ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

တိုင်းဒေသကြီးနှင့်ပြည်နယ် မြို့နယ်အလိုက် ဆန်၊ ဆီ၊ မီးဖိုချောင်သုံး ပစ္စည်းများ၊ သားငါး၊ စက်သုံးဆီ၊ ရွှေ၊ ဒေါ်လာ ဈေးနှုန်းများ( ၂၂.၃.၂၀၂၄ )

     ၂၂.၃.၂၀၂၄ ရက်နေ့တွင် တိုင်းဒေသကြီးနှင့်ပြည်နယ် မြို့နယ်အလိုက် ဆန်၊ ဆီ၊ မီးဖိုချောင်သုံးပစ္စည်းများ၊ သားငါး၊ စက်သုံးဆီ၊ ရွှေ၊ ဒေါ်လာ ဈေးနှုန်းများအား အောက်ပါ .pdf တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်-

 မုံရွာမြို့၊  ပြည်ထောင်စုဈေးတွင် အခြေခံစားသောက်ကုန်များကို သက်သာသောဈေးနှုန်းဖြင့် အပတ်စဉ် ရောင်းချပေး

    စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့၏ စီစဉ်ကြီးကြပ်မှုဖြင့် တန်ဖိုးသင့်အခြေခံစားသောက် ကုန်များကို စိုက်ပျိုး၊ မွေးမြူ ထုတ်လုပ်သူများမှဆန်၊ ဆီနှင့်ကြက်ဥ၊ ဒေသထွက် ဟင်းသီးဟင်း ရွက်သီးနှံများကို ၂၀၂၄ ခုနှစ်၊ မတ်လ တတိယအပတ် ၁၆ ရက်နေ့တွင် မုံရွာမြို့၊ ပြည်ထောင်စုဈေး တို့တွင်    နံနက် (၀၇:၀၀) နာရီအချိန်တွင် သက်သာသောဈေးနှုန်းဖြင့် အပတ်စဉ် ရောင်းချပေးလျက်ရှိပါသည်။

    ထိုသို့ရောင်းချခဲ့ရာတွင် တိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ်ဦးမြတ်ကျော်၏ ကြီးကြပ်မှု ဖြင့် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန၊ စည်ပင် သာယာရေးအဖွဲ့၊ စိုက်ပျိုး‌ရေးဦးစီးဌာန၊ စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာနတို့ သည် အခြေခံစားကုန်များ ကုန်ဈေးနှုန်းကြီးမြင့်မှု မရှိစေရေးအတွက် ကိုယ်တိုင်စိုက်ပျိုး/မွေးမြူ/ ထုတ်လုပ်သူများနှင့် ပူးပေါင်းကာ စားအုန်းဆီတစ်ပိဿာလျှင် ၅၇၅၀ ကျပ်၊ ဝယ်ယူသည့်ပြည်သူ များ အဆင်ပြေစေရန် ကောင်တာ (၅) ခုခွဲ၍ ဆီ (၆၆၀) ပိဿာ၊ ဆန်တစ် ပြည်လျှင် ၃၀၀၀ ကျပ်၊ ဆန်(၂၄)ပြည် ဝင်အိတ် (၂၀) အိတ်၊  ကြက်ဥ (၄) လုံးတစ်ထုပ်လျှင် ၁၀၀၀ ကျပ်၊ ကြက်ဥ အလုံး(၂၇၀၀)၊ ငုံးဥ ( ၁၆ ) လုံးတစ်ထုပ်လျှင် ၁၀၀၀ ကျပ်၊ အလုံး( ၃၀၀၀ )နှင့် ကြာဇံများ၊ ခေါက်ဆွဲ ခြောက်များ၊ ကုလား ပဲမှုန့်များ၊ ကိတ်စို/ကိတ်ခြောက်များနှင့် ဒေသထွက် ဟင်းသီးဟင်းရွက်သီးနှံ များ ကို ပြင်ပပေါက် ဈေးထက် သက်သာသောဈေးနှုန်းများဖြင့် ရောင်းချပေး ခဲ့ကြောင်းသိရှိရပါသည်။
DOCA(စစ်ကိုင်း)

မတ်လ တတိယပတ် မုံရွာမြို့တွင်ရောင်းချနေသော စက်သုံးဆီဈေးနှုန်းများ

 

          မြန်မာနိုင်ငံစက်သုံးဆီ တင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီမှ တိုင်းဒေသကြီး၊ ပြည်နယ်အလိုက် မြို့ကြီးများ၏ စက်သုံးဆီ ရည်ညွှန်းလက်ကားဈေးနှုန်းများအား နေ့စဉ်ထုတ်ပြန်ပေးလျက်ရှိပါသည်။

         မုံရွာမြိုတွင် စက်သုံးဆီဆိုင် (၂၇) ဆိုင် ပုံမှန်ဖွင့်လှစ်ရောင်းချလျက်ရှိပြီး ဒုတိယပတ်တွင် စက်သုံးဆီဈေးနှုန်းများမှာ ဓါတ်ဆီ(92) တစ်လီတာ လျှင် (၂၇၃၅) ကျပ်၊ ဓါတ်ဆီ (95) တစ်လီတာလျှင် (၂၈၄၅)ကျပ် ၊ ဒီဇယ်(ရိုးရိုး) တစ်လီတာလျှင် (၂၅၀၀) ကျပ်၊ ဒီဇယ်(ပရီမီယမ်) တစ်လီတာလျှင် (၂၅၄၅) ကျပ်ဖြင့် ရောင်းချရှိကြောင်း သိရသည်။

          ယခု မတ်လ တတိယပတ်တွင် စက်သုံးဆီဈေးနှုန်းများမှာ ဓါတ်ဆီ(92) တစ်လီတာ လျှင် (၂၇၈၅) ကျပ်၊ ဓါတ်ဆီ (95) တစ်လီတာလျှင် (၂၉၀၀)ကျပ် ၊ ဒီဇယ်(ရိုးရိုး) တစ်လီတာလျှင် (၂၅၀၀) ကျပ်၊ ဒီဇယ်(ပရီမီယမ်) တစ်လီတာလျှင် (၂၅၄၅) ကျပ်ဖြင့် ရောင်းချနေသောကြောင့် ယခင် မတ်လ ပထမပတ်နှင့် နှိုင်းယှဉ်ပါက ဓါတ်ဆီ(92) တစ်လီတာလျင် (၅၀) ကျပ်၊ ဓါတ်ဆီ(95) တစ်လီတာလျှင် (၅၅) ကျပ် ဈေးနှုန်းအသီသီးမြင့်တက်လျက်ရှိပြီး ဒီဇယ် (ရိုးရိုး)တစ်လီတာနှင့် ဒီဇယ်(ပရီမီယမ်) တစ်လီတာဈေးနှန်း တည်ငြိမ်လျှက်ရှိကြောင်း စက်သုံးဆီဆိုင်များမှ သတင်းရရှိသည်။

DOCA(စစ်ကိုင်း)

 

ပခုက္ကူမြို့ ဘိလပ်‌မြေ၊ ဓာတ်မြေဩဇာနှင့် ပိုးသတ်ဆေးဈေးနှုန်းများ

     မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ပခုက္ကူမြို့တွင် ယခုအချိန်၌ မိုးလေကင်းစင်၍ အဆောက်အဦများ ဆောက်လုပ်ကြသော အချိန်ဖြစ်သောကြောင့် မတ်လ(ဒုတိယပတ်)တွင် ဖေဖေါ် ဝါရီလ(စတုတ္ထပတ်)ထက် ဈေးတက်ပြီး ကြံ့နှစ်ကောင် ဘိလပ်မြေ တစ်အိတ်လျှင် ကျပ်(၁၀၃၀၀)၊ အယ်လဖာဘိလပ်မြေ တစ်အိတ်လျှင် ကျပ်(၁၀၀၀၀)ဈေးဖြင့် အရောင်းအဝယ် ဖြစ်နေကြောင်း သိရှိရသည်။

    ဇန်နဝါရီ၊ ဖေဖေါ်ဝါရီ၊ မတ်လများသည် ပခုက္ကူဒေသထွက် အစေ့ထုတ်ပြောင်း၊ ပဲစဉ်းငုံ၊ ကုလားပဲ၊ ထောပတ်ပဲ၊ ဆောင်းပဲလွန်း၊ ပဲယင်း၊ စွန်တာနီ၊ စားတော်ပဲ၊ ဆောင်းမြေပဲ၊ ဆောင်းနှမ်း၊ ဆောင်းနေကြာ၊ ပန်းနှမ်း၊ အာလူး စသော သီးနှံများ ရိတ်သိမ်းချိန်ဖြစ်သောကြောင့် ဓာတ်မြေဩဇာ ဈေးနှုန်းမှာ ယခင်လဈေးအတိုင်း တည်ငြိမ်နေသည်ကို တွေ့ရှိရပါသည်။

    အရောင်းအဝယ်ဖြစ်နေသော ဓာတ်မြေဩဇာ ဈေးနှုန်းများမှာ အာမိုယူရီးယား (50)kgပါ တစ်အိတ်လျှင် ကျပ်(၈၃၀၀၀)၊ ဩဘာ ယူရီးယား(50)kgပါ တစ်အိတ်လျှင် ကျပ်(၈၃၀၀၀)၊ ရွှေနဂါး ယူရီးယား တစ်အိတ်လျှင် ကျပ်(၈၀၀၀၀)၊ တရုတ်တီစူပါသံကွင်း (50)kgပါ တစ်အိတ်လျှင် ကျပ်(၁၂၂၀၀၀)၊ တရုတ်ပုလဲရွှေတောင် (50)kgပါ  တစ်အိတ်လျှင် ကျပ်(၈၃၀၀၀)၊ မြန်မာဩဘာ ရွှေကောမက် (50)kg ပါ တစ်အိတ်လျှင် ကျပ်(၁၂၅၀၀၀)၊ အာမို ကွန်ပေါင်း (50)kg ပါ တစ်အိတ်လျှင် ကျပ်(၁၆၅၀၀၀)၊ ဩဘာကွန်ပေါင်း (50)kg ပါ တစ်အိတ်လျှင် ကျပ်(၁၅၅၀၀၀)၊ ကောမက်ကွန်ပေါင်း ၁၅း၁၅း၁၅ (50kg)ပါ တစ်အိတ်လျှင် ကျပ်(၁၅၅၀၀၀)၊ တရုတ်အာမို ၁၆း၁၆း၁၆ (50kg)ပါ တစ်အိတ်လျှင် ကျပ်(၁၄၅၀၀၀)ဖြင့် ဈေးနှုန်းတည်ငြိမ်နေသည်ကို တွေ့ရှိ ရပါသည်။

     သီးနှံစိုက်ပျိုးချိန်နှင့် ရိတ်သိမ်းချိန်များတွင် ပိုးမကျအောင် လုပ်ဆောင်ရသောကြောင့် ယခု မတ်လ (ဒုတိယပတ်)တွင် လည်း ဖေဖေါ်ဝါရီလ(စတုတ္ထပတ်)ဈေးနှုန်းများအတိုင်း တည်ငြိမ်နေ သည်ကို တွေ့ရှိရပါသည်။ အာမိုမက်နီဖော့(500)cc တစ်ဘူးလျှင် ကျပ်(၂၈၅၀၀)၊ အာမိုစတား (၁)လီတာ တစ်ဘူးလျှင် ကျပ်(၅၀၀၀၀)၊ အာမိုအီမာ(၁) လီတာဘူး တစ်ဘူးလျှင်ကျပ်(၄၁၀၀၀)၊ ဂျက်ကက် မင်းမဟော်(၁၀၀)cc တစ်ဘူးလျှင် ကျပ်(၁၀၅၀၀)၊ ဩဘာပို့စ်(၂၅၀)cc ဘူးတစ်ဘူးလျှင် ကျပ်(၁၁၅၀၀)၊ ဩဘာအဆီဖိတ် (500)gပါ တစ်ထုပ်လျှင် ကျပ်(၂၂၅၀၀)၊ ဩဘာငှက်ကြီးတောင် (၁၀၀)cc တစ်ဘူးလျှင် ကျပ်(၁၇၈၀၀)၊ ဩဘာငှက်ကြီးတောင်(၂၅၀)cc တစ်ဘူးလျှင်ကျပ်(၄၂၅၀၀)၊ မင်းမဟော်ဖော်ယူဘိုး (500)cc တစ်ဘူးလျှင် ကျပ်(၃၄၀၀၀)၊ မင်းမဟော်ဖော်ယူဘိုး (250)cc တစ်ဘူးလျှင် ကျပ်(၁၉၀၀၀) အသီးသီးရှိပြီး ပိုးသတ်ဆေးများ ပို၍ အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရှိရပါသည်။

     ယခင်လနှင့်နှိုင်းယှဉ်လျှင် ယခု မတ်လ(ဒုတိယပတ်)တွင် ဓာတ်မြေဩဇာနှင့် ပိုးသတ်ဆေး ဈေးနှုန်းများ တည်ငြိမ်နေသည်ကိုတွေ့ရှိရပြီး  အရောင်းအဝယ်ပုံမှန်ဖြစ်လျက်ရှိကြောင်း လုပ်ငန်းရှင်များထံမှ သိရှိရပါသည်။

DOCA(မကွေး)

ဆိပ်ဖြူမြို့ပတ္တမြားဈေးတွင် အရောင်းအဝယ်ဖြစ်လျက်ရှိသော အခြေခံစားကုန်ဈေးနှုန်းများ

      မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ဆိပ်ဖြူမြို့ အနောက်ပိုင်းရပ်ကွက်ရှိ ပတ္တမြားဈေး တွင် ရွာသစ်၊ ကိုးတောင့်၊ ရေလယ် ကျွန်း၊ ချင်တောင်၊ အောက်ဆိပ်၊ သံဇလုံ၊ ဂွေးပင်၊ ချောင်း မကျည်း၊ တူရွင်းမျောကျေးရွာအတွင်းမှ စိုက်ပျိုးထွက်ရှိသော ကုန်စိမ်းသီးနှံများနှင့် ဆင်ဖြူကျွန်း၊ စလင်း၊ ကျောက်ပန်းတောင်း၊ ပုပ္ပါးဒေသထွက်သီးနှံများ နေ့စဉ်ဝင်ရောက်အရောင်းအဝယ်ဖြစ်လျက် ရှိသည်။

       ဆိပ်ဖြူမြို့ ပတ္တမြားဈေး၌ ၂၀၂၄ခုနှစ်၊ မတ်လ(တတိယပတ်)အတွင်း ခရမ်းချဉ်သီး(ထိုင်ဝမ်) တစ်ပိဿာလျှင် ကျပ်(၄၀၀ - ၅၀၀)၊ ခရမ်းချဉ်သီး(ဗမာ) တစ်ပိဿာလျှင် ကျပ်(၇၀၀ - ၈၀၀)၊ ခရမ်းသီး တစ်ပိဿာလျှင် ကျပ်(၅၀၀ - ၈၀၀)၊ အာလူးတစ်ပိဿာလျှင် ကျပ် (၁၅၀၀ - ၂၅၀၀)၊ ကြက်သွန်နီ တစ်ပိဿာလျှင် ကျပ်(၂၅၀၀ - ၃၀၀၀)၊ ငရုတ်သီးစိမ်း တစ်ပိဿာလျှင် ကျပ်(၁၅၀၀ - ၂၀၀၀)၊ ငရုတ်သီးခြောက် တစ်ပိဿာလျှင် ကျပ်(၉၀၀၀ - ၁၂၀၀၀)၊ ကုလားပဲခြမ်း တစ်ပိဿာလျှင် ကျပ်(၇၅၀၀ - ၇၈၀၀)၊ ပန်းဂေါ်ဖီမှာ အပွင့်အရွယ်အစားလိုက်၍ တစ်ပွင့်လျှင် ကျပ်(၅၀၀ - ၈၀၀ - ၁၀၀၀)၊ ဂေါ်ဖီတစ်ထုပ် လျှင် ကျပ်(၅၀၀ - ၇၀၀ - ၈၀၀)၊  ချဉ်ပေါင် တစ်စည်းလျှင် ကျပ်(၁၅၀ - ၂၀၀)၊ မုန်လာဥနီ တစ်ပိဿာလျှင် ကျပ်(၂၅၀၀)၊ မုန်လာဥဖြူ တစ်ဥလျှင် ကျပ်(၁၀၀)၊ သကြားပြောင်းဖူးချို တစ်ဖူး လျှင် ကျပ်(၃၀၀ - ၃၅၀)၊ ကန်စွန်းဥ တစ်ပိဿာလျှင် ကျပ်(၇၀၀ - ၁၀၀၀ - ၁၃၀၀)၊ မြေပဲလုံးဆံ တစ်ပြည်လျှင် ကျပ်(၇၅၀၀)၊ ကြက်ဥ တစ်လုံးလျှင် ကျပ်(၂၃၀ - ၂၇၀)၊ ကြက်သား(CP) တစ်ပိဿာ လျှင် ကျပ် (၁၀၀၀၀ - ၁၂၀၀၀)၊ ကြက်သား(ဗမာ)တစ်ပိဿာလျှင် ကျပ် (၁၈၀၀၀)၊ ဝက်သားတစ်ပိဿာလျှင် ကျပ်(၁၈၀၀၀)၊ အမဲသားတစ်ပိဿာလျှင် ကျပ်(၁၆၀၀၀)၊ ဆိတ်သားတစ်ပိဿာလျှင် ကျပ်(၂၀၀၀၀)၊ ပဲစက်ဆီ တစ်ပိဿာလျှင် ကျပ်(၁၄၀၀၀-၁၄၅၀၀)၊ နှမ်းစက်ဆီ တစ်ပိဿာလျှင် ကျပ်(၁၄၅၀၀)၊ ရွှေဘိုပေါ်ဆန်းအဟောင်း(၂၄)ပြည် တစ်အိတ်လျှင် ကျပ် (၁၈၀၀၀၀)၊ ရွှေဘို ပေါ်ဆန်းအသစ် တစ်အိတ်လျှင် ကျပ်(၁၆၈၀၀၀)၊ ဧရာပဒေသာ ဆင်ဖြူကျွန်း (၂၄)ပြည်တစ်အိတ်လျှင် ကျပ်(၁၇၀၀၀၀)၊ (ဆင်ဖြူကျွန်း) မနောသုခအဟောင်း (၂၄) ပြည်တစ်အိတ်လျှင်ကျပ် (၁၃၃၀၀၀)၊ (ဆင်ဖြူကျွန်း) မနောသုခအသစ် (၂၄)ပြည် တစ်အိတ်လျှင် ကျပ်(၁၁၀၀၀၀)၊ မနောသုခဆန် (အောက်) (၂၄)ပြည်တစ်အိတ်လျှင် ကျပ်(၁၀၀၀၀၀)၊ ဒို့ရွှေအိုး ဆင်ဖြူကျွန်း(အဟောင်း) (၂၄)ပြည် တစ်အိတ်လျှင် ကျပ်(၁၆၅၀၀၀)၊ ဒို့ရွှေအိုး ဆင်ဖြူကျွန်း (အသစ်)(၂၄)ပြည် တစ်အိတ်လျှင် ကျပ် (၁၅၅၀၀၀)၊ မြောင်းမြရာပြည့်ဖန်သီး ဆန်အဟောင်း (၂၄)ပြည် တစ်အိတ်လျှင် ကျပ်(၁၀၀၀၀၀)၊ ကောက်ညှင်းဆန်အသစ်တစ်ပြည်လျှင် ကျပ်(၆၀၀၀)၊ ငချိတ်ဆန်တစ်ပြည်လျှင် ကျပ်(၇၅၀၀) ဈေးနှုန်းအသီးသီးဖြင့် အရောင်းအဝယ်ဖြစ်ကြောင်း သိရှိရပါ သည်။

      ကုန်စိမ်းသီးနှံများမှာ ဒေသတွင်း သီးနှံများ ရာသီကုန်ချိန်နီးလာ၍ တစ်ဖြည်းဖြည်း အထွက်နှုန်း လျော့နည်းသွားခြင်းကြောင့် ယခင် ဖေဖော်ဝါရီ(တတိယပတ်)နှင့် ဈေးနှုန်းနှိုင်းယှဉ် ရမည်ဆိုလျှင် ဆိပ်ဖြူမြို့နယ်အတွင်းရှိ ကုန်စိမ်းသီးနှံ စိုက်ပျိုးတောင်သူများမှ သီးနှံအထွက်နှုန်း လျော့နည်းသွား၍ ကုန်စိမ်းသီးနှံဈေးကွက်သို့ ခရမ်းချဉ်သီး၊ ခရမ်းသီး၊ မုန်လာပွင့်၊ ငရုတ်သီးစိမ်း၊ ချဉ်ပေါင်ရွက်များ ဈေးအနည်းငယ်တက်၍ အရောင်းအဝယ်ဖြစ်ပြီး အာလူး၊ ကြက်သွန်၊ ကန်စွန်းဥ သီးနှံများမှာ ဈေးကျဆင်း၍ အရောင်းအဝယ်ဖြစ်လျက်ရှိပြီး ရွှေဘိုပေါ်ဆန်းဆန်နှင့် ဧရာပဒေသာ /ဒို့ရွှေအိုး(ဆင်ဖြူကျွန်း)ဆန်များ ဈေးအနည်းငယ်မြင့်တက် အရောင်းအဝယ်ဖြစ်ပြီး စားသုံးဆီနှင့် အသားငါးဈေးနှုန်းများမှာ  ဈေးငြိမ်၍ အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း ဆိပ်ဖြူမြို့ ပတ္တမြားဈေးအတွင်းရှိ အခြေခံစားသောက်ကုန်မျိုးစုံရောင်းဝယ်ရေး  လုပ်ငန်းရှင်များထံမှ သိရှိရပါသည်။

DOCA(မကွေး)

                            

ဆိပ်ဖြူမြို့နယ်၌ မြေနုကျွန်းစိုက်တောင်သူများ မြေပဲဈေးကွက်ကောင်း၍ အကျိုးအမြတ်ရရှိနေ

       မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ဆိပ်ဖြူမြို့နယ်အတွင်းရှိ ဒေသခံတောင်သူများသည် ဆီထွက်သီးနှံမြေပဲကို (မိုးနှင့်ဆောင်း)   နှစ်ရာသီနှစ်စဉ်စိုက်ပျိုးပြီး ဆောင်းသီးနှံမြေပဲကို ဧရာဝတီမြစ် ကြောင်းတစ်လျှောက်ကမ်းဘေးရှိ ဆိပ်ဖြူမြို့၊ ရွာသစ်- အနောက်ပိုင်း၊ အလယ်ပိုင်းရပ်ကွက်များနှင့် ကိုးထောင့်၊ ချင်တောင်၊ အောက်ဆိပ်၊ မြင်ကဝ၊ ကမ္ဘာကြီး အုပ်စုများအတွင်းရှိ ကျေးရွာများတွင် မြေပဲစိုက်ဧက (၃၀၀၀)ခန့်၊ ကိုင်းမြေနုကျွန်းများတွင် စိုက်ပျိုးပြီး အောက်တိုဘာလ(၁၅)ရက်မှ နိုဝင်ဘာလကုန်အထိ စိုက်ပျိုးပြီး ဖေဖော်ဝါရီလ လဆန်းပိုင်းမှ မတ်လအထိ မြေပဲသီးနှံကို တူးဖော် နုတ်သိမ်းကြောင်း၊ စိုက်ပျိုးရာတွင် (၃)လပဲ မြေပဲတောင့်အသေးအဆံအဖြူ(S1)မျိုးကို စိုက်ပျိုး ကြောင်း၊ ယခုနှစ်တွင် ကိုင်းကျွန်းမြေစိုက်ခင်းများအတွင်း မြစ်ရေဝင်နစ်မြုပ်ပြီး သဲနုန်းမြေများ တင်မှုများပြီး ရာသီဥတုကောင်းမွန်ခြင်းကြောင့် တစ်ဧကမြေပဲအထွက်တင်း(၅၀)ခန့်၊ မြေပဲဆံ (၂၂၅) ပြည်ခန့် ထွက်ရှိကြောင်း၊ စိုက်တောင်သူများသည် ထွက်ရှိသောမြေပဲသီးနှံများကို အတောင့် အခြောက် ရောင်းချမှုနည်းပြီး၊ မြေပဲတောင့်ကို ထုခွဲပြီး မြေပဲဆံများကိုသာ ရောင်းချမှုများကြောင်း သိရှိရသည်။

      ယခုနှစ်ဒေသတွင်းသီးနှံပေါ်ချိန်တွင် မြေပဲဆံဈေးကွက်အနေဖြင့် အဆံတစ်ပြည်လျှင် ဒေသတွင်းပေါက်ဈေး လုံးဆံတစ်ပြည်ကျပ်(၆၇၀၀)ပေါက်ဈေးရှိ၍ တစ်ဧကဝင်ငွေမှာ ကျပ်(၁၅၀၇၅၀၀) ရရှိပြီး စိုက်ပျိုးကုန်ကျစရိတ်အနေဖြင့် ငွေကျပ်(၆၀၀၀၀၀)ဝန်းကျင်ခန့် ကုန်ကျ၍ ကျပ်(၉၀၇၀၀၀) ခန့် အကျိုးအမြတ်ရရှိကြောင်း ဒေသခံတောင်သူများထံမှ သိရှိရသည်။

    ဆီထွက်သီးနှံမြေပဲသည် ပြည်တွင်းစားသုံးမှုအတွက် ဆီကြိတ်ခွဲထုတ်လုပ် ရောင်းဝယ် လျက်ရှိသော ဆီစက်လုပ်ငန်းရှင်များနှင့် အသင့်စား စားသောက်ကုန်အမျိုးမျိုးထုတ်လုပ်လျက်ရှိ သော လုပ်ငန်းရှင်များမှ ဝယ်ယူသိုလှောင်မှုများသည့်အပြင် ပြည်ပပို့ကုန်ပဲတစ်မျိုးဖြစ်၍ တရုတ် နိုင်ငံသို့ ပြည်တွင်းမှ အများဆုံးတင်သွင်းလျက်ရှိခြင်းကြောင့် ပြည်တွင်းဈေးကွက် ခိုင်မာမှုရှိ၍ ဒေသခံစိုက်တောင်သူများသည် ကိုင်းကျွန်းမြေနုစိုက်ခင်းများတွင် ဈေးကွက်ကောင်းသည့် မြေပဲသီးနှံ ကိုရွေးချယ်၍ စိုက်ပျိုးမှုများကြောင်း၊ ယခုနှစ် ဒေသတွင်းသီးနှံပေါ်ချိန် မြေပဲဈေးကွက် ယခင်နှစ် ထက် ကျဆင်းခြင်းမရှိဘဲ ဈေးနှုန်းဈေးကွက်ကောင်းပြီး ရောင်းလိုအားဝယ်လိုအားကောင်းခြင်း ကြောင့် စိုက်တောင်သူများအကျိုးအမြတ်ရရှိကြောင်း ဒေသခံတောင်သူများထံမှ သိရှိရပါသည်။

DOCA(မကွေး)

အောင်လံကုန်စည်ဒိုင်၏ သီးနှံမျိုးစုံဈေးနှုန်းများနှင့် အရောင်းအဝယ်ဖြစ်မှုအခြေအနေ

     မကွေးတိုင်းဒေသကြီး၊ အောင်လံမြို့၊ အောင်လံကုန်စည်ဒိုင်တွင် ၂၀၂၄ခုနှစ်၊ မတ်လ (ဒုတိယပတ်)အတွင်း လယ်ယာထွက်ကုန် သီးနှံမျိုးစုံဖြစ်သည့် နှမ်းနှင့်ပဲမျိုးစုံ သီးနှံများ ပုံမှန်အရောင်းအဝယ် ဖြစ်လျက်ရှိရာ နှမ်းနက်(စမုံ) (၄၅)ပိဿာပါ(၁)အိတ်လျှင် ကျပ်(၃၅၀၀၀၀-၃၈၀၀၀၀)ဖြင့် အိတ်(၇၅၀)ကို လည်းကောင်း၊ နှမ်းပြာ(၄၅)ပိဿာပါ (၁)အိတ်လျှင် ကျပ်(၃၄၀၀၀၀)ဖြင့် အိတ်(၁၈၀)ကိုလည်းကောင်း၊ နှမ်းနီ(၄၅) ပိဿာပါ (၁)အိတ်လျှင် ကျပ်(၃၄၀၀၀၀)ဖြင့် အိတ်(၁၉၀)ကိုလည်း ကောင်း၊ နှမ်းဖြူ(၄၅) ပိဿာပါ (၁)အိတ်လျှင် ကျပ်(၃၅၀၀၀၀)ဖြင့် အိတ်(၇၀)ကိုလည်းကောင်း နှမ်းသီးနှံဈေးနှုန်းများ ပြောင်းလဲခြင်း မရှိပဲ ခပ်ပါးပါးမျှသာ အရောင်းအဝယ်ဖြစ်လျက်ရှိပြီး ကုလားပဲ (HL) (၁)တင်းလျှင် ကျပ်(၈၈၀၀၀-၉၂၀၀၀)ဖြင့် (၃၀)ပိဿာပါ အိတ်(၃၅၀)အိတ်ကိုလည်းကောင်း၊ ကုလားပဲ(မြကြေး) (၁)တင်းလျှင် ကျပ်(၉၂၀၀၀-၉၅၀၀၀)ဖြင့် (၃၀)ပိဿာပါအိတ် (၁၈၀)အိတ်ကို လည်းကောင်း၊ မတ်ပဲ (၁)တင်းလျှင် ကျပ်(၉၄၀၀၀-၉၆၀၀၀)ဖြင့် (၃၀)ပိဿာပါ အိတ်(၂၅၀)အိတ်ကို လည်းကောင်း၊ ပဲစဉ်းငုံနီ (၁)တင်းလျှင် ကျပ်(၁၂၂၂၀၀-၁၂၅၀၀၀)ဖြင့် (၃၀)ပိဿာပါ အိတ်(၂၀၀၀) အိတ်ကိုလည်းကောင်း၊ ဘိုကိတ်ပြာ (၁)တင်းလျှင် ကျပ်(၆၆၀၀၀-၆၇၀၀၀)ဖြင့် (၃၀)ပိဿာပါ အိတ်(၁၀၀)အိတ်ကို လည်းကောင်း၊ ပဲတီစိမ်း (ဆောင်း) (၁)တင်းလျှင် ကျပ်(၆၈၀၀၀)ဖြင့် (၃၀)ပိဿာပါ အိတ်(၇၀၀) အိတ်ကိုလည်းကောင်း၊ ပဲတီ စိမ်း(မိုး) (၁)တင်းလျှင် ကျပ်(၅၈၀၀၀)ဖြင့် (၃၀)ပိဿာပါ အိတ် (၂၀၀)အိတ်ကို လည်းကောင်း၊ ပဲကြီး(၁) တင်းလျှင် ကျပ်(၉၅၀၀၀-၁၀၅၀၀၀)ဖြင့် (၃၀)ပိဿာပါ အိတ် (၃၂၀) အိတ်ကိုလည်းကောင်း၊ မြေပဲ လုံးဆံ(ဖြူ)(၁)ပိဿာလျှင် ကျပ်(၆၅၀၀-၆၆၀၀)ဖြင့် (၃၀) ပိဿာဝင် အိတ်(၃၅၀)အိတ်ကို လည်း ကောင်း၊ မြေပဲလုံးဆံ(နီ) (၁)ပိဿာလျှင် ကျပ်(၆၉၀၀-၈၀၀၀) ဖြင့် (၃၀)ပိဿာဝင် အိတ်(၉၀)အိတ် ကိုလည်းကောင်း၊ မြေပဲတောင့်အစို (၁)တင်းလျှင် ကျပ် (၂၇၀၀၀-၂၈၀၀၀)ဖြင့် (၃၀၀၀)တင်း ကိုလည်းကောင်း၊ ဝါ(၁)ပိဿာလျှင် ကျပ်(၃၁၀၀-၃၃၀၀) ဈေးနှုန်းဖြင့် ပိဿာ(၁၂၀၀၀) အသီးသီး အရောင်းအဝယ်ရှိခဲ့ပါသည်။

    ပဲကြီး၊ ကုလားပဲသီးနှံတို့မှာ သီးနှံအသစ်ထွက်ရှိ လျက်ရှိသော်လည်း တောင်သူများမှ အတက် ဈေးနှုန်း စောင့်ကြည့်နေခြင်းဖြစ်၍ အရောင်းအဝယ် အနည်းအပါးမျှသာဖြစ်ပြီး ပဲမျိုးစုံသီးနှံမှာ လည်း မတ်လ(ပထမပတ်)နှင့်နှိုင်းယှဉ်လျှင် ဈေးနှုန်းအတက်အကျအနည်းငယ်ရှိနေပါသဖြင့် အရောင်း အဝယ် ခပ်ပါးပါးမျှသာ ရှိပါကြောင်း  ပဲတီစိမ်း၊ မတ်ပဲ၊ ဘိုကိတ်ပြာ၊ ပဲစဉ်းငုံနီနှင့် ဝါသီးနှံတို့ကို ရန်ကုန် မြို့သို့လည်းကောင်း၊ နှမ်းနက်စမုံ၊ နှမ်းပြာ၊ နှမ်းဖြူ တို့ကို မန္တလေးမြို့သို့ လည်းကောင်း၊ နှမ်းနီကို အောင်လံမြို့နယ်တွင်းရှိ ဆီစက်လုပ်ငန်းရှင်များသို့ လည်းကောင်း၊ ကုလားပဲနှင့် ပဲကြီးတို့ကို အောင်လံမြို့နယ်တွင်းရှိ ကုလားပဲခွဲစက်များသို့ ပေးပို့ရောင်းချရပါကြောင်း၊ မြေပဲလုံးဆံနီနှင့် မြေပဲ လုံးဆံဖြူတို့ကို အောင်လံနှင့် သရက်မြို့နယ်ရှိ ပဲကြော်လုပ်ငန်းရှင်များသို့ ပေးပို့ရောင်းချလျက် ရှိပါကြောင်း အောင်လံကုန်စည်ဒိုင်မှ သိရှိရပါသည်။

DOCA(မကွေး)

 

 

မကွေးမြို့၊ ရန်ပယ်စျေးတွင် ပုဇွန်ခြောက်၊ ငါးခြောက်စျေးနှုန်းများ အနည်းငယ်မြင့်တက်

     မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မကွေးမြို့ရန်ပယ်စျေး၌ ဒဟက်ကန်ကျေးရွာ၊ ကန်ပြား၊ ကန်လှ၊ ထုံးပေါက်တော၊ နွားကူး၊ သန်းတောကုန်း၊ ဆားတိုင်ကန်၊ မကျီးကန်ကျေးရွာတို့မှ ပုဇွန်ခြောက် နှင့်ငါးခြောက်များကိုလာရောက်ရောင်းဝယ်ဖောက်ကားလျက်ရှိကြောင်း သိရှိရပါသည်။

   ၂၀၂၄ခုနှစ်၊ မတ်လ (ဒုတိယပတ်)တွင် ရောင်းချလျက်ရှိသော ရေထွက်ပစ္စည်းဈေးနှုန်းများမှာ ပုဇွန်ခြောက်ကြီး(၁)ပိဿာလျှင် ကျပ်(၆၅၀၀၀-၇၅၀၀၀)၊ ငါးကြီးခြောက်(၁)ပိဿာလျှင် ကျပ် (၇၈၀၀၀-၈၀၀၀၀)၊ ငါးဖောင်ရိုးခြောက်၏(၁) ပိဿာလျှင် ကျပ်(၂၈၀၀၀-၃၂၀၀၀-၄၅၀၀၀)၊ ငါးရံ့‌ ‌ခြောက် (၁) ပိဿာလျှင် ကျပ်(၄၅၀၀၀-၅၅၀၀၀)၊ ငါးရံ့လုံး(၁) ပိဿာလျှင် ကျပ်(၄၂၀၀၀-၄၅၀၀၀)၊ ငါးအုံးမဲ(၁) ပိဿာလျှင် ကျပ်(၁၄၅၀၀)၊ ငါးတံခွန် (၁) ပိဿာလျှင် ကျပ်(၁၈၀၀၀-၂၀၀၀၀) ဈေးနှုန်း တို့ဖြင့် ရောင်းချလျှက်ရှိပြီး ယခင်(ပထမပတ်)နှင့်နှိုင်းယှဉ်ပါက ယခုအပတ်တွင် ပုဇွန်ခြောက်ကြီး(၁) ပိဿာလျှင် ကျပ်(၁၀၀၀)၊ ငါးကြီးခြောက်(၁)ပိဿာလျှင် ကျပ်(၂၀၀၀)၊ ငါးဖောင်ရိုး(၁) ပိဿာလျှင် ကျပ်(၃၀၀၀)၊ ငါးရံ့ခြောက်(၁)ပိဿာလျှင် ကျပ်(၂၀၀၀)၊ ငါးရံ့လုံး(၁)ပိဿာလျှင် ကျပ်(၂၀၀၀)၊ ငါးအုံးမဲ(၁)ပိဿာလျှင် ကျပ်(၁၀၀၀)စသည်ဖြင့် ဈေးနှုန်းအသီးသီးမြင့်တက်ပြီး သယ်ယူစရိတ် မြင့်မားခြင်းကြောင့်ဖြစ်ကြောင်းနှင့် အကောင်အကြီးအသေးပေါ်မူတည်၍ ဈေးနှုန်းများကွာခြား လျက်ရှိကြောင်း သိရှိရပါသည်။

 DOCA(မကွေး)

 

 

မကွေးမြို့၊ မြို့မစျေးအတွင်းရောင်းချနေသော အိမ်သုံးဆေးဝါးစျေးနှုန်းအခြေအနေ

     မကွေးတိုင်းဒေသကြီး၊ မကွေးမြို့နယ်၊ မြို့မစျေးအတွင်းရှိ အိမ်သုံးဆေးဝါးရောင်းချသော ဆေးဆိုင်များတွင် ဆောင်းအကုန်နွေအကူး ရာသီဥတုအပြောင်းအလဲများကြောင့် ဖျားနာကိုက်ခဲ ပျောက်ဆေး၊ ချောင်းဆိုးပျောက်ဆေးနှင့် နှာစေးပျောက်ဆေးတို့မှာ အများအပြားဝယ်ယူသုံးစွဲလျက်ရှိကြောင်း ဆေးဆိုင်များမှ သိရှိရပါသည်။

   ၂၀၂၄ခုနှစ်၊ မတ်လ(ဒုတိယပတ်)တွင် မြို့မဈေးအတွင်း အများအပြား ဝယ်ယူသုံးစွဲ လျက်ရှိသော အိမ်သုံးဆေးဝါးများမှာ ဖျားနာကိုက်ခဲပျောက်ဆေးများဖြစ်သော Paracetamol (၁၀)လုံးပါ (၁)ကတ်လျှင် ကျပ် (၃၀၀)၊ Asprin Tablet 80 mg (၂၀)လုံးပါ (၁)ကတ်လျှင် ကျပ် (၄၀၀)၊ ချောင်းဆိုးပျောက်ဆေးများဖြစ် သော Dextrometorphal Tablet 15 mg (၁၀)လုံးပါ (၁)ကတ်လျှင် ကျပ် (၈၅၀)၊ Bromhexine HCL Tablet 8 mg (၁၀)လုံးပါ (၁)ကတ်လျှင် ကျပ် (၃၀၀)၊ Acetyluysteine (၁၀)လုံးပါ (၁)ကတ်လျှင် ကျပ် (၂၆၅၀)၊ Cough Syrup (၁)ဘူးလျှင် ကျပ် (၁၂၀၀)နှင့် နှာစေးပျောက်ဆေးများဖြစ်‌သော Cetrizine Tablet 10 mg (၁၀)လုံးပါ (၁)ကတ်လျှင် ကျပ် (၁၅၀)၊ Levo Cetirizine Tablet 10 mg (၁၀)လုံးပါ (၁)ကတ်လျှင် ကျပ် (၈၀၀)၊ Amoxicllin+Clavulinic Acid Tablet 375/625 mg (၁၀)လုံးပါ (၁)ကတ်လျှင် ကျပ် (၄၄၅၀)ဖြင့် ရောင်းချပြီး မတ်လ(တတိယပတ်)တွင် Paracetamol (၁၀)လုံးပါ (၁)ကတ်လျှင် ကျပ် (၃၅၀)နှုန်းဖြင့် (၁)ကတ်လျှင် ကျပ်(၅၀)စျေးတက်လျှက်ရှိပြီး Levo Cetirizine Tablet 10 mg (၁၀)လုံးပါ (၁)ကတ်လျှင် ကျပ် (၆၅၀)နှုန်းဖြင့် ကျပ်(၁၅၀)စျေးနှုန်းကျဆင်း၍  အခြားဆေးစျေးနှုန်းများမှာ မတ်လ (ပထမပတ်)တွင် ဖြစ်ပေါ်ခဲ့သော ဆေးစျေးနှုန်းများအတိုင်း ပြောင်းလဲမှုမရှိကြောင်း အိမ်သုံးဆေးဝါးအရောင်းဆိုင်များမှ လေ့လာသိရှိရပါသည်။

DOCA(မကွေး)

 

မကွေးမြို့၊ ရန်ပယ်စျေးအတွင်း ရောင်းချလျက်ရှိသော ကုန်စျေးနှုန်းအခြေအနေ

      မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မကွေးမြို့၊ ရန်ပယ်စျေးတွင် မြို့ပေါ်ရှိစျေးသည်များနှင့် ပတ်ဝန်းကျင် ကျေးရွာများဖြစ်သော ဒဟတ်ကန်၊ ကန်ပြား၊ ကန်လှ၊ ထုံးပေါက်တော၊ နွားကူး၊ သန်းတောကုန်း၊ ဆားတိုင်ကန်၊ မကျီးကန်ကျေးရွာတို့မှ အခြေခံစားသောက်ကုန်များ ရောင်းဝယ် ဖောက်ကားလျက် ရှိကြပါသည်။

     ၂၀၂၄ခုနှစ်၊ မတ်လ(ဒုတိယပတ်)တွင် မကွေးမြို့၊ ရန်ပယ်စျေး၌ ရောင်းချလျက်ရှိသော ကုန် စျေးနှုန်းများမှာ ခရမ်းချဉ်သီး (၁)ပိဿာလျှင် ကျပ်(၂၅၀)၊ ကြက်သွန်နီ (၁)ပိဿာလျှင် ကျပ်(၂၅၀၀-၃၀၀၀)၊ ကြက်သွန်ဖြူ(ဗမာ) (၁)ပိဿာလျှင် ကျပ် (၁၈၀၀၀-၂၀၀၀၀)၊ အာလူး(၁)ပိဿာလျှင် ကျပ် (၃၀၀၀)၊ ငြုပ်သီးခြောက် (၁)ပိဿာလျှင် ကျပ် (၁၃၀၀၀)၊ ကြက်သား (CP) (၁)ပိဿာလျှင် ကျပ် (၁၂၀၀၀-၁၈၀၀၀)၊ ငါးကြင်း(၁)ပိဿာလျှင် ကျပ် (၁၁၀၀၀)၊ ဝက်သား (၁)ပိဿာလျှင် ကျပ် (၁၄၀၀၀-၁၈၀၀၀)၊ အမဲသား(၁)ပိဿာလျှင် ကျပ် (၁၄၀၀၀)၊ ဆိတ်သား (၁)ပိဿာလျှင် ကျပ် (၁၆၀၀၀-၂၀၀၀၀)၊ ကြက်ဥ(၁၀)လုံးလျှင် ကျပ်(၂၂၀၀-၂၃၀၀)၊ ဘဲဥ(၁၀)လုံးလျှင် ကျပ်(၃၂၀၀-၃၅၀၀)စျေးနှုန်းတို့ဖြင့် ရောင်းချလျက်ရှိပြီး ယခင်(ပထမပတ်)နှင့်နှိုင်းယှဉ်ပါက ယခုအပတ်တွင် ခရမ်းချဉ်သီး (၁)ပိဿာလျှင် ကျပ်(၂၅၀)၊ ကြက်သွန်နီ (၁)ပိဿာလျှင် ကျပ်(၅၀၀)၊ ကြက်သား (CP) (၁)ပိဿာလျှင် ကျပ်(၂၀၀၀)၊ ကြက်ဥ(၁၀)လုံးလျှင် ကျပ်(၂၀၀)၊ ဘဲဥ(၁၀)လုံးလျှင်ကျပ်(၃၀၀-၅၀၀)စသည်ဖြင့် စျေးနှုန်းအသီးသီး မြင့်တက်လျက်ရှိကြောင်း သိရှိရပါသည်။

DOCA(မကွေး)

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း