ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

ကျွန်းလှမြို့တွင် ရောင်းချလျက်ရှိသော တို့ဟူးစိမ်း ဈေးနှုန်း

           ကျွန်းလှမြို့၊ ပိ‌တောက်မြိုင်ဈေးထဲတွင် ကုန်စိမ်းသီးနှံနှင့် တွက်ဖက်၍ ပဲရေဖွှ၊ တို့ဟူးစိမ်း တို့ကိုပါ လုပ်ကိုင်ရောင်းချလျက်ရှိပြီး တို့မဟူးစိမ်းကို မနက်အစောစာစားရာတွင် တို့ဟူးကြော်အဖြစ်လည်း ကောင်း၊ တို့ဟူးသုပ်အဖြစ်လည်းကောင်း၊ တို့ဟူးစိမ်းကို အရံဟင်းအဖြစ် အတုံးလေးများတုံး၍ ချက်စား၍သော်လည်းကောင်း မိမိတို့ကြိုက်နှစ်သက်သည့် ပုံစံဖြင့် အသုံးပြုကြပြီး  ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ ပထမပတ်အတွင်း ကျွန်းလှမြို့၊ ပိတောက်မြိုင်ဈေး၌ ဖြစ်ပေါ်နေသော တို့ဟူးစိမ်း ဈေးနှုန်းများမှာ တို့ဟူးစိမ်း လက္ကား တစ်ပိဿာလျှင်(၂၇၀၀)ကျပ် တို့ဟူးစိမ်း လက်လီ တစ်ပိဿာလျှင်(၃၀၀၀)ကျပ်၊ တို့ဟူးစိမ်း (၅၀)ကျပ်သားလျှင်(၁၅၀၀)ကျပ်၊ တို့ဟူးစိမ်း(၂၅) ကျပ်သားလျှင်(၈၀၀)ကျပ် ဈေးနှုန်းတို့ဖြင့် ‌လည်းကောင်း တို့ဟူးခြောက် တစ်ပိဿာ (၁၀၀၀၀)ကျပ်၊ တို့ဟူးခြောက်(၁၀)ကျပ်သား(၁၀၀၀)ကျပ် ဈေးနှုန်းတို့ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း ကျွန်းလှမြို့၊ ပိတောက်မြိုင်ဈေး၌ တို့ဟူးစိမ်းနှင့် တို့ဟူးခြောက် ရောင်းချနေသော ဈေးသည် တစ်ဦးထံမှ သိရှိရပါသည်။

DOCA(စစ်ကိုင်း)

ဇူလိုင်လ ပထမပတ်၏ မျှစ်စိမ်း၊ မျှစ်ချဉ်နှင့် မျှစ်ပြုတ်ဈေးနှုန်းများ

           စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင်၊ မုံရွာမြို့နယ်ရှိ ချင်းတွင်းရတနာဈေး၊ မန်းကျည်းပင်ဈေး၊ သာစည်ဈေး၊ ပြည်ထောင်စုဈေးနှင့်  ဝန်ထမ်းအိမ်ရာရှိ နန္ဒဝန်ဈေးသစ်တို့တွင် ၂၀၂၅ခုနှစ်၊ ဇူလိုင်လ ပထမပတ်အတွင်း ရောင်းချနေသော မျှစ်ဈေးနှုန်းများ အနေဖြင့် မျှစ်ချဉ် ( ၁၀ )ကျပ်သားပါ အထုပ်သေး ( ၁ )ထုပ်လျှင် ( ၅၀၀)ကျပ်ဖြင့် လည်းကောင်း၊ မျှစ်စိမ်း ( ၁၀) ကျပ်သားလျှင် ( ၁၂၀၀ ) မျှစ်ပြုတ် ၁ ပုံလျှင် ( ၅၀၀)ကျပ်ဖြင့်လည်းကောင်း ဈေးနှုန်းအသီးသီးဖြင့် ရောင်းချလျက်ရှိရာ ယခင်အပတ်ဈေးနှုန်းနှင့် နှိုင်းယှဉ်ပါက ( ၂၀၀)ကျပ်ခန့် မျှစ်ဈေးများ မြင့်တက်လာကြောင်း သိရှိရပါသည်။

DOCA(စစ်ကိုင်း‌)

စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ဖြစ်ပေါ်နေသော စပါး/ ဆန်ဈေးနှုန်းများအခြေအနေ

            စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ဇွန်လ  (စတ္ထုတ) ပတ်တွင် ဖြစ်ပေါ်နေသော စပါး/ ဆန်ဈေးနှုန်းများမှာ ရွှေဘိုခရိုင်၊ ရွှေဘိုပေါ်ဆန်း (စပါး)(သစ်) တင်း ၁၀၀လျှင် ကျပ် ၄၆၀၀၀၀၀၊ ပေါ်ဆန်း (ဆန်)(သစ်) ၂၄ပြည်ပါ တစ်အိတ်လျှင် ကျပ် ၁၅၅၀၀၀ ၊ ဧရာမင်း  (စပါး)(သစ်)  တင်း ၁၀၀လျှင် ကျပ် ၂၆၀၀၀၀၀၊ ဧရာမင်း ဆန် (သစ်) ၂၄ ပြည်ပါ တစ်အိတ်လျှင် ကျပ်  ၁၂၅၀၀၀ ဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်း သိရပါသည်။

             ရေဦးခရိုင်၊ ရေဦးမြို့နယ်မှ ပေါ်ဆန်း (စပါး)(သစ်)  တင်း ၁၀၀လျှင် ၄၆၀၀၀၀၀၊ ပေါ်ဆန်း (ဆန်)(သစ်) ၂၄ပြည်ပါ တစ်အိတ်လျှင် ကျပ် ၁၅၅၀၀၀၊ ဧရာမင်း  (စပါး)(သစ်)  တင်း ၁၀၀လျှင် ကျပ် ၂၆၀၀၀၀၀၊ ဧရာမင်း ဆန် (သစ်) ၂၄ ပြည်ပါ တစ်အိတ်လျှင် ကျပ်  ၁၂၅၀၀၀ အရောင်း အဝယ်ဖြစ်နေကြောင်း သိရပါသည်။

         ကလေးခရိုင်၊ ကလေးမြို့နယ်မှ ဧည့်မထ(စပါး)(သစ်) တင်း၁၀၀ လျှင် ကျပ် ၁၇၀၀၀၀၀ ၊ ဧည့်မထ (ဆန်)(သစ်) ‌၂၄ပြည်ပါ တစ်အိတ်မှာ ကျပ် ၆၈,၀၀၀၊ ၊ ဧရာမင်း(စပါး)(သစ်) တင်း ၁၀၀ လျှင် ကျပ် ၂၁,၀၀,၀၀၀၊ ဧရာမင်း(ဆန်)(သစ်) ၂၄ပြည်ပါ တစ်အိတ်မှာ ကျပ် ၈၅၀၀၀ ဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်း သိရပါသည်။

          အင်းတော်မြို့နယ်မှ ဆင်းဧကရီ(၃)(စပါး)(သစ်)  တင်း၁၀၀ လျှင် ကျပ် ၁၆,၀၀,၀၀၀၊ ဆင်းဧကရီ-၃ ဆန်(သစ်)  ၂၄ပြည်တစ်အိတ်မှာ ကျပ် ၈၀,၀၀၀၊ ဧရာမင်း(စပါး) (သစ်) တင်း ၁၀၀လျှင် ကျပ် ၂၅၀၀၀၀၀၊ ဧရာမင်း (ဆန်)(ဟောင်း) ၂၄ပြည်ပါ တစ်အိတ်လျှင် ကျပ် ၁၂၀၀၀၀    ဖြင့်အရောင်းအဝယ်ဖြစ်နေကြောင်း သိရှိရပါသည်။

 

            မုံရွာခရိုင်၊ မုံရွာမြို့တွင် ဧရာမင်း(စပါး)(ဟောင်း) တင်း ၁၀၀ လျှင် ကျပ် ၂၈၅၀,၀၀၀၊  ဧရာမင်း (ဆန်)(‌ဟောင်း) ၂၄ပြည် တစ်အိတ်မှာ ကျပ် ၁၃၅၀၀၀၊ ဧရာမင်း (စပါး) (သစ်) တင်း ၁၀၀ လျှင် ကျပ် ၂၇၀၀၀၀၀၊ ဧရာမင်းဆန် (သစ်) ၂၄ ပြည်ပါတစ်အိတ်လျှင် ကျပ် ၁၃၀၀၀၀ ၊ ရွှေဘိုပေါ်ဆန်း (စပါး)(သစ်)  တင်း ၁၀၀ လျှင် ကျပ် ၄၅၀၀၀၀၀၊ ရွှေဘိုပေါ်ဆန်း (ဆန်)(သစ်) ၂၄ပြည် တစ်အိတ်မှာ ကျပ် ၁၅၅၀၀၀၊ မနောသုခ (စပါး)(သစ်)တင်း ၁၀၀ လျှင် ကျပ် ၁၉၀၀,၀၀၀၊  မနောသုခ (ဆန်)(သစ်) ၂၄ပြည် တစ်အိတ်မှာ ကျပ် ၈၃၀၀၀၊ ရွှေဝါထွန်း (စပါး)(ဟ)တင်း ၁၀၀ လျှင် ကျပ် ၂၁၀၀၀၀၀၊  ရွှေဝါထွန်း (ဆန်)(ဟ) ၂၄ပြည် တစ်အိတ်မှာ ကျပ် ၉၀၀၀၀၊ ရွှေသွယ်ရင်  (စပါး)(သစ် ) တင်း ၁၀၀ လျှင် ကျပ် ၂၀၀၀,၀၀၀၊  ရွှေသွယ်ရင် (ဆန်)(သစ်) ၂၄ပြည် တစ်အိတ်မှာ ကျပ် ၈၃၀၀၀ ဖြင့် အရောင်းအဝယ် ဖြစ်နေပြီး မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်မှထုတ်ပြန်သည့် စိုက်ပျိုးသူတောင်သူများ အပါအဝင် ကုန်သွယ်ရောင်းဝယ်သို လှောင်ကြသူများအထိ သင့်တင့်မျှတသော ရည်ညွှန်းဈေးနှုန်းများ အ‌ပေါ်မူတည်၍ ယခု ဇွန်လ တတိယပတ်တွင် စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ ရွှေဘိုမြို့နယ်နှင့် မုံရွာမြို့နယ်တို့မှ ရွှေဘို ပေါ်ဆန်း (စပါး)ဈေးနှုန်းမှာ ဈေးနှုန်းဈေးကွက်အတွင်း ဝယ်လက်များနေ ချိန်ဖြစ်သောကြောင့်  ဇွန်လ ဒုတိယအပတ် ဈေးနှုန်းနှင့် နှိုင်းယှဉ်လျှင် ဈေးနှုန်းအနည်းငယ်မြင့်တက် လျှက်ရှိကြောင်း သိရှိရပါသည်။

DOCA(စစ်ကိုင်း)

စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ဆန်စီးထွက်မှု အခြေအနေ

            ဇွန်လ (တတိယ)ပတ်တွင် စစ်ကိုင်းတိုင်းဒေသကြီးမှ အခြားတိုင်းဒေသကြီးများသို့  ဆန်စီးထွက်မှုမှာ ရန်ကုန်သို့ အိတ်ရေ ၃၅၂၅၀၊ မန္တလေးသို့ အိတ်ရေ ၂၀၆၆၀၊ နေပြည်တော်သို့ အိတ်ရေ ၈၂၂၊ပဲခူးသို့ အိတ်ရေ ၁၁၉၆၊ ပြည်သို့ အိတ်ရေ ၇၄၀၊ တောင်ငူသို့ အိတ်ရေ ၅၄၅၊ ကျောက်ပန်းတောင်းသို့ အိတ်ရေ ၅၇၀၊ မိတ္ထီလာသို့အိတ်ရေ  ၁၉၇၄၊  ဘားအံသို့ အိတ်ရေ ၂၃၇၅၊ ရှမ်း(တ) သို့ အိတ်‌ရေ ၁၀၈၄၅၊ ကချင်သို့ အိတ်‌ရေ ၃၀၆၀၊ မွန်သို့ အိတ်ရေ ၉၁၄၀၊ မကွေးသို့ အိတ်ရေ ၃၈၀ စုစုပေါင်း အိတ်ရေ ( ၈၇၅၅၉) အိတ်၊ တန်အားဖြင့် (၄၃၇၈) စီးထွက်ခဲ့ပြီး၊  ဇွန်လ (စတ္ထုတ)ပတ်တွင် စစ်ကိုင်းတိုင်းဒေသကြီးမှ အခြားတိုင်းဒေသကြီးများသို့  ဆန်စီးထွက်မှုမှာ ရန်ကုန်သို့ အိတ်ရေ 82399၊ မန္တလေးသို့ အိတ်ရေ ၃၃၄၃၆၊ နေပြည်တော်သို့ အိတ်ရေ ၈၁၀၊ ပဲခူးသို့ အိတ်ရေ ၄၀၆၀၊ ပြည်သို့ အိတ်ရေ ၁၅၀၊ တောင်ငူသို့ အိတ်ရေ ၆၀၀၊ ကျောက်ပန်းတောင်းသို့ အိတ်ရေ ၅၅၅၊ မိတ္ထီလာသို့အိတ်ရေ  ၄၁၇၄၊  ဘားအံသို့ အိတ်ရေ ၂၀၈၀၊ ရှမ်း(တ) သို့ အိတ်‌ရေ ၁၅၀၃၄၊ ကချင်သို့ အိတ်‌ရေ ၁၄၀၀၊ မွန်သို့ အိတ်ရေ ၁၅၄၀၀၊ မူဆယ်သို့ အိတ်ရေ ၂၈၀၊ဧရာဝတီသို့ အိတ်ရေ ၂၀၀၊ မကွေးသို့ အိတ်ရေ ၁၃၆၀ စုစုပေါင်း အိတ်ရေ ( ၁၆၁၉၃၈) အိတ်၊ တန်အားဖြင့် (၈၀၉၇) စီးထွက်ခဲ့သည့်အတွက်  ယခင်ပတ်နှင့် နှိုင်းယှဉ်လျှင် ယခုပတ်တွင် အိတ်ရေ (၇၄၃၇၉) အိတ်၊ တန်အားဖြင့် (၃၇၁၉)တန် ပိုမိုစီးထွက်ခဲ့ပါကြောင်း သိရှိရပါသည်။

DOCA(စစ်ကိုင်း)

ကျွန်းလှမြို့ရှိ ငါးဈေးနှုန်းများ 

                ကျွန်းလှမြို့နယ်အတွင်း စားသောက်ကုန်၊ လူသုံးကုန်ဈေးနှုန်းများ အနည်းငယ်မြင့်တက်လျက် ရှိရာမှ အသားငါး ဈေးနှုန်းသည်လည်း မြင့်တက်လျက်ရှိပြီး သဖန်းဆိပ်ဆည်အတွင်းမှ ထွက်ရှိသည့် ဒေသထွက်ရေချိုငါးများကို   ဝယ်ယူရောင်းချကာ ဈေးကောင်းရရှိ၍ အရောင်းအဝယ် ဖြစ်လျက်ရှိ ကြောင်း သိရသည်။

              ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ ပထမပတ်တွင် ကျွန်းလှမြို့၏ ငါးကြင်း ဈေးနှုန်းများအနေဖြင့် ငါးကြင်း (အကောင်အကြီး)လက္ကားဈေး()ပိဿာလျှင်(၁၅၀၀၀)ကျပ်၊ ငါးကြင်း(အကောင်အကြီး)လက်လီ ဈေး() ပိဿာလျှင်(၁၆၀၀၀)ကျပ်၊ (၅၀)ကျပ်သားလျှင်(၈၀၀၀)ကျပ်၊ (၂၅)ကျပ်သားလျှင်(၄၀၀၀)ကျပ် နှင့် ငါးကြင်းခုတ်သား လက္ကား() ပိဿာလျှင်(၂၃၀၀၀)ကျပ်၊ ငါးကြင်းခုတ်သား လက်လီ() ပိဿာလျှင် (၂၅၀၀၀)ကျပ်၊ ငါးကြင်းခုတ်သား (၅၀)ကျပ်သားလျှင်(၁၃၀၀၀)ကျပ်နှင့် ငါးကြင်းခုတ်သား လက်လီဈေး (၂၅)ကျပ်သားလျှင်(၆၅၀၀)ကျပ် ဈေးနှုန်းဖြင့်လည်းကောင်း၊ ငါးချောင်း ဈေးနှုန်းများ အနေဖြင့် ငါးချောင်း (အကြီး) ရှယ်ဆိုက်ဝင် တစ်ကောင်ကို(၇၀)ကျပ်သားအထက် လက္ကား တစ်ပိဿာလျှင် (၂၀၀၀၀)ကျပ်၊ ငါးချောင်း(အကြီး)ရှယ်ဆိုက်ဝင် တစ်ကောင်ကို(၇၀)ကျပ်သားအထက် လက်လီ တစ်ပိဿာလျှင်(၂၂၀၀၀) ကျပ်၊ ငါးချောင်း(အလတ်)နှင့်(အသေး)လက္ကားတစ်ပိဿာလျှင်(၁၀၀၀၀)ကျပ်၊ ငါးချောင်း (အလတ်) နှင့်(အသေး)လက်လီ တစ်ပိဿာလျှင်(၁၂၀၀၀)ကျပ် နှင့် (၅၀)ကျပ်သားလျှင် (၆၀၀၀)ကျပ် ဈေးနှုန်း ဖြင့်လည်းကောင်း၊ ငါးဖယ်ခြစ် ဈေးနှုန်းများ အနေဖြင့် ငါးဖယ်ခြစ် တစ်ပိဿာလျှင်(၂၀၀၀၀)ကျပ်၊ ငါးဖယ်ခြစ်(၅၀)ကျပ်သားလျှင်(၁၀၀၀)ကျပ်၊ ငါးဖယ်ခြစ် (၂၅)ကျပ်သားလျှင်(၅၀၀၀)ကျပ် နှင့်ငါးဖယ်ခြစ် (၁၀)ကျပ်သားလျှင်(၂၀၀၀)ကျပ်ဈေးနှုန်းတို့ဖြစ်ပြီး ငါးဖယ် ဈေးနှုန်း အနေဖြင့် ငါးဖယ် အကောင်လိုက် လက်လီ တစ်ပိဿာလျှင်(၁၅၀၀၀)ကျပ်၊ (၅၀)ကျပ် သားလျှင်(၇၅၀၀)ကျပ် နှင့် (၂၅)ကျပ်သားလျှင် (၄၀၀၀)ကျပ် ဈေးနှုန်းအသီးသီးတို့ဖြင့် တည်ငြိမ်ပြီး အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း ငါးအရောင်းအဝယ် လုပ်ကိုင်သူထံမှ သိရှိရပါသည်။

DOCA(စစ်ကိုင်း)

ငလျင်ဘေးဒဏ်သင့် စစ်ကိုင်းမြို့အတွင်း ပြည်သူများသို့ ဈေးကားများဖြင့် ဆန်၊ ဆီ၊ ကြက်သွန်နီ၊ အသားတု၊ ဟင်းသီးဟင်ရွက်နှင့် ကုန်မျိုးစုံအား သက်သာသော ဈေးနှုန်းဖြင့် (၇၂)ရက်မြောက်နေ့အဖြစ် လှည့်လည်ရောင်းချပေးလျက်ရှိ

          စားသုံးသူရေးရာဦးစီးဌာန၊ စစ်ကိုင်းတိုင်းဒေသကြီးဦးစီးမှူးရုံး၏ ကြီးကြပ်မှုဖြင့် မုံရွာမြို့ရှိ ဆန်/ဆီကုန်သည်များက ငလျင်ဘေးဒဏ်သင့် စစ်ကိုင်းမြို့ရှိ ပြည်သူများသို့ ဆန်၊ ဆီ၊ ကြက်သွန်နီ၊ အသားတု၊ ဟင်းသီးဟင်းရွက်နှင့် ကုန်မျိုးစုံအားသက်သာသောဈေးနှုန်းဖြင့်( ၇၂ )ရက်မြောက်နေ့ အဖြစ် ရောင်းချပေးလျက်ရှိပါသည်။

          ၂၀၂၅ ခုနှစ်၊ မတ်လ ၃၁ ရက်နေ့မှ ဇူလိုင်လ ၃ ရက်နေ့အထိ 6S / 3038၊ 8A/ 8484၊ 4S/ 2246၊ 7N/ 9803 ဈေးကား(၄) စီးဖြင့် နံနက်ပိုင်း တွင်(၁) ကြိမ်၊ မွန်းလွဲပိုင်းတွင် (၁)ကြိမ် ရောင်းချပေးခဲ့ရာ ယနေ့ ၃.၇.၂၀၂၅ ရက်နေ့တွင် ဆန် (၂၄) ပြည်၊ ဆီ (၇၅)ပိဿာ၊ ဆား(၃)ပိဿာ၊ ကုလားပဲ(၁၁)ဘူး၊ ငါးပိ(၂)ပိဿာ၊ ငါးခြောက် (၁)ပိဿာ၊ ပုဇွန်ခြောက်(၃၀) ကျပ်သား၊ ကြက်ဥ (၇၅)လုံး၊ ဘဲဥ(၂၅)လုံး၊ ကြက်သွန်နီ (၅) ပိဿာနှင့် အသားတု(၁)ပိဿာတို့ကို ရောင်းချပေးခဲ့ပြီး  ယနေ့အထိ ရောင်းချမှုများမှာ ဆန်(၁၀၃၅၃)ပြည်၊ ဆီ (၇၉၁၈) ပိဿာ ၊ ဆား(၂၃၆) ပိဿာ၊ ကုလားပဲ(၈၁၂)ဘူး၊ ငါးပိ(၁၀၃)ပိဿာ၊ ငါးခြောက် (၆၅)ပိဿာ၊ ပုဇွန်ခြောက်(၂၀)ပိဿာ (၄၀)ကျပ်သား၊ ကြက်သွန်နီ (၈၃၃) ပိဿာ၊ အသားတု( ၈၈) ပိဿာ၊ ကြက်ဥ (၉၁၆၁) လုံး၊ ဘဲဥ (၁၂၆၄)လုံး တို့နှင့် ရေသန့် ၁ လီတာဘူး (၂၀၀) ကဒ်တို့ကို ဖြစ်ကြောင်း သိရသည်။

ယနေ့ ရောင်းချရာတွင် ငလျင်ဘေးဒဏ်သင့် ပြည်သူများရှိသည့်  စစ်ကိုင်းမြို့ရှိ ရွှေသမား ရပ်ကွက်တွင်  သက်သာသောဈေးနှုန်းဖြင့် ရောင်းချပေးခဲ့ကြောင်း သိရှိရပါသည်။

DOCA (စစ်ကိုင်း)

ငလျင်ဘေးဒဏ်သင့် စစ်ကိုင်းမြို့အတွင်း ပြည်သူများသို့ ဈေးကားများဖြင့် ဆန်၊ ဆီ၊ ကြက်သွန်နီ၊ အသားတု၊ ဟင်းသီးဟင်ရွက်နှင့် ကုန်မျိုးစုံအား သက်သာသော ဈေးနှုန်းဖြင့် (၇၁)ရက်မြောက်နေ့အဖြစ် လှည့်လည်ရောင်းချပေးလျက်ရှိ

                စားသုံးသူရေးရာဦးစီးဌာန၊ စစ်ကိုင်းတိုင်းဒေသကြီးဦးစီးမှူးရုံး၏ ကြီးကြပ်မှုဖြင့် မုံရွာမြို့ရှိ ဆန်/ဆီကုန်သည်များက ငလျင်ဘေးဒဏ်သင့် စစ်ကိုင်းမြို့ရှိ ပြည်သူများသို့ ဆန်၊ ဆီ၊ ကြက်သွန်နီ၊ အသားတု၊ ဟင်းသီးဟင်းရွက်နှင့် ကုန်မျိုးစုံအားသက်သာသောဈေးနှုန်းဖြင့်( ၇၁ )ရက်မြောက်နေ့ အဖြစ် ရောင်းချပေးလျက်ရှိပါသည်။

               ၂၀၂၅ ခုနှစ်၊ မတ်လ ၃၁ ရက်နေ့မှ ဇူလိုင်လ ၂ ရက်နေ့အထိ 6S / 3038၊ 8A/ 8484၊ 4S/ 2246၊ 7N/ 9803 ဈေးကား(၄) စီးဖြင့် နံနက်ပိုင်း တွင်( ၁) ကြိမ်၊ မွန်းလွဲပိုင်းတွင် (၁)ကြိမ် ရောင်းချပေးခဲ့ရာ ယနေ့ ၂.၇.၂၀၂၅ ရက်နေ့တွင် ဆန် (၂၄) ပြည်၊ ဆီ (၇၅)ပိဿာ၊ ဆား(၃)ပိဿာ၊ ကုလားပဲ(၁၁)ဘူး၊ ငါးပိ(၂)ပိဿာ၊ ငါးခြောက် (၁)ပိဿာ၊ ပုဇွန်ခြောက်(၃၀) ကျပ်သား၊ ကြက်ဥ (၇၅)လုံး၊ ဘဲဥ(၂၅)လုံး၊ ကြက်သွန်နီ (၅) ပိဿာနှင့် အသားတု(၁)ပိဿာတို့ကို ရောင်းချပေးခဲ့ပြီး  ယနေ့အထိ ရောင်းချမှုများမှာ ဆန်(၁၀၃၂၉)ပြည်၊ ဆီ (၇၈၄၃) ပိဿာ ၊ ဆား(၂၃၃) ပိဿာ၊ ကုလားပဲ(၈၀၁)ဘူး၊ ငါးပိ(၁၀၁)ပိဿာ၊ ငါးခြောက် (၆၄)ပိဿာ၊ ပုဇွန်ခြောက်(၂၀)ပိဿာ (၁၀)ကျပ်သား၊ ကြက်သွန်နီ (၈၂၈) ပိဿာ၊ အသားတု( ၈၇) ပိဿာ၊ ကြက်ဥ (၉၀၈၆) လုံး၊ ဘဲဥ (၁၂၃၉)လုံး တို့နှင့် ရေသန့် ၁ လီတာဘူး (၂၀၀) ကဒ်တို့ကို ဖြစ်ကြောင်း သိရသည်။

ယနေ့ ရောင်းချရာတွင် ငလျင်ဘေးဒဏ်သင့် ပြည်သူများရှိသည့်  စစ်ကိုင်းမြို့ရှိ နီလာဦး ရပ်ကွက်တွင်  သက်သာသောဈေးနှုန်းဖြင့် ရောင်းချပေးခဲ့ကြောင်း သိရှိရပါသည်။

DOCA (စစ်ကိုင်း)

ညောင်ရွက် နှင့် ငရံ့ပလူရွက် ဈေးနှုန်း

ကျွန်းလှမြို့ သစ်ရာမြိုင်ဈေးတွင် မိမိတို့ဒေသထွက်ကုန်များ အပြင် အခြားဒေသမှ ဝင်ရောက် သည့် စားသောက်ကုန်ပစ္စည်းများကို ရောင်းချလျက်ရှိကာ ညောင်ရွက်များကိုလည်း ရောင်းချ  လျက် ရှိကြောင်း သိရသည်။

ညောင်ရွက် နှင့် ငရံ့ပလူရွက်တို့သည် ရာသီပေါ်သီးနှံဖြစ်ပြီး မြန်မာထမင်းဝိုင်းများတွင် ထမင်းမြိန်စေသည့် အရွက်တစ်မျိုးလဲဖြစ်ပါသည်။ ညောင်ရွက် နှင့် ငရံ့ပလူရွက်တို့ကို ငပိဆီချက်၊ မြေပဲဆံထောင်းတို့ဖြင့် သုပ်၍သော်လည်းကောင်း ငပိရည်ဖြင့်တို့စား၍သော်လည်းကောင်း စားသုံး ရာတွင် လူကြိုက်များသည့် အရွက် တစ်မျိုးဖြစ်ပါသည်။

 ၂၀၂၅ ခုနှစ်၊ ဇူလိုင်ပ ပထမပတ်အတွင်း ကျွန်းလှမြို့၊ သစ်ရာမြိုင်ဈေးတွင်ရောင်းချနေသည့်  ညောင်ရွက်ဈေးနှုန်းမှာ ‌‌ညောင်ရွက်အစိမ်း(၁)ပုံလျှင်(၇၀၀)ကျပ်၊ ညောင်ရွက်ပြုတ်(၁၀)ကျပ် သားခန့် (၁)လုံးလျှင်(၇၀၀)ကျပ်၊ (၃)လုံးလျှင်(၂၀၀၀)ကျပ်နှင့် ညောင်ရွက်ပြုတ်()ပိဿာလျှင်(၇၀၀၀)ကျပ် ဈေးနှုန်းတို့ဖြင့်ရောင်းချလျက်ရှိပြီး ငရံ့ပလူရွက် ဈေးနှုန်းမှာ ငရံ့ပလူရွက် တစ်ပိဿာလျှင် (၄၅၀၀) ကျပ်၊ (၁၀)ကျပ်သားခန့် တစ်လုံးလျှင်(၅၀၀)ကျပ် ဈေးနှုန်းတို့ဖြင့် အရောင်းအဝယ်ဖြစ်လျက် ရှိကြောင်း ကုန်စိမ်းရောင်းချသည့် လုပ်ငန်းရှင်များထံမှ သိရ သည်။

DOCA(စစ်ကိုင်း)

ဂန္ဓမာပန်း နှင့် သပြေပန်း ဈေးနှုန်း

             စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့သစ်ရာမြိုင်ဈေးတွင် ဘုရားပန်း အမျိုးမျိုး ဖြစ်သော ဂန္ဓာမာပန်း၊ သစ္စာပန်း၊ စိန်လည်တုံ၊ နှင်းဆီ၊ မေမြို့ပန်း(အက်စတာ)၊ မြေမြို့ပန်း (ကြက်လည် ဆံ) သပြေပန်း(အောင်သပြေ)အငုတ်၊ အောင်သပြေ အခက်များနှင့် အာစီယံသပြေ တို့ကို မိမိတို့ ဒေသထွက်နှင့် မန္တလေးမြို့၊ ပြင်ဦးလွင်မြို့တို့မှ မှာယူရောင်းချကြောင်းသိရှိရပါသည်။ မိမိတို့ ဗုဒ္ဓဘာသာ လူမျိုးများအတွက် ဘုရားပန်းသည်လည်း မိမိတို့ ကိုးကွယ်ယုံကြည်အားထားရာဖြစ်သည့် ဘုရားစင်ပေါ် တွင် ကုသိုလ်ယူရန် နေ့စဉ်ကပ်လှူပူဇော်ရသည့်အတွက် မရှိမဖြစ်သော အရာတစ်မျိုး လည်းဖြစ်ပါသည်။

            ဂန္ဓမာပန်းသည် အရောင်အသွေးစုံလင်ပြီး မြင်သူတိုင်းက သဘောကျ နှစ်ခြိုက်သော  ပန်းတစ် မျိုးဖြစ်ပါသည်။ ဂန္ဓမာပန်းသည် ကမ္ဘာပေါ်တွင် တန်ဖိုးထား အမြတ်တနိုး သုံးစွဲပြီး စီးပွားဖြစ် ထုတ်လုပ် စိုက်ပျိုးသော ပန်းဖြစ်ပါသည်။ ဂန္ဓမာပန်းသည် မြန်မာနိုင်ငံတွင် ဘုရားပန်းအဖြစ်လည်းကောင်း၊ အိမ်တွင်းပန်းအဖြစ်လည်းကောင်း၊ အလှူ မင်္ဂလာ အခမ်းအနားများတွင် အလှပန်းအိုး အဖြစ်လည်း ကောင်း နှစ်ခြိုက်စွာ သုံးစွဲကြသော ပန်းဖြစ်ပါသည်။ ဂန္ဓမာပန်းသည်  အနီ၊ အဖြူ၊ အဝါ၊ ပန်းခရမ်းရောင်၊ ခရမ်းရောင်၊ နီညို့ရောင်  စသည်အရောင်အသွေး စုံလင်သော ဂန္ဓမာပန်းများကို စိုက်ပျိုးခြင်းသည်လည်း မြန်မာနိုင်ငံတွင် စီးပွားဖြစ် စိုက်ပျိုးရေး လုပ်ငန်းတစ်ခု ဖြစ်ပါသည်။

             ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ(ပထမပတ်)တွင် ဂန္ဓမာပန်း ဈေးနှုန်းဖြင့် ဂန္ဓမာပန်း အပွင့်ကြီး (၅)ခက်ပါ တစ်စီးလျှင်(၃၅၀၀)ကျပ်၊ ဂန္ဓမာပန်း အပွင့်လတ်(အဖြူ)(၅)ခက်ပါ တစ်စီးလျှင် (၁၃၀၀)ကျပ်၊ ဂန္ဓမာပန်း အပွင့်လတ်(အဝါ၊ ခရမ်း၊ ညို့)(၅ပန်း)ခက်ပါ တစ်စီးလျှင်(၁၂၀၀)ကျပ် ဂန္ဓမာပန်း အပွင့်အသေး (အဖြူ) (၅)ခက်ပါ တစ်စီးလျှင်(၁၀၀၀)ကျပ် ဈေးနှုန်းတို့ဖြင့် လည်းကောင်း သပြေပန်းအခက် တစ်စည်းလျှင် (၁၅၀၀)ကျပ်၊ သပြေပန်း အငုတ်ကြီး()ငုတ်လျှင်(၄၀၀၀/ ၅၀၀၀) ကျပ် နှင့် သပြေပန်း အငုတ်သေး () ငုတ်လျှင်(၂၅၀၀/၃၀၀၀)ကျပ် ဈေးနှုန်းတို့ဖြင့် အသီးသီးရောင်းချလျက်ရှိကြောင်း ကျွန်းလှမြို့ သစ်ရာမြိုင် ဈေးတွင် ဘုရားပန်းမျိုးစုံ ရောင်းချ နေသော ပန်းသည် ထံမှ သိရှိရပါသည်။

DOCA(စစ်ကိုင်း)

ကျွန်းလှမြို့တွင်  ရောင်းချနေသော ကြက်သွန်နီ/ ဖြူ ဈေးနှုန်း

           ကျွန်းလှမြို့၊ ပိတောက်မြိုင်ဈေးတွင် ကြက်သွန်နီ နှင့်ကြက်သွန်ဖြူများကို စိုက်ပျိုးပြီး မိမိတို့ ဒေသထွက် မိသားစု စားသုံးပိုလျှံမှသာ ရောင်းချသော အနည်းငယ်နှင့် ရှမ်းပြည်နယ် အောင်ပန်းမြို့ နှင့် မန္တလေးတိုင်းဒေသကြီး၊ မြစ်သားမြို့တို့မှ အများဆုံး မှာယူရောင်းချလျက်ရှိကြောင်း သိရှိရပါ သည်။

               ၂၀၂၅ ခုနှစ်၊ ဇူလိုင် ပထမပတ်တွင် ကြက်သွန်ဖြူဈေးနှုန်း အနေဖြင့် ဗမာကြက်သွန်ဖြူ အကြီးစ တစ်ပိဿာလျှင်(၁၂၀၀၀)ကျပ်၊ (၂၅)ကျပ်သားလျှင်(၃၀၀၀)ကျပ်၊ ဗမာကြက်သွန်ဖြူ အလတ်စ တစ်ပိဿာ လျှင် (၁၀၀၀၀)ကျပ်၊ (၂၅)ကျပ်သားလျှင်(၂၅၀၀)ကျပ် နှင့် ဗမာ ကြက်သွန်ဖြူ အသေးစ တစ်ပိဿာလျှင် (၉၀၀၀)ကျပ်၊ (၂၅)ကျပ်သားလျှင်(၂၃၀၀)ကျပ်၊ ရှမ်းကြက်သွန်ဖြူ တစ်ပိဿာလျှင်(၁၈၀၀၀)ကျပ်၊ (၂၅) ကျပ်သားလျှင်(၄၅၀၀)ကျပ် ဈေးနှုန်းတို့ဖြင့်လည်းကောင်း ကြက်သွန်နီ မြစ်သား အမျိုးအစား တစ်ပိဿာ လျှင်(၂၀၀၀/၂၂၀၀)ကျပ်နှင့် ကြက်သွန်နီ ရိုးရိုး အမျိုးအစား တစ်ပိဿာလျှင်(၁၅၀၀/၁၇၀၀)ကျပ် ဈေးနှုန်း အသီးသီးတို့ဖြင့် အရောင်းအဝယ် ဖြစ်လျက်ရှိ ကြောင်းသိရှိရပါ သည်။

DOCA(စစ်ကိုင်း)

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း