ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

ကန့်ဘလူမြို့နယ်၌ အရောင်းအဝယ်ဖြစ်လျက်ရှိသော ပဲတီစိမ်းဈေးနှုန်း

    စစ်ကိုင်းတိုင်းဒေသကြီး ၊ ကန့်ဘလူခရိုင်သည် စိုက်ပျိုးရေးလုပ်ငန်းများ ကိုအဓိကထား လုပ်ကိုင်သော ဒေသတစ်ခုဖြစ်ပြီး ပဲတီစိမ်းသီးနှံကို ကန့်ဘလူမြို့နယ်အတွင်းရှိ ထန်းကုန်းကျေးရွာ၊ မိုးကောင်းကျေးရွာနှင့် အခြားသော ကျေးရွာများတွင် စိုက်ပျိုးကြောင်း၊ ဆောင်းပဲတီစိမ်း (၂၂၂၁၄) ဧကစိုက်ပျိုးရိတ်သိမ်းနိုင်ခဲ့ကြောင်း ကြေးတိုင်နှင့် မြေစာရင်းဦးစီးဌာန၏ စာရင်းများအရ သိရှိရ သည်။

   ၂၀၂၅ ခုနှစ်၊ မေလ ပထမပတ်အတွင်း ပဲတီစိမ်းရိုးရိုးတစ်တင်းလျှင် (၁၀၀၀၀၀)ကျပ်၊ ပဲတီစိမ်းထွက်တိုး အလုံးလှတစ်တင်းလျှင် (၁၂၀၀၀၀)ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း၊ ယခင်အပတ်ဈေးနှုန်းနှင့် နှိုင်းယှဉ်ပါက ပဲတီစိမ်းဈေးနှုန်းများ မြင့်တက်လာကြောင်း၊ ပဲတီစိမ်းမှာ အလုံးလှပြီးအကွဲ အနာကင်းလျှင် ဈေးပိုမိုရရှိကြောင်း၊ ဈေးကွက်အနေဖြင့် ကန့်ဘလူမြို့နယ်မှ ထွက်ရှိသော ပဲတီစိမ်းများကို မန္တလေးမြို့ရှိပွဲရုံများ ၊ ကုန်စည်ဒိုင်များသို့ တင်ပို့ရောင်းချကြောင်း သီးနှံရောင်းဝယ်ရေး လုပ်ငန်းရှင်များထံမှ သိရပါသည်။

DOCA(စစ်ကိုင်း)

 

ကန့်ဘလူမြို့နယ်၌ အရောင်းအဝယ်ဖြစ်လျက်ရှိသော ပဲဇီးကွက်သီးနှံဈေးနှုန်း

    စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့နယ်တွင် သီးနှံမျိုးစုံ စိုက်ပျိုး လျက်ရှိရာ ပဲဇီးကွက်သီးနှံကို ကန့်ဘလူမြို့နယ် ဆန္ဒယားကျေးရွာ၊ ကံကြီးကုန်းကျေးရွာနှင့် အခြားသောကျေးရွာများတွင်လည်း စိုက်ပျိုးကြောင်း သိရသည်။

    ၂၀၂၅ ခုနှစ်၊ မေလ ပထမပတ်အတွင်း ဈေးနှုန်းများမှာ ပဲဇီးကွက်တစ်တင်းလျှင် (၇၈၅၀၀) ကျပ်၊ အကွဲအနာပါလျှင်(၇၈၀၀၀)ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း၊ ယခင်အပတ် ဈေးနှုန်းများနှင့် နှိုင်းယှဉ်ပါက ပဲဇီးကွက်(၁)တင်းလျှင်(၁၅၀၀)ကျပ် ဈေးနှုန်းမြင့်တက်လာကြောင်း၊ ဈေးကွက်အနေဖြင့် ကန့်ဘလူမြို့နယ်မှ ထွက်ရှိသော ပဲဇီးကွက်သီးနှံများကို မန္တလေးမြို့ရှိပွဲရုံများ၊ ကုန်စည်ဒိုင်များသို့ တင်ပို့လျက်ရှိကြောင်း သီးနှံရောင်းဝယ်ရေး လုပ်ငန်းရှင်များထံမှ သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

ကန့်ဘလူမြို့နယ်၌ အရောင်းအဝယ်ဖြစ်လျက်ရှိသော အစေ့ထုတ်ပြောင်းဈေးနှုန်း

    စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင် ကန့်ဘလူမြို့နယ်သည် လယ်ယာစိုက်ပျိုးရေးလုပ်ငန်းများကို အဓိကထားလုပ်ကိုင်သော ဒေသတစ်ခုဖြစ်ပြီး၊ သီးနှံမျိုးစုံစိုက်ပျိုးလျက်ရှိရာ  မိုးသီးနှံ အစေ့ထုတ်ပြောင်း(၈၈၉၃၁)ဧက စိုက်ပျိုးရိတ်သိမ်းနိုင်ခဲ့ကြောင်း၊ အစေ့ထုတ်ပြောင်းကို ကန့်ဘလူ မြို့နယ်နတ်ပေးကျေးရွာနှင့် အခြားသောကျေးရွာများတွင်လည်း စိုက်ပျိုးကြောင်း သိရသည်။

   ကန့်ဘလူမြို့နယ်၌ အစေ့ထုတ်ပြောင်း စိုက်ပျိုးရာတွင် မျိုးအနေဖြင့် C.P.808 နှင့် C.P.888 မျိုးတို့ကို အများဆုံးစိုက်ပျိုးကြကြောင်း၊ ၂၀၂၅ခုနှစ်၊ မေလ ပထမပတ်အတွင်း အစေ့ထုတ်ပြောင်း (၁)တင်းလျှင် (၂၄၅၀၀)ကျပ်၊ ပြောင်းအရည်အသွေးညံ့လျှင် (၂၄၀၀၀)ကျပ်ဖြင့် အရောင်းအဝယ် ဖြစ်လျက်ရှိကြောင်း၊  ယခုပတ်အတွင်း အစေ့ထုတ်ပြောင်းဈေးနှုန်း ပြန်လည်မြင့်တက်လာကြောင်း၊ အစေ့ထုတ်ပြောင်းများ ဈေးကွက်အတွင်း ဝင်ရောက်မှုနည်းသော်လည်း ပုံမှန်အရောင်းအဝယ် ဖြစ်လျက်ရှိကြောင်း ဒေသတွင်းပွဲရုံလုပ်ငန်းရှင်များထံမှ သိရှိရပါသည်။

DOCA(စစ်ကိုင်း)

ကန့်ဘလူခရိုင်၌ အရောင်းအဝယ်ဖြစ်လျက်ရှိသော နေကြာသီးနှံဈေးနှုန်း

    စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင် ကန့်ဘလူမြို့နယ်တွင် ဆီထွက်သီးနှံဖြစ်သည့် နေကြာသီးနှံကိုလည်း စိုက်ပျိုးကြောင်း၊ မိုးစိုက်နေကြာနှင့် ဆောင်းစိုက်နေကြာ ဟူ၍(၂)မျိုးရှိပြီး၊ ကန့်ဘလူမြို့နယ်တွင် ဆောင်းနေကြာကို (၂၉၃၅)ဧက စိုက်ပျိုးရိတ်သိမ်းနိုင်ခဲ့ကြောင်း ကြေတိုင်နှင့် မြေစာရင်းဦးစီးဌာန၏ စာရင်းများအရ သိရှိရပါသည်။

   ကန့်ဘလူမြို့နယ်၌ နေကြာသီးနှံစိုက်ပျိုးရာတွင် မျိုးအနေဖြင့် ဆင်းရွှေကြာ-၂မျိုးကို အများ ဆုံးစိုက်ပျိုးကြောင်း၊ မြေအနေအထားနှင့် အပင်ပြုစုခြင်းအပေါ်မူတည်၍ နေကြာအထွက်နှုန်း ကွာခြားမှုရှိကြောင်း၊ ဈေးနှုန်းအနေဖြင့် ၂၀၂၅ ခုနှစ်၊ မေလ ပထမပတ်အတွင်း နေကြာ(၁)တင်းလျှင် (၅၃၀၀၀)ကျပ်ဖြင့် ရောင်းဝယ်လျက်ရှိသောကြောင့် နေကြာဈေးနှုန်းများ ကျဆင်းလျက်ရှိကြောင်း ဒေသတွင်းပွဲရုံ လုပ်ငန်းရှင်များထံမှ သိရသည်။

DOCA(စစ်ကိုင်း)

ကန့်ဘလူမြို့နယ်၌ အရောင်းအဝယ်ဖြစ်လျက်ရှိသော ထောပတ်ပဲသီးနှံဈေးနှုန်း

    စစ်ကိုင်းတိုင်းဒေသကြီး ၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့နယ်သည် လယ်ယာစိုက်ပျိုးရေး လုပ်ငန်းများကို လုပ်ကိုင်ကြပြီး  သီးနှံမျိုးစုံ စိုက်ပျိုးလျက်ရှိရာ ထောပတ်ပဲသီးနှံကို စိုက်ပျိုးထားရှိ ကြောင်း၊ ထောပတ်ပဲသီးနှံကို ကန့်ဘလူမြို့နယ် တောက္ကရှပ်ကျေးရွာ၊ နတ်ပေးကျေးရွာနှင့် အခြား သောကျေးရွာများတွင် စိုက်ပျိုးကြပြီး ထောပတ်ပဲ(ဆောင်း)သီးနှံကို ယခုအချိန်တွင် ရိတ်သိမ်းပြီးဖြစ်ကြောင်း သိရသည်။

    ၂၀၂၅ ခုနှစ်၊ မေလ ပထမပတ်အတွင်း ထောပတ်ပဲတစ်တင်းလျှင် (၁၁၀၀၀၀)ကျပ်၊ အကွဲအနာပါ(၁)တင်းလျှင် (၁၀၉၀၀၀)ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း၊ ကန့်ဘလူမြို့နယ်မှ ထွက်ရှိသော ထောပတ်ပဲသီးနှံကို မန္တလေးမြို့ရှိ ပွဲရုံများသို့ တင်ပို့ရောင်းချကြောင်း၊ သီးနှံရောင်းဝယ်ရေး လုပ်ငန်းရှင်များထံမှ သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

ကန့်ဘလူမြို့နယ်၌ အရောင်းအဝယ်ဖြစ်လျက်ရှိသော စွန်တာနီဈေးနှုန်း

    စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့နယ်သည် သီးနှံမျိုးစုံ စိုက်ပျိုး လျက်ရှိရာ စွန်တာနီ သီးနှံများကို ကန့်ဘလူမြို့နယ် ကံကြီးကုန်းကျေးရွာ၊ တောက္ကရှပ်ကျေးရွာနှင့် အခြားသောကျေးရွာများတွင် စိုက်ပျိုးလျက်ရှိပြီး ဆောင်းသီးနှံ စွန်တာနီ(၁၃၉၃)ဧက စိုက်ပျိုးရိတ် သိမ်းနိုင်ခဲ့ကြောင်း ကြေးတိုင်နှင့် မြေစာရင်းဦးစီးဌာန၏ စာရင်းများအရ သိရသည်။

    ၂၀၂၅ ခုနှစ် မေလ ပထမပတ်အတွင်း စွန်တာနီတစ်တင်းလျှင် (၇၇၀၀၀)ကျပ်၊ အကွဲ အနာပါ(၁)တင်းလျှင် (၇၆၀၀၀)ကျပ်ဖြင့် အရောင်းအဝယ် ဖြစ်လျက်ရှိကြောင်း၊ ယခင်အပတ် ဈေးနှုန်းများနှင့် နှိုင်းယှဉ်ပါက ယခုပတ်အတွင်း စွန်တာနီ(၁)တင်းလျှင် (၂၀၀၀) ကျပ် ဈေးနှုန်းကျ ဆင်းလျက်ရှိကြောင်း၊ သီးနှံရောင်းဝယ်ရေး လုပ်ငန်းရှင်များထံမှ သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

ကန့်ဘလူမြို့နယ်၌ ကုလားပဲဈေးနှုန်းများ ဆက်လက်မြင့်တက်

     စစ်ကိုင်းတိုင်းဒေသကြီး ၊ ကန့်ဘလူခရိုင် ကန့်ဘလူမြို့နယ်သည် လယ်ယာစိုက်ပျိုးရေး လုပ်ငန်းများကို အဓိကလုပ်ကိုင်သော ဒေသတစ်ခုဖြစ်ပြီး သီးနှံမျိုးစုံ စိုက်ပျိုးလျက်ရှိရာ ကုလားပဲသီးနှံကို မှော်တော်ကျေးရွာ၊ မြေထူးကျေးရွာနှင့် အခြားသောကျေးရွာများတွင် စိုက်ပျိုးကြောင်း၊ ဆောင်းကုလားပဲ(၆၉၁၉)ဧက စိုက်ပျိုးရိတ်သိမ်းနိုင်ခဲ့ကြောင်း ကြေးတိုင်နှင့်မြေစာရင်းဦးစီးဌာန၏ စာရင်းများအရ သိရသည်။

    ၂၀၂၅ ခုနှစ်၊ မေလ ပထမပတ်အတွင်း ကုလားပဲထိုင်ဝမ်(၁)တင်းလျှင် (၆၈၀၀၀)ကျပ်၊ ကုလားပဲ(929)(၁)တင်းလျှင် (၇၁၀၀၀)ကျပ်၊ ကုလားပဲ(V2)(၁)တင်းလျှင် (၇၆၀၀၀)ကျပ်နှင့် ကုလားပဲ(V7)(၁)တင်းလျှင် (၇၉၀၀၀)ကျပ်ဖြင့် အရောင်းအဝယ် ဖြစ်လျက်ရှိကြောင်း၊ ယခုအပတ် အတွင်း ကုလားပဲဈေးနှုန်းများ ဆက်လက်မြင့်တက်လာကြောင်း၊ ကန့်ဘလူမြို့နယ်မှ ထွက်ရှိသည့် ကုလားပဲများကို မန္တလေးမြို့ရှိ ပွဲရုံများနှင့် ကုန်စည်ဒိုင်များသို့ ရောင်းချကြောင်း ဒေသတွင်းပွဲရုံလုပ်ငန်းရှင်များထံမှ သိရသည်။

DOCA(စစ်ကိုင်း)

ကန့်ဘလူမြို့နယ်၌ အရောင်းအဝယ်ဖြစ်လျက်ရှိသော ကြက်ဆူစေ့သီးနှံဈေးနှုန်း

    စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့နယ်တွင် သီးနှံမျိုးစုံစိုက်ပျိုး လျက်ရှိရာ ကြက်ဆူစေ့ကို ယာကွက်လွတ်များ၌လည်းကောင်း၊ ယာခင်းဘေးပတ်လည်၌လည်း ကောင်း၊ ကြဲပက်စနစ်နှင့် တန်းစိုက်စနစ်တို့ဖြင့် စိုက်ပျိုးကြောင်း၊ ကြက်ဆူစေ့သီးနှံများသည် ကန့်ဘလူမြို့နယ် ကံကြီးကုန်းကျေးရွာ၊ တောက္ကရှပ်ကျေးရွာနှင့် အခြားသောကျေးရွာများမှ ဝင်ရောက်လျက်ရှိပြီး ကြက်ဆူစေ့သည် စိုက်ပျိုးရလွယ်ကူပြီး ဈေးကောင်းရသဖြင့် စိုက်ပျိုးသူများ အနေဖြင့် အပိုဝင်ငွေရရှိကာ မိသားစု အဆင်ပြေလျက်ရှိကြောင်း သိရသည်။

    ၂၀၂၅ ခုနှစ်၊ မေလ ပထမပတ်အတွင်း ဈေးနှုန်းမှာ ကြက်ဆူစေ့တစ်တင်းလျှင် (၃၆၀၀၀) ကျပ်၊ ကြက်ဆူစေ့ညံ့လျှင်(၃၅၀၀၀)ကျပ်ဖြင့် အရောင်းအဝယ် ဖြစ်လျက်ရှိကြောင်း၊ ကြက်ဆူစေ့ များကို မန္တလေးမြို့ရှိ ပွဲရုံများ၊ ကုန်စည်ဒိုင်များသို့ တင်ပို့ရောင်းချကြောင်း၊ ဒေသတွင်းသီးနှံရောင်း ဝယ်ရေး လုပ်ငန်းရှင်များထံမှ သိရသည်။

DOCA(စစ်ကိုင်း)

                                                         

ကန့်ဘလူမြို့နယ်၌ အရောင်းအဝယ်ဖြစ်လျက်ရှိသော ကြက်ဆူစေ့သီးနှံဈေးနှုန်း

   စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့နယ်တွင် သီးနှံမျိုးစုံစိုက်ပျိုးလျက်ရှိရာ ကြက်ဆူစေ့ကို ယာကွက်လွတ်များ၌လည်းကောင်း၊ ယာခင်းဘေးပတ်လည်၌လည်း ကောင်း၊ ကြဲပက်စနစ်နှင့် တန်းစိုက်စနစ်တို့ဖြင့် စိုက်ပျိုးကြောင်း၊ ကြက်ဆူစေ့သီးနှံများသည် ကန့်ဘလူမြို့နယ် ကံကြီးကုန်းကျေးရွာ၊ တောက္ကရှပ်ကျေးရွာနှင့် အခြားသောကျေးရွာများမှ ဝင်ရောက်လျက်ရှိပြီး ကြက်ဆူစေ့သည် စိုက်ပျိုးရလွယ်ကူပြီး ဈေးကောင်းရသဖြင့် စိုက်ပျိုးသူများ အနေဖြင့် အပိုဝင်ငွေရရှိကာ မိသားစု အဆင်ပြေလျက်ရှိကြောင်း သိရသည်။

   ၂၀၂၅ ခုနှစ်၊ မေလ ပထမပတ်အတွင်း ဈေးနှုန်းမှာ ကြက်ဆူစေ့တစ်တင်းလျှင် (၃၆၀၀၀) ကျပ်၊ ကြက်ဆူစေ့ညံ့လျှင်(၃၅၀၀၀)ကျပ်ဖြင့် အရောင်းအဝယ် ဖြစ်လျက်ရှိကြောင်း၊ ကြက်ဆူစေ့ များကို မန္တလေးမြို့ရှိ ပွဲရုံများ၊ ကုန်စည်ဒိုင်များသို့ တင်ပို့ရောင်းချကြောင်း၊ ဒေသတွင်းသီးနှံရောင်း ဝယ်ရေး လုပ်ငန်းရှင်များထံမှ သိရသည်။

DOCA(စစ်ကိုင်း)

BTRC မှ ဂြိုဟ်တုအင်တာနက်လိုင်စင် ရရှိခဲ့သည့် Starlink

ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဆက်သွယ်ရေး ထိန်းသိမ်းရေး ကော်မရှင် (BTRC) သည် နိုင်ငံတွင်း ဂြိုဟ်တုအင်တာနက်ဝန်ဆောင်မှုများ လုပ်ဆောင်ရန် Starlink ကုမ္ပဏီအား တရားဝင်လိုင်စင် ခွင့်ပြုခဲ့ကြောင်း သိရပါသည်။ BTRC ဥက္ကဌ Md Emdad ul Bari က “၎င်းတို့အနေဖြင့် Starlink ကုမ္ပဏီ၏ အကြံပေးမှ လိုအပ်သောအခကြေးငွေများလက်ခံရရှိပြီး နောက်တွင် တရားဝင်လိုင်စင်အား ထုတ်ပေးလိုက်ကြောင်း” ပြောကြားခဲ့ပါသည်။ ထို့အပြင် ၎င်းက Starlink အနေဖြင့် ဝန်ဆောင်မှုအားမိတ်မဆက်ခင်တွင် အကောက်ခွန်များပေးဆောင် ရမည်ဖြစ်ကြောင်း ထပ်ဆောင်းပြောကြားခဲ့ပါသည်။ ဆက်သွယ်ရေးစည်းမျဉ်းများအရ BTRC အနေဖြင့် လိုင်စင်ခွင့်ပြုခြင်းအပါအဝင် အရေးကြီးသည့်ဆုံးဖြတ်ချက်များ မပြုလုပ်ခင်တွင် ဆက်သွယ်ရေးဝန်ကြီး ဌာနမှ ကြိုတင်ခွင့်ပြုချက်လိုအပ်ကြောင်း သိရပါသည်။ ၂၀၂၅ ခုနှစ် မတ်လ အစောပိုင်းတွင် BTRC သည် ဘင်္ဂလားဒေ့ရှ်နိုင်ငံရှိ ဂြိုဟ်တုဝန်ဆောင်မှုလုပ်ငန်းများ အတွက် လိုင်စင်ထုတ်လုပ်မှုအတွက် ညွှန်ကြားချက်များ ထုတ်ပြန်ခဲ့ကြောင်း သိရပါသည်။ အဆိုပါ ညွှန်ကြားချက်များအရ Starlink ကုမ္ပဏီအနေဖြင့် ကျသင့်သောအဖိုးခများနှင့် လိုအပ်သော စာရွက်စာတမ်းများကို BTRC သို့ တင်သွင်းရမည်ဖြစ်ကြောင်း သိရပါသည်။ ကုမ္ပဏီ၏ပြည်တွင်းဌာနသည် Karwan Bazar ရှိ အဆောက်အဦးတစ်ခုတွင် မှတ်ပုံတင်ထား ပြီဖြစ်ကြောင်း သိရပါသည်။ သက်ဆိုင်ရာတင်သွင်းမှုများပြုလုပ်ပြီးနောက်တွင် BTRC သည် စစ်ဆေးရေးအတွက် အဖွဲ့ဝင် ၇ ဦးပါဝင်သော ကော်မတီကိုဖွဲ့စည်းပြီး အဆိုပါကော်မတီသည် တင်သွင်းခဲ့သော စာရွက်စာတမ်းများသည် ၎င်းကုမ္ပဏီအားလိုင်စင်ထုတ်ပေးရန်အတွက် စစ်မှန်မှုရှိရန် နှင့် ပြည့်စုံမှုရှိစေရန် အကဲဖြတ်သွားမည်ဖြစ်ကြောင်း သိရပါသည်။ နောက်ပိုင်း တွင် BTRC မှ အဖွဲ့ဝင် ၂ ဦးသည် Starlink ဘင်္ဂလားဒေ့ရှ် ရုံးသို့လာရောက်ခဲ့ပြီး လိုင်စင်ထုတ်ပေးရန် ထောက်ခံခဲ့ကြောင်း သိရပါသည်။ အဆိုပါလိုင်စင်ထုတ်ပေးမှုသည် အဓိက အကြံပေး Muhammad Yunus ဆီမှ တိုက်ရိုက်တောင်းခံမှုဖြစ်ပြီး ၎င်းသည် သက်ဆိုင်ရာအာဏာပိုင်များအား Starlink ၏ အဆိုပါဂြိုဟ်တုအင်တာနက် ဝန်ဆောင်မှု စတင်မိတ်ဆက်မှု အခမ်းအနားအား ရက် ၉၀ အတွင်း လုပ်‌ဆောင်ခွင့်ရရန် တောင်းဆိုခဲ့ကြောင်း သိရပါသည်။

Source: The Daily Star

DOCA(ရန်ကုန်)

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း