ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

ကျွန်းလှမြို့တွင် ရောင်းချနေသော မုန့်ညှင်းချဉ် ဈေးနှုန်း

           စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့တွင် ဒေသထွက် အရန်ဟင်းဖြစ်သည့် လက်လုပ်ချဉ်အမျိုးမျိုးကို ရောင်းချပြီး မိသားစု စားဝတ်နေရေးအတွက် ဝင်ငွေရှာသည့်လုပ်ငန်းကို လုပ်ကိုင်လျက်ရှိရာ ရာသီစာဖြစ်သည့် မုန့်ညှင်းချဉ်လုပ်ငန်းကို လုပ်ကိုင်ရောင်းချလျက်ရှိကြောင်း သိရပါသည်။

            ကျွန်းလှမြို့ သစ်ရာမြိုင်ဈေးမှာ နှစ်ပေါင်းများစွာ အချဉ်မျိုးစုံဖြစ်သည့် ပဲတီချဉ်၊ မုန့်ညှင်းချဉ်၊ သရက်ချဉ်၊ မုံလာချဉ်၊ သရက်သီးကုလာတည်ချဉ်၊ နှမ်းပတ်ချဉ်နှင့် သံပုရာချဉ်တို့ကို လုပ်ကိုင်ရောင်းချ လျက်ရှိရာ မုန့်ညှင်းချဉ်သည်လည်း တစ်ခုအပါအဝင်ဖြစ်ပါသည်။ မုန့်ညှင်းချဉ်ကို စားသုံးသူများမှ အရန် ဟင်းတစ်မျိုးအဖြစ် အသုံးပြုသည့်အပြင် မုန့်တီ၊ မုန့်ဟင်းခါး၊ ရေစိမ်ဆိုင်များနှင့် ထမင်းဆိုင်များတွင် အသုံးပြုသည့်အတွက် ရောင်းကောင်းလျက်ရှိကြောင်း သိရသည်။

၂၀၂၅ ခုနှစ်၊ ဇူလိုင်လ ပထမပတ်တွင်  မုန့်ညှင်းချဉ် ဈေးနှုန်းအနေဖြင့် မုန့်ညှင်းချဉ် လက္ကား တစ်ပိဿာလျှင်(၂၇၀၀)ကျပ်၊ မုံညှင်းချဉ် လက်လီ တစ်ပိဿာလျှင်(၃၀၀)ကျပ်၊ (၅၀)ကျပ်သားလျှင် (၁၅၀၀)ကျပ်၊ (၂၅)ကျပ်သားလျှင်(၈၀၀)ကျပ် နှင့် လက်ဖက်ရည် သောက်ပန်ကန် တစ်ပန်ကန်လျှင်(၅၀၀) ကျပ် ဈေးနှုန်းတို့ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သစ်ရာမြိုင်ဈေးအတွင်း လက်လုပ်ချဉ်များ ရောင်းချနေသူ တစ်ဦးထံမှ သိရှိရ ပါသည်။

DOCA(စစ်ကိုင်း)

ကျွန်းလှမြို့တွင် ရောင်းချနေသော မလိုင်လုံး နှင့် မလိုင်ချောင်း ဈေးနှုန်း

          ကျွန်းလှမြို့တွင်  ကုန်မျိုးစုံရောင်းဝယ်ရေးဆိုင်များနှင့် မြို့တွင်းရပ်ကွက်ဈေးများတွင် မလိုင်လုံးနှင့် မလိုင်ချောင်းကလေးများကို မန္တလေးမြို့တို့မှ မှာယူ ရောင်းချလျက်ရှိကြောင်း သိရှိရပါသည်။

           ၂၀၂ ခုနှစ်၊ ဇူလိုင်လ ပထမပတ်အတွင်း ကျွန်းလှမြို့ပေါ်ရပ်ကွက်ဈေးများအတွင်း ကုန်မျိုးစုံ ရောင်းချသည့်ဆိုင်များတွင် ဖြစ်ပေါ်နေ‌သော မလိုင်လုံး ဈေးနှုန်းအနေဖြင့် မလိုင်လုံး လက္ကား တစ်ပိဿာ လျှင်(၁၂၀၀၀)ကျပ်၊ မလိုင်လုံး လက်လီ တစ်ပိဿာလျှင်(၁၃၀၀၀)ကျပ်၊ မလိုင်လုံး(၅၀)ကျပ်သားလျှင် (၅၀၀)ကျပ်နှင့် မလိုင်လုံး(၂၅)ကျပ်သားလျှင်(၃၅၀၀)ကျပ် ဈေးနှုန်းတို့ဖြင့် လည်းကောင်း ကုလားပဲချောင်း ဈေးနှုန်းအနေဖြင့် ကုလားပဲချောင်း လက္ကား တစ်ပိဿာလျှင်(၈၅၀၀)ကျပ်၊ ကုလားပဲချောင်း လက်လီ တစ်ပိဿာလျှင်(၁၀၀၀၀)ကျပ်၊ ကုလားပဲချောင်း (၅၀)ကျပ်သားလျှင် (၅၀၀၀)ကျပ်နှင့် ကုလားပဲချောင်း(၂၅)ကျပ်သားလျှင်(၂၅၀၀)ကျပ် ဈေးနှုန်းတို့ဖြင့် ရောင်းချလျက်ရှိကြောင်း ကျွန်းလှမြို့ ကုန်မျိုးစုံ ရောင်းချနေသည့် လုပ်ငန်းရှင်များထံမှ သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

ကျွန်းလှမြို့ရှိ မန်ကျည်းသီးမှည့် ဈေးနှုန်း

            ကျွန်းလှမြို့နယ်အတွင်းရှိ ကျေးရွာများနှင့် ရပ်ကွက်များတွင် မိမိတို့နေအိမ်ခြံဝင်းစည်းရိုးများနှင့် လယ်ယာမြေများပေါ်တွင် အရိပ်ရစေရန် အတွက် စိုက်ပျိုးကြသလို အလေ့ကျပေါက်‌ရောက်သည့် အပင်များလည်းရှိကြရာမှ ယခုအ‌ခါတွင် မန်ကျည်းသီးအမှည့်များကို ကျွန်းလှမြို့၊ သစ်ရာမြိုင်ဈေးသို့ လာရောက် ပို့ဆောင်ကာ အရောင်းအဝယ် ဖြစ်လျက် ရှိကြောင်းသိရသည်။

              ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ ပထမပတ်အတွင်း ဖြစ်ပေါ်နေသော ကျွန်းလှမြို့၊ သစ်ရာမြိုင် ဈေး၏ မန်ကျည်းသီးမှည့် ဈေးနှုန်းများမှာ မန်ကျည်းသီးမှည့်(အစေ့လွတ်)လက္ကားဈေး တစ်ပိဿာလျှင် (၅၅၀၀) ကျပ်၊ မန်ကျည်းသီးမှည့်(အစေ့လွတ်) လက်လီဈေး တစ်ပိဿာလျှင်(၆၀၀၀)ကျပ်၊ (၅၀)ကျပ်သားလျှင် (၃၀၀၀)ကျပ်၊(၂၅)ကျပ်သားလျှင်(၁၅၀၀)ကျပ် နှင့် မန်ကျည်းသီးမှည့်(အစေ့ပါ)လက္ကားဈေး တစ်ပိဿာ လျှင်(၁၈၀၀)ကျပ်၊ မန်ကျည်းသီးမှည့်(အစေ့ပါ) လက်လီဈေး တစ်ပိဿာလျှင်(၂၀၀၀)ကျပ် နှင့် (၅၀) ကျပ်သားလျှင်(၁၀၀၀)ကျပ် ဈေးနှုန်းတို့ဖြင့် ‌တည်ငြိမ်ပြီး အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရှိရပါသည်။

DOCA(စစ်ကိုင်း)

မင်းဂွတ်သီးနှင့် ကြက်မောက်သီး ဈေးနှုန်း 

             စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့တွင် မိသားစုစားဝတ်နေရေးအတွက် သစ်သီးမျိုးစုံဖြစ်သည့် နာနတ်သီး၊ နဂါးမောက်သီး၊ သရက်သီး၊ ငှက်ပျောသီး၊ စပျစ်သီး၊ သခွားမွှေးသီး၊ ကျောက်သခွားမွှေးသီး၊ ပန်းသီး၊ ပန်းသစ်တော်သီး၊ မင်းဂွတ်သီး၊ ဒိန်ညှင်းသီး နှင့် ဖရဲသီးများကို  မန္တလေးမြို့ နှင့် လားရှိုးမြို့တို့မှ မှာယူ ရောင်းချလျက်ရှိကြောင်း သိရသည်။

            မင်းဂွတ်သီးပင်ကို အရှေ့တောင်အာရှနိုင်ငံတွေက အရင်ဆုံး စိုက်ပျိုးခဲ့ကြတာလို့သိရပါသည်။ ထိုင်း၊ မြန်မာ၊ အိန္ဒိယနဲ့ ဗီယက်နမ်နိုင်ငံတွေမှာတော့ လွန်ခဲ့တဲ့နှစ်ပေါင်းများစွာကတည်းက စိုက်ပျိုးလာကြတာဖြစ်ပြီး မင်းဂွတ်သီးကဆေးဘက်ဝင်အသီးတစ်မျိုးလည်းဖြစ်၍ ကင်ဆာရောဂါကို တိုက်ဖျက်ပေးနိုင်တဲ့ အာနိသင်တွေပါဝင်ခြင်း၊ အူမကြီးကင်ဆာဆဲလ်တွေကြီးထွားမှုကို ဟန့်တားနိုင်ခြင်း၊ ရောင်ရမ်းမှုကိုတိုက်ဖျက်ပေးနိုင်ခြင်း၊ အရေပြားကျန်းမာစေခြင်း၊ ကိုယ်ခံအား မြှင်တင်ပေးနိုင်ခြင်းနှင့် ဝမ်းကိုက်ရောဂါကို သက်သာစေနိုင်ခြင်း စသည့် ကျန်းမာရေးတွေအတွက် အထောက်အကူ ဖြစ်စေသည်ကို လည်းသိရှိရပါသည်။ ထို့နောက် ကြက်မောက်သီးမှာ အဟာရဓါတ် များစွာပါဝင်သည့်အတွက် ကျန်းမာရေးကို အထောက်အကူဖြစ်စေနိုင်ပါသည်။

          ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ ပထမပတ်အတွင်း ဖြစ်ပေါ်နေသော ကျွန်းလှမြို့၏ မင်းဂွတ်သီး ဈေးနှုန်းများမှာ မင်းဂွတ်သီး အကြီး(၁)လုံးလျှင်(၅၀၀)ကျပ်၊ မင်းဂွတ်သီး အလတ်(၁)လုံးလျှင်(၄၀၀)ကျပ် နှင့် မင်းဂွတ်သီး အသေး(၁)လုံးလျှင်(၃၅၀)ကျပ် နှင့် ငွေကျပ်(၁၀၀၀)ဖိုး(၃)လုံး ဈေးနှုန်းတို့ဖြင့် လည်း ကောင်း ကြက်မောက်သီး ဈေးနှုန်း အနေဖြင့် ကြက်မောက်သီး အကြီး တစ်လုံးလျှင်(၃၅၀)ကျပ်၊ ငွေကျပ် (၁၀၀၀)ဖိုးလျှင်()လုံးနှင့် ကြက်မောက်သီး အသေး တစ်လုံးလျှင် (၂၅၀)ကျပ် ငွေကျပ်(၁၀၀၀)ဖိုးလျှင် (၄)လုံးတို့ဖြင့် ‌အရောင်းအဝယ် ဖြစ်လျက်ရှိကြောင်း သစ်ရာမြိုင်ဈေးတိုက်တန်းတွင် သစ်သီးမျိုးစုံ ရောင်းချနေသော ဈေးသည်တစ်ဦးထံမှ သိရှိရပါသည်။

DOCA(စစ်ကိုင်း)

‌ပဲလင်းမြွေသီး၊ ပိန္နဲသီး နှင့် သခွားသီး ဈေးနှုန်း

             ကျွန်းလှမြို့၊ သစ်ရာမြိုင်‌ဈေးကွက်အတွင်းသို့ ယခုရာသီအချိန်တွင် ကျွန်းလှမြို့ပေါ်ရပ်ကွက်များနှင့် ကျွန်းလှမြို့နယ်အတွင်းရှိ ကျေးရွာများတွင် စားဖိုဆောင်သီးနှံများဖြစ်သည့် ခရမ်းသီး၊ ကြက်ဟင်းခါးသီး၊ ရုံးပတီသီး၊ ပဲတောင့်ရှည်သီး၊ သခွားသီး၊ ခရမ်းချဉ်သီး၊ ရွှေဖရုံသီး  တို့ကို စိုက်ပျိုးသည့်အနက် ဗုံလုံသီး (ခေါ်)ပဲလင်းမြွှေသီးများကို စိုက်ပျိုးကြပြီး ကျွန်းလှမြို့၊ သစ်ရာမြိုင်‌ဈေးကွက်အတွင်းသို့ လာရောက်ပို့ဆောင် ရောင်းချရကြောင်း သိရှိရပါသည်။

           ဗုံလုံသီး (ခေါ်)ပဲလင်းမြွှေသီးများကို ပုဇွန်ခြောက်ကလေးဖြင့်နှပ်ခြင်း၊ အသားသွပ်ပြီးချက်ခြင်း၊ ဗုံလုံသီး(ခေါ်)ပဲလင်းမြွှေသီးများကို ပြုတ်ပြီး ငပိရည်ဖြင့်တို့စာခြင်း နှင့် ပါးပါးလှီးပြီး အချဉ်သုပ်စားခြင်း စသည်တို့ဖြင့် ချက်ပြုတ်စားသောက်ကြပါသည်။

         ၂၀၂၅ ခုနှစ်၊  ယခု ဇူလိုင်လ ပထမအပတ်တွင် သစ်ရာမြိုင်‌ဈေးကွက်အတွင်းရှိ ဗုံလုံသီး(ခေါ်) ပဲလင်း မြွှေသီး ဈေးနှုန်းအနေဖြင့် ဗုံလုံသီး(ခေါ်) ပဲလင်းမြွှေသီး အကြီး တစ်တောင့်လျှင် လက္ကားဈေး (၆၅၀)ကျပ်၊ ဗုံလုံသီး(ခေါ်) ပဲလင်းမြွှေသီး အကြီး တစ်တောင့်လျှင် လက်လီဈေး(၈၀၀)ကျပ်၊ ဗုံလုံသီး(ခေါ်) ပဲလင်းမြွှေ သီး အလတ် တစ်တောင့်လျှင် လက္ကားဈေး(၅၅၀)ကျပ်၊ ဗုံလုံသီး(ခေါ်) ပဲလင်းမြွှေသီး အလတ် တစ်တောင့် လျှင် လက်လီဈေး(၇၀၀)ကျပ်၊ ဗုံလုံသီး(ခေါ်) ပဲလင်းမြွှေသီး အသေး တစ်တောင့်လျှင် လက္ကားဈေး(၃၅၀) ကျပ် နှင့် ဗုံလုံသီး(ခေါ်)ပဲလင်းမြွှေသီး အသေး တစ်တောင့်လျှင် လက်လီဈေး(၅၀၀)ကျပ်၊ ဈေးနှုန်းတို့ဖြင့် လည်းကောင်း ပိန္နဲသီးပြုတ် ဈေးနှုန်းအနေဖြင့် ပိန္နဲသီးပြုတ် လက္ကား တစ်ပိဿာလျှင်(၅၅၀၀)ကျပ်၊ ပိန္နဲသီးပြုတ် လက်လီ တစ်ပိဿာလျှင်(၆၀၀၀)ကျပ်၊ ပိန္နဲသီးပြုတ်(၅၀) ကျပ်သားလျှင်(၃၀၀၀)ကျပ် နှင့် ပိန္နဲသီး ပြုတ်(၂၅)ကျပ်သားလျှင် (၁၅၀၀)ကျပ်ဈေးနှုန်း နှင့် သခွားသီး ဈေးနှုန်းအနေဖြင့် ဒေသထွက် ရိုးရိုး ဗမာသခွားသီး အကြီး (၁)လုံးလျှင်(၁၀၀၀)ကျပ် နှင့် ရိုးရိုး ဗမာသခွားသီး အလတ်(၁)လုံးလျှင်(၇၀၀)ကျပ်၊ အသေး တစ်လုံးလျှင် (၅၀၀)ကျပ် ဈေးနှုန်းတို့ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရှိရပါသည်။

DOCA(စစ်ကိုင်း)

ကျွန်းလှမြို့၏ စွန်တာနီပဲ(ခေါ်)ပဲနီရေပွ နှင့် စားတော်ပဲပြုတ် ဈေးနှုန်း

            ကျွန်းလှမြို့နယ်အတွင်းရှိ ကျေးရွာများနှင့် မြို့ပေါ်ရပ်ကွက်များမှ မိမိတို့တောင်ယာများတွင် တစ်ပိုင်တစ်နိုင် စိုက်ပျိုးရေးကို လုပ်ကိုင်လျက်ရှိရာ ပဲမျိုးစုံ၊ ပြောင်း၊ နှမ်း၊ နေကြာ စသည့်တို့အနက်မှ စွန်တာနီပဲ(ခေါ်)ပဲနီ နှင့် စားတော်ပဲတို့ကိုလည်း ကန့်ဘလူမြို့ပွဲရုံများနှင့်ကျွန်းလှမြို့ပေါ်ဈေးကွက်သို့ လာရောက်ရောင်းချကာ ဈေး‌ကောင်ရရှိ၍ အရောင်းအဝယ် ဖြစ်လျက်ရှိ ကြောင်းသိရသည်။

          စားတော်ပဲပြုတ်ကို ရှေးမြန်မာဘုရင်များလက်ထက်နှင် မြန်မာလူမျိုးများ အကြိုက်များပြီး မြန်မာ တဝှမ်းတွင် ကျယ်ပြန့်စွာအသုံးပြုကြသည်။ စားတော်ပဲပြုတ်ကို မိမိတို့ကိုယ်တိုင်ပြုတ်စားလျှင် အချိန် ကြာမြင့်သည့်အတွက် မနက်ခင်းပိုင်း အရပ်ထဲတွင် လှည့်ရောင်းသည့် စားတော်ပဲပြုတ်သည်များထံမှ ဝယ်ယူစားသုံးမှုများသည်ကို တွေ့ရှိရပါသည်။ စားတော်ပဲပြုတ်သည် အညှောက်ထိုးအောင်ထားပြီး ပြုတ်သည့်အတွက် နူးအိပြီး အရမ်းချိုကာ ခွန်အားဖြစ်စေသည့်အတွက် နေ့စဉ် အရန်ဟင်းအဖြစ် စားသုံး မှုအများဆုံးပဲဖြစ်သည်ဟု သိရှိရပါသည်။

          ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ ပထမပတ်အတွင်း ဖြစ်ပေါ်နေသော ပိတောက်မြိုင်ဈေး၏ စွန်တာနီပဲ (ခေါ်)ပဲနီရေပွ ဈေးနှုန်းများမှာ စွန်တာနီပဲ(ခေါ်)ပဲနီရေပွ တစ်ပြည်လျှင်(၄၈၀၀)ကျပ်၊ စွန်တာနီပဲ(ခေါ်) ပဲနီရေပွ နို့ဆီဘူး(၄)ဘူးလျှင်(၂၄၀၀)ကျပ်နှင့် နို့ဆီတစ်ဘူးလျှင်(၆၀၀)ကျပ် နှင့် စားတော်ပဲပြုတ် လဖက်ရည်သောက်ပန်ကန် တစ်လုံးလျှင်(၅၀၀)ကျပ်(၂၀၀၀)ကျပ်ဖိုးလျှင်(၅)ပန်ကန်တို့ဖြင့် အရောင်းအဝယ် ဖြစ်လျက်ရှိကြောင်း ပဲရေပွနှင့်စားတော်ပဲပြုတ် ရောင်းချသူထံမှ သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

မြိတ်မြို့ပေါ်ရှိထောပတ်သီး‌ဈေးကွက်

   တနင်္သာရီတိုင်းဒေသကြီး၊မြိတ်မြို့ပေါ်တွင် ဒေသထွက်ကုန်နှင့် အနယ်နယ်အရပ်ရပ်မှ တင်သွင်းလာသောလူသုံးကုန်၊စားသောက်ကုန်များ အများအပြားရောင်းချလျက်ရှိသည်။ ထိုသို့ရောင်း ချရာတွင် Hass မျိုး ထောပတ်သီးသည်လည်း အ‌ရောင်းသွက်လျက်ရှိသည်။ ဗီတာမင်နှင့်အဆီဓာတ် များပါဝင်ပြီး အရိုးများသန်မာစေသော အာနိသင်များပါဝင်သည်။  ကျန်းမာ‌ရေးအတွက် အကျိုးကျေးဇူးများစွာပါရှိပြီးအဆီများလည်း ပါဝင်သောကြောင့်  တစ်နေ့လျှင်တစ်လုံးသာ စားသင့်သည်။ Hassထောပတ်သီးသည် အသားထူပြီး အမျှင်လုံးဝမပါဘဲ အရသာမှာ စေးပြီးအိအိဆိမ့်ဆိမ့်လေးရှိပြီး အလွန်ပင်စားကောင်းပါသည်။

    ၂၀၂၅ခုနှစ်ဇူလိုင်လတတိယပတ်တွင် မြိတ်မြို့ပေါ်တွင်ရောင်းချနေသော Hassထောပတ် ဈေးနှုန်းမှာ ၅လုံး၆လုံးပါသော ဆိုဒ်ကြီး Hassထောပတ်သီး တစ်ကီလိုလျှင် (၉၀၀၀)ကျပ်ရှိပြီး ၉လုံး၁၀လုံးပါသော ဆိုဒ်ငယ်Hassထောပတ်သီး တစ်ကီလိုလျှင် (၇၀၀၀)ကျပ်ရှိကြောင်း သစ်သီးရောင်းချနေသူထံမှ သိရှိရပါသည်။

DOCA(တနင်္သာရီ)

 

 

တနင်္သာရီတိုင်းဒေသကြီး၊မြိတ်မြို့ပေါ်ရှိ ပန်းသီးဈေးနှုန်း

      တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့ခရိုင်၊ မြိတ်မြို့နယ်တွင် သစ်သီးမျိုးစုံဖြစ်သည့် ပန်းသီး၊ ဇီးသီး၊ နဂါးမောက်သီး၊ သရက်သီး၊ ဌက်ပျောသီး၊ နာနတ်သီး၊ လိမ္မော်သီး၊ စပျစ်သီး၊ သခွားမွေး သီး၊ ပန်းသစ်တော်၊ လိုင်ချီးသီး၊ စိမ်းစားဥနှင့် အစရှိသည့်သီးနှံများကို မြိတ်မြို့ဈေးကြီးများနှင့် လမ်းဘေးသစ်သီးဆိုင်များတွင် ရောင်းချနေကြောင်း သိရှိရပါသည်။

     ၂၀၂၅ခုနှစ် ဇူလိုင်တတိယပတ်တွင် မြိတ်မြို့ပေါ်ရှိ ဈေးနှုန်းမှာ ပန်းသီးအကြီးတစ်လုံးလျှင် (၁၅၀၀)ကျပ်နှင့် ပန်းသီးအသေးတစ်လုံးလျှင် (၈၀၀)ကျပ်ရှိကြောင်း သစ်သီးအရောင်းဆိုင်မှ သိရှိရပါသည်။

DOCA(တနင်္သာရီ)

တနင်္သာရီတိုင်း၊ မြိတ်မြို့ပေါ်ရှိ အုန်းသီးနုရည်(ခေါ်)အုန်းစိမ်းရည်

      တနင်္သာရီတိုင်းဒေသကြီးတွင် အုန်းပင်သည် အလွန်ပင်များပြားသော အပင်တစ်မျိုးဖြစ်သည်။ အုန်းပင်ကို မြန်မာနိုင်ငံအနှံ့အပြားနှင့် ပင်လယ်ကမ်းရိုးတန်းဒေသများတွင် အများအပြား ပေါက်လေ့ရှိသည်။ တနင်္သာရီတိုင်း၊ မြိတ်မြို့နယ်အတွင်းရှိ အုန်းသီးနုရည်ကို ဈေးကြီးများနှင့် လမ်းဘေးဈေးသည်များတွင် ရောင်းချလျက်ရှိကြောင်း တွေ့ရှိကြပါသည်။ အုန်းစိမ်းရည်ရောင်းချရန်အတွက် အုန်းစိမ်းရည်ကို ဒေသတွင်းစားသူံးသူများသောကြောင့် ဈေးကွက်ချဲ့ထွင်သူများလည်းအလွန်ပင်များပြားလာကြောင်းလည်း သိရှိရပါသည်။ အုန်းစိမ်းရည်များကို အုန်းချိုမွှေးနှင့် အုန်းဂျယ်လီများလည်း ပြုလုပ်ရောင်းချကြကြောင်းလည်း သိရှိရပါသည်။ အုန်းစိမ်းရည်သည် ပိုတက်စီယမ်ကြွယ်ဝစွာ ပါဝင်သောကြောင့် အားအင်များကိုလည်းပြန်လည်ဖြည့်တင်းပေးပါသည်။

          ယခု၂၀၂၅ခုနှစ် ဇူလိုင်လတတိယပတ်တွင် တနင်္သာရီတိုင်း၊ မြိတ်မြို့ပေါ်ရှိ အရောင်းဆိုင်များတွင် အုန်းစိမ်းရည် တစ်လုံးလျှင် (၂၅၀၀)ကျပ်နှင့် (၃၀၀၀)ကျပ်ထိရှိကြောင်း အုန်းစိမ်းရည်ရောင်းသူထံမှ သိရှိရပါသည်။

DOCA(တနင်္သာရီ)

မြိတ်မြို့ပေါ်ရှိ မာလကာသီးဈေးကွက်

     တနင်္သာရီတိုင်းဒေသကြီး၊မြိတ်မြို့ပေါ်တွင် ဒေသထွက်ကုန်နှင့် အနယ်နယ်အရပ်ရပ်မှ တင်သွင်းလာသောလူသုံးကုန်၊စားသောက်ကုန်များ အများအပြားရောင်းချလျက်ရှိသည်။ ထိုသို့ ရောင်းချရာတွင် မာလကာသီးသည်လည်း အ‌ရောင်းသွက်လျက်ရှိသည်။ စားတွင်းကောင်း၍ အနံ့မွှေးသောကြောင့် စားသုံးသူများ အလွန်ကြိုက်နှစ်သက်သော သီးနှံတစ်မျိုးဖြစ်သည်။ မာလကာသီးကိုမြိတ်မြို့ပေါ်ရှိ ဆိပ်ငယ်ဈေး၊သီရိမင်္ဂလာဈေးနှင့် သစ်သီးဆိုင်အများအပြားတွင် ရောင်းချလျက်ရှိပါသည်။ မာလကာသီးများကို မြိတ်မြို့ပေါ်တွင် နေရာအနှံ့အပြား၌ စိုက်ပျိုး ကြပါသည်။ မြိတ်မြို့ပေါ်ရှိ ကမ်းနားဈေးများတွင် သစ်သီးဈေးကားများဖြင့် ရောင်းချကြကြောင်း လည်း တွေ့ရှိရပါသည်။

    ၂၀၂၅ခုနှစ် ၊ ဇူလိုင်လတတိယပတ်တွင် မြိတ်မြို့ပေါ်ရှိ မာလကာသီးဈေးနှုန်းမှာ တစ်လုံးလျှင် (၁၅၀၀)ကျပ်ရှိပြီး တစ်ပိဿာလျှင် (၅၀၀၀)ကျပ်ရှိကြောင်း သစ်သီးရောင်းချနေသူတစ်ဦးထံမှ သိရှိရပါသည်။

DOCA(တနင်္သာရီ)

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း