တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့ပေါ်ရှိ ကုန်စိမ်းဈေးနှုန်း/ဈေးကွက်

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ မြိတ်မြို့ပေါ်တွင် ဆိပ်ငယ်ဈေးကြီးနှင့် စမ်းချောင်း ကုန်စိမ်းဈေးများတွင် ခရမ်းသီး၊ ဂေါ်ဖီထုတ်၊ ကန်စွန်းရွက်၊ ခဝဲသီး၊ မုန်လာထုပ်၊ ပြောင်းဖူး၊ ထိုင်ဝမ်မုန်ညင်း၊ ရွှေဖရုံသီး၊ ဆလပ်ရွက်၊ ဘိုစားပဲ၊ ပဲရှည်သီး၊ ပဲပင်ပေါက်အစရှိသည့် ကုန်စိမ်း များကို ရန်ကုန်မြို့ကုန်စည်ဒိုင်များမှဝယ်ယူ၍ ပြန်လည်ရောင်းချကြကြောင်း သိရှိရပါသည်။
ယခု၂၀၂၅ခုနှစ်၊ အောက်တိုဘာလတတိယပတ်တွင် မြိတ်မြို့ပေါ်တွင် ရောင်းချနေသော ကုန် စိမ်းဈေးများမှာကန်စွန်းရွက်တစ်စည်းလျှင်(၉၀၀)ကျပ်၊ ခဝဲသီးတစ်လုံးလျှင်(၁၅၀၀)ကျပ်၊ ထိုင်ဝမ်မုန် ညင်းတစ်စည်းလျှင်(၁၀၀၀)ကျပ်၊ ရွှေဖရုံသီးတစ်လုံးလျှင်(၇၀၀၀)ကျပ်၊ ဆလပ်ရွက် တစ်စည်းလျှင် (၁၅၀၀)ကျပ်၊ ကြက်သွန်မိတ်တစ်စည်းလျှင်(၆၀၀)ကျပ်၊ ချဥ်ပေါင်ရွက်တစ်စည်း လျှင်(၅၀၀)ကျပ်၊ ပူစီနံတစ်စည်းလျှင်(၅၀၀)ကျပ်၊ ပဲတောင့်ရှည်တစ်စည်းလျှင်(၈၀၀)ကျပ်၊ ဘူးသီးတစ်လုံးလျှင် (၅၀၀၀) ကျပ်၊ ဒညင်းသီး(၁၀)လုံးလျှင် (၁၄၀၀)ကျပ်၊ ရုံးပတီသီးတစ်တောင့် လျှင် (၂၀၀)ကျပ်ဖြင့် ဈေးများတွင် အသီးသီးရောင်းချနေကြောင်း သိရှိရပါသည်။
DOCA(တနင်္သာရီ)









