ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

ကန့်ဘလူမြို့နယ်၌ မိသားစုဝင်ငွေရနေသည့် ကောက်ရိုးမှိုစိုက်ပျိုးရေး

ကန့်ဘလူမြို့နယ်တွင် တစ်နိုင်တစ်ပိုင် ကောက်ရိုးမှိုစိုက်ပျိုးသူ ဦးဝင်းဦး၏ပြောပြချက်အရ ကောက်ရိုးမှိုစိုက်ပျိုးချိန်သည် အလွန်အရေးကြီးကြောင်း၊ ကောက်ရိုးမှိုစိုက်ပျိုးရာတွင် လိုအပ်သော အခြေခံကုန်ကြမ်းများဖြစ်သည့် သန့်ရှင်းခြောက်သွေ့သော ကောက်ရိုး(သို့မဟုတ်) ရိုးပြတ်များ၊ ဂျပ်စက္ကူများ၊ နွားချေးမြေဆွေး စသည်တို့နှင့် စိုက်ပျိုးကြကြောင်း၊ စိုက်ပျိုးစရိတ်အနေဖြင့် အလျား (၉)ပေနှင့် အနံ(၃)ပေကို(၅၀၀၀၀)ကျပ်ခန့် ကုန်ကျစရိတ်ရှိကြောင်း သိရှိရသည်။ ကောက်ရိုးမှိုသည် စိုက်ပျိုးပြီး(၁၅)ရက်ခန့်တွင် စတင်ခူးဆွတ်ရကြောင်း၊ ကောက်ရိုးမှိုတစ် ဘောင်လျှင်(၈-၁၀)ပိဿာထိရကြောင်း၊ ၂၀၂၅ ခုနှစ်၊ ဇွန်လ စတုတ္ထပတ်အတွင်း ကန့်ဘလူမြို့မ ဈေးတွင် ကောက်ရိုးမှိုတစ်ပိဿာလျှင် လက်လီဈေး(၁၅၀၀၀)ကျပ်၊ လက်ကားဈေး (၁၄၅၀၀)ကျပ် နှင့်(၁၀)ကျပ်သားလျှင် (၁၅၀၀)ကျပ်ဖြင့် ရောင်းချလျှက်ရှိကြောင်း၊ ယခုအချိန်သည် ကောက်ရိုးမှို စိုက်ပျိုးရာတွင် အပျက်များသည့်အတွက် မှိုအထွက်နည်းလာကြောင်း၊ စိုက်ပျိုးသူ ဦးဝင်းဦးထံမှ သိရှိ ရပါသည်။ Doca(စစ်ကိုင်း)

ဂေါ်ဖီထုပ်နှင့် ပန်းဂေါ်ဖီ ဈေးနှုန်းအနည်းငယ်မြင့်တက်

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့မဈေးတွင် ရောင်းချနေသော ကုန်စိမ်း (ခေါ်) ဟင်းသီးဟင်းရွက်ဈေးတန်း၌ မုန်လာထုပ်နှင့် ပန်းမုံလာပွင့်များလည်း ရောင်းချလျက်ရှိပြီး မုန်လာထုပ်နှင့် ပန်းမုံလာပွင့်များကို အိမ်ရှင်မများက အိမ်သုံးအတွက်ဝယ်ယူကြသလို စားသောက် ဆိုင်များမှ အဓိကဝယ်ယူကြောင်း သိရှိရသည်။ ၂၀၂၅ ခုနှစ်၊ ဇွန်လ စတုတ္ထပတ်အတွင်း ဂေါ်ဖီထုပ်တစ်ထုပ်လျှင် (၃၀၀၀)ကျပ်၊ အကြီး(၁) ထုပ်လျှင်(၃၅၀၀)ကျပ်ဖြင့်ရောင်းချကြောင်း၊ ဇွန်လ စတုတ္ထပတ်အတွင်း ပန်းဂေါ်ဖီတစ်ပွင့်လျှင် (၃၀၀၀မှ ၃၂၀၀)ကျပ်ဖြင့် ရောင်းချလျက်ရှိကြောင်း၊ ယခုပတ်အတွင်း ဂေါ်ဖီထုပ်နှင့် ပန်းဂေါ်ဖီများ ကိုမန္တလေးမြို့မှ ဝယ်ယူရောင်းချလျက်ရှိရာ ဈေးနှုန်းများ အနည်းငယ်မြင့်တက်လာကြောင်း၊ ကုန်စိမ်းရောင်းချသည့် လုပ်ငန်းရှင်များထံမှ သိရှိရပါသည်။ Doca(စစ်ကိုင်း)

ကန့်ဘလူမြို့နယ်၏ ကြက်သွန်ဖြူနှင့်ကြက်သွန်နီ ဈေးနှုန်းများ

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်အတွင်းရှိ မြို့နယ်များနှင့် အခြားကျေးရွာများသည် လယ်ယာစိုက်ပျိုးရေးလုပ်ငန်းများအပြင် စားဖိုဆောင်သီးနှံများဖြစ်သည့် ကြက်သွန်နီ၊ ကြက်သွန်ဖြူ တို့ကိုလည်း မိသားစုစားသုံးရန်နှင့် ပိုလျှံသည်များကို ရောင်းချရန်အတွက် တစ်နိုင်တစ်ပိုင် စိုက်ပျိုး လျက်ရှိကြောင်း သိရသည်။ ၂၀၂၅ ခုနှစ်၊ ဇွန်လ စတုတ္ထပတ်အတွင်း ကန့်ဘလူမြို့နယ်၌ ကြက်သွန်ဖြူရှမ်းဥအလုံးကြီး (၁)ပိဿာလျှင် (၁၆၀၀၀မှ ၁၈၀၀၀)ကျပ်၊ ဗမာဖြူ(၁)ပိဿာလျှင်(၆၅၀၀မှ ၁၂၀၀၀)ကျပ်နှင့် ဗမာဖြူ (၁၀)ကျပ်သားလျှင် (၇၀၀)ကျပ်ဖြင့် ရောင်းချလျှက်ရှိကြောင်း၊ ဒေသထွက်ကြက်သွန်နီ အလုံးကြီး (၁) ပိဿာလျှင်(၁၈၀၀)ကျပ်နှင့် အလုံးသေး(၁)ပိဿာလျှင် (၁၆၀၀)ကျပ်၊ မြစ်သားကြက်သွန်နီ (၁)ပိဿာလျှင် (၂၅၀၀)ကျပ်ဖြင့် ရောင်းချလျက်ရှိကြောင်း သတင်းရရှိပါသည်။ Doca(စစ်ကိုင်း)

ကန့်ဘလူမြို့တွင် ရောင်းချလျက်ရှိသော ဒညင်းသီးဈေးနှုန်းကျဆင်း

ဒညင်းသီးပင်ကို ကရင်၊ ပဲခူး၊ မော်လမြိုင်နှင့် ရခိုင် စသည့်ဒေသများတွင် အများဆုံးပေါက် ရောက်ပါတယ်။ ဒညင်းသီးကိုစားသုံးသူ တော်တော်များများ စားသုံးကြိုက်နှစ်သက်တဲ့ အစားအစာ တစ်ခုအဖြစ် တွေ့ရကြောင်း၊ ဒညင်းသီးအုန်းနို့ဆမ်း၊ ဒညင်းသီးဝက်သားချက်၊ ဒညင်းသီးပြုတ်ဆီ ဆမ်းဆားဖြူးစားဖြူးစားတာတို့ ဒညင်းသီးမီးဖုတ် ငပိရည်နဲ့တို့စားတာ စသည်ဖြင့်အမျိုးမျိုးစားသုံး ကြကြောင်း၊ သို့သော် ဒညင်းသီးသည် တန်ဆေးလွန်ဘေး ဆိုသည့်အတိုင်းမဖြစ်အောင် စားသုံးရန် လိုအပ်ကြောင်း လေ့လာသိရရှိရပါသည်။ ၂၀၂၅ ခုနှစ်၊ ဇွန်လ စတုတ္ထပတ်အတွင်း ကန့်ဘလူမြို့တွင် ဒညင်းသီးလတ်(၁)လုံးလျှင် (၁၅၀)ကျပ်၊ အကြီး(၁)လုံးလျှင် (၂၀၀)ကျပ်နှင့် (၁၁)လုံးလျှင် (၂၀၀၀)ကျပ်ဖြင့် ရောင်းချလျက်ရှိ ကြောင်း၊ ယခုပတ်တွင် ရောင်းချနေသည့် ဒညင်းသီးများကို မော်လမြိုင်မှ ဝယ်ယူရောင်းချလျက် ရှိကြောင်း ဒညင်းသီးရောင်းချသူများထံမှ သိရှိရပါသည်။ Doca(စစ်ကိုင်း)

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့ပေါ်ရှိ ငပိဈေးနှုန်း

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ မြိတ်မြို့နယ်တွင် ငပိကို အဓိကထားလုပ်ကိုင်လျက် ရှိပါသည်။ ငပိကို ‌ဒေသထွက် ပုစွန်၊ဂွေး၊ငါး စသည့်တို့မှာ အဓိကရရှိပြီး ရေထွက်ကုန်ပစ္စည်းတစ် မျိုးလည်း ဖြစ်ပါသည်။ ဟင်းချက်ရာတွင် ဟင်းမျိုးခတ်အဖြစ် ထည့်သုံးကြပါသည်။ အပြင် တို့စရာ ငပိထောင်းအဖြစ်လည်း သုံးစွဲကြပါသည်။ မြိတ်ဒေသထွက်ငပိသည် မြန်မာနိုင်ငံ အမြို့မြို့အနယ် နယ်သို့ တင်ပို့လျက်ရှိပြီး လူကြိုက်များသောကြောင့် ဈေးကောင်းရရှိကြောင်းလည်း သိရှိရပါ သည်။ ငပိအမျိုးအစားအမျိုးမျိုးနှင့် အရည်အသွေးပေါ်မူတည်ပြီး ဈေးနှုန်းကွာခြားမှုများလည်းရှိကြောင်း သိရှိရပါသည်။ မြိတ်ဒေသထွက်ငပိကို ထားဝယ်မြို့နှင့် ရန်ကုန်မြို့မှ ပိုမိုဝယ်ယူကြကြောင်းလည်း သိရှိရပါသည်။ ယခု၂၀၂၅ခုနှစ်ဇွန်လပထမပတ်တွင် မြိတ်မြို့ပေါ်ရှိငပိဈေးနှုန်းမှာ (၈၀၀၀)ကျပ်နှင့် (၉၀၀၀) ကျပ် ရှိကြောင်းလည်း သိရှိရပါသည်။ DOCA(တနင်္သာရီ)

တနင်္သာရီတိုင်းဒေသ၊မြိတ်မြို့ရှိ ကြက်သွန်ဖြူဈေးနှုန်း/ဈေးကွက်

မြိတ်မြို့နယ်စျေးကွက်အတွင်းရှိ မီးဖိုချောင်သုံးသီးနှံဖြစ်သည့် ကြက်သွန်ဖြူကို နေရာအနှံ့ အပြားတွင် ရောင်းချကြပါသည်။ မြိတ်မြို့ဈေးကွက်အတွင်း အပတ်စဉ်ဝင်ရောက်လျက်ရှိပြီး ဒေသတွင်း လက်လီ/လက်ကားဝယ်ယူသူများ၊ မြို့နယ်များမှ တစ်ဆင့်ပြန်လည်ရောင်းချသူများ ပုံမှန် ရောင်းဝယ်နေကြောင်း သိရှိရပါသည်။ ၂၀၂၅ခုနှစ် ယခုဇွန်လပထမပတ်တွင် မြိတ်မြို့နယ်ရှိ ကြက်သွန်ဖြူ(ရှမ်းစ)တစ်ပိဿာလျှင်(၁၀၀၀၀)ကျပ်ရှိပြီး ယခင်မတ်လပထမပတ်တွင် ကြက်သွန်ဖြူ(ရှမ်းစ) တစ်ပိဿာလျှင် (၁၁၀၀၀)ကျပ်ရှိပြီး ကြက်သွန်ဖြူ(ကြူကုတ်) တစ်ပိဿာလျှင် (၁၁၅၀၀)ကျပ်ရှိကြောင်းလည်း သိရှိရပါသည်။ DOCA(တနင်္သာရီ)  

ဈေးကွက်ဝင်မြစ်ကြီးနား နာနတ်သီး

နာနတ်သီး၏အရသာကို လူအများကြိုက်နှစ်သက်ကြပြီး အသီး၏အရောင်အဆင်းမှာလည်း ဆွဲဆောင်မှုရှိသောကြောင့် စားသုံးသူများကြိုက်နှစ်သက်စွာ စားသုံးလေ့ရှိသည့် ရာသီပေါ်သီးနှံတစ်မျိုး ဖြစ်ပါသည်။ နာနတ်သီးသည် ဗီတာမင်စီများစွာပါဝင်သောကြောင့် ခုခံစွမ်းအားကို မြင့်မားစေပြီး ရေဓာတ်ကိုလည်း ပြန်လည်ဖြည့်တင်းပေးသည့်အပြင် ကျန်းမာရေးနှင့်အလှအပရေးရာအတွက်လည်း ကောင်းမွန်သောအသီးဖြစ်ပါသည်။ မိုးရာသီအစ ဇွန်လနှောင်းပိုင်းတွင် ရာသီပေါ်သီးနှံတစ်မျိုးဖြစ်သည့် မြစ်ကြီးနားနာနတ်သီးများ လှိုင်လှိုင်ထွက်ပေါ်လာပြီး ဈေးကွက်အတွင်းတွင်ရောင်းချလျက်ရှိပါသည်။ မြစ်ကြီးနားဒေသထွက် နာနတ်သီးသည် အရသာချိုမွှေး၍ မျက်ဆံတိမ်သောကြောင့် ဈေးကွက်အတွင်းတွင် နာမည်ရသော သီးနှံ တစ်မျိုးဖြစ်ပါသည်။ မြစ်ကြီးနားဒေသထွက်နာနတ်သီးကို မန်ခိန်၊ ရွှေပြည်သာ၊ နန်ကျင်၊ နောင်နန်း၊ ရွှေစက်ဒေသများရှိ စိုက်ပျိုးရေးခြံများယာခင်းများတွင် တစ်နိုင်တစ်ပိုင်စိုက်ပျိုးကြပါသည်။ မြစ်ကြီးနား နာနတ်သီးများ ထွက်ပေါ်လာသည်နှင့် သီးနှံကုန်သည်များအနေဖြင့် အခင်းပြတ် ဝယ်ယူမှုရှိသလို အလုံးလိုက်ဝယ်ယူမှုများလည်း ရှိပါသည်။ အခင်းပြတ်ဝယ်ယူရာတွင် အခင်းအတွင်း အသီးအရေအတွက်အပေါ် မူတည်၍ အပင်ရေ(၂၀၀၀)ပါ အခင်းကွက်အား (၅,၅၀၀,၀၀၀)ကျပ်မှ (၆,၀၀၀,၀၀၀)ကျပ် အထိ ဝယ်ယူနေကြောင်း၊ အလုံးလိုက်ဝယ်ယူရာတွင် အလုံးအကြီးအသေး ရောရာတစ်လုံး (၃၀၀၀) ကျပ်မှ (၄၀၀၀) ကျပ်အထိ ဝယ်ယူရရှိကြောင်း သီးနှံကုန်သည် တစ်ဦးထံမှ သိရပါသည်။ ဈေးကွက်အတွင်းတွင် မြစ်ကြီးနားဒေသထွက် နာနတ်သီး အကြီးတစ်လုံးလျှင် (၄၅၀၀) ကျပ်မှ (၅၀၀၀) ကျပ်အထိ၊ အသေးတစ်လုံးလျှင် (၃၅၀၀)ကျပ်မှ (၄၀၀၀)ကျပ်အထိ အရောင်းအဝယ်ဖြစ်လျက် ရှိကြောင်း၊ ဇူလိုင်လ လှိုင်လှိုင်ပေါ်ထွက်ချိန်တွင် နာနတ်သီးဈေးနှုန်း ယခုထက်ကျဆင်းနိုင်ကြောင်း သီးနှံ ဆိုင်ရှင်တစ်ဦးထံမှသိရပါသည်။ ယခုဈေးကွက်အနေဖြင့် မြစ်ကြီးနား နာနတ်သီးများကို ဈေးများ၊ လူစည်ကားရာနေရာများ၊ သစ်သီးဆိုင်များတွင်ရောင်းချလျက်ရှိပြီး ဖားကန့်၊ မိုးကောင်း၊ မိုးညှင်း၊ တနိုင်းမြို့များကိုလည်း တင်ပို့ရောင်းချလျက်ရှိကြောင်းသိရပါသည်။ DOCA(ကချင်)

တနင်္သာရီတိုင်းဒေသ၊မြိတ်မြို့ပေါ်ရှိ ခရမ်းသီးဈေးနှုန်း

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ မြိတ်မြို့နယ်အတွင်းရှိကျေးရွာများနှင့် မြိတ်မြို့ပေါ် ရပ်ကွက်များတွင် ရာသီပေါ်သီးနှံများကို စိုက်ပျိုးလုပ်ကိုင်စားသောက်ကြပြီး ရာသီပေါ်သီးနှံဖြစ် သည့် ခရမ်းသီး၊ ဘူးသီး၊ ငရုတ်သီး၊ ရုံးပတီသီး၊ ပဲသီး၊ သခွားသီးများကို စိုက်ပျိုးကြပါသည်။ ရာသီပေါ်သီးနှံဖြစ်သည့် ခရမ်းသီးများကိုလည်း တစ်နိုင်တစ်ပိုင် စိုက်ပျိုးလျက်ရှိပြီး စမ်းချောင်းကုန်စိမ်း ဈေးနှင့် ရပ်ကွက်ဈေးငယ်များတွင် ရောင်းချကြလျက်ရှိပါသည်။ ယခု၂၀၂၅ခုနှစ် ဇွန်လပထမပတ်တွင် ဖြစ်ပေါ်နေသည့် မြိတ်မြို့ပေါ်ရှိ ခရမ်းသီးဈေးနှုန်းမှာ တစ်လုံးလျှင် (၅၀၀)နှင့် (၇၀၀)ခန့်ရှိကြောင်း သိရှိရပါသည်။ DOCA(တနင်္သာရီ)

တနင်္သာရီတိုင်းဒေသကြီး၊မြိတ်မြို့ရှိ ဌက်ပျောသီးဈေးနှုန်း/ဈေးကွက်

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့တွင် ဒေသခံပြည်သူများသည် နှစ်ရှည်သီးနှံများနှင့် ရာသီပေါ်သီးနှံများကို အသက်မွေးဝမ်းကျောင်းဖြင့် စိုက်ပျိုးရောင်းချကြပါသည်။ ယခုလရာသီ တွင် ဌက်ပျောသီးဈေးကောင်းရရှိ၍ ဝင်ငွေများပိုမိုရရှိကြောင်း သိရှိရပါသည်။ ဌက်ပျောသီး အမျိုးအစားတွင် ဆင်အံသီး၊ ဖီးကြမ်း၊ ရခိုင်နှင့် ရွှေဌက်ပျောတို့သည် လူကြိုက်များသည်အတွက် ရောင်းအားအလွန်ကောင်းကြောင်း သိရှိရပါသည်။ အိမ်ခြံဝန်းများတွင်လည်း အသီးသီးစိုက်ပျိုး ကြပြီး စည်ပင်သာယာဈေးနှင့် ရပ်ကွက်ဈေးငယ်များတွင် တစ်နိုင်တစ်ပိုင် တင်ပို့ရောင်းချကြပါ သည်။ ဌက်ပျောသီးအမှည့်များကို ဌက်ပျောကြော်များပြုလုပ်၍ မနက်စာအနေဖြင့် လက်ဖက်ရည်များနှင့် စားသုံးကြပါသည်။ ဌက်ပျောသီးအစိမ်းများကို သရေစာဌက်ပျောကြော်ခြောက်များ ပြုလုပ်ပြီး ရောင်းချကြကြောင်း သိရှိရပါသည်။ ယခုဇွန်လပထပတ်တွင် မြိတ်မြို့နယ်ရှိ ဌက်ပျောသီးဈေးနှုန်းမှာ ဖီးကြမ်းသီးတစ်ဖီးလျှင် (၄၅၀၀) ကျပ်ရှိပြီး ရွှေဌက်ပျောသီးတစ်ဖီးလျှင် (၅၀၀၀)ကျပ်ရှိကြောင်း သိရှိရပါသည်။ DOCA(တနင်္သာရီ)  

တနင်္သာရီတိုင်းဒေသကြီး၊မြိတ်မြို့ပေါ်ရှိ ပဲပင်ပေါက်ဈေးနှုန်း

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့တွင်ပဲပင်ပေါက်ကို နေရာအနှံအပြားတွင် တစ်နိုင်တစ်ပိုင် စိုက်ပျိုးကြပြီး ရောင်းချကြပါသည်။ ပဲပင်ပေါက်ကို ပဲတီပင်ပေါက်ဖောက်၍ ရောင်းချလျက်ရှိရာ ပဲတီစိမ်းအပင်ပေါက်ရာတွင်လည်း အသစ်ပေါ်သောပဲတီစိမ်းကို အပင်ဖောက်၍မရကြောင်း ပဲတီစိမ်းအဟောင်းကိုသာရှာဝယ်ပြီး ပဲတီပင်ဖောက်ကြကြောင်း သိရှိရပါသည်။ ယခင်အပတ် ဆိပ်ကြီးစည်ပင်သာယာဈေးကြီးနှင့် စမ်းချောင်းကုန်စိမ်းဈေးများတွင် တခြားကုန်စည်ဒိုင်များမှလည်း ဝယ်ယူရောင်းချနေကြောင်း ကုန်စိမ်းရောင်းချနေသူထံမှ သိရှိရပါသည်။ ယခုဇွန်လပထမပတ်တွင် တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့ပေါ်ရှိ ပဲပင်ပေါက်ဈေးနှုန်း မှာ တစ်ထုပ်လျှင်(၇၀၀)ကျပ်ရှိပြီး တစ်ပိဿာလျှင်(၅၀၀၀)ကျပ်ရှိကြောင်း သိရှိရပါသည်။ DOCA(တနင်္သာရီ)

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း