ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

တနင်္သာရီတိုင်းဒေသကြီး၊မြိတ်မြို့ပေါ်ရှိ လိမ္မော်သီးဈေးနှုန်း

    တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ မြိတ်မြို့နယ်တွင် သစ်သီးမျိုးစုံဖြစ်သည့် ပန်းသီး၊ ဇီးသီး၊ နဂါးမောက်သီး၊ သရက်သီး၊ ဌက်ပျောသီး၊ နာနတ်သီး၊ လိမ္မော်သီး၊ စပျစ်သီး၊ သခွားမွေးသီး၊ ပန်းသစ်တော်၊ လိုင်ချီးသီး၊ စိမ်းစားဥနှင့် အစရှိသည့်သီးနှံများကို မြိတ်မြို့ဈေးကြီးများနှင့် လမ်းဘေးသစ်သီးဆိုင်များတွင် ရောင်းချနေကြောင်း သိရှိရပါသည်။

      ၂၀၂၅ခုနှစ် ဇူလိုင်တတိယပတ်တွင် မြိတ်မြို့ပေါ်ရှိ ဈေးနှုန်းမှာ ပျားလိမ္မော်သီး တစ်လုံးလျှင် (၇၀၀)ကျပ်နှင့် ရိုးရိုးလိမ္မော်သီးတစ်လုံးလျှင် (၁၀၀၀)ကျပ်ရှိကြောင်း သိရှိရပါသည်။

DOCA(တနင်္သာရီ)

တနင်္သာရီတိုင်း၊ မြိတ်မြို့ပေါ်ရှိ သံပရာသီးဈေးနှုန်း

     တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ မြိတ်မြို့နယ်တွင် ဆိပ်ငယ်ဈေးကြီးနှင့် ရှမ်းချောင်း ကုန်စိမ်းဈေးအတွင်း သံပရာသီးနှင့် သံပယိုသီးများမှာ ယခုပတ်တွင် ပိုမိုဝင်ရောက်၍ အ‌ရောင်း သွက်နေကြောင်း သိရှိရပါသည်။ သံပရာသီးနှင့် သံပယိုသီးသည် မိုးရာသီတွင် ပိုမိုထွက်ရှိ၍ ဆောင်းရာသီတွင် ထွက်ရှိမှုနည်းပါးသောကြောင့် ဈေးနှုန်းများအနည်းငယ်မြှင့်တက်ကြောင်း ကုန်စိမ်းရောင်းသူတစ်ဦးထံမှ သိရှိရပါသည်။ သံပရာသီးနှင့် သံပယိုသီးများကို သံပရာဖျော်ရည်၊ သံပရာယို၊ အသုပ်မျိုးစုံနှင့် သရေစာတို့တွင် ထည့်သွင်းစားသုံးပြီး လူသုံးကုန်နှင့် ကျန်းမာရေး အတွက်လည်းသုံးစွဲခြင်းကြောင့် သံပုရာသီးကို သုံးစွဲသူများ များပြားကြကြောင်းလည်း သိရှိရပါသည်။

    ၂၀၂၅ခုနှစ် ယခင်ဇွန်လပတ်တွင် သံပရာသီးတစ်လုံးလျှင် (၂၀၀)ကျပ်ထိရှိပြီး ယခုဇူလိုင်လပတ်တွင် တစ်လုံးလျှင်(၅၀)ကျပ်ထိ ကျဆင်းသွားကြောင်း ကုန်စိမ်းရောင်းသူ တစ်ဦးထံမှ သိရှိရပါသည်။

DOCA(တနင်္သာရီ)

အရောင်းသွက်သည့် ငါး၊ပုဇွန်စျေးကွက်

     ဝါတွင်းကာလအခါသမယတွင်  ငါး၊ ပုဇွန် နှင့်ရေထွက်ပစ္စည်းများ မန္တလေးစျေးကွက်တွင် အရောင်းသွက်လျက်ရှိကြောင်း သိရပါသည်။ ရေထွက်ပစ္စည်းဝင်ရောက်မှုမှာ မန္တလေးတိုင်း ဒေသ တွင်းရှိ မွေးမြူရေးကန်များမှ တီလားဗီးယားငါး(ဂျပန်ငါး)၊ငါးကြင်းများ၊ရေချိုငါး မျိုးစုံနှင့် ပုဇွန်များ၊ ရန်ကုန်တိုင်းဒေသကြီးနှင့် မြန်မာပြည်အောက်ပိုင်းမှထွက်ရှိသော ငါး၊ပုဇွန်၊ဂဏန်း များနှင့် ရေထွက် ပစ္စည်းများဝင်ကြောင်း သိရပါသည်။မန္တလေးမြို့၊သီရိမာလာစျေးသို့ တစ်ရက်ခြားလျှင် ကား(၁၀ ဘီး) ၃စီးနှင့်၄စီးအကြားဝင်ရောက်မှုနှင့်ခေါက်တိုကန်တာကားအနေဖြင့် တစ်ရက် လျှင် ၅ စီးနှင့် ၆ စီး အကြား ဝင်ကြောင်း သိရပါသည်။   ၂၀၂၅ ခုနှစ် ဇူလိုင်လဒုတိပတ်အတွင်း   တစ်ပိဿာ စျေးနှုန်း များမှာ  ငါးသလောက် ၂၀၀၀ဝိ/- နှင့် ၃၅၀၀ဝိ/-၊   ငါးကြင်းဖြူ  ၁၂၀၀ဝိ/- နှင့်၁၆၀၀ဝိ/-၊   ငါးကြင်း မျက်စံနီ  ၁၂၀၀ဝိ/-  နှင့် ၁၄၀၀ဝိ/- ၊ ငါးအုံတုံ ၁၀၀၀ဝိ/-နှင့် ၁၄၀၀ဝိ/- ၊ ငါးမြစ်ချင်း၊  ငါးပတ် နှင့် ငါးရံ့များ မှာ  ၁၃၀၀ဝိ/- နှင့် ၁၆၀၀ဝိ/-၊   တီလားဗီးယား (ဂျပန်ငါး)  ၈၀၀ဝိ/- နှင့်  ၁၀၀၀ဝိ/-၊ ကတ်ကတစ်ငါး  ၃၀၀၀ဝိ/-    နှင့် ၃၃၀၀ဝိ/- စျေးတို့ဖြင့် ရောင်းချလျက်ရှိပြီး၊  အရွယ်အစားအလိုက် အနည်းငယ်စျေးနှုန်းကွာခြားမှုရှိ ပါသည်။ မွေးမြူရေးပုဇွန်စျေးမှာ အမျိုးအစားအလိုက် တစ်ပိဿာ လျှင်  ၁၀၀၀ဝိ/-နှင့်  ၁၃၀၀ဝိ/-၊ ပုဇွန်ကြား နှင့်ရေချိုပုဇွန်တုတ်မှာ ၃၅၀၀ဝိ/- နှင့်  ၅၀၀၀ဝိ/-၊ ပြည်ကြီးငါး ၃၀၀၀ဝိ/- နှင့် ၅၀၀၀ဝိ/-၊ ဂဏန်း ၁၀၀၀ဝိ/- နှင့် ၁၂၀၀ဝိ/-၊ ကင်းမွန် ၂၀၀၀ဝိ/-နှင့် ၂၅၀၀ဝိ/- ၊ရေဘဝဲ ၂၀၀၀ဝိ/-နှင့် ၄၅၀၀ဝိ/- စျေး တို့ဖြင့်  ရောင်းချလျက်ရှိကြောင်း သိရပါသည်။

DOCA(မန္တလေး)

ခရမ်းချဉ်သီးစျေးနှုန်းစျေးကွက်

    မန္တလေးစျေးကွက်သို့      မိုးရာသီအတွင်း ခရမ်းချဉ်သီးဝင်ရောက်မှုလျော့နည်းသည့်အတွက်   စျေးအနည်းငယ်မြင့်သွားကြောင်း   သိရပါသည်။     ခရမ်းချဉ်သီးဝင် ရောက်မှု အနေဖြင့် အမရပူရ၊ ပုသိမ်ကြီး၊မတ္တရာ၊ကျောက်ဆည်၊ မြစ်သား၊ စဉ့်ကိုင်၊  တံတားဦးဒေသ နှင့်  စစ်ကိုင်းတိုင်း ဒေသကြီး တို့ မှ ကိုင်းသီးနှင့် ဘောလုံးသီးများဝင်ရောက်ပြီး၊   ရှမ်းပြည်နယ် တောင်ပိုင်းဒေသများမှ ခရမ်းချဉ် သီး(အင်းသီး)များ ဝင်ရောက်လျက် ရှိပါသည်။ မန္တလေးစျေးချို၊ ကိုင်းတန်းစျေးရှိ ခရမ်းချဉ် သီးပွဲရုံ များ၊သီရိမာလာစျေး(ပိုက်ကျုံးစျေး) နှင့် ၄၁လမ်း၊   ကမ်းနားလမ်း ရှိ ကုန်စိမ်း လက္ကားစျေးတို့ တွင် ခရမ်းချဉ်သီးအား ခေါင်သီးနှင့် အလတ်စသီးဟူ၍   အမျိုးအစားခွဲခြား  ရောင်းချလျက်ရှိပါသည်။  ၂၀၂၅ ခုနှစ်  ဇူလိုင်လဒုတိယပတ်အတွင်း   ဖြစ်ပေါ်လျက်ရှိသော   လက္ကားစျေးအနေဖြင့် အင်းသီး တစ်သေတ္တာ(၂၀ ပိဿာပါ)လျှင် ၇၅၀၀၀ ကျပ်နှင့် ၈၅၀၀၀ ကျပ်၊ လက်လီစျေးအနေဖြင့် ခရမ်းချဉ် သီး ဘောလုံးသီးနှင့် အင်းသီး တစ်ပိဿာလျှင် ၅၀၀၀ ကျပ်နှင့် ၅၅၀၀ ကျပ်၊   ဗမာသီးတစ်ပိဿာ လျှင် ၆၀၀၀ ကျပ်နှင့် ၆၅၀၀ ကျပ်စျေးတို့ဖြစ်ရောင်းချ လျက်ရှိကြောင်း သိရပါသည်။

DOCA(မန္တလေး)

အရောင်းသွက်သည့်ငါးခြောက်စျေးကွက်

    မန္တလေးစျေးချိုတော်ရှိ  ငါးခြောက်စျေးကွက်မှာ ဝါတွင်းကာလအတွင်း  အလှူပွဲများ၊ ဘုရား ပွဲများကျင်းပမှု များပြားလျက်ရှိပြီး၊  ငါးခြောက်မျိုးမျိုး အရောင်းသွက်လျက်ရှိကြောင်း သိရပါသည်။ မန္တလေးစျေးကွက်သို့  ရေထွက်ကုန်ပစ္စည်းများ ဖြစ်သည့်ငါးခြောက်၊ ငါးပိ နှင့်ပုဇွန်ခြောက်များအား  ရန်ကုန်တိုင်းဒေသကြီးနှင့်  မြန်မာနိုင်ငံအောက် ပိုင်းဒေသတို့မှ ဝင်ရောက် လျက်ရှိကြောင်း သိရပါ သည်။  ၂၀၂၅ ခုနှစ်ဇူလိုင်လဒုတိယပတ်အတွင်း အမျိုးအစားအလိုက်တစ်ပိဿာ ပေါက်စျေးတို့ မှာ  ငါးနီတူးခြောက်၂၀၀၀ဝိ/- နှင့်၂၈၀၀ဝိ/-၊ ငါးဖောင်ရိုးခြောက် ၄၀၀၀ဝိ/- နှင့် ၆၀၀၀ဝိ/-၊ငါးပုတ် သင် ခြောက် (လုံး)၁၆၀၀ဝိ/- နှင့်၂၀၀၀ဝိ/-၊ငါးပုတ်သင်ခြောက်(ပြား) ၂၀၀၀ဝိ/-နှင့်၂၅၀၀ဝိ/-၊ ငါးရောင် ခြောက်  ၄၅၀၀ဝိ/- နှင့် ၇၀၀၀ဝိ/-၊ ငါးရံ့ခြောက်(လုံး)၆၅၀၀ဝိ/- နှင့်၇၅၀၀ဝိ/-၊ငါးရံ့ခြောက် (ပြား) ၈၅၀၀ဝိ/-  နှင့် ၉၅၀၀ဝိ/-၊ ပုဇွန်ခြောက် ၂၅၀၀ဝိ/- နှင့် ၆၀၀၀ဝိ/- စျေးအသီးသီးဖြင့်  ရောင်းချလျက် ရှိကြောင်း သိရပါသည်။  

DOCA(မန္တလေး)

စပျစ်သီးစျေးအနည်းငယ်တက်

     မန္တလေးသစ်သီးစျေးကွက်သို့  ဇူလိုင်လဒုတိယပတ်အတွင်း  ရမည်းသင်းဒေသထွက် စပျစ်သီးဝင်‌ရောက်မှုလျော့နည်းလာသည့်အတွက် စျေးအနည်းတက်သွားကြောင်း သိရပါသည်။ မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းခရိုင်မှ ထွက်ရှိသည့်စပျစ်သီးဝင်ရောက်မှုများပြီး၊ စစ်ကိုင်းတိုင်း ဒေသကြီးမှလည်း  ဝင်ရောက်ကြောင်း သိရပါတယ်။ မန္တလေးသစ်သီးစျေးကွက်တွင်  ၂၀၂၅  ခုနှစ် ဇူလိုင်လဒုတိယပတ်အတွင်း စပျစ်သီး‌စျေး တစ်ပိဿာလျှင် စပျစ်သီးအလုံးဝိုင်း (ကြီး)  ၉၀၀၀  ကျပ်   နှင့် ၁၂၀၀၀ကျပ်၊ စပျစ်သီးအချွန်မျိုး ၈၀၀ဝကျပ်  နှင့် ၉၀၀၀ ကျပ်၊စပျစ်သီး (လုံးသေး) ၇၀၀၀ ကျပ် နှင့် ၈၀၀၀ ကျပ် စျေးတို့ဖြင့် ရောင်းချလျက်ရှိပြီး၊ သစ်သီးမျိုးစုံအရောင်းသွက်သည့် ဝါတွင်းကာလ စပျစ်သီးမှာ စျေးအနည်းငယ်တက်သော်လည်းအရောင်းသွက်လျက်ရှိသည့် သီးနှံတစ်မျိုး ဖြစ်ကြောင်း သိရပါသည်။

DOCA(မန္တလေး)

ဆီနှင့်ဆီကြိတ်ဖတ်စျေးကွက်

    မန္တလေးတိုင်းဒေသကြီးအတွင်း အများအပြားစိုက်ပျိုးသည့် ဆီထွက်သီးနှံမြေပဲ၊ နှမ်းနှင့် နေကြာသီးနှံများအား ပြည်တွင်းစားဆီကြိတ်ခွဲခြင်းတွင် အရေးပါ သကဲ့သို့ မြေပဲနှင့်နှမ်းမှာ ပြည်ပသို့ တင်ပို့သည့်ကုန်စည်အမယ်များဖြစ်ပါသည်။မြေပဲ၊နှမ်း၊နေကြာသီးနှံများအား စားဆီ ကြိတ်ခွဲပြီး ထွက်ရှိလာသည့် မြေပဲဖတ်၊နှမ်းဖတ်နှင့်နေကြာ ဖတ်များကိုတိရိစ္ဆာန် အစာအဖြစ် အသုံးပြု လျက်ရှိပါသည်။ မန္တလေးပွဲစား၊ ကုန်သည်စက်ပိုင်များ မဟာကထိန်တော်အသင်းတွင် ၂၀၂၅ခုနှစ်ဇူလိုင်လဒုတိယပတ်အတွင်း ဖြစ်ပေါ်လျက်ရှိသည့်စားဆီတစ်ပိဿာ ပေါက်စျေးများ မှာ မြေပဲဆီ ၁၇၀၀ဝိ/-နှင့် ၁၇၅၀ဝိ/-၊နှမ်းဆီ ၁၄၀၀ဝိ/-နှင့် ၁၄၅၀ဝိ/-စျေးနှင့် ပဲဖတ်တစ်ပိဿာ ပေါက်စျေးများအနေဖြင့် မြေပဲဖတ် ၄၅၀ဝိ/- နှင့် ၄၅၅ဝိ/- ၊နှမ်းဖတ် ၃၀၀၀ကျပ်နှင့် ၃၁၀ဝိ/-၊ နေကြာဖတ် ၂၁၀၀ကျပ်နှင့်၂၂၀ဝိ/-၊မုန်ညင်းဖတ် ၂၅၅၀ ကျပ်နှင့် ၂၆၀ဝိ/-တို့ဖြင့် ရောင်းချလျှက် ရှိကြောင်း သိရပါသည်။ 

DOCA(မန္တလေး)

အရောင်းသွက်သည့်မြေပဲစျေးကွက်

    မြေပဲမှာ စားသုံး ဆီကြိတ်ခွဲခြင်းလုပ်ငန်းများနှင့် စားသောက်ကုန်တို့တွင် အသုံးပြုခြင်းတို့ကြောင့် ပြည်တွင်းစျေးကွက် လိုအပ်ချက်များပြီး၊ ပြည်ပတင်ပို့သည့် စျေးကွက်ဝင်ကုန်စည်ဖြစ် ကြောင်းသိရပါသည်။ မန္တလေးတိုင်းဒေသကြီးအတွင်း ဆီထွက်သီးနှံမြေပဲအား မိုးနှင့် ဆောင်း ရာသီများတွင် စိုက်ပျိုးပြီး၊ ၂၀၂၄-၂၀၂၅ ခုနှစ်မြေပဲစိုက်ပျိုးမှု ၆၀၃၇၅၂ ဧက၊ရိတ်သိမ်းမှု ၃၁၀၀၇၉ ဧက၊ အထွက် နှုန်း ၄၂.၆၅ တင်း၊ အထွက်စုစုပေါင်း ၁၃၂၂၃၆၄၉ တင်းဖြစ်ကြောင်း သိရပါသည်။ မန္တလေး ပွဲစား၊ ကုန်သည်စက်ပိုင်များမဟာကထိန်တော်အသင်းတွင် ၂၀၂၅ခုနှစ်ဇူလိုင်လဒုတိယ ပတ်အတွင်းဖြစ်ပေါ်လျက်ရှိသည့်ပေါက်စျေးများမှာ မြေပဲတစ်ပိဿာလျှင်  S1 လုံးဆံ ၉၂၀၀ ကျပ် နှင့် ၉၃၀၀ ကျပ်၊ S1 ဆီဆံ ၈၄၀၀ကျပ်နှင့် ၈၆၀၀ကျပ်၊ S1 ရွေးဆံ ၈၇၀၀ ကျပ်နှင့် ၈၈၀၀ကျပ်၊ အနီလုံးဆံ ၈၉၀၀ ကျပ်နှင့် ၉၂၀၀ကျပ်၊အနီဆီဆံ ၈၆၀၀ ကျပ်နှင့် ၈၇၀၀ကျပ်၊ Mတွဲလုံးဆံ ၉၂၀၀ ကျပ်နှင့် ၉၃၀၀ကျပ်၊ M တွဲ ဆီဆံ ၈၅၀၀ ကျပ်နှင့်၈၉၅၀ ကျပ်တို့ဖြစ်ကြောင်း သိရပါသည်။ ယခင် နှစ်ကာလတူ တစ်ပိဿာစျေးမှာS1 လုံးဆံ ၈၀၀၀ကျပ်နှင့် ၈၁၀၀ ကျပ်၊ S1 ဆီဆံ ၇၄၀၀ ကျပ်နှင့် ၇၅၀၀ကျပ်၊ S1ရွေးဆံ ၇၇၀၀ကျပ်နှင့် ၇၈၀၀ကျပ်၊ Mတွဲဆီဆံ ၇၄၀၀ ကျပ်နှင့် ၇၅၀၀ကျပ်၊ အနီလုံးဆံ(ရှည်) ၇၂၀၀ကျပ်နှင့် ၇၃၀၀ကျပ်၊ အနီလုံးဆံ (ဝိုင်း) ၇၆၀၀ ကျပ်နှင့် ၇၈၀၀ ကျပ်တို့ဖြစ်ပေါ်ခဲ့ပြီး၊ ကာလတူနှိုင်းယှဉ်ပါက စျေးပိုမိုရရှိကြောင်း သိရပါသည်။

DOCA(မန္တလေး)

မြေထောက်ပဲစျေးနှုန်းစျေးကွက်

   ပဲမျိုးစုံစိုက်ပျိုးမှုများပြားပြီး၊ ၂၀၂၄-၂၀၂၅ ခုနှစ် မြေထောက်ပဲ သီးနှံအပါအဝင် ပဲမျိုးစုံစိုက်ပျိုးမှု (၁၀၁၉၄၇၇)ဧကဖြစ်ကြောင်း သိရပါသည်။ မန္တလေး ပွဲစား၊ကုန်သည်၊စက်ပိုင်များ မဟာကထိန်တော်အသင်းတွင် ၂၀၂၅ ခုနှစ် ဇူလိုင်လ ဒုတိယပတ်အတွင်း ဖြစ်ပေါ်လျက်ရှိသော မြေထောက်ပဲပေါက်စျေးမှာ ၃တင်းဝင်တစ်အိတ်လျှင် ၂၆၀၀၀၀ကျပ်နှင့် ၃၀၀၀၀၀ ကျပ်၊ တစ်ပိဿာပေါက်စျေးမှာ  ၄၉၀၇ကျပ်နှင့် ၅၅၅၆ကျပ် တို့ ဖြစ်ကြောင်း သိရပါသည်။ ယခင်နှစ်ကာလတူ မြေထောက်ပဲပေါက်စျေးမှာ ၃တင်းဝင်တစ် အိတ် လျှင် ၂၈၀၀၀၀ကျပ်နှင့် ၃၂၀၀၀၀ ကျပ်၊ တစ်ပိဿာစျေးမှာ ၅၁၈၅ကျပ်နှင့် ၅၉၂၆ ကျပ်ဖြစ်ပြီး ယခင်နှစ်စျေးနှင့် ယခုနှစ်နှိုင်းယှဉ်ပါက မြေထောက်ပဲ ပေါက်စျေးမှာ လျော့နည်းသွားကြောင်း တွေ့ရှိရပါသည်။

DOCA(မန္တလေး)

မန္တလေးပဲကြားစျေးကွက်

   မန္တလေးပဲမျိုးစုံစျေးကွက်သို့ မန္တလေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မကွေး တိုင်း ဒေသကြီးနှင့်ရှမ်းပြည်နယ်တို့မှ ထွက်သည့်ပဲကြားသီးနှံများ ဝင်ရောက်လျက်ရှိကြောင်း သိရပါသည်။ ပဲကြားမှာ ပြည်တွင်းစားသုံးမှုများသည့်ပဲတစ်မျိုးဖြစ်ပါသည်။ မန္တလေး တိုင်း ဒေသကြီးတွင် ပဲမျိုးစုံစိုက်ပျိုးမှုများပြားပြီး၊ ၂၀၂၄-၂၀၂၅ ခုနှစ်ပဲကြားသီးနှံအပါအဝင် ပဲမျိုးစုံ စိုက်ပျိုးမှု(၁၀၁၉၄၇၇) ဧကဖြစ်ကြောင်း သိရပါသည်။ မန္တလေးပွဲစား၊ကုန်သည်၊ စက်ပိုင်များ မဟာကထိန်တော်အသင်းတွင် ၂၀၂၅ ခုနှစ်ဇူလိုင်လဒုတိယပတ်အတွင်း ဖြစ်ပေါ်လျက်ရှိသော ပဲကြားပေါက်စျေးမှာ ၃တင်းဝင်တစ်အိတ်လျှင် ၂၇၀၀၀၀ကျပ်နှင့် ၂၇၅၀၀၀ ကျပ်၊ တစ်ပိဿာ ပေါက်စျေးမှာ  ၄၈၀၀ကျပ်နှင့် ၄၈၈၉ ကျပ်တို့ဖြစ်ကြောင်း သိရပါသည်။ ယခင်လကာလတူ ပဲကြားသီးနှံပေါက်စျေးမှာ ၃တင်းဝင်တစ်အိတ်လျှင် ၂၇၅၀၀၀ ကျပ်နှင့် ၂၇၈၀၀၀ကျပ်၊ တစ် ပိဿာစျေးမှာ ၄၈၈၉ ကျပ်နှင့် ၄၉၄၂ကျပ်တို့ဖြစ်ပြီး၊ ယခင်လနှင့်ယခုလစျေးနှုန်းနှိုင်းယှဉ်ပါက ပဲကြားသီးနှံစျေးမှာ လျော့နည်းသွားကြောင်း တွေ့ရှိရပါသည်။

DOCA(မန္တလေး)

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း