ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

ပဲပင်ပေါက်အကြောင်း သိကောင်းစရာ

    ပဲပင်ပေါက်ကို နေရာဒေသမရွေးသာမက မိမိတို့အိမ်တွင်း၌ပင် အပင်ဖောက်ကာစိုက်ပျိုးရ လွယ်ကူသောအစားအသောက်တစ်မျိုးပင်ဖြစ်သည့်အလျောက် ပြန်လည်ရောင်းချသူများအတွက်လည်း အလွန်စီးပွားရေးတွက်ချေကိုက်သော အပင်တစ်မျိုးဖြစ်သည်။ပဲတီစိမ်းတစ်ပြည်လျှင်(၈၀၀၀)  ကျပ်၊နို့ဆီဗူးတစ်ဘူးလျှင်(၈၀၀)ကျပ်၊နို့ဆီတစ်ဘူးအား ပဲပင်ဖောက်လျှင် ၁ပိဿာနှင့် ၅၀ ကျပ်သား ရသည်။

   ပဲပင်ပေါက်သည် အာဟာရဓာတ်ကြွယ်ဝသလို လိုအပ်သည့်ဗီတာမင်နှင့်သတ္တုဓာတ်များ ကြွယ်၀စွာပါဝင်နေသောကြောင့် ခန္ဓာကိုယ်ကျန်းမာစေနိုင်ပါသည်။ဗီတာမင်စီ ပါဝင်သောကြောင့် ကိုယ်ခံအားကောင်းစေပြီး ရောဂါပိုးများကူးခြင်းမှ ကာကွယ်ပေးနိုင်ပါသည်။

          သို့သော် ပဲပင်ပေါက်၌ Salmonella(သို့)Ecali ကဲ့သို့သော ဘက်တီးရီးယားပိုးမွှားများ ပါဝင်နိုင်သည့်အတွက် အစိမ်းစားခြင်းထက်ကျက်အောင်ချက်၍ စားသုံးသင့်ပါသည်။ ပဲပင်ပေါက်စားတော့မည်လျှင် ဝမ်းပျက်ဝမ်းလျောဖြစ်စေနိုင်သောကြောင့် မဲနေသောနေရာများနှင့် ပုပ်နေသော နေရာများကို ဖယ်စား၍ စားသုံးသင့်ကြောင်း သိရှိရပါသည်။

DOCA(တနင်္သာရီ)

 

စွန်ပလွန်သီး၏ စျေးနှုန်းစျေးကွက်

   စွန်ပလွန်သီးဟာ အရှေ့အလယ်ပိုင်းနိုင်ငံတွေရဲ့ အဓိကအစားအစာ တစ်မျိုးအဖြစ် နှစ်ပေါင်း များစွာ စားသုံးခဲ့ကြပါတယ်။ စွန်ပလွန်ပင်သည် အုန်းပင်၊ထန်းပင်မျိုးတို့ အမျိုးအစားတွင် ပါဝင်၍ ရာသီဥတု ပူပြင်းခြောက်သွေ့သောဒေသများတွင်ပေါက်ရောက်ပြီး အပန်းဖြေရန် အရိပ်ကောင်းပေးသည့် အပင်ဖြစ်သည်။စွန်ပလွန်ပင်သည် လှပတင့်တယ်သော သစ်ပင်မျိုးဖြစ်၍ အချို့နိုင်ငံများတွင် စွန်ပလွန်ပင်များကို အလှအပသက်သက်ဖြင့် စိုက်ပျိုးထားကြသည်။

     လူကြိုက်များပြီး ဒေသဈေးကွက်နှင့်နိုင်ငံတကာဈေးကွက်တို့တွင် ရောင်းချနိုင်သောကြောင့် စီးပွားဖြစ်စိုက်ပျိုးသူတို့အတွက် အကျိုးကျေးဇူးများစွာရရှိနိုင်သောအပင်ဖြစ်ပါသည် ယခုအခါတွင် စွန်ပလွန်သီးအမျိုးအစား အများအပြားရှိလာရာမှ အရောင်အသွေးနှင့် အရသာများလည်း ကွာခြားလျက်ရှိလာပါသည်။ လတ်ဆတ်သော စွန်ပလွန်သီးများကို ပြည်တွင်းတွင် ရောင်းချကြသလို အစားအသောက်ပြုပြင်ရောင်းချသည့်ကုမ္ပဏီများသို့ရောင်းချပြီး ကုန်တိုက်နှင့် စျေးများသို့ တင်ပို့ ရောင်းချကြသည်။ စွန်ပလွန်သီး(10kg) တစ်ပုံးလျှင်(၈၀၀၀၀) ကျပ်မှ(၁၀၀၀၀၀)ကျပ်အထိ ဈေးရှိကြောင်းနှင့် ထိုင်း၊မလေးရှားစသည့် နိုင်ငံများမှတဆင့် မြန်မာနိုင်ငံသို့ ဝင်ရောက်လျက်ရှိကြောင်း သိရှိရသည်။ ၎င်းတွင် ထူးခြားသောအရသာနှင့် ကျန်းမာရေး အကျိုးကျေးဇူးကြောင့် စွန်ပလွန်သီးကို နိုင်ငံအနှံ့အပြားတွင် စားသုံးကြကြောင်း လေ့လာသိရှိရပါသည်။

DOCA(တနင်္သာရီ)

ကန့်ဘလူခရိုင်၏ စက်သုံးဆီဈေးနှုန်း အပတ်စဉ်ပြောင်းလဲမှုအခြေအနေ

   မြန်မာနိုင်ငံ စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီက သောကြာနေ့တိုင်း တစ်ပတ်တစ်ခါ စက်သုံးဆီဈေးနှုန်းများ ပြောင်းလဲလျှက်ရှိရာ ယခုတစ်ပတ် (၁.၈.၂၀၂၅)ရက်နေ့တွင် ဒီဇယ်၊ ဓါတ်ဆီ(ရိုးရိုး) (အဆင့်မြင့်)တို့၏ ဈေးနှုန်းပြောင်းလဲမှုမှာ 92 Octance ဓါတ်ဆီဈေးနှုန်း တစ်လီတာမှာ ၃၀၃၅ ကျပ်၊ 95 Octance ဓါတ်ဆီ ဈေးနှုန်းတစ်လီတာမှာ ၃၀၉၀ ကျပ်၊ ဒီဇယ်ရိုးရိုး ဈေးနှုန်းတစ်လီတာမှာ ၂၈၆၅ ကျပ်၊ ဒီဇယ်(အဆင့်မြင့်)ဈေးနှုန်း တစ်လီတာ မှာ ၃၅၁၀ ကျပ်ဖြစ်ကြောင်း သိရှိရပါသည်။

  ၂၀၂၅ ခုနှစ်၊ ဩဂုတ်လ ပထမပတ်အတွင်း ကန့်ဘလူမြို့နယ်အတွင်းရှိ စက်သုံးဆီအရောင်း ဆိုင်များတွင် 92 Octance ဓါတ်ဆီ ဈေးနှုန်းတစ်လီတာမှာ ၃၃၂၅ ကျပ်၊ 95 Octance ဓါတ်ဆီ ဈေးနှုန်းတစ်လီတာမှာ ၃၂၈၇ကျပ်၊ ဒီဇယ်ရိုးရိုး ဈေးနှုန်းတစ်လီတာမှာ ၃၀၄၀ကျပ်၊ ဒီဇယ် (အဆင့်မြင့်)ဈေးနှုန်း တစ်လီတာမှာ ၃၇၆၅ကျပ်ဖြင့် ရောင်းချလျှက်ရှိရာ  ယခင်အပတ်ဈေးနှုန်း များနှင့် နှိုင်းယှဉ်ပါက ယခုပတ်အတွင်း စက်သုံးဆီဈေးနှုန်းများ92 Octance ဓါတ်ဆီ၊ 95 Octance ဓါတ်ဆီဈေးကျ၍ ဒီဇယ်ရိုးရိုးနှင့် ဒီဇယ်(အဆင့်မြင့်)ဈေးနှုန်း အနည်းငယ်မြင့်တက်လာကြောင်း စက်သုံးဆီအရောင်းဆိုင်များမှ သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

ကန့်ဘလူမြို့သစ်သီးဈေးကွက်ရှိ မင်းကွတ်သီးနှင့်ကြက်မောက်သီးဈေးနှုန်း

   စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့သစ်သီးဈေးကွက်သို့ ဩဂုတ်လ ပထမပတ်အတွင်း မင်းကွတ်သီးနှင့် ကြက်မောက်သီးများ ဝင်ရောက်မှု လျော့နည်းလာကြောင်း၊ မင်းကွတ်သီးများသည် မော်လမြိုင်ဒေသထွက်နှင့် မန္တလေးတိုင်းဒေသကြီးမှလည်း ဝင်ရောက် ကြောင်းသိရှိရသည်။ ၂၀၂၅ ခုနှစ်၊ ဩဂုတ်လ ပထမပတ်အတွင်း ကန့်ဘလူမြို့သစ်သီးဈေးကွက် တွင်မင်းကွတ်သီး အကြီး()လုံးလျှင် (၅၀၀)ကျပ်၊ အသေး()လုံး(၄၀၀)ကျပ် တို့ဖြင့်ရောင်းချ ကြောင်း၊ ဩဂုတ်လ ပထမပတ်အတွင်း ကြက်မောက်သီး အသေး()လုံးလျှင် (၃၀၀)ကျပ်၊ အကြီး ()လုံးလျှင် (၅၀၀)ကျပ်နှင့် (၁၀)လုံးလျှင် (၄၈၀၀)ကျပ် တို့ဖြင့်ရောင်းချလျက်ရှိပြီး ယခုပတ်အတွင်း မင်းကွတ်သီးနှင့် ကြက်မောက်သီးများ အရောင်းသွက်လျက်ရှိကြောင်း သစ်သီးဆိုင်များမှ သိရှိရပါသည်။

DOCA(စစ်ကိုင်း)

ကန့်ဘလူမြို့တွင်ရောင်းချနေသည့် ကြက်ကင်၊ငါးကင်နှင့်အကင်စုံဈေးနှုန်းများ

  စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့တွင် ဟင်းသီးဟင်းရွက်များ၊ အသား၊ ငါးမျိုးစုံ ရောင်းချလျက်ရှိရာ တစ်နိုင်တစ်ပိုင် အသေးစားစီးပွားရေး လုပ်ငန်းအနေဖြင့် ကြက်ကင်၊ ငါးကင်နှင့် အခြားအကင်မျိုးစုံ စသည်ဖြင့် ရောင်းချနေကြောင်း၊ ကြက်သားနှင့် ငါးတို့ကို ကန့်ဘလူ မြို့မဈေးမှ ဝယ်ယူရကြောင်းသိရှိရသည်။

  ၂၀၂၅ ခုနှစ်၊ ဩဂုတ်လ ပထမပတ်အတွင်း ကန့်ဘလူမြို့တွင် ရောင်းချနေသော အကင်ဈေး နှုန်းများမှာ အရွယ်အစားနှင့် အမျိုးအစားပေါ်မူတည်၍ ကွာခြားမှုရှိကြောင်း ငါးကင်အသေး တစ်ကောင်လျှင်(၃၅၀၀မှ ၅၀၀၀)ကျပ်၊ အကြီးတစ်ကောင်လျှင် (၈၀၀၀မှ ၁၂၀၀၀)ကျပ်၊ ကြက်ပေါင် (၁)ကင်လျှင် (၅၀၀၀)ကျပ်၊ ကြက်တောင်ပံကင်(၁)ချောင်းလျှင် (၁၅၀၀)ကျပ်၊ ကြက်သဲမြစ်(၃) ချောင်း (၁၀၀၀)ကျပ်၊ ကြက်ခြေထောက်(၃)ချောင်း (၂၀၀၀)ကျပ်၊ ရုံးပတီသီး(၁)ကင် (၇၀၀)ကျပ် နှင့် အသားတုကင်(၈)ချောင်း (၁၀၀၀)ကျပ်ဖြင့်ရောင်းချကြောင်း၊ အခြားသော အကင်မျိုးစုံလည်း ရောင်းချကြောင်း၊ နေ့စဉ်ဝယ်ယူစားသုံးသူ များသည့်အတွက် မိသားစုဝင်ငွေရရှိကာ အဆင်ပြေလျက် ရှိကြောင်း၊ အကင်အမျိုးမျိုးရောင်းချသည့် လုပ်ငန်းရှင်ထံမှ သိရှိရသည်။

DOCA(စစ်ကိုင်း)

ကန့်ဘလူခရိုင်၌ အရောင်းအဝယ်ဖြစ်လျက်ရှိသော ဒေသထွက် သနပ်ခါးတုံးဈေးနှုန်း

  စစ်ကိုင်းတိုင်းဒေသကြီးသည် မြန်မာအမျိုးသမီးများ ကြိုက်နှစ်သက်စွာ အသုံးပြုနေကြသည့် သနပ်ခါးပင်များ စိုက်ပျိုးထွက်ရှိရာ ဒေသတစ်ခုဖြစ်ကြောင်း သိရသည်။ မြန်မာ့သနပ်ခါးသည် ကဗျာ၊ သီချင်းများ စပ်ဆိုရသည်အထိ ထင်းရှားပြီး၊ ရှေးယခင်ကပင် သနပ်ခါးကို နန်းတွင်းအလှကုန်အဖြစ် အသုံးပြုခဲ့ကြောင်း၊ မြန်မာ့ရိုးရာ အလှတရားတွင် သနပ်ခါးသည် အရေးပါသောအခန်းကဏ္ဍတွင် ပါဝင်ပြီး အမျိုးသမီးများသည် မျက်နှာတွင် သနပ်ခါးဖြင့် အလှဆင်လေ့ရှိကြောင်း သိရှိရပါသည်။

      မြန်မာနိုင်ငံတွင် သနပ်ခါးသည် သဘာဝအလှကုန်ပစ္စည်းအဖြစ် ဈေးကွက်တွင် အရေးပါပြီး နိုင်ငံတကာတွင်လည်း စိတ်ဝင်စားမှုများလာကြောင်း၊ သနပ်ခါးသည် ကျန်းမာရေးနှင့် အလှအပတို့ အတွက် တန်ဖိုးမဖြတ်နိုင်သော သဘာဝလက်ဆောင်တစ်ခုဖြစ်ပြီး၊ ကန့်ဘလူမြို့မဈေးတွင် ရောင်းချ နေသော သနပ်ခါးတုံးများသည် ကန့်ဘလူခရိုင်အတွင်းမှ ထွက်ရှိသလို၊ ရွှေဘိုမြို့ရှိ လက်လီ၊လက္ကား သနပ်ခါးတုံး အရောင်းဆိုင်များမှလည်း ဝယ်ယူရောင်းချကြောင်း၊ ဩဂုတ်လ ပထမပတ်အတွင်း မြန်မာ့ရိုးရာသနပ်ခါး(၁)တုံးလျှင် (၅၀၀၀မှ ၆၀၀၀)ကျပ်၊ အသေး(၁)တုံးလျှင် (၂၀၀၀)ကျပ်နှင့် (၃) တုံးလျှင် (၅၀၀၀)ကျပ်ဖြင့် ရောင်းချလျက်ရှိရာ အရွယ်အစားနှင့် အရည်အသွေးပေါ်မူတည်၍ ဈေးနှုန်းများကွာခြားကြောင်း လုပ်ငန်းရှင်များထံမှ သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

ကန့်ဘလူမြို့မဈေး၌ ရောင်းချလျက်ရှိသော ဝက်သားနှင့်အမဲသားဈေးနှုန်း

   စစ်ကိုင်းတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာနသည် စားသုံးသူကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိသလို   စားသုံးသူများ နေ့စဉ်ဝယ်ယူသုံးစွဲလျက်ရှိသည့် အခြေခံစားသောက် ကုန်များ၏ ဈေးနှုန်း၊ဈေးကွက် အခြေအနေများကိုလေ့လာ၍ အပတ်စဉ်၊ လစဉ် အထက် အဆင့်ဆင့်သို့ တင်ပြဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

  ကန့်ဘလူမြို့၊ မြို့မဈေးတွင် ရောင်းချလျက်ရှိသည့် ဝက်သားများကို ကန့်ဘလူမြို့ရှိ လက်လီ/လက္ကားဒိုင်များနှင့် ကျွန်းလှမြို့နယ်အတွင်းမှ ဝင်ရောက်လျက်ရှိကြောင်း၊ ၂၀၂၅ ခုနှစ်၊ ဩဂုတ်လ ပထမပတ်အတွင်း  ကန့်ဘလူမြို့မဈေး၌ ရောင်းချနေသော ဝက်သားဈေးနှုန်းများမှာ အသားသန့်()ပိဿာလျှင် (၃၅၀၀၀)ကျပ်၊ နံကိုင်းသား()ပိဿာလျှင် (၃၃၀၀၀) ကျပ်၊ ဩဂုတ်လ ပထမပတ်အတွင်း  အမဲသား()ပိဿာလျှင် (၂၇၀၀၀)ကျပ်ဖြင့် ရောင်းချလျက်ရှိကြောင်း၊ ဝက်သား နှင့် အမဲသားများကို အိမ်ရှင်မများက ဝယ်ယူကြသလို စားသောက်ဆိုင်များ၊ ထမင်းဆိုင်များက ဝယ်ယူလျှက်ရှိကြောင်း၊ အသားရောင်းဝယ်ရေး လုပ်ငန်းရှင်များထံမှ သိရှိရသည်။

DOCA(စစ်ကိုင်း)

ကန့်ဘလူမြို့ဟင်းသီးဟင်းရွက်ဈေးရှိ မုန့်ညှင်းရွက်နှင့် မုန့်ညှင်းချဉ်ဈေးနှုန်း

 စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့နယ်သည် သီးနှံမျိုးစုံစိုက်ပျိုးလျက်ရှိရာ စားဖိုဆောင်သီးနှံများကို ရာသီချိန်အလိုက် စိုက်ပျိုးကြကြောင်း၊ မုန့်ညှင်းရွက်ကို မြို့ပေါ်ရပ်ကွက်များတွင်သာမက ကန့်ဘလူမြို့နယ်အတွင်းရှိ ကျေးရွာများတွင်လည်း မိမိတို့နေအိမ်ခြံဝင်းများ၊ ယာကွက်များတွင် တစ်နိုင်တစ်ပိုင် စိုက်ပျိုးကြကြောင်း သိရှိရသည်။

    ၂၀၂၅ ခုနှစ်၊ ဩဂုတ်လ ပထမပတ်အတွင်း ကန့်ဘလူမြို့မဈေးတွင် မုန့်ညှင်းချဉ် ()ပုဂံလျှင် (၃၀၀)ကျပ်၊ ()ပုဂံလျှင် (၅၀၀)ကျပ်ဖြင့်လည်းကောင်း၊ ဩဂုတ်လ ပထမပတ်အတွင်း မုန့်ညှင်း ရွက်လက်လီ()စီးလျှင် (၃၀၀)ကျပ်၊ (၁၀) စီးလျှင် (၂၈၀၀)ကျပ်ဖြင့်လည်းကောင်း  လက္ကား()စီး လျှင် (၅၀၀)ကျပ်နှင့် မုန့်ညှင်းရွက်()စီးလျှင် (၁၀၀၀)ကျပ်ဖြင့် ရောင်းချကြောင်း၊ စားသောက်ဆိုင် များ၊ ထမင်းဆိုင်များစသည့်တို့မှ နေ့စဉ်ဝယ်ယူသည့်အတွက် အရောင်းအဝယ်ဖြစ်လျက်ရှိကာ မိသားစုအပိုဝင်ငွေရရှိကြောင်း  ဟင်းသီးဟင်းရွက် ရောင်းချသူထံမှ သိရှိရပါသည်။

DOCA(စစ်ကိုင်း)

ကန့်ဘလူမြို့နယ်၌ အရောင်းအဝယ်ဖြစ်သည့် မန်ကျည်းသီးမှည့်ဈေးနှုန်း

   စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့နယ် နေရာအနှံ့အပြားတွင် မန်ကျည်းပင်များ အလေ့ကျပေါက်ရောက်ပြီး ဒေသခံပြည်သူများက မန်ကျည်းသီးမှည့်ချိန်တွင် ခူးဆွတ်ကာ ရောင်းချကြောင်း၊ မန်ကျည်းသီးမှည့်တွင် အစေ့ပါမန်ကျည်းသီးမှည့်နှင့် အစေ့လွတ်မန်ကျည်းသီး မှည့်ဟူ၍ နှစ်မျိုးရှိပြီး ဈေးကွက်အတွင်း အစေ့လွတ်မန်ကျည်းသီးမှည့်ကို လူကြိုက်များ၍ အရောင်း အဝယ်ပိုဖြစ်ကြောင်း သိရသည်။

          ကန့်ဘလူမြို့နယ်တွင် မန်ကျည်းသီးမှည့်ကို ဝယ်ယူသည့်ပွဲရုံမရှိဘဲ ကန့်ဘလူမြို့မဈေးတွင် ရောင်းချကြသလို မြို့နယ်အတွင်းရှိ အကြော်ဆိုင်များ၊ အကင်ဆိုင်များနှင့် စားသောက်ဆိုင်များမှ မန်ကျည်းဆော့ပြုလုပ်ရန် ဝယ်ယူကြကြောင်း၊ ဈေးကွက်အတွင်း မန်းကျည်းမှည့်များ ထပ်မံဝင် ရောက်မှုမရှိတော့ပဲ သိုလှောင်ထားသည့်ပစ္စည်းများသာ အရောင်းအဝယ်ဖြစ်နေကြောင်း၊ ဩဂုတ်လ ပထမပတ်အတွင်း  အစေ့လွတ်မန်ကျည်းသီးမှည့် လက်လီတစ်ပိဿာလျှင် (၁၀၀၀၀)ကျပ် လက်ကားတစ်ပိဿာ (၉၀၀၀)ကျပ်၊ (၅၀)ကျပ်သားလျှင် (၄၅၀၀)ကျပ်၊ (၁၀)ကျပ်သားလျှင် (၁၀၀၀)ကျပ်နှင့် အစေ့ပါမန်ကျည်းသီးမှည့် ()ပိဿာလျှင် (၄၀၀၀)ကျပ်ဖြင့် ဈေးကွက်အတွင်း အရောင်းအဝယ်ဖြစ်နေကြောင်း လုပ်ငန်းရှင်များထံမှ သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

ကန့်ဘလူမြို့နယ်၌ ဒေသထွက်နဂါးမောက်သီး ဈေးနှုန်းအနည်းငယ်ကျဆင်း

  စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့နယ်သည် စိုက်ပျိုးရေးလုပ်ငန်းကို အဓိကလုပ်ကိုင်ပြီး လယ်ယာထွက်ကုန်သီးနှံများအပြင် ဥယျာဉ်ခြံသီးနှံများကိုလည်း တစ်နိုင်တစ်ပိုင် စိုက်ပျိုးကြ ကြောင်းသိရသည်။ မြန်မာနိုင်ငံ၌ စိုက်ပျိုးလျက်ရှိသော နဂါးမောက်မျိုးများမှာ အပြင်အခွံအနီ ရောင်နှင့် အတွင်းသားအဖြူရောင်ရှိသောမျိုး၊ အပြင်ခွံအနီရောင်နှင့် အတွင်းသားအနီရောင်ရှိ သောမျိုး၊ အပြင်ခွံအဝါရောင်နှင့် အတွင်းသားအဖြူရောင်ရှိသောမျိုးတို့ ဖြစ်ကြောင်း သိရသည်။

       ကန့်ဘလူမြို့နယ် ဆိတ်ဖူးမြောင်ကျေးရွာ၊ အင်ကြင်းစုကျေးရွာနှင့် အခြားကျေးရွာများတွင် နဂါးမောက်သီးများကို တစ်နိုင်တစ်ပိုင်စိုက်ပျိုးကြရာ ယခုအချိန်သည် နဂါးမောက်သီး ခူးဆွတ် ရာသီဖြစ်သောကြောင့် ဈေးကွက်အတွင်းလှိုင်လှိုင် ဝင်ရောက်လျက်ရှိကြောင်း၊ နဂါးမောက်သီး သည် မေလမှ အောက်တိုလာလအထိ (-)ကြိမ်ခန့်ခူးဆွတ်ရပြီး တစ်နှစ်လျှင် (-)လခန့် ဝင်ငွေရရှိနေသော စီးပွားရေးတွက်ခြေကိုက်သည့် ဥယျာဉ်ခြံထွက် သီးနှံတစ်ခုဖြစ်ကြောင်း၊  ဩဂုတ်လ ပထမပတ်အတွင်း ကန့်ဘလူမြို့ သစ်သီးဈေးကွက်တွင် ရောင်းချနေသော နဂါးမောက် သီးဈေးနှုန်းများမှာ အသေးတစ်လုံးလျှင် (၅၀၀မှ ၁၀၀၀)ကျပ်နှင့် အကြီးတစ်လုံးလျှင် (၁၂၀၀မှ ၁၅၀၀) ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သစ်သီးဆိုင်များမှ သိရှိရပါသည်။

DOCA(စစ်ကိုင်း)

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း