ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

ပန်းငရုတ်ပွသီးနှင့် ဘိုစားပဲသီးဈေးနှုန်းများ

    စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့တွင် ကုန်စိမ်းသီးနှံများဖြစ်သော ခဝဲသီး၊ ရွှေဖရုံသီး၊ ဘူသီး၊ မုန်လာထုပ်၊ ပန်းမုံလာပွင့်၊ ရွှေပဲသီး၊ ခရမ်းချဉ်သီး ၊မုံညှင်းထုပ်၊ ပြောင်းဖူး၊ ခါကြက်ဥများ ရောင်းချလျက်ရှိရာ ယခုအခါ ပန်းရုတ်ပွသီးနှင့် ဘိုစားပဲသီးများကို  ကန့်ဘလူမြို့မဈေးတွင် ရောင်းချလျက်ရှိပါသည်။ ပန်းငရုတ်ပွသီးနှင့် ဘိုစားပဲသီးများကို မန္တလေး မြို့မှမှာယူရောင်းချလျက်ရှိကြောင်း သိရသည်။၂၀၂၅ခုနှစ်၊ အောက်တိုဘာလ ဒုတိယပတ်၌ ကန့်ဘ လူမြို့မဈေးတွင် ပန်းငရုတ်ပွသီး(၁)လုံးလျှင်(၅၀၀)ကျပ်၊ (၂)လုံးလျှင်(၈၀၀)ကျပ်၊ (၄)လုံးလျှင် (၁၅၀၀)ကျပ်၊ ဘိုစားပဲသီး(၁)ပိဿာလျှင် (၁၂၀၀၀)ကျပ်၊ (၅၀)ကျပ်သားလျှင် (၆၀၀၀)ကျပ်၊ (၂၅) ကျပ်သားလျှင် (၃၀၀၀)ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း ကုန်စိမ်းရောင်းချသူထံမှ သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

 

ကန့်ဘလူမြို့တွင် ရောင်းချနေသော ခါကြက်ဥဈေးနှုန်း

     စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့တွင် ကုန်စိမ်းသီးနှံများဖြစ်သော ခဝဲသီး၊ ရွှေဖရုံသီး၊ ဘူသီး၊ မုန်လာထုပ်၊ ပဲစောင်းလျားသီး၊ ရွှေပဲသီး၊ ခရမ်းချဉ်သီး ၊မုံညှင်းထုပ်၊ ပြောင်းဖူးများ ရောင်းချလျက်ရှိရာ ယခုအခါ ခါကြက်ဥများကို  ကန့်ဘလူမြို့မဈေးတွင်ရောင်းချ လျက်ရှိပါသည်။ခါကြက်ဥတွင်ခါကြက်ဥရိုးရိုး(ဗမာ)ဥနှင့် ခါကြက်ဥ(တရုတ်)ဥဟူ၍နှစ်မျိုးရှိကြောင်း၊ ခါကြက်ဥများကို မန္တလေးမြို့မှ မှာယူရောင်းချလျက်ရှိကြောင်း သိရသည်။

     ၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ ဒုတိယပတ်၌ ကန့်ဘလူမြို့မဈေးတွင် ခါကြက်ဥ(ဗမာ)(၁)ပိ ဿာလျှင်(၁၂၀၀၀)ကျပ်၊ (၅၀)ကျပ်သားလျှင်(၆၀၀၀)ကျပ်၊ (၂၅)ကျပ်သားလျှင်(၃၀၀၀)ကျပ်နှင့် ခါကြက်ဥ(တရုတ်)(၁)ပိဿာလျှင်(၂၀၀၀၀)ကျပ်၊ (၅၀)ကျပ်သားလျှင်(၁၀၀၀၀)ကျပ်၊(၂၅)ကျပ်သား လျှင်(၅၀၀၀)ကျပ်ဖြင့် ရောင်းချလျက်ရှိကြောင်း ကုန်စိမ်းရောင်းချသူထံမှ သိရပါသည်။

DOCA(စစ်ကိုင်း)

 

မြင်းခွာရွက်နှင့် ကြက်သွန်မြိတ်ဈေးနှုန်း

     စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့နယ်သည် စိုက်ပျိုးရေးလုပ်ငန်းများ ဖြစ်သည့် စပါး၊ပဲမျိုးစုံနှင့် ဆီထွက်သီးနှံတို့ကို အဓိကစိုက်ပျိုးသည့်အပြင် ရာသီစာသီးနှံများနှင့် စားဖိုဆောင်သီးနှံများကိုလည်း စိုက်ပျိုးကြသည်။

    ယခုအခါ ကန့်ဘလူမြို့ပေါ်၊ နတ်ပေးကျေးရွာနှင့် အခြားသောကျေးရွာများတွင် မြင်းခွာရွက် နှင့်ကြက်သွန်မြိတ်များကို စိုက်ပျိုးကြကြောင်း၊ မြင်းခွာရွက်နှင့် ကြက်သွန်မြိတ်ပင်များကို ကန့်ဘလူ မြို့မဈေးတွင် ရောင်းချကြောင်း၊ ၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ ဒုတိယပတ်အတွင်း မြင်းခွာရွက် ()ပုံလျှင်(၅၀၀)ကျပ်၊ မြင်းခွာရွက်()ပုံလျှင် (၈၀၀)ကျပ်၊ မြင်းခွာရွက်()ပုံလျှင် (၁၅၀၀)ကျပ် ၊ကြက်သွန်မြိတ် ()စည်းလျှင် (၅၀၀)ကျပ်၊ ()စည်းလျှင် (၁၄၀၀)ကျပ်ဖြင့်ရောင်းချကြောင်း၊ မြင်း ခွာရွက်နှင့် ကြက်သွန်မြိတ်ကို အိမ်ရှင်မများဟင်းချက်ရာတွင်လည်းကောင်း၊ စားသောက်ဆိုင်များ တွင်လည်းကောင်း အသုံးပြုကြသဖြင့် အရောင်းအဝယ်သွက်လျက်ရှိကြောင်း မြို့မဈေးရှိ ကုန်စိမ်း ရောင်းချသူတစ်ဦးထံမှ သိရှိရပါသည်။

DOCA(စစ်ကိုင်း)

မန္တလေး နှမ်းမျိုးစုံစျေးကွက်

                 ပြည်တွင်းစားဆီကြိတ်ခွဲမှုနှင့်ပြည်ပသို့တင်ပို့သည့်နှမ်းအား မန္တလေးတိုင်းဒေသကြီးအတွင်း ၂၀၂၄-၂၀၂၅ ခုနှစ်တွင် စိုက်ပျိုးမှု ၁၁၀၅၈၀၁ ဧက၊ရိတ်သိမ်းမှု ၁၀၂၃၁၁၀ ဧက၊ အထွက် နှုန်း ၅.၄၀ တင်းနှင့် အထွက်စုစုပေါင်း ၅၅၂၃၅၀၃ တင်းဖြစ်ကြောင်း သိရပါသည်။  မန္တလေးပွဲစား၊ ကုန်သည် စက်ပိုင်များ မဟာကထိန်တော်အသင်းတွင် ၂၀၂၅ ခုနှစ်အောက်တိုဘာလပထမပတ်အတွင်း နှမ်း အမျိုးအစားအလိုက်ပေါက်စျေးများမှာ ၃တင်းဝင်အိတ် (၄၅ပိဿာပါ) တစ်အိတ်လျှင် နှမ်းဖြူ (ဂျပန်) ၂၉၅၀၀၀ကျပ်နှင့် ၃၀၅၀၀၀ကျပ်၊နှမ်းဖြူ(ဗမာ) ၂၆၅၀၀ဝ ကျပ်နှင့်၂၇၀၀၀၀ ကျပ်၊ နှမ်းညို ၂၇၀၀၀၀ ကျပ်နှင့် ၂၈၅၀၀၀ ကျပ်၊ တစ်ပိဿာစျေးမှာ နှမ်းဖြူ (ဂျပန်)၆၅၅၆ကျပ်နှင့် ၆၇၇၈ ကျပ်၊ နှမ်းဖြူ (ဗမာ) ၅၈၈၉ ကျပ်နှင့် ၆၀၀၀ ကျပ်၊နှမ်းညို ၆၀၀၀ ကျပ်နှင့် ၆၃၃၃ ကျပ် စျေးတို့ဖြစ်ပေါ် လျက်ရှိ ကြောင်းသိရပါသည်။ ယခင်နှစ် ကာလတူ ပေါက်စျေးမှာ တစ်ပိဿာလျှင် နှမ်းဖြူ (ရိုးရိုး) ၈၃၃၃ ကျပ်နှင့် ၈၅၅၅ ကျပ်၊ နှမ်းညို ၇၁၁၁ ကျပ်နှင့် ၇၂၂၂ ကျပ်တို့ဖြစ်ပေါ်ခဲ့ပြီး၊ ယခုနှစ် နှင့်ယခင်နှစ် ကာလတူ စျေးနှိုင်းယှဉ်ပါက နှမ်းစျေးမှာ အနည်းငယ်ကျ ဆင်းသွားကြောင်း သိရပါ သည်။

DOCA (မန္တလေး)

မိတ္ထီလာမြို့ မြို့မဈေးအတွင်းရှိ အသား/ငါးနှင့် ငါးခြောက်

  မိတ္ထီလာမြို့ရှိ စက်တင်ဘာလဒုတိယပတ်တွင် ဒေသကြက်တစ်ပိဿာလျှင် (၃၀၀၀၀)ကျပ်၊ မွေးမြူရေးကြက် တစ်ပိဿာလျှင်(၁၈၀၀၀)ကျပ်၊ ဝက်သား တစ်ပိဿာလျှင်(၃၈၀၀၀)ကျပ်၊ အမဲသား တစ်ပိဿာလျှင်(၃၇၀၀၀)ကျပ်၊ ဆိတ်သား တစ်ပိဿာလျှင်(၄၀၀၀၀)ကျပ်၊ ငါးကြင်း တစ်ပိဿာလျှင် (၂၀၀၀၀)ကျပ်၊ ငါးမြင်း တစ်ပိဿာလျှင်(၁၆၀၀၀)ကျပ်၊ ငါးမြစ်ချင်း တစ်ပိဿာလျှင်(၁၈၀၀၀)ကျပ်၊ ငါးသလောက် တစ်ပိဿာလျှင်(၄၀၀၀၀)ကျပ်၊ ငါးခူ တစ်ပိဿာလျှင်(၂၀၀၀၀)ကျပ်၊ ငါးရံ့ တစ်ပိဿာလျှင်(၄၀၀၀၀)ကျပ်၊ ငါးတန် တစ်ပိဿာလျှင်(၁၆၀၀၀)ကျပ်၊ ငါးဘတ် တစ်ပိဿာလျှင် (၃၅၀၀၀)ကျပ်၊ ငါးဖယ် တစ်ပိဿာလျှင်(၂၅၀၀၀)ကျပ်၊ အာပြဲခြောက် တစ်ပိဿာလျှင်(၄၀၀၀၀)ကျပ်၊ ငါးရံ့ခြောက် တစ်ပိဿာလျှင်(၆၀၀၀၀)ကျပ်၊ ငါးတံခွန်ခြောက် တစ်ပိဿာလျှင်(၂၀၀၀၀)ကျပ်၊ ငါးနီတူးခြောက် တစ်ပိဿာလျှင်(၃၂၀၀၀)ကျပ်၊ ငရောင်ခြောက် တစ်ပိဿာလျှင်(၅၀၀၀၀)ကျပ်၊ ပုဇွန် ခြောက်တစ်ပိဿာလျှင်(၄၈၀၀၀)ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်လျှက်ရှိကြောင်းသိရပါ သည်။

          ယခင်လနှင့် နှိုင်းယှဉ်ပါက ဆိတ်သားဈေးမှာ ကုန်ကြမ်းဈေးမြင့်တက်ခြင်းကြောင့် ၂၀၀၀ ကျပ်၊ အာပြဲခြောက်မှာ မိုးတွင်းကာလ သယ်ယူစရိတ်မြင့်ခြင်းကြောင့် ၅၀၀၀ ကျပ်၊ ငါးတံခွန်ခြောက်မှာ ၃၀၀၀ ကျပ်ဈေးမြင့်လာပြီး ငါးမြင်းမှာ မိုးတွင်းကာလ ငါး၊ ပုဇွန်ပေါသည့်ရာသီဖြစ်၍ ၂၀၀၀ ကျပ် ကျဆင်းလာခြင်းဖြစ်ကြောင်း ဈေးကွက်မှသိရသည်။

DOCA(မန္တလေး)

အရောင်းသွက်သည့်မန္တလေးသစ်အယ်သီးစျေးကွက်

                စျေးကွက်အတွင်းသို့ မန္တလေးတိုင်းဒေသကြီး၊မိုးကုတ်မြို့နယ်နှင့် ရှမ်းပြည်နယ်မြောက်ပိုင်း တို့မှထွက်သည့် သစ်အယ်သီးများ အောက်တိုဘာလပထမပတ်အတွင်း ဝင်ရောက်မှုများပြား လျက် ရှိပြီး၊ အရောင်းသွက်လျက်ရှိကြောင်း သိရှိရပါသည်။ စျေးကွက်အတွင်း သစ်အယ်သီးအား အစိမ်း အတိုင်း ပြည်ချိန် (သို့မဟုတ်)ကီလိုဂရမ်ချိန်၍ ရောင်းချခြင်း၊ လှော်၍ အသင့်စားအစာအဖြစ် ရောင်းချခြင်းတို့တွေ့ ရှိရပါသည်။ မန္တလေးစျေးကွက်တွင် ၂၀၂၅ ခုနှစ်အောက်တိုဘာလပထမပတ် အတွင်း သစ်အယ်သီးလက်လီစျေးနှုန်းများမှာ ၁ ပြည်လျှင် (လုံးကြီး) ၃၀၀၀၀ ကျပ်နှင့် ၄၀၀၀၀ ကျပ်၊ (လုံးလတ်) ၂၅၀၀၀ ကျပ်နှင့်၂၈၀၀၀ကျပ်၊(လုံးသေး) ၂၀၀၀၀ကျပ်နှင့် ၂၃၀၀၀ကျပ်စျေးဖြင့် ရောင်းချလျှက်ရှိကြောင်း သိရှိရပါသည်။ မန္တလေးမြို့၊ရှမ်းစျေးရှိစျေးသည်တစ်ဦး၏ပြောပြချက်အရ ယခင်နှစ် ပေါက်စျေးနှင့်နှိုင်းယှဉ် ပါက သစ်အယ်သီး ၁ ပြည်လျှင် ၅၀၀၀ ကျပ်နှင့် ၈၀၀၀ ကျပ်အထိ စျေးနှုန်း မြှင့်တက်သွားကြောင်း သိရှိရပါသည်။

DOCA (မန္တလေး)

သာစည်မြို့နယ်အတွင်းရှိ ခရမ်းချဉ်သီးစိုက်ပျိုးခြင်းဖြင့်ဝင်ငွေရရှိ

  သာစည်မြို့နယ်သည် လယ်ယာထွက်ကုန်သီးနှံမျိုးစုံစိုက်ပျိုးလျက်ရှိရာမှ ဟင်းသီးဟင်းရွက်    သစ်သီးဝလံတစ်မျိုးဖြစ်သည့် ခရမ်းချဉ်သီးကို စီးပွားဖြစ် စိုက်ပျိုးလာကြပါသည်။

          သာစည်ဈေးကွက်အတွင်း ခရမ်းချဉ်သီးအမျိုးအစားများ ဖြစ်ကြသော ရှမ်းသီး(ခေါ်) အင်းသီး၊ ထိုင်ဝမ်သီး၊ဗမာသီးများ မျိုးစုံစွာ ဝင်ရောက်လျက်ရှိပါသည်။ ခရမ်းချဉ်သီး(အင်းသီး)နှင့် ထိုင်ဝမ် သီးတို့ကို ရှမ်းပြည်နယ်နှင့် ပြင်ဦးလွင်ဒေသတို့မှ ဝင်ရောက်လျက်ရှိပြီး ဈေးကွက်တွင် ဝယ်လိုအား ရှိသည့်အတွက် သာစည်မြို့နယ်တွင်လည်း ထိုင်ဝမ် ခရမ်းချဉ်သီးများကိုလည်း စီးပွားဖြစ် စိုက်ပျိုး လာကြပါသည်။ မိုးရာသီဖြစ်သည့် ဇွန်လတွင် စတင်စိုက်ပျိုးကြပြီး စိုက်ပျိုးပြီး(၃) လအကြာ တွင် စတင်ခူးဆွတ်နိုင်ကြောင်း၊ ခရမ်းချဉ်သီးစိုက်ပျိုးရာ တွင် မြေပြုပြင်ခြင်း၊ လုပ်သားခနှင့် သွင်းအားစု စုစုပေါင်း တစ်ဧကလျှင် (၁၀၀၀၀၀၀) ကျပ်ခန့် ကုန်ကျကြောင်း၊ ဈေးကွက်အနေဖြင့် ရွာအရောက်ပွဲစားများ လာရောက်ဝယ်ယူမှုရှိသည့်အပြင် တောင်သူများက ကိုယ်တိုင် မိတ္ထီလာမြို့သို့ တင်ပို့ရောင်းချကြကြောင်း၊ ယခုနှစ်မိုးရာသီတွင် မိုးအဆက်မပြတ် ရွာသွန်းမှုကြောင့် ခရမ်းချဉ်သီးပင် များ အောင်မြင်ဖြစ်ထွန်းလျက်ရှိရာ စက်တင်ဘာလဆန်းမှ စ၍ ခူးဆွတ်ကာ ဈေးကွက်သို့တင်ပို့နိုင်ပြီ ဖြစ်ကြောင်း၊ တစ်ပိဿာလက္ကားဈေး အနေဖြင့် (၁၀၀၀)ကျပ်ဈေးဖြင့် ရောင်းချရသဖြင့် တောင်သူများ အကျိုးအမြတ် ရရှိကြောင်း သိရသည်။

DOCA(မန္တလေး)

 

ပဲသီးတောင့်ရှည်စျေးအနည်းငယ်ကျ

          ကုန်စိမ်းစျေးကွက်သို့မန္တလေးတိုင်းဒေသကြီးရှိအမရပူရခရိုင်၊ပြင်ဦးလွင်ခရိုင်၊ ကျောက်ဆည် ခရိုင်နှင့်မိတ္တီလာခရိုင်တို့မှ ထွက်သည့်ကုန်စိမ်းများ၊ စစ်ကိုင်းတိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ်တို့မှ ထွက်သည့်ပဲသီးတောင့်ရှည်ကုန်စိမ်းများ ဝင်ရောက်မှုများပြားလျှက်ရှိပြီး၊မိုးရာသီဖြစ်၍ ပဲသီးတောင့် ရှည်စျေးအနည်းငယ်ကျဆင်းလျှက်ရှိကြောင်း သိရှိရပါသည်။ စျေးကွက်အတွင်း ဝင်ရောက်လျှက် ရှိသည့် ပဲသီးတောင့်ရှည်များအား အစိမ်းရောင်နှင့်ခရမ်းရောင်ပဲသီးတောင့်များ တွေ့ရှိရပါသည်။ မန္တလေးမြို့၊ သီရိမာလာစျေးနှင့်၄၁လမ်းစျေးရှိ ကုန်စိမ်းစျေးကွက်တွင် ၂၀၂၅ ခုနှစ်အောက်တိုဘာလ ပထမပတ် အတွင်း ဖြစ်ပေါ်သည့် ပဲသီးတောင့်ရှည်စျေးနှုန်းများမှာ ၁ပိဿာလျှင် လက္ကားစျေး ၃၀၀၀ ကျပ်နှင့် ၃၅၀၀ကျပ်၊လက်လီစျေး၄၅၀၀ကျပ်နှင့်၅၀၀၀ကျပ်စျေးဖြင့် ရောင်းချလျက်ရှိကြောင်း သိရှိရ ပါသည်။ ပဲသီးတောင့်ရှည်ပေါက်စျေးမှာ စက်တင်ဘာလနောက်ဆုံးပတ်ပေါက်စျေးနှင့်နှိုင်းယှဉ်ပါက ၁ ပိဿာလျှင် ၃၀၀ကျပ်နှင့် ၅၀၀ကျပ်အတွင်း ကျဆင်းသွားကြောင်း ကုန်စိမ်းရောင်းချသူတစ်ဦး၏ ပြောပြချက်အရ သိရှိရပါသည်။မန္တလေးမြို့၊သီရိမာလာစျေးအတွင်းနေ့စဉ်ကုန်စိမ်းသီးနှံဝင် ရောက်မှု မှာ ကုန်စည်အမျိုးအစားအလိုက် (Canter၁၂ဘီးနှင့်၆ဘီး)ယာဉ် (၄၀) စီးနှင့်(၆၀)စီး အကြားဝင် ရောက် လျှက်ရှိကြောင်း သိရှိရပါသည်။

DOCA (မန္တလေး)

 

စျေးအနည်းငယ်တက်သည့်ကညွတ်

             ကုန်စိမ်းစျေးကွက်သို့ ပြင်ဦးလွင်ဒေသထွက်ကညွှတ် ကုန်စိမ်းများ ဝင်ရောက်မှုနည်းသည့် အတွက်စျေးအနည်းငယ်မြင့်တက်သွားကြောင်း သိရှိရပါသည်။ ကညွတ်မှာကျန်းမာရေးအစားအစာ အဖြစ်စားသုံးလျက်ရှိပြီး၊ထမင်းမြိန်သည့်အစားအစာအဖြစ်စားသုံးလျက်ရှိကြောင်း သိရှိရပါသည်။ မန္တလေးတိုင်းဒေသကြီးရှိ အမရပူရ ခရိုင်၊ပြင်ဦးလွင်ခရိုင်၊ ကျောက်ဆည်ခရိုင်နှင့် မိတ္တီလာခရိုင်တို့မှ ထွက်သည့်ကုန်စိမ်းများ၊စစ်ကိုင်းတိုင်း ဒေသကြီးနှင့်ရှမ်းပြည်နယ်တို့မှ ထွက်သည့်ကုန်စိမ်းများ ဝင် ရောက်မှုများပြားလျက်ရှိပါသည်။မန္တလေးမြို့၊ သီရိမာလာစျေးနှင့်၄၁လမ်းစျေးရှိကုန်စိမ်း စျေးကွက် တွင် ၂၀၂၅ ခုနှစ်အောက်တိုဘာလပထမပတ်အတွင်း ဖြစ်ပေါ်သည့် ကညွတ်စျေးနှုန်းများမှာ ၁ပိဿာ လျှင် လက္ကားစျေး ၁၂၀၀၀ ကျပ် နှင့် ၁၄၀၀၀ ကျပ်၊လက်လီစျေး၁၅၀၀၀ကျပ်နှင့် ၁၇၀၀၀ကျပ် စျေးဖြင့် ရောင်းချလျက်ရှိကြောင်း သိရှိရပါသည်။ မန္တလေးမြို့၊ သီရိမာလာစျေးအတွင်း နေ့စဉ် ကုန်စိမ်း သီးနှံဝင်ရောက်မှုမှာ ကုန်စည် အမျိုးအစားအလိုက် (Canter ၁၂ဘီးနှင့် ၆ ဘီး) ယာဉ် (၄၀) စီးနှင့်(၆၀)စီးအကြားဝင်ရောက်လျက် ရှိကြောင်း သိရှိရပါသည်။

DOCA (မန္တလေး)

 

ပွင့်ဖြူဒေသတွင် ရာသီပေါ်ပိန်းဥဈေးကောင်းရလျက်ရှိ

  မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်ရှိ ယောစုကျေးရွာ၊ ပိန္နဲတောကျေးရွာ၊ ရွာသစ်ကျေးရွာ၊ ညောင်ကုန်းကျေးရွာ၊ မုန်းနားစုကျေးရွာ၊ ရွာသာကုန်းကျေးရွာနှင့် ဒေးဒရဲကျေးရွာတို့သည် မုန်းချောင်း ရေကိုအမှီပြု၍ လယ်ယာမြေများတွင် ရေသွင်းစိုက်ပျိုးကာ ဟင်းသီးဟင်းရွက်သီးနှံစားပင်မျိုးစုံကို စီးပွား ဖြစ်စိုက်ပျိုး လုပ်ကိုင်ကြကြောင်းသိရသည်။ အဆိုပါစားပင်သီးနှံများထဲမှ ပိန်းဥသီးနှံသည် ဈေးကွက်ရှိ သည့်အပြင် ဈေးကောင်းလည်းရရှိသဖြင့်  တစ်ပိုင်တစ်နိုင်စိုက်ပျိုးကြကြောင်း သိရှိရပါသည်။  

   ပိန်းဥကို သားတက်(Sucker)မှလည်းကောင်း၊ ဥမွှာမှလည်းကောင်း၊ ပိန်းရိုး၏အရင်းမှလည်းကောင်း ထိပ်ဖျားမှ(.-)လက်မခန့်ဖြတ်၍ စိုက်ပျိုးနိုင်ကြောင်း၊  သားတက်မှစိုက်ပျိုးပါက ပျိုးခင်းထဲတွင် အညှောင့် ပေါက်စေရန် အရင်ပျိုးထောင်ပြီးမှ စိုက်ခင်းထဲသို့ချရကြောင်း၊ မြေသားနက်၍ လေဝင်လေထွက် ကောင်းမွန် ပြီး ရေမဝပ်စေရန်လိုအပ်ကြောင်းသိရသည်။ ပိန်းဥကို ရာသီမရွေး၊ နေရာဒေသမရွေး စိုက်ပျိုး နိုင်ပြီး စိုက်ပျိုးပြီးချိန်မှ ()လခန့် အကြာတွင် နှုတ်ယူရိတ်သိမ်းနိုင်ကြောင်းသိရှိရပါသည်။ ပွင့်ဖြူဒေသထွက် ပိန်းဥများကို မင်းဘူး၊ စကု၊ စလင်းနှင့် မကွေးမြို့များသို့တင်ပို့ရောင်းချပြီး ပေါ်ဦးပေါ်ဖျားအချိန် စက်တင်ဘာလဆန်းတွင် ပိန်းဥ တစ် ပိဿာလျှင် ကျပ်(၅၀၀၀)ဖြင့် ဈေးကောင်းရရှိပြီး ပိန်းဥ လှိုင်လှိုင်ပေါ်ချိန်အောက်တိုဘာလတွင် တစ်ပိဿာလျှင် ကျပ်(၃၅၀၀ မှ ၄၀၀၀)အထိ ဈေးရရှိသောကြောင့် ပိန်းဥသီးနှံစိုက်ပျိုးသူ တောင်သူများအနေဖြင့် ဝင်ငွေပိုမို ရရှိကာ အဆင်ပြေလျက်ရှိကြောင်း သိရှိရပါသည်။ 

DOCA(မကွေး)

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း