ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

  အောက်တိုဘာလပထမပတ်မန္တလေးဆီကြိတ်ဖတ်စျေးကွက်

                  မန္တလေးစျေးကွက်အတွင်း ဆီကြိတ်ဖတ်အမျိုးမျိုးအရောင်းသွက်လျက်ရှိပြီး၊ စျေးနှုန်းမြင့် တက်လျက်ရှိကြောင်း သိရှိရပါသည်။ဆီထွက်သီးနှံမြေပဲ၊နှမ်းနှင့် နေကြာသီးနှံများအား ပြည်တွင်း စားဆီကြိတ်ခွဲခြင်းတွင်အရေးပါသကဲ့သို့မြေပဲနှင့်နှမ်းမှာပြည်ပသို့တင်ပို့သည့်ကုန်စည်အမယ်များဖြစ် ပါသည်။ မြေပဲ၊နှမ်း၊နေကြာသီးနှံများအား စားဆီကြိတ်ခွဲပြီး ထွက်ရှိလာသည့်မြေပဲဖတ်၊ နှမ်းဖတ်နှင့် နေကြာဖတ်များကို တိရိစ္ဆာန်အစာအဖြစ်အသုံးပြုလျက်ရှိပြီး၊ အရောင်းသွက်လျက်ရှိကြောင်း သိရှိရ ပါသည်။မန္တလေးပွဲစား၊ကုန်သည်စက်ပိုင်များမဟာကထိန်တော်အသင်းတွင်၂၀၂၅ခုနှစ်အောက်တိုဘာလပထမပတ်အတွင်းဖြစ်ပေါ်လျက်ရှိသည့်စားဆီတစ်ပိဿာပေါက်စျေးများမှာမြေပဲဆီ၁၃၅၀ဝိ/-နှင့်၁၅၀၀ဝိ/-၊ နှမ်းဆီ ၁၂၅၀ဝိ/-စျေး၊နေကြာဆီ ၂၂၀၀၀ ကျပ်နှင့် ၂၂၅၀၀ ကျပ်တို့ဖြစ် ကြောင်း သိရှိရ ပါသည်။ ပဲဖတ်တစ်ပိဿာ ပေါက်စျေးများအနေဖြင့် မြေပဲဖတ် ၅၂၀ဝိ/- နှင့် ၅၃၀ဝိ/-၊နှမ်းဖတ် ၃၂၅ဝိ/-နှင့်၃၃၀ဝိ/-၊နေကြာဖတ် ၂၈၀ဝိ/-၊မုန်ညင်းဖတ် ၂၇၅၀ကျပ်နှင့် ၂၈၀၀ကျပ် တို့ဖြင့် ရောင်းချ လျှက်ရှိကြောင်း သိရပါသည်။

DOCA (မန္တလေး)

 

မိတ္ထီလာမြို့နယ်မုန်လာဥဖြူစိုက်ပျိုးခြင်းဖြင့်အကျိုးအမြတ်ရရှိ

  ဟင်းသီးဟင်းရွက်သီးနှံများတွင်အပါအဝင်ဖြစ်သည့် မုန်လာဥဖြူကိုမိတ္ထီလာခရိုင် အနေဖြင့်စိုက်ပျိုးမှုနည်းပါးသော်လည်း မိတ္ထီလာမြို့နယ်ဆည်ကုန်း၊ ငွေကုန်းကျေးရွာများ၌ စိုက်ပျိုးမှုရှိကြောင်းသိရသည်။

          မုန်လာဥဖြူစိုက်ပျိုးရာတွင် အရပ်မျိုးစေ့ကိုအစေ့ချစိုက်ပျိုးပြီးနောက် ဘောင်ခတ်ပေး ရပါသည်။ (.၅၀)ဧကလျှင်မျိုးစေ့နို့ဆီဘူး (၄)ဘူးကုန်ကြကြောင်းတစ်ထုပ်လျှင်(၁၅၀၀၀) နှုန်းဖြင့် (၆၀၀၀၀)ကျပ်မြေဩဇာဖိုး (၁၅၀၀၀၀)လုပ်အားခ(၁၂၀၀၀၀)  အပါအဝင် (.၅၀)ဧကကုန်ကျ စရိတ်(၃၃၀၀၀၀)ကုန်ကျပါသည်။ မုန်လာဥဖြူသည်စိုက်ပျိုးပြီး (၄၅)ရက်အကြာတွင် စတင်နှုတ်သိမ်းပြီး အထွက်နှုန်းမှာ ကျပ်သိန်း(၂၀)ခန့် ရရှိပါသည်။ တောင်သူအကျိုးအမြတ်ရရှိမှုမှာ (.၅၀)ဧကလျှင်(၁၆၇၀၀၀၀)ကျပ်ရရှိသဖြင့် အကျိုးအမြတ်များသော သီးနှံဖြစ်ပြီး ထွက်ရှိမှုမှာ(၂)လခန့် ကြာပါသည်။ မုန်လာဥဖြူတစ်စီးလျှင် လက်လီ(၁၀၀၀)ရှိပြီး လက်ကား(၁၀)စီးလျှင် (၅၀၀-၆၀၀)ကျပ်ထိရှိပြီး (၁)စီးလျှင်(၅)ပင်ပါရှိသည်။

          မိတ္ထီလာဈေးကွက်အနေဖြင့် မုန်လာဥကို ရှမ်းပြည်နယ်တောင်ပိုင်းမှ အများဆုံးတင်သွင်း ရသည့်အတွက် ယခုလိုဒေသထွက် စိုက်ပျိုးမှုရှိခြင်းမှာ စိုက်ပျိုးတောင်သူများအတွက် အကျိုးအမြတ်ရရှိရုံသာမက စားသုံးသူများအတွက် ဈေးနှုန်းသက်သာစွာဖြင့် ဝယ်ယူစားသုံးနိုင်ပါသည်။ မိတ္ထီလာခရိုင်အတွင်း (၂၀၂၅-၂၀၂၆) ခုနှစ်ဟင်းသီးဟင်းရွက် ဧကပေါင်း (၉၀၇၂)ဧကရှိကြောင်း မြေစာရင်းဦးစီးဌာန၏ စာရင်းအရသိရပါသည်။

DOCA(မန္တလေး)

ကန့်ဘလူမြို့၊ မြို့မဈေးတွင်ရောင်းချနေသော ငါးချဉ်ဈေးနှုန်း

     စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့ရှိ မြို့မဈေးတွင် ရာသီပေါ်သီးနှံများ၊ အသားမျိုးစုံနှင့် ဒေသထွက်ငါးမျိုးစုံအပြင် ငါးကိုအချဉ်သိပ်၍ ငါးချဉ်အဖြစ်ရောင်းချလျက်ရှိကြောင်း သိရသည်။ ငါးချဉ်ပြုလုပ်ရာတွင် ငါးကြင်းချဉ်နှင့် ငါးသေးချဉ်စသည်ဖြင့် အမျိုးမျိုးပြုရောင်းချလျက်ရှိရာကုန်ကြမ်းများဖြစ်သော ငါးကြင်းနှင့် ငါးအသေးကောင်လေးများကို ကန့်ဘလူမြို့နှင့် ကျွန်းလှမြို့နယ်မှ ဝင်ရောက်လျက်ရှိကြောင်း သိရှိရပါသည်။

          ၂၀၂၅ခုနှစ်၊ အောက်တိုဘာလ ဒုတိယပတ်အတွင်း ရောင်းချလျက်ရှိသော ငါးကြင်းချဉ်(၁) ပိဿာလျှင်(၃၉၀၀၀)ကျပ်၊ (၅၀)ကျပ်သားလျှင် (၂၀၀၀၀)ကျပ်၊ (၁၀)ကျပ်သားလျှင် (၄၀၀၀)ကျပ်၊ ငါးသေးချဉ်(၁)ပိဿာလျှင် (၂၉၀၀၀)ကျပ်၊ (၅၀)ကျပ်သားလျှင် (၁၅၀၀၀)ကျပ်၊ (၁၀)ကျပ်သားလျှင် (၃၀၀၀)ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း ငါးချဉ်များကို ချက်၍လည်းကောင်း၊ အစိမ်းအတိုင်း သုပ်စား၍လည်းကောင်း စားသုံးကြသဖြင့် အရောင်းအဝယ်သွက်လျက်ရှိကြောင်း  ငါးချဉ်ရောင်းဝယ်ရေးလုပ်ငန်းရှင်ထံမှ သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

မိတ္ထီလာမြို့အာလူးဈေးနှုန်းဈေးကွက်အခြေအနေ

   မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၊ မိတ္ထီလာမြို့၊ ပြည်သာယာ ဈေးတွင်အာလူးသီး များအရောင်းအဝယ်ဖြစ်ကြောင်းသိရပါသည်။ ဈေးကွက်အတွင်းရောင်းချနေသောအာလူးသီးများကို ရှမ်းပြည်နယ်၊ နောင်ချိုမြို့၊ ကလောမြို့၊ မန္တလေးတိုင်း ပြင်ဦးလွင်ဒေသများမှ ဝင်ရောက်ကြောင်း သိရသည်။ အာလူးသီးသည် ကစီဓာတ်ကြွယ်ဝပြီး အမျှင်ဓာတ်ပါဝင်သောကြောင့် ဝမ်းချုပ်ခြင်း ကိုကာကွယ်ပေး နိုင်သလို ကယ်လိုရီပါဝင်မှုနည်းပြီး ကျန်းမာရေးနှင့်ညီညွတ်စွာ ချက်ပြုတ် စားသောက်ခြင်းဖြင့် အာဟာရဓာတ်များကို အပြည့်အဝရရှိစေပါသည်။ ယခု စက်တင်ဘာလ အတွင်းဖြစ်ပေါ်နေသော အာလူးသီးဈေးနှုန်းမှာ တစ်ပိဿာလျှင် (၄၈၀၀-၅၅၀၀)ကျပ်ဖြင့် ရောင်းဝယ်လျှက်ရှိပါသည်။ ယခင်လနှင့် နှိုင်းယှဉ်ပါက တစ်ပိဿာအပေါ် (၁၀၀၀)ကျပ် ဝန်းကျင်ဈေးမြှင့်လာကြောင်းဈေးကွက် အတွင်းမှသိရသည်။

DOCA(မန္တလေး)

 

မန္တလေးမြေပဲစျေးနှုန်းစျေးကွက်

          မြေပဲမှာ စားသုံး ဆီကြိတ်ခွဲခြင်းလုပ်ငန်းများနှင့် စားသောက်ကုန်တို့တွင် အသုံးပြုခြင်း တို့ကြောင့် ပြည်တွင်းစျေးကွက်နှင့်ပြည်ပသို့ တင်ပို့သည့်သီးနှံဖြစ်ပြီး အရောင်းသွက်လျက်ရှိ ကြောင်းသိရပါသည်။ မန္တလေးတိုင်းဒေသကြီးအတွင်း ဆီထွက်သီးနှံမြေပဲအား မိုးနှင့် ဆောင်း ရာသီများတွင် စိုက်ပျိုးပြီး၊ ၂၀၂၄-၂၀၂၅ ခုနှစ်မြေပဲစိုက်ပျိုးမှု ၆၃၈၆၂၆ ဧက၊ရိတ်သိမ်းမှု ၆၃၇၄၄၇ ဧက၊ အထွက် နှုန်း ၄၆.၇၇ တင်း၊ အထွက်စုစုပေါင်း ၂၉၈၁၅၉၉၆ တင်းဖြစ်ကြောင်း သိရပါသည်။ မန္တလေးပွဲစား၊ ကုန်သည်စက်ပိုင်များမဟာကထိန်တော်အသင်းတွင် ၂၀၂၅ ခုနှစ်အောက်တိုဘာလ ပထမပတ်အတွင်းဖြစ်ပေါ်လျက်ရှိသည့်ပေါက်စျေးများမှာ မြေပဲတစ်ပိဿာလျှင် S1 လုံးဆန် ၇၆၀၀ ကျပ်နှင့်၈၃၀၀ကျပ်၊S1 ဆီဆန်  ၆၈၀၀ကျပ်နှင့် ၇၅၀၀ကျပ်၊ အနီလုံးဆန် ၇၄၀၀ ကျပ်နှင့် ၇၅၀၀ကျပ် တို့ဖြစ်ကြောင်းသိရပါသည်။ယခင်နှစ်ကာလတူ တစ်ပိဿာစျေးမှာS1 လုံးဆန် ၇၇၀၀ ကျပ်နှင့် ၈၂၀၀ ကျပ်၊ S1 ဆီဆန် ၆၆၀၀ကျပ်နှင့် ၆၈၀၀ ကျပ်၊S1ဆီဆန်(နွားထိုးကြီး) ၇၀၀၀ကျပ်နှင့် ၇၅၀၀ ကျပ်၊S1 ရွေးဆန် ၇၅၀၀ကျပ်နှင့် ၇၈၀၀ကျပ်၊ အနီလုံးဆန် ၇၅၀၀ကျပ်နှင့်၈၅၀၀ကျပ် တို့ဖြစ် ကြောင်းသိရှိရပါသည်။ယခင်နှစ်နှင့်ယခုနှစ်ကာလတူမြေပဲပေါက်စျေးနှိုင်းယှဉ်ပါက စျေးအနည်းငယ် ကျဆင်းသွားကြောင်း သိရှိရပါသည်။

DOCA (မန္တလေး)

                                                                        

မိတ္ထီလာဈေးကွက်ရှိ နှမ်း၊ နှမ်းဆီဈေးကွက်

   မိတ္ထီလာဈေးကွက်ရှိ စက်တင်ဘာလနောက်ဆုံးပတ်၌ ဆီထွက်သီးနှံနှမ်းဈေးမှာ ဈေးငြိမ် နေကြောင်းသိရသည်။ ဒေသခံတောင်သူများအနေဖြင့် မိုးနှမ်းကို စိုက်ပျိုးမှုများရာမှ နှမ်းညိုနှင့် နှမ်းဖြူကို စိုက်ပျိုးမှုများသဖြင့် ဈေးကွက်တွင် ၎င်းမျိုးများသာ အရောင်းအဝယ်ဖြစ်ကြောင်း ကုန်စည်ဒိုင်မှသိရသည်။ မေ၊ ဇွန်လများကစိုက်ပျိုးခဲ့သော နှမ်းမှာ ဩဂုတ်လမှစတင်၍ ဈေးကွက်သို့ ဝင်ရောက်ခဲ့ရာ နှမ်းညိုတစ်တင်း(၁၅)ပိဿာလျှင် (၈၅၀၀၀-၈၈၀၀၀)ကျပ်၊ နှမ်းဖြူ တစ်တင်းလျှင် (၉၀၀၀၀-၉၂၀၀၀)ကျပ်ဈေးရှိခဲ့ပါသည်။ ဈေးကွက်သို့ အဝင်လှိုင်ချိန်တွင် ဈေးအနည်းငယ်ကျဆင်းလာရာ လက်ရှိအချိန်တွင် နှမ်းညိုတစ်တင်းလျှင်(၈၆၀၀၀-၈၇၀၀၀)ကျပ်၊ နှမ်းဖြူတစ်တင်းလျှင် (၉၀၀၀၀)ကျပ်ဈေးရှိနေပါသည်။ ဒေသတွင်း တောင်သူများက လက်ကျန်ရှိ သောနှမ်းများကို လာရောက်ရောင်းချကြရာ ဆီစက်သမားများနှင့် မန္တလေးကုန်သည်များသို့ ပြန် လည်ရောင်းချရကြောင်း ကုန်သည်များထံမှ သိရသည်။ ဒေသတွင်း နှမ်းထွက်သည့်ကာလဖြစ်၍ နှမ်းဆီဈေးမှာလည်း ကျဆင်းလာရာ ယခင်လက တစ်ပိဿာလျှင် (၁၃၀၀၀)ကျပ်ရှိခဲ့ရာမှ ယခုလ တွင် (၁၂၅၀၀)ကျပ်သို့ ဈေးနှုန်းကျဆင်းလာပါသည်။

DOCA(မန္တလေး)

မန္တလေးဆီနေကြာကြိတ်ဖတ်စျေး

           နေကြာသီးနှံမှာ ပြည်တွင်းစားဆီကြိတ်ခွဲခြင်းနှင့်ဆီစက်လုပ်များအတွက် အရေးပါသည့် စျေးကောင်းရသည့်အမယ်ဖြစ်ပြီး၊ ကျန်းမာရေးနှင့်ညီညွှတ်သည့် မပြည့်ဝဆီတစ်မျိုးဖြစ်ကြောင်း သိရပါသည်။ မန္တလေးတိုင်းဒေသကြီးတွင် နေကြာသီးနှံ ကို မိုးနေကြာ နှင့် ဆောင်းနေကြာ အဖြစ် စိုက်ပျိုးလျက်ရှိပြီး၊ ၂၀၂၄-၂၀၂၅ ခုနှစ်နေကြာစိုက်ပျိုးမှု ၁၈၆၁၉၅ ဧက၊ ရိတ်သိမ်းမှု ၁၈၄၂၂၇ ဧက၊ အထွက် ၂၄.၂၆တင်းနှုန်းနှင့် အထွက် ၄၄၆၉၃၅၁တင်း ဖြစ်ကြောင်းသိရပါသည်။ မန္တလေး ပွဲစား၊ ကုန်သည်စက်ပိုင်များ မဟာကထိန်တော်အသင်းတွင် ၂၀၂၅ ခုနှစ်အောက်တိုဘာလပထမပတ် အတွင်း ဖြစ်ပေါ်လျက်ရှိသည့်ဆီနေကြာသီးနှံပေါက်စျေးမှာ၃တင်းဝင်(၂၇ပိဿာပါ)တစ်အိတ် လျှင် ၁၈၀၀၀၀ကျပ်နှင့် ၁၈၅၀၀၀ကျပ်၊တစ်ပိဿာလျှင် ၆၆၆၇ ကျပ်နှင့် ၆၈၅၂ကျပ်၊ နေကြာဖတ် တစ်ပိဿာလျှင် ၂၈၀ဝကျပ်ဖြစ်ပြီး၊ယခင်နှစ်ကာလတူပေါက်စျေးမှာ ၃တင်းတစ်အိတ်လျှင် ၂၃၀၀၀၀ ကျပ်၊ တစ် ပိဿာလျှင် ၈၅၁၈ကျပ်တို့ဖြစ်ကြောင်းသိရပါသည်။ ယခုနှစ်နှင့်ယခင်နှစ် ပေါက်စျေး နှိုင်းယှဉ်ပါက ဆီနေကြာစျေးအနည်းငယ်လျော့နည်းသွားပြီး၊နေကြာကြိတ်ဖတ်စျေးမှာ စျေးကောင်း ရရှိကြောင်း သိရှိရပါသည်။

DOCA (မန္တလေး)

မြို့မဈေးအတွင်း ရောင်းချလျက်ရှိသော ကန်စွန်းရွက်၊ကင်ပွန်းချဉ်ရွက်နှင့်ချဉ်ပေါင်ရွက်ဈေးနှုန်းများ

    စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့တွင် ရာသီပေါ်သီးနှံများကို စိုက်ပျိုး ရောင်းချလျက်ရှိရာ ယခုအခါ ကန်စွန်းရွက်၊ကင်ပွန်းချဉ်ရွက်နှင့် ချဉ်ပေါင်ရွက်များကို  နေအိမ်ခြံဝင်း များတွင်လည်းကောင်း၊ ယာတော၊ လယ်တောများတွင်လည်းကောင်း တစ်နိုင်တစ်ပိုင်စိုက်ပျိုး၍ ရောင်းချလျက်ရှိကြောင်း သိရသည်။  

       ၂၀၂၅ခုနှစ်၊ အောက်တိုဘာလ ဒုတိယပတ်အတွင်း ကန့်ဘလူမြို့မဈေးတွင် ကုန်စိမ်းရောင်းချ သူတစ်ဦး၏ ပြောပြချက်အရ ကန်စွန်းရွက်၊ကင်ပွန်းချဉ်ရွက်နှင့် ချဉ်ပေါင်ရွက်များကို ကန့်ဘလူမြို့ ပေါ်နှင့်နတ်ပေးကျေးရွာ၊ နတ်အင်းကျေးရွာများမှလည်းကောင်း ဝယ်ယူရောင်းချလျက်ရှိကြောင်း ကန်စွန်းရွက်များကို အစည်းလေးများစည်း၍ ရောင်းချရာ()စည်းလျှင် (၁၀၀)ကျပ်၊ ()စည်းလျှင် (၂၀၀)ကျပ်၊ ကင်ပွန်းချဉ်ရွက်()စည်းလျှင် (၂၀၀)ကျပ်၊ ()စည်းလျှင်( ၅၀၀)ကျပ်နှင့် ချဉ်ပေါင်ရွက် ()ပိဿာလျှင် (၁၂၀၀)ကျပ်၊ (၅၀)ကျပ်သားလျှင် (၆၀၀)ကျပ်၊ ()ပုံလျှင်(၂၀၀)ကျပ်ဖြင့်ရောင်းချ လျက်ရှိကြောင်း သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

 

ကြည့်မြင်တိုင်မြို့နယ် ဗားဂရာဆိပ်ကမ်းတွင် စားအုန်းဆီ သင်္ဘောဝင်ရောက်ခြင်း

          စားအုန်းဆီ တင်သွင်း သိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီသည် စားအုန်းဆီများသတ်မှတ်အရည်အသွေး၊ စံချိန်စံညွှန်းများနှင့် အညီ စားသုံးသူပြည်သူများကျန်းမာရေးနှင့် ညီညွတ်သော စားသုံးဆီများသုံးစွဲနိုင်ရေး၊ ဈေးနှုန်းတည်ငြိမ်စွာ ဝယ်ယူစားသောက်နိုင်ရေး ကြီးကြပ်ထိန်းကျောင်း၍ သက်ဆိုင်ရာ ကုမ္ပဏီများက စားအုန်းဆီများ ပြည်ပမှတင်သွင်းလျက်ရှိရာ ရန်ကုန်တိုင်းဒေသကြီး သီလဝါဆိပ်ကမ်း၊ ဗားဂရာ (သဲကွင်း) ဆိပ်ကမ်း၊ ကြည့်မြင်တိုင်မြို့နယ် ကမ်းနားဈေးဆိပ်ကမ်း၊ KIPT ဆိပ်ကမ်းသို့ ဆီသင်္ဘောများ ဆိုက်ကပ်ပြီး ၁၂.၁၀.၂၀၂၅ ရက်နေ့တွင် ကြည့်မြင်တိုင်မြို့နယ် ဗားဂရာ ဆိပ်ကမ်းသို့ MT. VIRGO V 2025/259 သင်္ဘောဖြင့် ROS 3 ဆီကန်သို့  500 MT ၊  IOS.14   ဆီကန်သို့ 1000 MT၊ IOS.11  ဆီကန်သို့ 150 MT ၊ GGM.9 ဆီကန်သို့ 2000 MT၊ HTOO 3 ဆီကန်သို့ 700 MT စုစုပေါင်း တန်ချိန်(4350) ဝင်ရောက်လျက်ရှိကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)

ကန့်ဘလူမြို့၏ ကင်းပုံသီးနှင့် ပဲတောင့်ရှည်သီးဈေးနှုန်း

   စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့တွင် ရာသီပေါ်သီးနှံများဖြစ်သော ခဝဲသီး၊ ရွှေဖရုံသီး၊ မုံလာထုပ်၊ မုံညှင်းရွက်၊ ခရမ်းကဆော့သီး၊ ကြက်ဟင်းခါးသီး၊  ခရမ်းသီးများ ရောင်းချလျက်ရှိရာ ယခုအခါ ကင်းပုံသီးနှင့် ပဲတောင့်ရှည်သီးပင်များကို  နေအိမ်ခြံဝင်းများတွင် လည်းကောင်း၊ ယာကွက်ခြံစည်းရိုးများတွင်လည်းကောင်း စိုက်ပျိုး၍ ရောင်းချလျက်ရှိကြောင်းသိရ သည်။ ကင်းပုံသီးနှင့် ပဲတောင့်ရှည်သီးများကို ကြော်စား၊ ချက်စား၊ နှပ်စား အမျိုးမျိုးပြုလုပ်၍ စားသုံးကြကြောင်း သိရသည်။

      ၂၀၂၅ခုနှစ်၊ အောက်တိုဘာလ ဒုတိယပတ်၌ ကန့်ဘလူမြို့မဈေးတွင် ပဲတောင့်ရှည်သီးများ ကိုကန့်ဘလူမြို့ပေါ်၊ နတ်ပေးကျေးရွာနှင့် အခြားသောကျေးရွာများမှ ဝယ်ယူ၍ရောင်းချလျက်ရှိ ကြောင်း၊ကင်းပုံသီးများကို နို့ဆီဘူး(၁)ဘူးလျှင်(၇၀၀)ကျပ်၊ (၁)ပြည်လျှင် (၅၅၀၀)ကျပ်နှင့် ပဲတောင့် ရှည်သီးဈေးနှုန်းမှာ ပဲတောင့်ရှည်သီး(၅)တောင့်ပါ (၁)စည်းလျှင်(၅၀၀)ကျပ်၊ (၁၀)စည်းပါ(၁)ထုံး လျှင်(၄၈၀၀)ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း ကုန်စိမ်းရောင်းချသူထံမှ သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း