ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

ဆူးပုတ်ကြီးဆေးဖက်ဝင်ပုံနှင့်ဈေးနှန်းဈေးကွက်

              ဆူးပုတ်ကြီးသည် အသားမာပေါက်လျှင် ဆူးပုတ်ရွက်ကို မကြာခဏစားသုံးပေးခြင်းဖြင့် ပျောက် ကင်းစေနိုင်ခြင်း၊ ဆူးပုတ်အမြစ်ကို သွေးလိမ်းပေးလျှင် အသာမာပျောက်ကင်းစေနိုင်သည်။ လေအထက်ဆန်လျှင် ဆူးပုတ်ရွက်ကိုစားသုံးပေးခြင်းဖြင့် လေကိုအောက်သို့ သက်စေနိုင်ပြီး ဆူးပုတ်ကြီး နှင့်ပဲကြီးကို ဟင်းချိုချက်၍သောက်လျှင်လေရောဝမ်းပါ သက်သာစေနိုင်သည်။ သွားဖုံး မှသွေးယိုစီးလျှင် ဆူးပုတ်ရွက် သတ္တုရည်ကိုငုံပေးခြင်းဖြင့် ပျောက်ကင်းစေ နိုင်ခြင်း၊ မြွေဆိပ်ဖြေဆေးဖော်စပ်ရာတွင် ဆူးပုတ်ကြီးပင်၏အခေါက်ကို အခြားဆေးဖက်ဝင် အပင်များဖြင့် ရော၍ဖော် စပ်နိုင်ခြင်း၊ လျှာတွင် ကြာဆူးထွက်လျှင် လျှာနာပေါက်ပါက ဆူပုတ်ကြီးအမြစ်ကိုသွေး၍ စပါးကြီးသည်းခြေအနည်းငယ် နှင့်ရော၍ လျှာပွတ်ပေးပါက ပျောက်ကင်း နိုင်ခြင်း၊ အူကျရောဂါ၊ မုတ္တရောဂါ တို့အတွက် ဆူးပုတ် ကြီးမြစ်ကို သွေးလိမ်းပေးခြင်းဖြင့် ပျောက်ကင်းနိုင်ခြင်း၊ ညအိပ်မပျော်ရောဂါ ဖြစ်ပါက ဆူးပုတ်ကြီး အရွက်ကို အတို့အမြှပ်ပြု လုပ် စားခြင်းဖြင့်အိပ်ပျော်နိုင်စေခြင်း၊ အမျိုးသမီးများ မီးယပ်သွေးဆုံးကိုင် ရောဂါဖြစ်လျှင် ဆူးပုတ် ကြီးကိုဘဲဥနှင့် ရော၍ကြော်စားခြင်းဖြင့် သွေးဆုံး ကိုင်ခြင်းမှကင်းဝေးပြီး သက် သာပျောက် ကင်းစေနိုင်ကြောင်း သိရှိရသည်။ မြင်းခြံမြို့အေးမြသီတာဈေးတွင်နိုဝင်ဘာဒုတိယပတ် ဆူပုတ်ကြီးဈေးနှုန်းမှာ ၁စည်းလျှင်(၈၀၀) ကျပ် ၊၂စည်းလျှင်(၁၅၀၀) ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်ကြောင်း သိရှိရပါသည်။

DOCA(မန္တလေး)  

                                                                            

ပြည်တွင်းနို့ဆီနှင့် နို့စိမ်းဘူးများဈေးတက်

         မန္တလေးတိုင်းသည် လယ်ယာထွက်ကုန်လုပ်ငန်းနှင့် ဥယျာဉ်ခြံမြေစိုက်ပျိုးခြင်းသာမက နို့စားနွားများကို မွေးမြူကြသူများပြားလာကြသည်။ နွားနို့များကို လက်ဖက်ရည်ဆိုင်များ၊ တစ်နိုင်တစ်ပိုင်အစိမ်းချက်သောက်သူများနှင့် ငှက်ပျောသီးပေါင်း၊ နွားနို့မလိုင်ဟင်းများ ရောင်းချ ရာတွင် အသုံးပြုကြသည်။ နွားနို့များကို နို့ချက်စက်ရုံသို့ လာရောက်ရောင်းချကြပြီး မွေးမြူထားသောနွားများမှ နွားနို့တို့ကို စုပေါင်း၍ နို့ဆီချက်လုပ်ကြပြီး မြို့ပေါ်နှင့် အနယ်နယ်အရပ်ရပ် အသီးသီးတို့တွင် နို့ဆီကိုရောင်းချကြသည်။ ယခင်အချိန်က နို့ဆီအရည်ပုံးများဖြင့် အသုံးပြုကြပြီး ယခုခေတ်တွင်မူ နို့ဆီခဲများကို ဂျပ်စက္ကူတို့ဖြင့် (၁၄)ပိဿာ တစ်ဖာလျှင်(၁၂၅၀၀၀)ကျပ်၊ နို့စိမ်း (၄၈)လုံးပါ တစ်ဖာလျှင်(၁၅၀၀၀၀)ကျပ်အရောင်းအဝယ်ရှိခဲ့ပြီး စက်တင်ဘာလမှစ၍ နို့ဆီ(၁၄) ပိဿာတစ်ဖာလျှင်(၁၅၀၀၀၀)ကျပ်၊ နို့စိမ်း(၄၈)လုံးပါတစ်ဖာလျှင်(၁၇၅၀၀၀)ကျပ်ရှိပြီး ယခင်လထက် ယခုလတွင် နို့ဆီဈေးနှင့် နို့စိမ်းဈေး ဈေးမြင့်တက်လျက်ရှိကြောင်း သိရှိရပါသည်။

DOCA(မန္တလေး)

ကြက်သွန်ဖြူ၏ကျန်းမာရေးနှင့်ဈေးနှုန်းဈေးကွက်

                ကြက်သွန်ဖြူသည် သဘာဝအလျှောက်ဆေးဖက်ဝင်ပြီး ရှေးယခင်ကတည်း ကိုယ့်နည်းကိုယ် ဟန်နဲ့ဆေးဖော်စပ်၍ အသုံးပြုကြသည်။ ကြက်သွန်ဖြူ ပုံမှန်စားသုံးနေသူတစ်ဦးမှာ ကိုယ်ခံအားကောင်းပြီးအပြင်မှာအလွယ်တကူကူးဆက်နိုင်တဲ့ရောဂါများကိုတားဆီးကာကွယ်ပေးပါသည်။  ကြက်သွန်ဖြူမှာ အခြားသော ကျန်းမာရေးအကျိုးကျေးဇူးများ လည်းရှိနေကြောင်း သိရှိရပါသည်။ သွေးကြော အဆီပင်မှုကိုကာကွယ်ပေးခြင်း၊ ကိုလက်စ်ထရော လျော့ချပေးခြင်း၊ သွေးဖိအားလျော့ ချပေးခြင်း၊ လေးဘက်နာ ဂေါက်ရောဂါကိုကုသနိုင်ခြင်း၊ အအေးမိအဖျား ပျောက်ကင်းစေခြင်း၊ အသက် ရှုလမ်းကြောင်းနှင့်ဆိုင်သောရောဂါများပျောက်ကင်းစေနိုင်ခြင်း၊ အဆုတ်နှင့် ဆက်စပ်ရောဂါကိုပျောက် ကင်းစေနိုင်ခြင်း၊ ပြည်တည်နာကိုကျက်စေနိုင်ခြင်း၊ ဆီးလမ်းကြောင်းမှတစ်ဆင့် ကူးဆက်သောရောဂါ များအားပျောက်ကင်းစေနိုင်ခြင်း၊ဝမ်းတွင်းအစာချေဖြတ်မှုလုပ်ငန်းအား မြန်ဆန်စေနိုင်ခြင်း၊ ကင်ဆာ ရောဂါအများစုကို မဖြစ်စေရန်ကာကွယ်ပေးနိုင်ခြင်း၊ ဓာတုဆေးအဆိပ်တို့ကိုပြေစေနိုင်ခြင်း၊ သွေးမခဲ စေရန် တားဆီးကာကွယ်ပေးနိုင်ခြင်း၊ အစားစားချင်စိတ် ဖြစ်ပေါ်စေနိုင်ခြင်း၊ အင်းဆက်နှင့် ပိုးကောင်ကိုက် ဒဏ်ရာများအား ကုသပေးနိုင်ခြင်း၊ မျက်စိအတွင်း တိမ်ကိုသက်သာစေနိုင်ခြင်း၊ ဆီချိုရောဂါ ကာကွယ်ပေးနိုင်ခြင်း၊ အဆစ်ရောင်ရောဂါများအား သက်သာစေနိုင်ခြင်း၊ သွားကိုက်ရောဂါ သက်သာ စေနိုင်ခြင်း၊ ဝက်ခြံပျောက်ကင်းစေနိုင်ခြင်း၊ ကိုယ်ခံအားတိုးစေခြင်းဖြင့်ရောဂါများ သက်သာပျောက် ကင်းစေနိုင်ကြောင်းသိရှိရသည်။  မြင်းခြံမြို့အေးမြသီတာဈေးတွင် နိုဝင်ဘာဒုတိယပတ် ၁ပိဿာလျှင် (၅၅၀၀)ကျပ်ရှိကြောင်း သိရှိရသည်။

DOCA(မန္တလေး)  

                                                                                                   

ရာသီစာ ကျွဲခေါင်းသီးဈေးကွက်

          မန္တလေးမြို့ရှိ နန်းရှေ့ဈေး၌ ရာသီပေါ်သီးနှံမျိုးစုံရောင်းဝယ်လျက်ရှိရာ ကျွဲခေါင်းသီးများကိုလည်း ရောင်းဝယ်လျက်ရှိကြောင်း သိရှိရသည်။ ကျွဲခေါင်းသီးများကို တောင်ငူမြို့နှင့် ပခုက္ကူမြို့တို့မှ မှာယူရောင်းချကြောင်း၊ ကျွဲခေါင်းသီးပင်သည် ရေတွင်ပေါလောပေါ်နေသော အပင်ငယ်တစ်မျိုးဖြစ်ပြီး၊ အသီးတွင်အဖုများထွက်နေ၍ ကျွဲခေါင်းပုံနှင့်တူကြောင်း၊ အခွံသည် အစိမ်းပုပ်ရောင်ရှိ၍ အတွင်းသားမှာ အဖြူရောင်ရှိကြောင်း၊ အာဟာရတန်ဖိုးအနေဖြင့်အမျှင် ဓာတ်များကြွယ်ဝပြီး အစာ ခြေစနစ် ကိုအထောက်အကူပြုပြီးဝမ်းမှန်စေပါသည်။ အရိုးပွရောဂါနှင့် အရိုးအားနည်းရောဂါများကို အားဖြည့်ပေးကြောင်းသိရှိရသည်။ ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ၌ ကျွဲခေါင်းသီးအစိမ်း တစ်ပြည်လျှင် ပေါ်ဦးပေါ်ဖျားအချိန်၌(၄၅၀၀-၅၀၀၀)ကျပ်ခန့် ပေါက်ဈေးများဖြင့်ရောင်းချကြောင်း ဈေးကွက်အတွင်းမှ သိရှိရပါသည်။

DOCA(မန္တလေး)

ကြက်သွန်ဖြူဈေးနှုန်းများကျလျက်ရှိ

      မန္တလေးမြို့တွင်းသို့ တောင်ကြီး၊ အောင်ပန်း၊ မြင်းခြံ၊ တောင်သာ၊ ကျောက်ဆည်နယ်များမှ ဝင်ရောက်လာပြီး ဈေးကွက်တွင်းသို့ ကြက်သွန်ဖြူကို ရှမ်းပြည်နယ်တောင်ပိုင်းမှ အများဆုံးဝင်ရောက်လာကာ ရှမ်းကြက်သွန်ဖြူများ အရောင်းသွက်လျက်ရှိပါသည်။ ကြက်သွန်ဖြူတွင် ယခင်က ဗမာကြက်သွန်ဖြူ၊ ရှမ်းကြက်သွန်ဖြူ၊ ဟူ၍ရှိပြီး ဗမာကြက်သွန်ဖြူမှာ ကျောက်ဆည်၊ မြင်းခြံ၊ တောင်သာနယ်မှလည်းကောင်း၊ ရှမ်းကြက်သွန်ဖြူမှာ တောင်ကြီး၊ အောင်ပန်းတို့မှလည်းကောင်း၊ ယခုနှစ်မှာတော့ ရှမ်းကြက်သွန်ဖြူများသာ ဈေးကွက်တွင် တွေ့ရပါသည်။ ကြက်သွန်ဖြူဈေးမှာ ယခုနှစ်တွင် ဈေးနှုန်းသိသာစွာမြင့်တက်မှုမရှိဘဲ သီးနှံသစ်ပေါ်စမှ လက်ရှိအချိန်အထိ ဈေးနှုန်း သိသာစွာမြင့်တက်မှုမရှိကြောင်း၊ ယခင်လအောက်တိုဘာလတွင် ကြက်သွန်ဖြူတစ်ပိဿာလျှင် ကြက်သွန်ဖြူဥ အကြီး/ အသေးပေါ်မူတည်၍(၄၀၀၀မှ ၈၀၀၀)ကျပ်ရှိပြီး ယခု နိုဝင်ဘာလတတိယ ပတ်၌ ကြက်သွန်ဖြူတစ်ပိဿာလျှင်(၄၀၀၀မှ ၈၀၀၀)ကျပ် ဈေးရှိကြောင်း ဈေးကွက်မှ သိရှိရပါသည်။

DOCA(မန္တလေး)

သံပုရာသီး၏အစွမ်းထက်အာနိသင်

             မြန်မာ့ရိုးရာအစားအစာများထဲတွင် အသီးအရွက်သုပ်များ စားလေ့ရှိသောအခါသံပုရာသီးနှင့် မန်ကျည်းသီးကိုအသုံးပြုကြပါသည်။ သံပုရာသီးသည်ရနံ့မွှေးသောကြောင့် အနံ့အသက်ကိုလည်းထိန်း ပါသည်။  အအီစာများစားပြီးသည့်အခါ ၊ ခေါင်းမူးသည့်အခါသံပုရာရည်ကိုဖျော် သောက်လိုက်လျှင် ကြည်လင်လန်းဆန်းနိုင်စွမ်းရှိပါသည်။ ခရီးသွားသည့်အခါ သံပုရာသီးကို အိတ်ထဲဆောင် သွားပါက ကားမူးသည့်အခါ အလွယ်တကူရှူလို့ရနိုင်ပါသည်။ သံပုရာသီးသည်  ဗီတာမင်စီကြွယ်ဝသောအ ရည် ရွှမ်းသောအသီးတစ်မျိုးဖြစ်ပါသည်။ အမျှင်ဓာတ်၊ ကယ်လ်ဆီ ယမ်၊ သံဓာတ်၊ ပိုတက်ဆီယမ်၊ ကော့ပါး၊ မဂ္ဂနီဆီယမ်စသည့်သတ္ထုဓာတ် များစွာကြွယ်ဝစွာပါ ဝင်ပါသည်။ သံပုရာသီး၏အစွမ်းထက် အာနိသင် များမှာ အသားအရေထိန်းသိမ်းရာတွင်အသုံးဝင်ခြင်း၊ အစာချေဖျတ်နိုင်စွမ်းရှိခြင်း၊ ကိုယ်အလေးချိန် လျှော့ချရာတွင် အသုံးပြုနိုင်ခြင်း၊ ဝမ်းချုပ်ခြင်းမှကာကွယ်ပေးခြင်း၊ ဆီးချိုသွေးချို နှင့်နှလုံး ရောဂါများမှ ကာကွယ်ပေးနိုင်ခြင်း၊ အသက် ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ၊ အဆစ်နာခြင်း၊ မျက်စိကျန်းမာရေး၊ အဖျားရောဂါ၊ ဂေါက်ရောဂါ နှင့် ဆီးလမ်းကြောင်းဆိုင်ရာ ရောဂါ များမှလည်းကာကွယ်ပေးနိုင်ပါသည်။ သံပုရာသီးသည် ကျန်းမာရေးအတွက်အကျိုးကျေးဇူးများသော်လည်း သွေးကျဆေးသောက်နေရသူများ နှင့် အခြားကျန်းမာရေးပြဿာနာရှိသူများအနေဖြင့် ဆရာဝန်နှင့်တိုင်ပင်ပြီးမှစားသုံးသင့်ပါ သည်။ ထိုသို့ ကျန်းမာရေးအတွက်အထောက်အကူပြုသော အစွမ်းထက်သည့် အာနိသင်များပါဝင်သည့် သံပုရာသီးကို မြင်းခြံမြို့၊ အေးမြသီတာဈေးတွင် နိုဝင်ဘာလဒုတိယပတ်သံပုရာသီးတစ်လုံးလျှင်(၃၅၀)ကျပ်နှုန်း၊(၃)လုံးလျှင်(၁၀၀၀)ကျပ်နှုန်းဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိသည်။ 

DOCA(မန္တလေး)      

ပင်ပွား၏ကျန်းမာရေး

                ပင်ပွားဆိုသည်မှာ ကမ္ဘာပေါ်တွင် လူသိများသော ဆေးဖက်ဝင်အပင်ဖြစ်သည့် ပင်စိမ်းပင်၏အ စေ့ဖြစ်ပါသည်။ ပင်ပွားစေ့ကို အချိုပွဲများနှင့် စားသောက်ဖွယ်ရာများထဲတွင် ထည့်သွင်းတည်ခင်းလေ့ ရှိပါသည်။ ပင်ပွားကိုအရသာရှိပြီး ကျန်းမာရေးနှင့်ညီညွတ်သော အစားအစာတစ်မျိုးအနေဖြင့် အစား အသောက်များထဲတွင် ထည့်သွင်းစားသုံးလေ့ရှိပါသည်။ ပင်ပွားတွင် ခန္ဓာကိုယ်တွင်လိုအပ်သော အာဟာရဓာတ်များပါဝင်နေသလို ပရိုတင်းဓာတ်၊ ကာဗိုဟိုက်ဒရိတ်၊ အမျှင်ဓာတ်နှင့် ခန္ဓာကိုယ် အကျိုး ပြုသော အဆီဓာတ်များပါဝင်ပါသည်။  ပင်ပွားတွင် ဓာတ်တိုးဆန့်ကျင်ပစ္စည်းကြွယ်ဝစွာပါဝင်သောကြောင့် ဆီးချိုရောဂါများအတွက် အထောက်အကူပြုနိုင်သလို အရေပြားအတွက်လည်းကောင်းကျိုး ပြုပါသည်။ ပင်ပွားမှရရှိနိုင်သော ကျန်းမာရေးအကျိုးကျေးဇူးများမှာ ကိုယ်အလေးချိန်ကျစေခြင်း၊ အအေးဓာတ်ရရှိစေခြင်း၊ သွေးတွင်းသကြားဓာတ်ကိုထိန်းညှိပေးခြင်း၊ ဝမ်းချုပ်ခြင်းနှင့် လေပွခြင်းကို သက်သာစေခြင်း၊ အစာအိမ်အချဉ်ပေါက်ခြင်းနှင့် ရင်ပူခြင်းကိုသက်သာစေနိုင်ခြင်း၊ အရေပြားနှင့် ဆံသားကိုကျန်းမာစေခြင်း၊တုပ်ကွေးဖြစ်ခြင်းနှင့် ချောင်းဆိုးခြင်းကိုသက်သာစေခြင်း၊ အရိုးကိုကြံ့ခိုင် သန်စွမ်းစေခြင်း၊ ကိုလက်စထရောပမာဏကိုကျဆင်းစေခြင်း၊ စိတ်ဖိစီးမှုကိုသက်သာစေခြင်း၊ အမြင် အာရုံကို တိုးတက်စေခြင်းနှင့် နာကျင်ကိုက်ခဲမှုကို လျော့ပါးသက်သာစေခြင်း အစရှိသည့်ကောင်းကျိုး များစွာကိုရရှိစေနိုင်ပါသည်။ ပင်ပွားကို သစ်သီးဖျော်ရည်များ၊အုန်းနို့များထဲတွင် ထည့်ပြီးစားသုံးခြင်း၊ ရေခဲသုပ်ကဲ့သို့ အသုပ်များထဲတွင်ထည့်စားခြင်း၊  ချိစ် နှင့် ခရင်မ်ဆော့များတွင်ထည့်၍စားသုံးခြင်း၊ အချိုပွဲများ နှင့် ဒိန်ချဉ်ထဲတွင်လည်းထည့်ပြီး အမျိုးမျိုးစားသုံးနိုင်ကြောင်း စာပေများမှလေ့လာသိရှိ ရပါသည်။

DOCA(မန္တလေး)      

ကြက်သွန်နီဈေးကျဆင်း

        ကြက်သွန်နီသည် ချို၏၊ စပ်၏၊ အနည်းငယ်ပူ၏။ ကြက်သွန်နီ၏ ဆေးဖက်ဝင်သတ္တိသည် အမွှန်ဓါတ်ပါရှိပါသည်။ ကြက်သွန်နီကို အစိမ်းတိုင်း မြှတ်စား၍သော်လည်းကောင်း၊ အသုပ်သုပ်စား၍သော်လည်းကောင်း စားသုံးကြသလို ဟင်းအမျိုးမျိုးချက်ပြုတ်စားသောက်ရာတွင်လည်း မပါမဖြစ်လိုအပ်သော စားဖိုဆောင်သီးနှံတစ်မျိုးဖြစ်သည်။ ကြက်သွန်နီအရည်အသွေး အလုံးအကြီး အသေးပေါ်မူတည်၍ ဈေးနှုန်းကွာခြားနိုင်ပါသည်။ မန္တလေးဈေးကွက်အတွင်း၌ ယခင်လ အောက်တိုဘာလတွင် ကြက်သွန်နီ(မြစ်သား)ရွှေဖလားမျိုး၊ ထိပ်မမျိုး တစ်ပိဿာလျှင် ဥအကြီးအသေးပေါ်မူတည်၍ (၁၅၀၀/၂၀၀၀)ကျပ်၊ မြင်းခြံဥနှင့် အခြားကြက်သွန်နီမျိုးမှာ တစ်ပိဿာလျှင်(၂၀၀၀/၂၅၀၀) ကျပ် စသည့်ဈေးနှုန်းများဖြင့် ရောင်းချလျက်ရှိကြောင်း၊ ယခုနိုဝင်ဘာလ တတိယပတ်၌ တစ်ပိဿာလျှင်(၇၀၀-၈၀၀) ကျပ်ရှိကြောင်း ကြက်သွန်နီကုန်သည်များထံမှ သိရှိရပါသည်။

DOCA(မန္တလေး)

ဆေးဖက်ဝင်သော ရှောက်ဘီလူးသီး

              ရှောက်ဘီလူးသည် ကြည့်လိုက်လျှင် အခွံတွင်အဖုအထစ်များနှင့် ကြည့်ရဆိုးသော်လည်း ဆေးဖက်ဝင်ပါသည်။ ရှောက်ဘီလူးသီးသည် သံပုရာသီးအရွယ်အစားလောက်ရှိပြီး အခွံသည် သံပုရာ သီးကဲ့သို့ လုံးချောမနေဘဲ အဖုအထစ်များရှိပါသည်။ အချဉ်အရသာရှိပြီး အတွင်းပိုင်းသည် သုံပုရာသီး နှင့်ခပ်ဆင်ဆင်ဖြစ်ပါသည်။ ရှောက်ဘီလူးသီး၏အခွံကို ဟင်းခတ်အမွှေးအကြိုင်အဖြစ်လည်း အသုံးပြု ၍ရပါသည်။ ထိုင်းအစားအစာများထဲတွင်ထည့်၍အသုံးပြုကြသလို မြန်မာလူမျိုးများခံတွင်းတွေ့ကြ သည့် တုန်ယမ်းဟင်းရည်ထဲတွင်လည်းအမွှေးအကြိုင်အတွက် ရှောက်ဘီလူးသီးအခွံကိုထည့်သုံးကြပါ သည်။ ရှောက်ဘီလူးသီးကိုစားပေးခြင်းဖြစ်ဖြစ်၊ ထက်ခြမ်းခြမ်းပြီးသွားများ၊ သွားဖုံးများပေါ်တွင် ပွတ်တိုက်ပေးခြင်းဖြစ်ဖြစ် ခံတွင်းကိုကျန်းမာစေပြီး သွားဖုံးနှင့်သွားများတွင်ကပ်ငြိနေသော ဘတ်တီး ရီးယားများကို အထိရောက်ဆုံးတိုက်ဖျတ်ပေးနိုင်ပါသည်။ သွားတိုက်ဆေးနှင့်အတူရော၍အသုံးပြု လျှင်လည်းရပါသည်။ သွေးနှင့်ပတ်သတ်သောရောဂါများ၊ နာတာရှည်သွေးရောဂါခံစား နေရသူများ အနေဖြင့်လည်း အထူးသင့်လျော်ပါသည်။ ရှောက်ဘီလူးသီးသည် အသည်းနှင့် ခန္ဓာကိုယ်အတွင်း အဆိပ်အတောက်များကိုလည်းဖယ်ရှားပေးနိုင်ပါသည်။ ရှောက်ဘီလူးသီးတွင်ပါဝင်သော ဒြပ်ပေါင်းများ ကနာကျင်ရောင်ရမ်းမှုကိုလျော့ကျစေနိုင်ပြီး အစာခြေစနစ်ကိုကျန်းမာစေကာ ဝမ်းချုပ်ခြင်း၊ အစာမကြေခြင်း၊ အစာအိမ်အနာဖြစ်ခြင်း၊ အူမကြီးကင်ဆာနှင့် လိပ်ခေါင်းရောဂါရှိသူများအတွက် အထူး သင့်လျော်ပါသည်။ အင်းဆက်များကိုနှိမ်နှင်းပေးနိုင်သည့် အာနိသင်ရှိပြီး အင်းဆက်ကြောင့်ဖြစ်တတ် သောရောဂါများမှလည်း ကာကွယ်ပေးပါသည်။ ရှောက်ဘီလူးသီးသည် ကျန်းမာရေးအတွက်သာမက အလှအပများအတွက်လည်း အသုံးဝင်ပါသည်။ ရှောက်ဘီလူးသီးအရည်ကို အလှကုန်ပစ္စည်းများနှင့် တွဲသုံးပေးပါက အသားအရေကိုကြည်လင်လှပစေပြီး ဓာတ်တိုးပစ္စည်းများကြွယ်ဝစွာ ပါဝင်သော ကြောင့်လည်း ဆဲလ်များကိုပြုပြင်ပေးပြီး အရေပြားညစ်ညမ်းမှုမဖြစ်အာင် လည်းကာကွယ်ပေးနိုင် ပါသည်။ ရှောက်ဘီလူးသီး၏အရည်သာမက အရွက်ကပါ ဆံသားနှင့်ဦးရေပြားကိုကျန်းမာစေပြီး အစိုဓာတ်ကိုထိန်းပေးကာ ဗောက်မထအောင်ကာကွယ်ပေးပါသည်။ ထို့ကြောင့် ကျန်းမာရေးအတွက် သာမက အလှအပအတွက်ပါအကျိုးပြုသော ရှောက်ဘီလူးသီးကို ကျန်းမာရေးဆိုင်ရာအကျိုးကျေးဇူးများစွာရရှိစေနိုင်ပါကြောင်း စာပေများမှလေ့လာသိရှိရပါသည်။

DOCA(မန္တလေး)        

မြင်းခြံမြို့နယ်၏၂၀၂၅-၂၀၂၆ခုနှစ်၊မိုးစပါးစိုက်ပျိုးထားရှိမှု

                  မြင်းခြံခရိုင်အတွင်းရှိ မြင်းခြံမြို့နယ်သည် ဆည်ရေသောက်အသင့်တင့်ရှိပြီး မိုးကောင်းသောက် ဧရိယာများတွင် မိုးစပါးများကိုလည်း ဒေသတွင်းဝမ်းစာဖူလုံစေရန် စိုက်ပျိုးထားကြောင်း သိရှိရသည်။ မိုးစပါးများကို ဇူလိုင်လ၊ဩဂုတ်လနှင့် စက်တင်ဘာလတို့တွင် စတင်စိုက်ပျိုးပြီး ဒီဇင်ဘာလနှင့် ဇန်နဝါရီလတို့တွင် စတင်ရိတ်သိမ်းကြောင်း သိရှိရသည်။ ၂၀၂၅/၂၀၂၆ခုနှစ်တွင် မြင်းခြံမြို့နယ်၌ မိုးစပါးစိုက်ပျိုးပြီးစီးမှု (၁၃၃၃) ဧက စိုက်ပျိုးထားကြောင်း မြို့နယ်ကြေးတိုင်နှင့် မြေစာရင်းဦးစီးဌာန၏ စာရင်းများအရသိရှိရသည်။ စီမံကိန်းလျာထားချက်နှင့် အညီရာနှုန်း ပြည့်မီအောင် စိုက်ပျိုးထားကြောင်း၊ သက်လတ်စပါးမျိုးဖြစ်သော မနောသုခ စပါးမျိုးများကို စိုက်ပျိုးထားကြောင်း၊ မိုးစပါးများကို ၂၀၂၆ခုနှစ်၊ ဇန်နဝါရီလတွင်  စတင်ရိတ် သိမ်းမည်ဖြစ်ကြောင်း၊ ယခင်နှစ်မိုးစပါး အထွက်နှုန်းအနေဖြင့် (၈၃)တင်း ခန့် ထွက်ရှိခဲ့ကြောင်း၊  ယခင်နှစ်စပါး တစ်တင်းခွဲ တစ်အိတ်လျှင် (၃၀၀၀၀) ကျပ်ခန့်ပေါက်ဈေးများဖြင့် ဒေသအတွင်း၌သာ အရောင်းအဝယ် ဖြစ်ခဲ့ကြောင်း၊ ရာသီဥတုကောင်း မွန်ပါက ယခင်နှစ်ထက် အထွက်နှုန်းကောင်း နိုင်ကြောင်း မိုးစပါး စိုက်တောင်သူတစ်ဦး၏ ပြောပြချက်အရသိရှိရသည်။ ဆန်လိုဒေသဖြစ်သောကြောင့် စားနပ်ရိက္ခာအတွက်လိုအပ်သော ဆန်များကို ရွှေဘိုမြို့၊ ကျောက်ဆည်မြို့၊ မကွေးတိုင်းနှင့် ဧရာဝတီတိုင်းတို့မှ တင်သွင်း၍ဒေသတွင်း ဖြန့်ဖြူးရောင်းချကြောင်း သိရှိရသည်။

DOCA(မန္တလေး)  

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း