင်အိုဒင်းဆားတစ်ပိဿာ ၂၅၀၀ ကျပ် ၊  ရိုးရိုးဆား တစ် ပိဿာ (၂၀၀၀)ကျပ်၊  မန်ကျည်းသီးမှည့် တစ်ပိဿာ (၁၁၀၀၀) ကျပ်၊ ငရုပ်တောင့်(ရှည်) တစ် ပိဿာ (၁၃၀၀၀) ကျပ်၊ ငရုပ်တောင့်(ပု) တစ်ပိဿာ (၂၀၀၀၀) ကျပ်၊  မြန်မာပဲနီလေးတစ်ပိဿာ (၁၅၀၀၀) ကျပ်၊  ပဲဝါလေးတစ်ပိဿာ (၅၀၀၀) ကျပ်၊ ကုလားပဲခြမ်းတစ်ပိဿာ (၆၈၀၀) ကျပ်၊ ချင်းတစ်ပိဿာ (၅၀၀၀) ကျပ် တို့ဖြစ်ကြောင်း သိရှိရပါသည်။

ထို့အတူ အသား/ငါးဈေးနှုန်းများမှာလည်း မွေးမြူရေးကြက်တစ်ပိဿာ (၂၁၀၀၀) ကျပ်၊ မြန်မာကြက်တစ်ပိဿာ (၃၂၀၀၀) ကျပ်၊ ဝက်သားတစ်ပိဿာ (၃၄၀၀၀)ကျပ်၊ ဘဲသား တစ်ပိဿာ (၃၀၀၀၀) ကျပ်၊ ဆိတ်သားတစ်ပိဿာ (၄၄၀၀၀) ကျပ်၊ အမဲသားတစ်ပိဿာ (၃၀၀၀၀) ကျပ်၊ ငါးကြင်းတစ်ပိဿာ (၂၃၀၀၀) ကျပ်၊ ငါးမြစ်ချင်းတစ်ပိဿာ (၁၂၀၀၀) ကျပ်၊ ‌ရေချိုငါးခူတစ်ပိဿာ (၃၀၀၀၀) ကျပ်၊ မွေးမြူရေးငါးခူတစ်ပိဿာ (၂၅၀၀၀) ကျပ်၊ ပုဇွန်ထုပ် (ကြီး)တစ်ပိဿာ (၆၀၀၀၀)ကျပ်၊ ပုဇွန်ထုပ်(လတ်)တစ်ပိဿာ (၅၀၀၀၀) ကျပ်၊ ပုဇွန်ကျော့ တစ်ပိဿာ (၃၀၀၀၀) ကျပ်၊ ငါးတန်တစ်ပိဿာ (၁၅၀၀၀) ကျပ်၊ ပင်လယ်ငါးတစ်ပိဿာ (၁၀၀၀၀) ကျပ်၊ ငါးရံ့တစ်ပိဿာ( ၃၅၀၀၀ )ကျပ်၊ ငါးကျည်းတစ်ပိဿာ (၃၅၀၀၀) ကျပ် ၊ ရေချို ငါးသလောက်တစ်ပိဿာ (၃၅၀၀၀) ကျပ် ၊ ပုဇွန်ခြောက် (ကြီး)တစ်ပိဿာ (၁၅၀၀၀၀) ကျပ်၊ ပုဇွန်ခြောက်(လတ်)တစ်ပိဿာ (၁၂၀၀၀၀) ကျပ် ၊ ပုဇွန်ခြောက် (သေး) တစ်ပိဿာ (၁၀၀၀၀၀) ကျပ် ၊ ငါးရံ့ခြောက်တစ်ပိဿာ (၉၀၀၀၀) ကျပ် ၊ ငါးကျည်းခြောက် တစ်ပိဿာ (၉၅၀၀၀) ကျပ်၊ ငါးပိကောင်တစ်ပိဿာ (၁၈၀၀၀) ကျပ် ၊ အာဗြဲခြောက်တစ်ပိဿာ (၃၅၀၀၀) ကျပ်တို့ ဖြစ် ကြောင်း  သိရှိရပါသည်။

ဟင်းသီးဟင်းရွက်များမှာ ကန်စွန်းရွက် တစ်စီး (၈၀၀) ကျပ်၊ ချဉ်ပေါင်ရွက် တစ်စီး (၂၅၀) ကျပ်၊ ဂေါ်ဖီထုပ် တစ်ထုပ်( ၂၅၀၀) ကျပ်၊ ခရမ်းချဉ်သီး တစ်ပိဿာ (၅၀၀၀) ကျပ်၊ ခရမ်းသီး တစ်လုံး (၄၀၀) ကျပ်၊ ဘူးသီး တစ်လုံး (၄၀၀၀) ကျပ်၊ ရှောက်သီး တစ်လုံး (၁၀၀၀) ကျပ်၊ မုန်လာဥ တစ်စီး (၁၀၀၀) ကျပ်တို့ဖြစ်ကြောင်း ၂၈.၇.၂၀၂၅ ရက်နေ့၏ ဈေးကွက်တွင် ဖြစ်ပေါ် နေသော ဈေးနှုန်းများဖြစ်ကြောင်း သိရှိရပါသည်။

          ဆန်နှင့် စားအုန်းဆီမှာ ရည်ညွှန်းဈေးအပေါ် အခြေခံရောင်းချရသော ဈေးနှုန်းများဖြစ်ပြီး အသား/ငါးများမှာ ယခင်လထက် ဈေးနှုန်းအနည်းငယ်တက်ပြီး၊ အခြားစားဖိုဆောင်သုံးကုန် ပစ္စည်းများမှာ ယခင်လထက် ဈေးနှုန်းအနည်းတက်ကြောင်း ဈေးကွက်စုံစမ်း သိရှိရပါသည်။

DOCA(ရန်ကုန်)

၂၇.၇.၂၀၂၅ ရက်နေ့တွင် လှိုင်မြို့နယ် သီရိမင်္ဂလာဈေးကြီးတွင် ကုန်စိမ်း၊ ပန်းနှင့် သစ်သီးများ ဝင်ရောက်မှုအခြေအနေ

  ရန်ကုန်တိုင်းဒေသကြီး လှိုင်မြို့နယ်  သီရိမင်္ဂလာဈေးအတွင်းသို့ နေ့စဉ်အနယ်နယ်အရပ်ရပ်မှ သစ်သီးများ၊ ပန်းနှင့် ကုန်စိမ်းများ ဝင်ရောက်လျက်ရှိရာ အောင်ပန်း၊ တောင်ကြီး၊ ကလော၊ ဟဲဟိုး၊ အင်းလေး၊ မှော်ဘီ၊ တိုက်ကြီး၊ တွံတေး၊ ကျောင်းကုန်း၊ ရွှေညောင်၊ ညောင်နှစ်ပင်၊ ခရမ်း၊ သုံးခွ၊ ဝါးနက်ချောင်း၊ ဧရာဝတီတိုင်း၊ ပဲခူးတိုင်း၊ မန္တလေးတိုင်းတို့မှ ၂၇.၇.၂၀၂၅ ရက်နေ့တွင် ကုန်စိမ်းကုန်ချိန် ပိဿာချိန်ပေါင်း (၇၈၈၀၀၀) ကား (၉၉) စီးဝင်ရောက်လျက်ရှိကြောင်း၊ ပြင်ဦးလွင်၊ ကလော၊ မိုးကုတ်၊ တောင်ကြီး၊ အောင်ပန်း၊ ဘီးလင်း၊ တပ်ကုန်း၊ ရဲမွန်၊ ရေး၊ အင်းမ၊ မှော်ဘီ၊ တိုက်ကြီး၊ မန္တလေး ၊ သီပေါ၊ ကျိုက်ကော်၊ မော်လမြိုင်၊ ပုပ္ပါး၊ ကျောက်ဆည်၊ တောင်ငူ၊ တွံတေး၊ ထားဝယ်၊ ကြံခင်း၊ ခရမ်းတို့မှ သစ်သီးများ ကုန်ချိန်ပိဿာချိန်ပေါင်း (၁၄၇၀၀၀) ကား (၂၄) စီးဝင်ရောက်ပြီး  ကလော၊ ဟဲဟိုး၊ တောင်ကြီး၊ ပြင်ဦးလွင်၊ ရွှေတောင်၊ ငွေတောင်၊ လှည်းကူး၊ ကျွန်းကလေး၊ ဇီးဖြူကုန်း၊ တွံတေး၊ ကော့မှူး၊ ညောင်တုန်းတို့မှ ပန်းများ ကုန်ချိန်ပိဿာပေါင်း (၃၈၈၀၀)  ကား (၂၇) စီး ဝင်ရောက်ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)

သီရိမင်္ဂလာဈေးရှိ သစ်သီးဝလံဈေးနှုန်းများ

   ရန်ကုန်တိုင်းဒေသကြီး လှိုင်မြို့နယ်  သီရိမင်္ဂလာဈေးတွင် တိုင်း/ပြည်နယ်များမှ သစ်သီးများ အများဆုံးဝင်ရောက်ကြောင်း သိရှိရပြီး ဇူလိုင်လ (၂၂) ရက်နေ့ မှ ဇူလိုင်လ (၂၈) ရက်နေ့အထိ ဖြစ်ပေါ်ခဲ့သော သစ်သီးအဝင်များမှာ ပြင်ဦးလွင်မှ ပင်မှည့်သီး တစ်ပိဿာ ကျပ် ၈၀၀၀၊ ပုပ္ပါးမှ ဩဇာသီး ဂျပ်ဖာ ကျပ် ၁၉၀၀၀၊ မန္တလေးမှ သင်္ဘောသီး တစ်လုံး ကျပ် ၂၅၀၀/၅၀၀၀၊ သီပေါ မှ နာနတ်သီးတစ်လုံး ကျပ် ၁၅၀၀/၂၀၀၀/၂၅၀၀၊ ပြင်ဦးလွင်မှ နဂါးမောက်သီး ဂျပ်ဖာ ကျပ် ၁၅၀၀၀/၂၅၀၀၀/၂၈၀၀၀၊   မော်လမြိုင်မှ ကြက်မောက်သီး ၁၀ လုံး ကျပ် ၁၅၀၀/၂၀၀၀၊ ရေး မှ ဒူးရင်းသီး တစ်လုံး ကျပ် ၁၅၀၀၀/၂၀၀၀၀/၃၅၀၀၀ ၊ မော်လမြိုင် မှ ကျွဲကောသီး ကျပ် ၂၅၀၀/၆၀၀၀/၈၀၀၀၊ ရပ်စောက် မှ မင်းဂွတ်သီး ၁၀ လုံး ကျပ် ၂၀၀၀၊  အောင်ပန်းမှ လိမ္မော်သီး တစ်လုံး  ကျပ် ၆၀၀/၈၀၀၊ ဝမ်းတွင်း မှ ဖရဲသီး(ဘာဟုဘာလီ) အလုံးကြီး ကျပ် ၃၀၀၀/၅၀၀၀/၇၀၀၀၊  ပုပ္ပါးမှ မာလာကာသီး အိတ်တစ်အိတ် ၃၅၀၀၀ ကျပ်ယိုးဒယားပန်းသီး တစ်သေတ္တာ ကျပ် ၁၅၀၀၀၀၊ ရှမ်းပြည်နယ်မှ ပန်းသီး  စက္ကူပုံးတစ်ပုံး ကျပ် ၆၀၀၀၀၊ ရှမ်းပြည်နယ် မှ သရက်သီး (ရင်ကွဲ) တစ်သေတ္တာ ကျပ်  ၂၀၀၀၀/၂၅၀၀၀/၃၀၀၀၀  ရှိကြောင်း သစ်သီးဈေးနှုန်းများသည့် ဈေးနှုန်း မြင့်တက်မှုမရှိဘဲ ယခင်တစ်ပတ်နှင့် ယခုတစ်ပတ် ဈေးနှုန်းများ အနည်းငယ်သာပြောင်းလဲကြောင်း  သီရိမင်္ဂလာဈေးရှိ မြန်မာနိုင်ငံ သစ်သီးဝလံပန်းမန်ဟင်းသီးဟင်းရွက်စိုက်ပျိုး ထုတ်လုပ်တင်ပို့ ရောင်းချသူများအသင်း (MFVP) မှ သိရှိရပါသည်။

DOCA(ရန်ကုန်)

“ ကွမ်းခြံကုန်းမြို့နယ်ဈေးကွက်အတွင်းရောင်းချသောအခြေခံစားသောက်ကုန်ဈေးနှုန်းများ ”

   ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကွမ်းခြံကုန်းမြို့နယ် စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းများသည် တောင်ပိုင်းခရိုင်ဦးစီးမှူးရုံး၏ ညွှန်ကြားချက်နှင့်အညီ အခြေခံစားသောက်ကုန်ဈေးနှုန်းများကို စာရင်းကောက်ယူ၍ အပတ်စဉ် တင်ပြလျက်ရှိရာ ဇူလိုင်လ(၂၈)ရက်နေ့၊ နံနက်(၀၉:၀၀)နာရီအချိန်တွင် ပူးပေါင်းအဖွဲ့ဖြင့် စာရင်းကောက်ယူခဲ့ ကြောင်း သိရှိရသည်။

  ထိုသို့စာရင်းကောက်ယူခြင်း ဆောင်ရွက်ရာတွင် ကွမ်းခြံကုန်းမြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ ဈေးတာဝန်ခံ ကျန်းမာရေးမှူး-၃ ဦးထွန်းထွန်းနှင့် မြို့နယ်စားသုံးသူ ရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံ ဒေါ်နွယ်နွယ်အေးနှင့် ဌာနခွဲစာရေး ဦးတင်ထွန်းဦးတို့ ပူးပေါင်း၍ စည်ပင်သာယာမြို့မဈေးအတွင်း အခြေခံစားသောက်ကုန်ရောင်းချသော ဒေါ်မာမာဦး ကုန်စုံဆိုင်၊ ဦးအောင်ပု ကုန်စုံဆိုင်တို့မှ ကြက်သွန်နီဆိုဒ်စုံ တစ်ပိဿာလျှင် (၂၀၀၀မှ ၂၅၀၀)ကျပ်ထိ၊ ကြက်သွန်ဖြူရှမ်းစ တစ်ပိဿာလျှင် (၁၀၀၀၀မှ ၁၂၀၀၀)ကျပ်ထိ၊ ငရုပ်တောင့်ရှည် တစ်ပိဿာလျှင် (၁၀၀၀၀မှ ၁၁၀၀၀)ကျပ်ထိ၊ ကုလားပဲခြမ်း တစ်ပိဿာလျှင် (၆၀၀၀မှ ၆၅၀၀)ကျပ်ထိ၊ မန်းကျည်းသီး တစ်ပိဿာလျှင် (၁၂၀၀၀မှ အိုင်အိုဒင်းဆာ တစ်ထုပ် လျှင် (၈၀၀)ကျပ်ထိ၊ အာလူးတစ်ပိဿာလျှင် (၄၀၀၀မှ ၄၅၀၀)ထိ၊ သကြားတစ်ပိဿာလျှင် (၅၅၀၀မှ ၆၀၀၀)ကျပ်ထိ အသီးသီးတို့ဖြင့် အရောင်းအဝယ်ဖြစ်လျှက်ရှိကြောင်း သိရှိရသည်။

 ယခင်တစ်ပတ်နှင့် ယခုတစ်ပတ် ဈေးနှုန်းနှိုင်းယှဉ်ရာတွင် အာလူးဈေးနှုန်း အနည်းငယ် မြင့်တက်လာသည်မှလွဲ၍ ကျန်အခြေခံစားသောက်ကုန် ဈေးနှုန်းမှာ ကွာခြားမှုမရှိကြောင်း တွေ့ရှိ ရပြီး အာလူးဈေးနှုန်း မြှင့်တက်ရခြင်းမှာ မိုးတွင်ကာလဖြစ်၍ ပစ္စည်းများမှာ မိုးစိုများသဖြင့် ပျက်စီးမှုရှိ၍ အနည်းငယ်ဈေးမြင့်ရခြင်း ဖြစ်ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း