ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

မန်ကျည်းပင်ဈေးရှိ ဗုံလုံသီး (ခေါ်) ပဲလင်းမြွေသီး ဈေးနှုန်း

      မုံရွာမြို့ ပတ်ဝန်းကျင်ရှိ ကျေးရွာများမှာ မန်ကျည်းပင်ဈေးအတွင်းသို့ ရာသီစာ အသီးအရွက်များအပြင် ဗုံလုံးသီးများ လာရောက်ရောင်းချကြပါသည်။ ဗုံလုံသီး(ခေါ်) ပဲလင်းမြွေသီးများကို ပုစွန်ဖြင့် အစာသွပ်၍လည်းကောင်း၊ ကြက်ဥဖြင့်ရောမွှေ၍ ကြောက်ချက်၍ သော်လည်းကောင်း၊ ဝက်သားဖြင့် ရောက်ချက်၍လည်းကောင်း စားသုံးနိုင်ကြပါသည်။ မုံရွာမြို့၊ မန်ကျည်းပင်ဈေးတွင်  ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ နောက်ဆုံးပတ်တွင် ဖြစ်ပေါ်နေသော  ဗုံလုံသီး (ခေါ်) ပဲလင်းမြွေသီး ဈေးနှုန်းများမှာ ဗုံလုံသီး(ခေါ်) ပဲလင်းမြွေသီး အကြီး တစ်တောင့်လျှင် (၁၂၀၀)ကျပ်၊ ဗုံလုံသီး(ခေါ်) ပဲလင်းမြွေသီး အလတ် တစ်တောင့်လျှင် (၁၀၀၀)ကျပ် နှင့် ဗုံလုံသီး(ခေါ်) ပဲလင်းမြွေသီး အသေး တစ်တောင့်လျှင်(၉၀၀)ကျပ် ဖြစ်ပြီးကြောင်း ကုန်စိမ်းရောင်းသူများထံမှ သိရှိရပါသည်။

DOCA(စစ်ကိုင်း)

 

မုံရွာမြို့ သံလမ်းဈေးရှိ နာနတ်သီးနှင့် ဖရဲသီးဈေးနှုန်း

      စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၊ သံလမ်းဈေးတွင် နာနတ်သီးနှင့်ဖရဲသီးများ အရောင်းအဝယ် ဖြစ်လျက်ရှိကြောင်း သိရှိရပါသည်။ နာနတ်သီးသည် ဈေးနှုန်းသက်သာပြီး အာဟာရဓာတ်များစွာ ပါဝင်သည့်အသီးတစ်မျိုး ဖြစ်ပါသည်။ နာနတ်သီးများမှာ အများအားဖြင့် အခွံနွှာ၍ အသင့်စားသုံးနိုင်သည့်အသီးဖြစ်သည့်အပြင် နာနတ်သီးဖျော်ရည်၊ နာနတ်သီးယို စသည်ဖြင့် ပြုလုပ်စားသုံးကြပါသည်။ ဖရဲသီးမှာ အခွံစိမ်းပြီး အတွင်းသားက အနီရောင်ရှိသလို အဝါရောင်လည်းရှိပါတယ်။ အရည်ရွှမ်းပြီး စားရတာချိုပြီး အစိမ်းစားလို့ရတဲ့ သစ်သီးတစ်မျိုး ဖြစ်ပါသည်။ ဖရဲသီးကို နွားနို့၊သကြားတို့နှင့်ရော၍ ဖျော်ရည်အဖြစ်သောက်သုံးကြပါသည်။

    ၂၀၂၅ ခုနှစ်၊ ဇူလိုင်လနောက်ဆုံးပတ်တွင် သံလမ်းဈေ၌ ဖြစ်ပေါ်နေသော နာနတ်သီး ဈေးနှုန်း အနေဖြင့် နာနတ်သီးအကြီးတစ်လုံးလျှင် (၃၀၀၀)ကျပ်၊ အသေးတစ်လုံးလျှင် (၂၅၀၀)ကျပ်ဖြင့် ရောင်းချလျက်ရှိပြီး၊ ဖရဲသီးအသေးတစ်လုံးလျှင်(၂၅၀၀၊၃၀၀၀)ကျပ်မှ ဖရဲသီးအကြီး တစ်လုံး လျှင် (၃၅၀၀၊၄၀၀၀)ကျပ် အသီးသီးရှိကြောင်း သိရပါသည်။

DOCA(စစ်ကိုင်း)

 

သရက်သီးခြောက်နှင့် ခရမ်းသီးခြောက်ဈေးနှုန်း

     စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့မြို့မဈေးသည် နေ့စဉ်ဈေးရောင်းသူများ၊ ဈေးဝယ်သူများနှင့်စည်ကားလျက်ရှိပြီး ရာသီပေါ်သီးနှံများ၊ ဒေသထွက်ကုန်များအပြင် အခြားဒေသမှဝင် ရောက်သည့် လူသုံးကုန်နှင့် စားသောက်ကုန်ပစ္စည်းများကို ရောင်းချပေးလျက်ရှိကြောင်း သိရသည်။

      ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ နောက်ဆုံးပတ်အတွင်း ကန့်ဘလူမြို့မဈေးရှိ ကုန်မျိုးစုံဆိုင်များတွင် ရောင်းချနေသည့်  ခရမ်းသီးခြောက် ()ပြည်လျှင်(၁၅၀၀)ကျပ်၊ ()ပြည်လျှင် (၂၇၀၀)ကျပ်၊ ဇူလိုင်လ နောက်ဆုံးပတ်အတွင်း သရက်သီးခြောက်ဈေးနှုန်းမှာ (၁၀)ကျပ်သားလျှင် (၄၀၀)ကျပ်နှင့် ()ပိဿာလျှင် (၃၉၀၀)ကျပ်ဖြင့် ရောင်းချလျက်ရှိကြောင်း၊ အသီးခြောက်များကို မြို့ပေါ်ရပ်ကွက်နှင့် ကန့်ဘလူမြို့နယ် ဆိတ်ဖူးမြောင်ကျေးရွာ၊ နတ်ပေးကျေးရွာတို့မှ သရက်သီးလှိုင်လှိုင်ပေါ်ချိန်တွင် အသီးစိမ်းများကိုအခြောက်လှမ်း၍ လာရောက်ရောင်းချကြောင်း ကုန်မျိုးစုံရောင်းချသည့် လုပ်ငန်းရှင်များထံမှ သိရှိရသည်။

DOCA(စစ်ကိုင်း)

 

ကန့်ဘလူမြို့မဈေးရှိ သခွတ်ပွင့်နှင့် ကြောင်လျှာပွင့်ခြောက်ဈေးနှုန်း

   စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့ “မြို့မဈေး”၌ ရာသီပေါ်သီးနှံများ၊ ဒေသထွက်ကုန်များအပြင် အခြားဒေသမှဝင်ရောက်သည့် လူသုံးကုန်နှင့် စားသောက်ကုန်ပစ္စည်းများ ရောင်းချပေးလျက်ရှိကြောင်း၊ ရာသီစာအပွင့်ခြောက်များသည် ကန့်ဘလူမြို့ပေါ်ရပ်ကွက်၊ ကန့်ဘလူမြို့နယ် တောက္ကရှပ်ကျေးရွာ၊ နတ်အင်းကျေးရွာနှင့် အခြားသောကျေးရွာများမှလည်း ဝင်ရောက်ကြောင်း သိရှိရသည်။

    “မြို့မဈေး”တွင် ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ စတုတ္ထပတ်အတွင်း ရောင်းချနေသည့် ကြောင်လျှာ ပွင့်ခြောက်ဈေးနှုန်းများမှာ (၁၀)ကျပ်သားလျှင် (၁၅၀၀)ကျပ်၊ (၅၀)ကျပ်သားလျှင်(၇၃၀၀)ကျပ်၊ (၁)ပိဿာလျှင် (၁၄၀၀၀)ကျပ်ဖြင့်ရောင်းချကြောင်း၊  ကြောင်လျှာပွင့်အစိုများကို အခြောက်လှမ်းပြီး သိမ်းဆည်းထားကြောင်း၊ ယခုလိုရှားပါးချိန်တွင် ကြောင်လျှာပွင့်ခြောက်များ အရောင်းသွက်လျက်ရှိ ကြောင်း၊ ဇူလိုင်လ စတုတ္ထပတ်အတွင်း ကန့်ဘလူမြို့မဈေး၌  ရောင်းချလျက်ရှိသည့် သခွတ်ပွင့် ခြောက်(၁)ပုံလျှင် (၁၂၀၀)ကျပ်နှင့် (၂)ပုံလျှင် (၂၃၀၀)ကျပ်တို့ဖြင့် ရောင်းချကြောင်း၊ သခွတ်ပွင့် ခြောက်များ ဈေးကွက်ဝင်ရောက်မှုနည်းသေ်လည်း ပုံမှန်အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း လုပ်ငန်းရှင်များထံမှ သိရပါသည်။ 

DOCA(စစ်ကိုင်း)

  

၂၄.၇.၂၀၂၅ ရက်နေ့ရှိ ဘုရင့်နောင်ကုန်စည်ဒိုင် ပဲအမျိုးအစားအလိုက် လက်ကျန်စာရင်း

         ရန်ကုန်တိုင်းဒေသကြီး မရမ်းကုန်းမြို့နယ်  ဘုရင့်နောင်ကုန်စည်ဒိုင် ပဲနှမ်းအသင်းမှ ၂၄.၇.၂၀၂၅ ရက်နေ့ရှိ ပဲလက်ကျန်စာရင်းမှာ မြေပဲတစ်ပိဿာလျှင် မြေပဲလုံးဆံ ၉၃၀၀ ကျပ်ခန့်၊ မြေပဲဆီဆံ တစ်ပိဿာ လျှင် ၈၇၀၀ ကျပ်ခန့်ရှိပါသည်။ နှမ်းဖြူ မန္တလေးဈေးမှာ ၄၅ ပိဿာ တစ်အိတ်လျှင် ၃၄၀၀၀၀ ကျပ်ခန့်ရှိပါသည်။ နှမ်းနက်(ရိုးရိုး) ဈေးနှုန်းမှာ ၄၅ ပိဿာတစ်အိတ်လျှင် ၆၉၅၀၀၀ ကျပ်ခန့်ရှိပြီး ရန်ကုန်ဈေးကွက်တွင် မုန့်ညှင်းဈေးကွက်မရှိပါ။ ပဲပုတ် ၂၀၂၅ အတွက် တန်ချိန်(၁၉၈၀၀) ဝန်းကျင်ရှိမည်ဟု ခန့်မှန်းခဲ့ပြီး ယခင်တစ်ပတ်တွင် မြေပဲဆီဆံ တစ်ပိဿာလျှင် ၈၈၀၀ ကျပ်ခန့်မှန်းခဲ့ရာ ယခုတစ်ပတ်တွင် တစ်ပိဿာကို ၈၇၀၀ ကျပ်ခန့်မှန်းကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)

ကန့်ဘလူမြို့ပန်းဈေးကွက်တွင် အရောင်းသွက်သည့်  သပြေပန်း

     စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့နယ်တွင်သာမက အခြားသောဒေသ များတွင်လည်း ပန်းစိုက်ပျိုးရေးလုပ်ငန်းများကို မိသားစုတစ်နိုင်တစ်ပိုင်မှ စီးပွားဖြစ်စိုက်ပျိုးလျက် ရှိကြကြောင်း သိရသည်။ သပြေပန်းကို ယခင်က တောတောင်များ၌သာ တွေ့ရလေ့ရှိပြီး ယခုအခါ မိမိတို့ခြံဝင်းများ၊ ယာခင်းများ၌ သပြေပင်များကို ခြံဖွဲ့၍စိုက်ပျိုးလျက်ရှိပြီး မိသားစုဝင်ငွေ ရရှိနေ ကြောင်း သိရသည်။

     သပြေပန်းသည် အပွင့်မျိုးမဟုတ်၊ ရိုးတံအသစ်များမှ အရွက်နုကလေးများသည် ပန်းရောင်၊ အနီရောင်အဆင်းရှိသောကြောင့် လူကြိုက်များကြောင်း၊ သပြေပန်းကို အခက်စည်းနှင့် အငုတ်ဟူ၍ (၂)မျိုးရောင်းချလျက်ရှိကြောင်း၊ ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ နောက်ဆုံးပတ်အတွင်း ကန့်ဘလူပန်းဈေး ကွက်တွင် သပြေပန်းခက်(၁)စီးလျှင် (၅၀၀မှ ၈၀၀)ကျပ်၊ သပြေငုတ်ကြီး(၁)ငုတ်လျှင် (၄၀၀၀)ကျပ် နှင့် အသေး(၁)ငုတ်လျှင် (၁၅၀၀မှ ၂၅၀၀)ကျပ် တို့ဖြင့်ရောင်းချကြောင်း၊ သပြေပန်းအငုတ်သည် ကြာရှည်ခံသည့်အတွက် လူကြိုက်များကာ အရောင်းသွက်လျက်ရှိကြောင်း ပန်းရောင်းသူများထံမှ သိရှိရပါသည်။

DOCA(စစ်ကိုင်း)

ဘုရင့်နောင်ကုန်စည်ဒိုင်သို့ ကြက်သွန်နီဝင်ရောက်ရာ အရပ်ဒေသများနှင့် ဈေးနှုန်းများအခြေအနေ

           ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ (၂၄) ရက်နေ့တွင် ဘုရင့်နောင် ကုန်စည်ဒိုင်သို့ ကြက်သွန်နီဝင်ရောက်ရာ ဒေသများဖြစ်သည့် ဆိပ်ဖြူ၊ မိတ္ထီလာ ၊ မုံရွာ၊ ရွှေဘိုဒေသတို့မှ ကြက်သွန်နီ (၈၄၀၀၀၀) ပိဿာ ဝင်ရောက်ခဲ့ပြီး (၆၀) ရာခိုင်နှုန်းခန့် ပြန်လည်စီးထွက်မှုရှိကြောင်း သိရှိရပါသည်။ ထို့ကြောင့် ကြက်သွန်နီ လက်ကျန် မှာ (၃၃၆၀၀၀) ကျန်ရှိကြောင်း ကုန်စည်ဒိုင်တင်းအရ သိရှိရသည်။ ဆိပ်ဖြူ ကြက်သွန်နီ (အသစ်) အချော တစ်ပိဿာ ကျပ် ၈၅၀၊ အသန့်မှာ တစ်ပိဿာ ကျပ် ၁၃၀၀ ၊ အကြီးမှာ ကျပ် ၁၅၀၀၊ ရှယ်မှာ ကျပ် ၁၆၀၀၊ မိတ္ထီလာ ကြက်သွန်နီ (အသစ်) အချော တစ်ပိဿာ ကျပ် ၇၀၀၊ အသန့်မှာ တစ်ပိဿာ ကျပ် ၉၀၀ ၊ အကြီးမှာ ကျပ် ၁၀၅၀၊ ရှယ်မှာ ကျပ် ၁၃၀၀၊ မုံရွာ ကြက်သွန် နီ(အသစ်) အချော တစ်ပိဿာ ကျပ် ၇၀၀၊ အသန့်မှာ တစ်ပိဿာ ကျပ် ၁၂၀၀ ၊ အကြီးမှာ ကျပ် ၁၃၅၀၊ ရှယ်မှာ ကျပ် ၁၅၀၀၊ ရွှေဘို ကြက်သွန်နီ(အသစ်)  အချော တစ်ပိဿာ ကျပ် ၁၁၀၀၊ အသန့်မှာ တစ်ပိဿာ ကျပ် ၁၅၀၀ ၊ အကြီးမှာ ကျပ် ၁၇၀၀၊ ရှယ်မှာ ကျပ် ၁၇၀၀ ဈေးတို့အသီးသီးရှိကြောင်း စုံစမ်းသိရှိရပါသည်။

             ယခုတစ်ပတ် ကြက်သွန်နီဈေးနှုန်းများမှာ  ယခင်အပတ်ထက် ဈေးအနည်းငယ်ကျဆင်းလျက်ရှိကြောင်း သိရှိရပါသည်။

DOCA (ရန်ကုန်)

ကန့်ဘလူမြို့သစ်သီးဈေးကွက်ရှိ  နာနတ်သီးဈေးနှုန်း

    စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူခရိုင် ကန့်ဘလူမြို့သစ်သီးဈေးကွက်သို့ မြစ်ကြီးနားဒေသ ထွက်နာနတ်သီးများနှင့် မန္တလေးသစ်သီးဈေးကွက်မှ နာနတ်သီးများ ဝင်ရောက်လျက်ရှိကြောင်း ယခုပတ်အတွင်း နာနတ်သီးဝင်ရောက်မှု များသောကြောင့် ဈေးအနည်းငယ်ကျသွားကြောင်း သစ်သီး ရောင်းဝယ်ရေး လုပ်ငန်းရှင်များထံမှ သိရသည်။ ကန့်ဘလူသစ်သီးဈေးကွက်တွင် ၂၀၂၅ ခုနှစ် ဇူလိုင်လ နောက်ဆုံးပတ်အတွင်း မန္တလေးနာနတ်သီး(၁)လုံးလျှင် (၂၀၀၀မှ ၃၀၀၀)ကျပ်၊ ဇူလိုင်လ နောက်ဆုံးပတ်အတွင်း မြစ်ကြီးနားသီး(၁)လုံးလျှင် (၃၀၀၀မှ ၃၅၀၀)ကျပ်တို့ဖြင့် ရောင်းချလျက်ရှိပြီး နာနတ်သီးများ အရောင်းသွက်လျက်ရှိကြောင်း သိရပါသည်။

DOCA(စစ်ကိုင်း)

ဝင်ရောက်သမျှ အရောင်းအဝယ်ဖြစ်နေသည့် ဆူးပုတ်ရွက်

     စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့မြို့မဈေးသည် နေ့စဉ်ဈေးရောင်း သူများ၊ ဈေးဝယ်သူများနှင့်စည်ကားလျက်ရှိပြီး ရာသီပေါ်သီးနှံများ၊ ဒေသထွက်ကုန်များအပြင် အခြားဒေသမှဝင်ရောက်သည့် လူသုံးကုန်နှင့် စားသောက်ကုန်ပစ္စည်းများကို ရောင်းချပေးလျက်ရှိ ကြောင်း၊ ယခုအခါ ကန့်ဘလူမြို့ပေါ်ရပ်ကွက်၊ နတ်ပေးကျေးရွာနှင့် အခြားသောကျေးရွာများမှ ဆူးပုတ်ရွက်များ လာရောက်ရောင်းချကြောင်း သိရသည်။

    ကန့်ဘလူမြို့ဟင်းသီးဟင်းရွက်ဈေးတွင် ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ နောက်ဆုံးပတ်အတွင်း ဆူးပုတ်ရွက်()စီးလျှင် (၃၀၀)ကျပ်၊ ()စီးလျှင် (၁၀၀၀)ကျပ်နှင့် (၁၀)စည်းပါ()ထုံးလျှင် (၂၅၀၀) ကျပ်တို့ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း၊ ဆူးပုတ်ရွက်ကို အကြော်ဆိုင်များနှင့် အိမ်ရှင်မ များက ဝယ်ယူအသုံးပြုသည့်အတွက် ဝင်ရောက်သမျှ အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း၊ ကုန်စိမ်း ရောင်းချသည့် လုပ်ငန်းရှင်များထံမှ သိရှိရသည်။

DOCA(စစ်ကိုင်း)

ကန့်ဘလူမြို့နယ်၌ တစ်နိုင်တစ်ပိုင် ငရုတ်စိုက်ပျိုးခြင်းဖြင့် မိသားစုဝင်ငွေရရှိ

    စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့နယ်၌ ရာသီပေါ်သီးနှံများကို မိသားစု တစ်ပိုင်တစ်နိုင်စိုက်ပျိုးလျက်ရှိရာ စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံဦးမျိုးဝင်းသန်းနှင့် ဝန်ထမ်း(၁)ဦးတို့သည် ကန့်ဘလူမြို့နယ်၊ အမှတ်(၅)ရပ်ကွက်ရှိ ဦးသိန်းနိုင်၏ ငရုတ်စိုက်ခင်းသို့ ကွင်းဆင်းလေ့လာခဲ့ကြောင်း သိရသည်။

    လုပ်ငန်းရှင်၏ ပြောပြချက်အရ ငရုတ်စိုက်ပျိုးနိုင်ရန်အတွက် ဦးစွာငရုတ်ပျိုးပင်များကို မိမိကိုယ်တိုင် အိမ်မှာပျိုးထောင်းကြောင်း၊ အရန်သင့်စိုက်ပျိုးနိုင်ရန်အတွက် မြေဆွေးထည့်ကာ မြေပြုခြင်းကို ကြိုတင်ဆောင်ရွက်ထားရကြောင်း၊ စိုက်ပျိုးရေးလုပ်ငန်းတွင် မရှိမဖြစ်အရေးကြီးသည့် ရေကိုအဝီစိတွင်းမှ အသုံးပြုကြောင်း၊ ယခုစိုက်ပျိုးထားသည့် ငရုတ်မျိုးမှာ အောက်ဆွဲငရုတ်မျိုးနှင့် မိုးထောင်ငရုတ် မျိုးများဖြစ်ကြောင်း၊ ငရုတ်သီးသည် စတင်စိုက်ပျိုးပြီး ရက်ပေါင်း(၉၀)ခန့်အကြာ တွင်အသီးများကို စတင်ခူးဆွတ်ရကြောင်း၊ ဇူလိုင်လ နောက်ဆုံးပတ်အတွင်း ငရုတ်သီးစိမ်း လက်က္ကား(၁)ပိဿာလျှင် (၁၈၀၀မှ ၂၀၀၀)ကျပ်နှင့် လက်လီ(၁)ပိဿာလျှင် (၂၂၀၀)ကျပ်တို့ဖြင့် ရောင်းချရသည့်အတွက် စိုက်ပျိုးသူများအနေဖြင့် ထိုက်သင့်သည့် အကျိုးအမြတ်များရရှိကာ မိသားစု အဆင်ပြေလျက်ရှိကြောင်း သိရသည်။

DOCA(စစ်ကိုင်း)

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း