ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

ကျွန်းလှမြို့တွင် ရောင်းချနေသော နေကြာစေ့ ဈေးနှုန်း

          ကျွန်းလှမြို့တွင်  ကုန်မျိုးစုံရောင်းဝယ်ရေးဆိုင်များတွင် နေကြာစေ့များကို ရွှေဘိုမြို့နှင့် မန္တလေးမြို့တို့မှ မှာယူရောင်းချ လျက်ရှိကြောင်း သိရှိရပါသည်။

         ၂၀၂ ခုနှစ်၊ ဇူလိုင်လ ပထမပတ်အတွင်း ကျွန်းလှမြို့ ကုန်မျိုးစုံရောင်းချသည့် ဆိုင်များတွင် ဖြစ်ပေါ်နေ‌သော နေကြာစေ့ ဈေးနှုန်းအနေဖြင့် နေကြာစေ့ လက်က္ကား တစ်ပြည်လျှင်(၇၈၀၀)ကျပ်၊ နေကြာစေ့ လက်လီ တစ်ပြည်လျှင်(၈၀၀၀)ကျပ်၊ နေကြာစေ့ နို့ဆီဘူး(၄)ဘူးလျှင်(၀၀၀)ကျပ်နှင့် နေကြာစေ့ နို့ဆီဘူး(၁)ဘူးလျှင်(၁၀၀၀)ကျပ် ဈေးနှုန်းတို့ဖြင့် ရောင်းချလျက်ရှိကြောင်း ကျွန်းလှမြို့ ကုန်မျိုးစုံရောင်းချနေသာ လုပ်ငန်းရှင်များထံမှ သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

အချိုပွဲအတွက် အသုံးများသော နှမ်းပျစ်ယိုနှင့် ဇီးပြား ဈေးနှုန်း

           ကျွန်းလှမြို့တွင်  ကုန်မျိုးစုံရောင်းဝယ်ရေးဆိုင်များနှင့် မြို့တွင်းရပ်ကွက်ဈေးများတွင် နှမ်းပျစ်ယိုများကို ရွှေဘိုမြို့နှင့် မန္တလေးမြို့တို့မှ မှာယူ ရောင်းချလျက်ရှိကြောင်း သိရှိရပါသည်။ ဇီးပြားသည် ချဉ်ပြုံးပြုံး အရာသာရှိပြီး အလွန်ကောင်းမွန်ကာ ခံတွင်းရှင်းစေသော သရေစာ တစ်မျိုးဖြစ်ပြီး ပူပြင်လှသည့် နွေရာသီမှာ စိတ်ကိုကြည်လင်လန်းဆန်းစေပြီး ခန္ဓာကိုယ်အတွက် ခွန်အားကိုလည်း ဖြစ်စေသလို ဗီတာမင် ဓါတ်ကြွယ်ဝစွာပါဝင်ပြီး ရင်ထဲကိုအေးမြလန်းဆန်းစေသည့်အတွက် နွေရာသီတွင် ဇီးပြားကိုပိုပြီး စားသုံးကြသည်ကို တွေ့ရှိရပါသည်။

         ၂၀၂ ခုနှစ်၊ ဇူလိုင်လ ပထမပတ်အတွင်း ကျွန်းလှမြို့ပေါ်ရပ်ကွက်ဈေးများအတွင်း ကုန်မျိုးစုံ ရောင်းချသည့်ဆိုင်များတွင် ဖြစ်ပေါ်နေ‌သော နှမ်းပျစ်ယို ဈေးနှုန်းအနေဖြင့် နှမ်းပျစ်ယို တစ်ပိဿာလျှင် (၁၂၅၀၀)ကျပ်၊ နှမ်းပျစ်ယို(၅၀)ကျပ်သားလျှင်(၅၀၀)ကျပ်နှင့် နှမ်းပျစ်ယို(၂၅)ကျပ်သားလျှင်(၃၅၀၀)ကျပ် (၂၀)ကျပ်သားလျှင်(၂၅၀၀)ကျပ်ဈေးနှုန်းတို့ဖြင့်လည်းကောင်း ဇီးပြားဈေးနှုန်းအနေဖြင့် ဇီးပြား လက်က္ကားဈေး တစ်ပိဿာလျှင်(၇၀၀၀)ကျပ်၊ ဇီးပြားလက်လီဈေး တစ်ပိဿာလျှင်(၇၅၀၀)ကျပ်၊ ဇီးပြား(၅၀)ကျပ် သားလျှင်(၀၀၀)ကျပ်နှင့် ဇီးပြား(၂၅)ကျပ်သားလျှင်(၂၀၀၀)ကျပ် ဈေးနှုန်းတို့ဖြင့် ရောင်းချလျက်ရှိကြောင်း ကျွန်းလှမြို့ ကုန်မျိုးစုံ ရောင်းချနေသည့် လုပ်ငန်းရှင်များထံမှ သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

  နနွင်းတက်နှင့် နနွင်းမှုန့်အစစ် ဈေးနှုန်း

           စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ကျွန်းလှမြို့နယ် တာဝန်ခံရုံးအနေဖြင့်  စားသုံးသူကာကွယ်ပေးရေးလုပ်ငန်းများအပြင် ပြည်တွင်းကုန်သွယ်မှုဖွံ့ဖြိုး တိုးတက် ရေးလုပ်ငန်းများကိုပါဆောင် ရွက်လျက်ရှိရာ စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူခရိုင် ကျွန်းလှမြို့နယ်၊ ရှမ်းစုကျေးရွာတွင် တစ်ပိုင် တစ်နိုင်အနေဖြင့်လည်းကောင်း မိသားစုစားဝတ်နေရေး အပိုဝင်ငွေရရှိရန် အတွက် လည်းကောင်း သီးနှံမျိုးစုံ စိုက်ပျိုးလျက်ရှိရာမှ စားဖိုဆောင်သီးနှံများဖြစ်သော ကြက်သွန်၊ ငရုပ်သီးနှံအပြင် နနွင်းသီးနှံပင်များကိုလည်း စိုက်ပျိုးကြပါသည်။

           နနွင်းသီးနှံပင်များကို  တောင်ယာမြေများတွင် သီးသန့်စိုက်ပျိုးကြသလို နှစ်ရှည်ပင်များဖြစ်သည့် သရက်ပင်၊ ဇီးချိုပင်နှင့် လျှော်ဖြူပင်များအကြားတွင် သီးညှပ်စိုက်ပျိုးကြသည်ကိုလည်း တွေ့ရှိရပါသည်။ နနွင်းသီးနှံသည် ဈေးကွက်ဝင်သီးနှံတစ်မျိုး ဖြစ်သည့်အလျှောက် နနွင်းတက်များ အပေါ်မီ နနွင်းဖူးများကိုလည်း ခူးဆွတ်ရောင်းချပြီး မိသားစု အပိုဝင်ငွေရရှိပါသည်။

      ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ ပထမပတ် ကျွန်းလှမြို့တွင် ဖြစ်ပေါ်နေသော နနွင်းတက် ဈေးနှုန်းအနေဖြင့် နနွင်းတက် တစ်ပိဿာလျှင်(၁၇၀၀၀)ကျပ်၊ နနွင်းတက်(၅၀)ကျပ်သားလျှင်(၈၅၀၀)ကျပ် နှင့် နနွင်းတက် (၂၅)ကျပ်သားလျှင်(၄၅၀၀)ကျပ်၊ နနွင်းမှုန့် အစစ်ဈေးနှုန်းအနေဖြင့် နနွင်းမှုန့်အစစ် တစ်ပိဿာလျှင် (၂၀၀၀၀)ကျပ်၊ နနွင်းမှုန့်အစစ်(၅၀)ကျပ်သားလျှင်(၁၀၀၀၀)ကျပ် နှင့် နနွင်းမှုန့်အစစ် (၂၅)ကျပ်သား လျှင်(၅၀၀၀)ကျပ် ဈေးနှုန်းတို့ဖြင့် အ‌‌ရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

“စဉ့်ကိုင်မြို့၊မြို့မဈေးအတွင်းရှိ သော်တာစန်း စားသုံးဆီအရောင်းဆိုင်အားကွင်းဆင်း”

   ကျောက်ဆည်ခရိုင်စားသုံးသူရေးရာဦးစီးဌာနမှ စစ်ဆေးရေးအရာရှိများသည် ဇူလိုင်လ (၁၁)ရက်နေ့တွင် မြို့နယ်စည်ပင်သာယာရေးအဖွဲ့ နှင့် ပူးပေါင်း၍ စဉ့်ကိုင်မြို့၊မြို့မဈေး အတွင်းရှိ သော်တာစန်း စားသုံးဆီအရောင်းဆိုင်သို့ သွားရောက်ပြီး စျေးကွက်စောင့်ကြည့် စစ်ဆေးခြင်းလုပ်ငန်းများဆောင်ရွက်ခဲ့ပါသည် ။ ထိုသို့စစ်ဆေးရာတွင် ဆီဆိုင်များအနေဖြင့် စီးပွား‌ရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ညွှန်ကြားချက်အမှတ် (၁/၂၀၂၁)အားလိုက်နာရမည်ဖြစ်ကြောင်း ၊ ပဲဆီ၊ နေကြာဆီ၊ နှမ်းဆီနှင့်ဟင်းသီးဟင်းရွက်ဆီ များအား Parking ဘူးများဖြင့်ရောင်းချရာတွင် ပင်ရင်းပါဝင်ပစ္စည်းကို အခြေခံသော ကုန်စည် ၏ အမျိုးအမည်ကို တိကျစွာ မြန်မာဘာသာဖြင့်ဖော်ပြရမည်ဖြစ်ကြောင်း၊ ဥပမာအနေဖြင့် ဟင်းသီး ဟင်းရွက်ဆီ(စားအုန်းဆီ) ၊ ဟင်းသီးဟင်းရွက်ဆီ(အဆင့်မြင့်စားအုန်းဆီ)ဟုဖော်ပြရ မည်ဖြစ်ပြီး ကုန်စည်၏အသားတင်ပမာဏနှင့်အရွယ်အစားတို့ကို မြန်မာအလေးချိန်ယူနစ် ဖြစ်သော ပိဿာ၊ ကျပ်သားအား မြန်မာဘာသာဖြင့်ဖော်ပြရမည်ဖြစ်ကြောင်း ၊ နိုင်ငံတော်မှ သတ်မှတ်ပေးသည့် ရည်ညွှန်းစျေးဖြင့် ရောင်းချသည့် ဆီဆိုင်များအနေဖြင့် ခွဲတမ်းရရှိသော စားအုန်းဆီများကို ရည်ညွှန်းစျေး၊သယ်ယူပို့ဆောင်ခကုန်ကျစရိတ်များပေါင်းပြီး ၂ရာခိုင်နှုန်း အထက်ပိုပြီး ရောင်းချခြင်း မရှိရန်လိုအပ်ကြောင်း ၊ ထိုသို့ရောင်းချရာတွင် ဆီအရည်အသွေး၊ အလေးချိန်ပြည့်ဝအောင်ရောင်းချ ရန် ပြောကြားခဲ့ကြောင်းသတင်းရရှိပါသည်။

DOCA(မန္တလေး)

နှင်းဆီပန်း၊ ဇီဇဝါပန်း၊ ရှင်မွေးလွန်းပန်း နှင့် ဇွန်ပန်း ဈေးနှုန်း

          ကျွန်းလှမြို့၊ သစ်ရာမြိုင်ဈေးတွင် ဘုရားပန်း အမျိုးမျိုးဖြစ်သော ဂန္ဓာမာပန်း၊ သစ္စာပန်း၊ စိန်လည်တုံ၊ နှင်းဆီ၊ ဇွန်ပန်း၊ ရှင်မွေးလွန်း၊ မေမြို့ပန်း(အက်စတာ)၊ မြေမြို့ပန်း (ကြက်လည်ဆံ) သပြေပန်း (အောင်သပြေ) အငုတ်၊ အောင်သပြေ အခက်များနှင့် အာစီယံသပြေ တို့ကို မိမိတို့ ဒေသထွက်နှင့် မန္တလေးမြို့၊ ပြင်ဦးလွင်မြို့တို့မှ မှာယူရောင်းချကြောင်းသိရှိရပါသည်။

           ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ(ပထမပတ်)တွင် ကျွန်းလှမြို့နယ်အတွင်း ဖြစ်ပေါ်နေသော နှင်းဆီပန်း ဈေးနှုန်းအနေဖြင့် နှင်းဆီပန်း အပွင့်ကြီး တစ်ပွင့်လျှင်(၇၀၀)ကျပ်၊ နှင်းဆီပန်း အပွင့်(အလတ်) တစ်ပွင့် လျှင်(၅၀၀)ကျပ် နှင်းဆီပန်း အပွင့် (အသေး)တစ်ပွင့်လျှင်(၄၀၀)ကျပ်၊ ဇီဇဝါပန်း(၁၀)ပွင့်ပါ တစ်စီး လျှင် (၁၀၀၀)ကျပ်နှင့် ဇွန်ပန်း တစ်ကုံးလျှင် (၃၀၀) ကျပ် (၂)ကုံးလျှင်(၅၀၀)ကျပ် ဈေးနှုန်းတို့ဖြင့်လည်းကောင်း ရှင်မွေးလွန်းပန်း တစ်ကုံးလျှင်(၃၀၀)ကျပ် (၂)ကုံးလျှင်(၅၀၀)ကျပ် ဈေးနှုန်းတို့ဖြင့် ရောင်းချလျက်ရှိကြောင်း သိရှိရပါသည်။

DOCA(စစ်ကိုင်း)       

ကျွန်းလှမြို့ရှိ ခရမ်းချဉ်သီး ဈေးနှုန်း

          ကျွန်းလှမြို့နယ်အတွင်းတွင် မိမိတို့ မိသားစု စားဝတ်နေရေးအတွက် စိုက်ပျိုးရေး၊ မွေးမြူရေး လုပ်ငန်းများ လုပ်ကိုင်လျက်ရှိရာမှ  စားဖိုဆောင်သီးနှံများကို ရာသီအလိုက်စိုက်ပျိုးပြီး မိမိတို့မိသားစု စားသုံးပိုလျှံမှုများကို ကျွန်းလှမြို့ဈေးကွက်အတွင်းသို့ ရောင်းချသည့်အတွက် ယခင်ကဈေးနှုန်း ချိုသာခဲ့သော်လည်း ယခုအခါတွင် မိမိတို့ ကျွန်းလှမြို့နယ် သံဘိုကျေးရွာ၊ ရှမ်းစုကျေးရွာ တို့မှထွက်ရှိသည့် ဒေသထွက် ခရမ်းချဉ်သီးများ ဈေးကွက်အတွင်းသို့ ဝင်ရောက်မှု နည်းပါးလာသည့်အတွက် မန္တလေးမြို့နှင့် ရှမ်းပြည်နယ် အောင်ပန်းမြို့တို့မှ မှာယူရောင်းချလျက်ရှိကြောင်း သိရပါသည်။

          ယခု ဇူလိုင်လ ပထမပတ်တွင် ကျွန်းလှမြို့၊ ပိတောက်မြိုင်ဈေး၊ သစ်ရာမြိုင်ဈေးတို့တွင် ‌ရောင်းချ လျက်ရှိသည့် ခရမ်းချဉ်သီး ဈေးနှုန်းအနေဖြင့် ခရမ်းချဉ်သီး(အင်းသီး) အလုံး အကြီး/ အသေးပေါ် မူတည်၍ လက္ကားဈေး တစ်ပိဿာလျှင်(၅၈၀၀)ကျပ်၊ လက်လီဈေးတစ်ပိဿာလျှင်(၆၀၀၀)ကျပ် (၅၀)ကျပ်သားလျှင် (၃၀၀၀)ကျပ်နှင့်(၂၅)ကျပ်သားလျှင်(၁၅၀၀)ကျပ် ဈေးနှုန်းတို့ဖြင့် ရောင်းချလျက်ရှိကြောင်း သိရှိရသည်။ ခရမ်းချဉ်သီးသည် အိမ်ရှင်မများအတွက် တနေ့တာချက်ပြုတ်ရာတွင် မရှိမဖြစ်သော အသီးတစ်မျိုး ဖြစ်သည့်အတွက် ဈေးကောင်းသော်လည်း ဝယ်ယူအသုံးပြုလျက်ရှိကြောင်း သိရသည်။

DOCA(စစ်ကိုင်း)

ထမင်းမြိန်စေသော ချဉ်ပေါင်ရွက် နှင့် ကင်ပလင်းရွက် ဈေးနှုန်း

            ကျွန်းလှမြို့နယ်အတွင်းရှိ ကျေးရွာများတွင် စိုက်ပျိုးရေးလုပ်ငန်းများကို လုပ်ကိုင်လျက်ရှိရာ စားဖို ဆောင်သီးနှံ ဖြစ်သည့် ပဲတောင့်ရှည်သီး၊ ချဉ်ပေါင်ရွက်၊ ရုံးပတီသီး၊ ခရမ်းသီးနှင့်ကန်ဇွန်းရွက်များကို စိုက်ပျိုးလျက်ရှိသည့်အနက် ချည်ပေါင်းရွက် နှင့် ကင်ပလင်းရွက်ကိုလည်း တစ်ပိုင်တစ်နိုင် စိုက်ပျိုး လျက်ရှိပြီး ကျွန်းလှမြို့၊ သစ်ရာမြိုင်ဈေးသို့ လာရောက် ပို့ဆောင်ကာ အရောင်းအဝယ်ဖြစ်လျက်ရှိ ကြောင်းသိရသည်။

            ချဉ်ပေါင်ရွက်သည် ရာသီမရွေး ပေါများသော အရွက်တစ်မျိုးဖြစ်သော်လည်း ကင်ပလင်းရွက် သည် ယခုလို မိုးရာသီတွင်သာ ပေါများလှပါသည်။ ချဉ်ပေါင်ရွက်နှင့်ကင်ပလင်းရွက်တို့ကို အိမ်ရှင်မများအနေဖြင့် နေ့စဉ် အရန်ဟင်း အရည်သောက်အဖြစ် မဖြစ်မနေ ချက်ပြုတ်ကြတာဖြစ်သလို ရက်အတန်ကြာ စာနိုင်ဖို့အတွက်လည်း အဖန့်ကလေးနေလှမ်းပြီး ကြော်ထားကြတာမျိုးလည်းရှိပါသည်။ ကင်ပလင်းရွက်ကိုတော့ အချဉ်ကြော်တာအပြင် ပြုတ်ပြီး သုပ်စားကြတာကို အများဆုံးအသုံးပြုကြတာ ဖြစ်ကြောင်းသိရသည်။

          ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ ပထမပတ်အတွင်း ကျွန်းလှမြို့၊ သစ်ရာမြိုင်ဈေးနှင့်ပိတောက်မြိုင်ဈေး များတွင် ဖြစ်ပေါ်နေသော ချဉ်ပေါင်ရွက် ဈေးနှုန်းများမှာ ချဉ်ပေါင်ရွက် လက္ကားဈေး တစ်ပိဿာ လျှင်(၁၅၀၀)ကျပ်၊ ချဉ်ပေါင်ရွက် လက်လီဈေး တစ်ပိဿာလျှင်(၂၀၀၀)ကျပ်၊ ချဉ်ပေါင်ရွက်(၅၀)ကျပ် သားလျှင်(၁၀၀၀)ကျပ်နှင့် ချဉ်ပေါင်ရွက် (၂၅) ကျပ်သားလျှင်(၅၀၀)ကျပ် ဈေးနှုန်းတို့ဖြင့်လည်းကောင်း  ကင်ပလင်းရွက် တစ်ပိဿာလျှင်(၄၀၀၀)ကျပ်၊ ကင်ပလင်းရွက်(၁)ပုံလျှင်(၃၀၀)ကျပ်၊ ကင်ပလင်းရွက် (၂)ပုံလျှင်(၅၀၀)ကျပ်၊ ကင်ပလင်းရွက်(၄)ပုံလျှင်(၁၀၀၀)ကျပ် ‌အရောင်းအဝယ် ဖြစ်လျက်ရှိကြောင်း သိရသည်။

DOCA(စစ်ကိုင်း)

တည်ငြိမ်လျက်ရှိသော ကုလားပဲဆံ နှင့် ပဲတီဆံဈေးနှုန်း

          ကျွန်းလှမြို့ရှိ  ကုန်မျိုးစုံရောင်းဝယ်ရေးဆိုင်များတွင် ကုလားပဲဆံနှင့် ပဲတီဆံများကို မန္တလေးမြို့မှ မှာယူရောင်းချ လျက်ရှိကြောင်း သိရှိရပါသည်။

            ၂၀၂ ခုနှစ်၊ ဇူလိုင်လ ပထမပတ်အတွင်း ကျွန်းလှမြို့ ကုန်မျိုးစုံရောင်းချသည့် ဆိုင်များတွင် ဖြစ်ပေါ်နေ‌သော ကုလားပဲဆံ ဈေးနှုန်း အနေဖြင့် ကုလားပဲဆံ တစ်ပြည့်လျှင်(၈၈၀၀)ကျပ်၊ ကုလားပဲဆံ နို့ဆီဘူး(၄)ဘူးလျှင်(၄၄၀၀)ကျပ်နှင့် ကုလားပဲဆံ နို့ဆီ(၁)ဘူးလျှင်(၁၁၀၀)ကျပ်နှင့် ပဲတီဆံ တစ်ပြည်လျှင် (၈၈၀၀)ကျပ်၊ ပဲတီဆံ နို့ဆီဘူး(၄)ဘူးလျှင်(၄၄၀၀)ကျပ်နှင့် ပဲတီဆံ နို့ဆီဘူး(၁)ဘူးလျှင်(၁၁၀၀)ကျပ် ဈေးနှုန်းတို့ဖြင့် ရောင်းချလျက်ရှိကြောင်း ကျွန်းလှမြို့ ကုန်မျိုးစုံရောင်းချနေသာ လုပ်ငန်းရှင်များထံမှ သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

ကျွန်းလှမြို့တွင် ‌ရောင်းချလျက်ရှိသော  ကြက်ဥ၊ ငုံးဥ နှင့် ဘဲဥ  ဈေးနှုန်း

                ကျွန်းလှမြို့၊ ပိတောက်မြိုင်ဈေးတွင် အသား/ ငါး၊ ဥမျိုးစုံနှင့် အခြားစား‌သောက် ကုန်ပစ္စည်းများ၊ လူသုံးကုန်ပစ္စည်းများကို ရောင်းချလျက်ရှိရာ ကြက်ဥ၊ ဘဲဥ နှင့် ငုံးဥများကို မိမိတို့ဒေသထွက် ကြက်ခြံ၊ ဘဲခြံများနှင့် မန္တလေးမြို့တို့မှ ဝယ်ယူရောင်းချလျက်ရှိပါသည်။

           ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ ပထမအပတ် ကျွန်းလှမြို့ ဈေးကွက်အတွင်း၌ ရောင်းချနေသည့် ကြက်ဥ၊ ဘဲဥ နှင့် ငုံးဥ ဈေးနှုန်းများမှာ ကြက်ဥ လက္ကား အကြီး(၁)လုံးလျှင်(၅၃၀)ကျပ်၊ ကြက်ဥ လက်လီ အကြီး(၁)လုံး လျှင်(၅၅၀)ကျပ်၊ ကြက်ဥ လက္ကား အလတ် (၁)လုံးလျှင်(၄၈၀)ကျပ်၊ ကြက်ဥ လက်လီ အလတ်(၁)လုံးလျှင်(၅၀၀)ကျပ်၊ ကြက်ဥ လက္ကား အသေး(၁)လုံးလျှင်(၃၈၀)ကျပ်၊ ကြက်ဥ လက်လီ အသေး(၁)လုံးလျှင်(၄၀၀)ကျပ် နှင့် ဘဲဥ လက္ကား (၁)လုံးလျှင်(၆၃၀)ကျပ်၊ ဘဲဥ လက်လီ(၁)လုံးလျှင် (၆၅၀)ကျပ် နှင့် ငုံးဥ လက္ကားဈေး(၁၀)လုံးလျှင် (၉၅၀)ကျပ်၊ ငုံးဥ လက်လီဈေး (၁)လုံးလျှင် (၁၀၀)ကျပ် ဈေးနှုန်းတို့ဖြင့် တည်ငြိမ်ပြီး အရောင်းအဝယ် ဖြစ်လျက်ရှိကြောင်း သိရပါသည်။

DOCA(စစ်ကိုင်း)

ပိတောက်မြိုင်ဈေး၌  ကြက်သား ဈေးငြိမ်နေ

          ကျွန်းလှမြို့၊ ပိတောက်မြိုင်ဈေးနှင့် သစ်ရာမြိုင်ဈေးများတွင် အသား/ငါးနှင့် အခြားစား‌သောက် ကုန်ပစ္စည်းများ၊ လူသုံးကုန်ပစ္စည်းများကို ရောင်းချလျက်ရှိရာ အသား/ငါး ဈေးနှုန်းများထဲမှ ကြက်သား ဈေးနှုန်းသည်လည်း မြင့်တက်လျက်ရှိပါသည်။

           ကြက်သားများသည် မွေးမြူးရေးကြက်နှင့် ဗမာကြက်ဟူ၍ နှစ်မျိုးရောင်းချရာ  မွေးမြူရေးကြက် အကောင်အရှင်များကို ဒေသတွင်းနှင့် ရွှေဘိုမြို့တို့မှ ဖောက်သည်ဝယ်ယူပြီး ရောင်းချလျက်ရှိရာ ကြက်သားဈေးနှုန်းများမှာ ယခု ၂၀၂၅ ခုနှစ်၊ ဇွန်လ စတုထ္အပတ် မွေးမြူရေးကြက်သားဈေးနှုန်း လက်လီဈေး(၂၅၀၀၀)ကျပ်၊ လက္ကားဈေး(၂၃၀၀၀)ကျပ်၊ ဗမာကြက်သား ဈေးနှုန်း လက်လီဈေး (၃၃၀၀၀)ကျပ်၊ ကြက်မြစ် ကြက်သဲ တစ်ပိဿာလျှင်(၂၅၀၀၀)ကျပ် နှင့် ကြက်အရိုး အစုံဖြစ်သည့် လည်ပင်းရိုး၊ တောင်ပံရိုး၊ ခြေထောက်ရိုးတို့၏ ဈေးနှုန်းအနေဖြင့်  တစ်ပိဿာလျှင် လက်လီဈေး (၁၈၀၀၀)ကျပ် ဈေးနှုန်းများဖြင့် အရောင်းအဝယ် ဖြစ်လျက်ရှိကြောင်း ကြက်သားသည်ထံမှ သိရပါသည်။

DOCA(စစ်ကိုင်း)

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း