ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

မင်းလှမြို့နယ်ရှိကြက်ဥ/ဘဲဥဈေးနှုန်းများ

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ်အတွင်း ဇူလိုင်လ ပထမပတ်တွင် ဖြစ်ပေါ်နေသော မြို့မဈေးအတွင်း နေ့စဉ်လက်လီ ရောင်းဝယ်နေသော ကြက်ဥ/ဘဲဥ အရောင်း ဈေးနှုန်းများ မှာကြက်ဥ(အကြီး)တစ်လုံးလျှင် ၅၅၀/ကျပ်၊(အလတ်) ၄၄၀/ ကျပ်၊(အသေး) တစ်လုံးလျှင် (၄၀၀) ကျပ်တို့ဖြင့် အရောင်းအဝယ်ဖြစ်လျှက်ရှိပါသည်။ ဘဲဥဈေးနှုန်းများမှာ(အကြီး)၇၀၀/ကျပ်၊ (အလတ်) ၆၅၀/ကျပ်၊(အသေး) ၅၀၀ ကျပ်တို့ဖြင့် ရောင်းချလျက်ရှိပါသည်။မိုးတွင်းကာလတွင် တစ်နေ့ရောင်းအားအခြေအနေမှာ (၂၇၀၀)လုံးမှ (၃၂၀၀)လုံးထိ အနည်းငယ်ပိုမို ရောင်းချရပါကြောင်း ကြက်ဥ/ဘဲဥ ရောင်းချသူ လုပ်ငန်းရှင်ထံမှ သိရှိရပါသည်။ DOCA(ပဲခူး)

အထက်မင်းလှမြို့နယ်၊ ရွာတောကျေးရွာ၌ မိုးနှမ်းစိုက်ပျိုးမှုနှင့်ဈေးနှုန်းဈေးကွက်

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ အထက်မင်းလှမြို့၊ ရွာတောကျေးရွာအုပ်စု၊ ရွာတော ကျေးရွာသည် စိုက်ပျိုးရေးကိုအဓိကလုပ်ကိုင်ပြီး ကြက်သွန်နီ၊ ဝါ၊ ကုလားပဲ၊ နေကြာ၊ နှမ်းနှင့် အခြား မီးဖိုချောင်သုံးသီးနှံများကို ရာသီအလိုက်စိုက်ပျိုးကြကြောင်း၊ မိုးနှမ်းကို ၂၀၂၅ခုနှစ်၊ မေလ (စတုတ္ထပတ်) မှစတင်၍ တောင်သူ(၄၀)ဦးခန့်မှ စိုက်ဧက(၃၀၀)ဧကခန့် စိုက်ပျိုးထားကြောင်း သိရှိရသည်။ ရွာတောကျေးရွာနေ နှမ်းစိုက်တောင်သူတစ်ဦးက ၎င်းအနေဖြင့် နှမ်းနက်(၁၉)ဧကခန့်ကို ကြောင်းဆွဲအစေ့ချစနစ်ဖြင့် စိုက်ပျိုးထားကြောင်း၊ စိုက်ပျိုးပြီး ရက်ပေါင်း(၉၀)နှင့်(၉၅)ရက်အကြာတွင် ရိတ်သိမ်းရကြောင်း၊ မျိုးအနေဖြင့် သိပ္ပံနှမ်းနက်နှင့် ဆင်းရတနာ-၁၄ နှမ်းနက်မျိုးကို အများဆုံး စိုက်ပျိုး ပြီး (၁)ဧကလျှင် မျိုး(၂)ပြည်ခန့်ကုန်ကျကြောင်း၊ မျိုးကို အထက်မင်းလှမြို့ပေါ်ရှိပွဲရုံများမှ ဝယ်ယူပြီး မျိုးသန့်မှုပေါ်မူတည်၍ (၁)ပြည်လျှင် ကျပ်(၂၀၀၀၀)ပေးရကြောင်း၊ ကုန်ကျစရိတ်အနေဖြင့် ယခင်နှစ် က(၁)ဧကလျှင် မျိုးဖိုး၊ မြေပြုပြင်ခ၊ လုပ်အားခနှင့် အခြားသွင်းအားစု စရိတ်အပါအဝင် စုစုပေါင်း ကျပ်(၄၀၀၀၀၀)ခန့် ကုန်ကျသော်လည်း ယခုနှစ်တွင်မှု သွင်းအားစုစရိတ်မြင့်တက်လာ၍ ကျပ် (၅၅၀၀၀၀)ခန့်ကုန်ကျကြောင်း၊ အထွက်နှုန်းအနေဖြင့် ယခင်နှစ်က (၁)ဧကလျှင် တင်းရေ(၁၀)တင်း ထိထွက်ရှိပြီး ဈေးနှုန်းအနေဖြင့် နှမ်းနက်(၁)တင်းလျှင် ကျပ်(၁၈၅၀၀၀)ထိဈေးရရှိ၍ အကျိုးအမြတ် အနေဖြင့် ကျပ်(၁၄၅၀၀၀၀)ခန့်ရရှိခဲ့ကြောင်း၊ ဈေးကွက်အနေဖြင့် မင်းလှမြို့ရှိပွဲရုံများသို့ တင်ပို့ရောင်းချ ကြောင်း၊ ယခင်နှစ်က မိုးနှမ်းအနေဖြင့် နှမ်းနက်မှာ ရာသီဥတုသမမျှတမှုနည်း၍ အထွက်နှုန်းလျော့ နည်းခဲ့သော်လည်း ဈေးကောင်းရရှိသောကြောင့် စိုက်တောင်သူများအနေဖြင့် ထိုက်သင့်သည့် အကျိုး အမြတ်ရရှိ၍ အဆင်ပြေပါကြောင်း၊ မိုးနှမ်းမှာ ရာသီဥတုပေါ်မူတည်၍စိုက်ပျိုးရပြီး မိုးများ သည့်အခါတွင် နှမ်းပင်များပျက်စီး၍ အထွက်နှုန်းလျော့နိုင်ပြီး မိုးနည်းသည့်အခါတွင်လည်း မျိုးအောင်မူနည်း၍ အထွက်နှုန်းလျော့နည်းနိုင်ကြောင်း၊ ယခုနှစ်တွင်မူ မိုးရွာသွန်းမှုများ၍ ရေဝပ်မှုများသည့်အတွက် နှမ်းစိုက်ခင်းတချို့တွင် နှမ်းပင်များအသေအပျောက်များရှိသော်လည်း ရေဝပ်မှုမရှိသည့် ကျောက်ကုန်း မြေပေါ်တွင် စိုက်ပျိုးထားသည့် နှမ်းစိုက်ခင်းများမှာ ယခုအချိန်တွင် အောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်း၊ ယခင်နှစ်ကအတိုင်း နှမ်းအထွက်နှုန်းလျော့ကျနိုင်သော်လည်း ဈေးကောင်းရရှိပါက နှမ်းစိုက်တောင်သူ များအနေဖြင့် အကျိုးအမြတ်များရရှိနိုင်ပါကြောင်း သိရှိရသည်။ DOCA (မကွေး)

ပဲဈေးကွက်အခြေအနေ

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ် ပဲဈေးကွက်အနေဖြင့် ဇူလိုင်လ ဒုတိယပတ်တွင် မတ်ပဲ (၂၀)ပိဿာတစ်တင်းကို (၉၅၀၀၀/)ကျပ်ရှိခဲ့ပြီး၊ ပဲယင်း(၂၀)ပိဿာ တစ်တင်းကို( ၇၇၀၀၀/)ကျပ်၊ ဘိုကိတ် တစ်ပြည်ကို(၇၀၀၀/)ကျပ်၊ပဲနီစေ့တစ်ပြည်လျှင် (၁၀၀၀၀/) ကျပ်၊ပဲဖြူလေးတစ်ပြည်ကို (၈၀၀၀/) ကျပ်၊ပဲထောပတ်တစ်ပြည်လျှင် (၁၀၀၀၀/)ကျပ်၊ ကုလားပဲတစ်ပြည်(၉၀၀၀/)ကျပ်၊စားတော်ပဲတစ်ပိဿာကို (၈၅၀၀/)ကျပ်ဖြင့် ဈေးကွက် အတွင်း အရောင်းအဝယ်ဖြစ်နေကြောင်း ပဲကုန်သည် တစ်ဦး ထံမှသိရှိရပါသည်။ DOCA(ပဲခူး)

မင်းလှမြို့နယ်စပါး/ဆန်ဈေးကွက်အခြေအနေ

ပဲခူးတိုင်ဒေသကြီး၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ် စပါးဈေးကွက်အခြေအနေဖြင့် ဇူလိုင်ဒုတိယပတ်တွင် ဆင်းသုခ၊ မနောသုခ(၄၆)ပေါင်တင်း (၁၀၀)လျှင် ၁၅၆၄၀၀၀/ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်နေပြီး နွေစပါး(၄၆)ပေါင်လျှ၍် (၁၃၇၆၀၀၀)ကျပ်တို့ဖြင့် အရောင်းအဝယ် ဖြစ်လျက်ရှိပါသည်။ ဆန်ဈေးကွက်အနေဖြင့် ဆင်းသုခ၊မနောသုခ၊ဆန်တစ်ပြည်လျှင်၃၀၀၀/ကျပ်၊ဆန်အဟောင်း တစ်ပြည်လျှင် ၄၀၀၀/ကျပ်၊ဆန်အသစ်တစ်အိတ်လျှင် ၆၃၀၀၀/ကျပ်၊ဆန်အဟောင်းတစ် အိတ်လျှင် ၇၀၀၀၀/ကျပ်၊ပေါ်ဆန်းမွှေးတစ်ပြည်လျှင် ၇၅၀၀၀/ကျပ်မှ ၉၅၀၀/ကျပ်၊ ကောက်ညှင်းဆန် တစ်ပြည်လျှင် ၉၀၀၀/ကျပ်ဖြင့် ဈေးကွက်အတွင်း အရောင်းအဝယ် ဖြစ်နေပါကြောင်းဆန် ကုန်သည်တစ်ဦးထံမှ သိရှိရပါသည်။ DOCA(ပဲခူး)

မကွေးမြို့နယ်၊ ဆားတိုင်ကန်ကျေးရွာ၌ မိုးနှမ်းများစိုက်ပျိုးအောင်မြင်ဖြစ်ထွန်းလျက်ရှိ

မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မကွေးမြို့နယ်ရှိ ဘုရားပြို၊ ဝက်သိုက်၊ နွားကူး၊ သန်းတောကုန်း၊ မကြီးကန်၊ ဆားတိုင်ကန်စသည့်ကျေးရွာများသည် စိုက်ပျိုးရေးကိုအဓိကထား လုပ်ကိုင် ပြီး မြေပဲ၊ နှမ်း၊ ပဲစဉ်းငုံနှင့် အခြားစားဖိုဆောင်သုံးသီးနှံများကို ရာသီအလိုက်စိုက်ပျိုးကြကြောင်း၊ ဆားတိုင်ကန်ကျေးရွာ၌ မိုးနှမ်းကို ၂၀၂၅ခုနှစ်၊ မေလဆန်းမှစတင်၍ စိုက်ပျိုးထားကြောင်း သိရှိရသည်။ ဆားတိုင်ကန်ကျေးရွာနေ နှမ်းစိုက်တောင်သူတစ်ဦးက ၎င်းအနေဖြင့် နှမ်းနက်(၃)ဧကခန့်ကို ကြောင်းဆွဲအစေ့ချစနစ်ဖြင့် စိုက်ပျိုးထားကြောင်း၊ စိုက်ပျိုးပြီး ရက်ပေါင်း(၉၀)အကြာတွင် ရိတ်သိမ်း ရကြောင်း၊ မျိုးအနေဖြင့် သိပ္ပံနှမ်းနက်မျိုးကို အများဆုံးစိုက်ပျိုးပြီး (၁)ဧကလျှင် မျိုး(၃)ပြည်ခန့်ကုန် ကျကြောင်း၊ မျိုးကို နှမ်းစိုက်တောင်သူအချင်းချင်းဆီမှဝယ်ယူပြီး (၁)ပြည်လျှင် ကျပ်(၁၉၀၀၀) ပေးရ ကြောင်း၊ ကုန်ကျစရိတ်အနေဖြင့် ယခင်နှစ်က(၁)ဧကလျှင် မျိုးဖိုး၊ မြေပြုပြင်ခ၊ လုပ်အားခနှင့် အခြား သွင်းအားစု စရိတ်အပါအဝင် စုစုပေါင်း ကျပ်(၅၀၀၀၀၀)ခန့် ကုန်ကျသော်လည်း ယခုနှစ်တွင်မှု သွင်းအား စုစရိတ်မြင့်တက်လာ၍ ကျပ်(၆၀၀၀၀၀)ခန့်ကုန်ကျကြောင်း၊ အထွက်နှုန်းအနေဖြင့် ယခင် နှစ်က (၁)ဧကလျှင် တင်းရေ(၆)တင်းထိထွက်ရှိပြီး ဈေးနှုန်းအနေဖြင့် နှမ်းနက်(၁)တင်းလျှင် ကျပ် (၂၃၀၀၀၀) ထိဈေးရရှိ၍ အကျိုးအမြတ်အနေဖြင့် ကျပ်(၈၈၀၀၀၀)ထိရရှိခဲ့ကြောင်း၊ ဈေးကွက်အနေဖြင့် မကွေးမြို့ ရှိပွဲရုံများသို့ တင်ပို့ရောင်းချကြောင်း၊ ယခင်နှစ်က မိုးနှမ်းအနေဖြင့် နှမ်းနက်မှာ ရာသီဥတု သမမျှတ မှုနည်း၍ အထွက်နှုန်းလျော့နည်းခဲ့သော်လည်း ဈေးကောင်းရရှိသောကြောင့် စိုက်တောင်သူများ အနေဖြင့် ထိုက်သင့်သည့်အကျိုးအမြတ်ရရှိ၍ အဆင်ပြေပါကြောင်း၊ ယခုနှစ်တွင်မူ မိုးများ သော်လည်း ရေဝပ်မှုမရှိသည့်အတွက် နှမ်းပင်များအသေအပျောက်နည်း၍ စိုက်ခင်းမှာ အောင်မြင်ဖြစ်ထွန်းလျက် ရှိပြီး အထွက်နှုန်းအနေဖြင့် (၁၀)တင်းမှ (၁၂)တင်းကြားထွက်ရှိနိုင်မည်ဟု ခန့်မှန်းပါကြောင်း၊ ယခု၂၀၂၅ ခုနှစ်၊ ဇူလိုင်လ(ပထမပတ်)တွင် နှမ်းနက်(၁)တင်းလျှင် ကျပ်(၂၆၀၀၀၀-၂၈၀၀၀၀)ဖြင့် အရောင်းအဝယ် ဖြစ်လျက်ရှိရာ ယခုနှစ်နှမ်းပေါ်မည့်အချိန်တွင် ယခုလက်ရှိဈေးအတိုင်းရရှိပါက နှမ်းစိုက်တောင်သူများ အနေဖြင့် အကျိုးအမြတ်များပိုမိုရရှိနိုင်မည်ဖြစ်ကြောင်း သိရှိရသည်။ DOCA (မကွေး)

မကွေးဈေးကွက်၏ နှမ်းဈေးနှုန်းအခြေအနေ

မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မကွေးဈေးကွက်သို့ မြို့နယ်အတွင်းရှိ မိကျောင်းရဲ၊ လျောင်းတော်ဦး၊ ကံသစ်၊ ရွာဟောင်းကန်၊ သစ်ရာကောက် စသည့်ကျေးရွာများနှင့် မြို့သစ်၊ နတ်မောက်မြို့တို့မှထွက်ရှိသော နှမ်းမျိုးစုံနှင့် အခြားပဲမျိုးစုံများ ဝင်ရောက်ရောင်းဝယ် ဖောက်ကား လျက်ရှိပါသည်။ ၂၀၂၅ခုနှစ်၊ ဇူလိုင်လ(ပထမပတ်)တွင် နှမ်းနီ(၁)တင်းလျှင် ကျပ်(၁၁၈၀၀၀)၊ နှမ်းဖြူ(၁)တင်းလျှင် ကျပ်(၁၁၅၀၀၀)၊ နှမ်းနက်(စမုံ) (၁)တင်းလျှင် ကျပ်(၂၇၀၀၀၀)၊ နှမ်းညိုကြား(၁)တင်းလျှင် ကျပ် (၁၀၅၀၀၀)ဖြစ်၍ ယခင်ဇွန်လ(စတုတ္ထပတ်)နှင့်နှိုင်းယှဉ်ပါက နှမ်းဖြူကျပ်(၁၀၀၀)ဈေးနှုန်းလျော့ကျခဲ့ ပြီး နှမ်းနက်(စမုံ) ကျပ်(၂၀၀၀၀)၊ နှမ်းညိုကြား ကျပ်(၈၀၀၀)ဈေးနှုန်းမြင့်တက်ခဲ့ကြောင်း၊ တစ်ပတ် အတွင်း မကွေးမြို့မှမန္တလေးမြို့သို့ အိတ်ရေ(၃၀၀၀)၊ ပဲခူးမြို့သို့အိတ်ရေ(၂၀၀၀)တင်ပို့ခဲ့ပြီး တန်ချိန်အားဖြင့် (၄၀၀)တန်ခန့် အရောင်းအဝယ်ဖြစ်ခဲ့ကြောင်း သိရသည်။ DOCA (မကွေး)

တောင်ငူမြို့ ညောင်ပင်ဈေးရှိ ဟင်းသီးဟင်းရွက်ဈေးနှုန်းများကျ

တောင်ငူမြို့ ညောင်ပင်ဈေးတွင် ဟင်းသီးဟင်းရွက်ဈေးနှုန်းများမှာ ခရမ်းချဉ်သီး တစ်ပိဿာလျှင် ယခင်လက ၂၅၀၀ ကျပ် ရှိရာမှ ယခုအပတ် တွင် ၁၅၀၀ ကျပ်ဖြင့် ရောင်းချရာ စျေးနှုန်း ၁၀၀၀ ကျပ် ကျသွားပါသည်။ သခွားသီးမှာ ယခင်လက တစ်ပိဿာ ၂၀၀၀ ကျပ် ရှိရာမှ ယခုအပတ်တွင် ၁၀၀၀ ကျပ်ဖြင့် ရောင်းချလျက် ရှိသည်။ ဂေါ်ဖီမှာ တစ်ပိဿာလျှင် ယခင်လက ၂၀၀၀ ကျပ် ရှိရာမှ ယခုအပတ် တွင် ၁၅၀၀ ကျပ်ဖြစ်ပြီး ဈေးနှုန်းအနည်းငယ် ကျသွားပါသည်။ ပန်းဂေါ်ဖီပွင့် စျေးနှုန်း အနေဖြင့် အပွင့်ကြီး တစ်ပွင့်လျှင် ၁၂၀၀ ကျပ် ဖြစ်ပြီး၊ အပွင့်အသေး တစ်ပွင့်လျှင် ၁၀၀၀ ကျပ်ဖြင့် ရောင်းချလျက်ရှိရာ ဈေးနှုန်းတည်ငြိမ်လျက်ရှိသည်။ ခရမ်းသီးအညို နှင့် အဖြူသီးများမှာ တစ်ပိဿာလျှင် ၁၈၀၀ ကျပ် မှ ၂၀၀၀ ကျပ်ဖြင့် ရောင်းချလျက်ရှိပြီး ဈေးနှုန်းတည်ငြိမ်နေပါသည်။ ပဲစောင်းလျားသီး တစ်ပိဿာလျှင် ၆၅၀၀ ကျပ်ဖြင့် ရောင်းချလျက်ရှိပြီး အရောင်းအဝယ်ကောင်းကြောင်း ဈေးသည်များထံမှ သိရပါသည်။ DOCA(ပဲခူး)

တောင်ငူမြို့တွင် တစ်ပတ်အတွင်း စက်သုံးဆီဈေးနှုန်းများအနည်းငယ်တက်

တောင်ငူမြို့တွင် ဇွန်လနောက်ဆုံးပတ်က စက်သုံးဆီဈေးနှုန်းမှာ ရိုးရိုးDiesel တစ်လီတာ လျှင် ၂၅၄၅ ကျပ်၊ Premium Diesel တစ်လီတာလျှင် ၃၁၅၀ ကျပ်၊ Octane 92 တစ်လီတာလျှင် ၃၀၀၅ ကျပ်နှင့် Octane 95 တစ်လီတာလျှင် ၃၀၈၀ ကျပ် ရှိခဲ့ပါသည်။ ယခု ဇူလိုင်လ ပထမအပတ်တွင် စက်သုံးဆီဈေးနှုန်းမှာ ရိုးရိုး Diesel တစ်လီတာလျှင် ၂၇၇၅ ကျပ်၊ Premium Diesel တစ်လီတာလျှင် ၃၄၃၅ ကျပ်၊ Octane 92 တစ်လီတာလျှင် ၃၁၈၅ ကျပ်နှင့် Octane 95 တစ်လီတာလျှင် ၃၂၆၀ ကျပ် ရှိခဲ့ပါသည်။ သို့ဖြစ်ပါ တောင်ငူမြို့တွင် တစ်ပတ်အတွင်း Diesel တစ်လီတာလျှင် ၂၃၀ ကျပ်၊ Premium Diesel တစ်လီတာလျှင် ၂၈၅ ကျပ်၊ Octane 92 တစ်လီတာလျှင် ၁၈၀ ကျပ်နှင့် Octane 95 တစ်လီတာလျှင် ၁၈၀ ကျပ် ဈေးနှုန်းတက်သွားကြောင်း တောင်ငူမြို့ရှိ ရွှေဝါ စက်သုံးဆီ အရောင်းဆိုင်မှ သိရပါသည်။ DOCA(ပဲခူး)

တောင်ငူမြို့ဈေးများရှိ ရာသီစာ မန်ကျည်းသီးစိမ်းများစတင်ရောင်းချလျက်ရှိ

တောင်ငူမြို့ အနီးတဝိုက်ရှိ နေထိုင်ရာပြည်သူများသည် မိမိတို့အိမ်ခြံဝန်းများ၌ ဟင်းသီး ဟင်းရွက် နှင့် အရိပ်ရသော သီးနှံပင်များ စိုက်ပျိုးကြသည်။ အရိပ်ရသောအပင်များအနက် မန်ကျည်း ပင်သည် အရိပ်လည်း ရသလို သဘာဝအလျောက် အသီးသီးလာခြင်းဖြစ်၍ ဘေးအန္တရာယ် ကင်းရှင်း၍ ဆေးဖက် လည်း ဝင်သည့် အပင်ကြီးတစ်မျိုး ဖြစ်ပါသည်။ ယခုအခါ ရာသီစာ မန်ကျည်းသီးစိမ်းများ ဈေးကွက်အတွင်း၌ စတင်ရောင်းချလျက်ရှိသည်။ မန်ကျည်းသီးစိမ်းများကို ကြော်စား၍လည်းကောင်း၊ ထောင်းစား၍ လည်းကောင်း၊ မန်ကျည်းသီးစိမ်း ငပိချက်၍လည်းကောင်း မိမိတို့ကြိုက်နှစ်သက်သလို ပြုလုပ်၍ စားသုံးနိုင်ပါသည်။ ပေါ်ကာစ အချိန် ဖြစ်သည့်အတွက် မန်ကျည်းသီးစိမ်းဈေးနှုန်းမှာ တစ်ဆယ်ကျပ်သားလျှင် ၂၅၀၀/ကျပ် ဈေးနှုန်းဖြင့် အရောင်းအဝယ် ရှိနေခဲ့ပါသည်။ မန်ကျည်းမှည့်ကို ဝမ်းချုပ် တတ်သူများ အနေဖြင့် မန်ကျည်း ဖျော်ရည်ပြုလုပ်ပြီး သောက်သုံး ပေးပါက ဝမ်းသွားခြင်းပုံမှန်ဖြစ်စေသည်။ မန်ကျည်းသီးမှည့် ဈေးကွက်အနေဖြင့် အစေ့မပါ တစ်ပိဿာ လျှင် ယခင် (၈၀၀၀)မှ ယခုအခါ (၉၀၀၀) ကျပ် ဈေးနှုန်းဖြင့် အရောင်းအဝယ်ရှိသည့်အတွက် ဈေးနှုန်း အနည်းငယ်တက်သွားပါသည်။ DOCA(ပဲခူး)

ကျွန်းလှမြို့တွင် ‌ရောင်းချနေသော သရက်သီးကုလားတည်ချဉ် နှင့် နှမ်းပတ်ချဉ်ဈေးနှုန်း

ကျွန်းလှမြို့ ရာသီအရွေး ရောင်းချရန် လက်လုပ်ချဉ်မျိုးစုံကို ကိုယ်တိုင်လုပ်ပြီး ရောင်းချလျက်ရှိရာ ဇွန်လ ‌နောက်ဆုံးပတ်အတွင်း ပိတောက်မြိုင်ဈေး၌ ဖြစ်ပေါ်နေသော သရက်သီး ကုလား တည်ချဉ် ဈေးနှုန်းမှာ သရက်သီးကုလားတည်ချဉ် လက္ကား တစ်ပိဿာလျှင်(၁၃၀၀၀)ကျပ်၊ လက်လီ တစ်ပိဿာကို(၁၅၀၀၀)ကျပ်၊ (၅၀)ကျပ်သားလျှင် (၇၅၀၀)ကျပ်၊(၂၅)ကျပ်သားလျှင်(၄၀၀၀)ကျပ်၊ သရက်သီး ကုလားတည်ချဉ် (၁၀) ကျပ်သားလျှင် (၁၅၀၀)ကျပ် နှင့် နှမ်းပတ်ချဉ် လဖက်ရည်သော က်ပန်းကန် တစ်လုံးလျှင်(၅၀၀) ကျပ် ဈေးနှုန်းတို့ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရသည်။ DOCA(စစ်ကိုင်း)

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း