ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

စားတော်ပဲနှင့် စားတော်ပဲလုံးရေစိမ်ဈေး

         စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်တွင် စပါးကိုအဓိကစိုက်ပျိုးကြပြီး ပဲမျိုးစုံသီးနှံများကို အနည်းငယ်သာစိုက်ပျိုးသော်လည်း သက်ဆိုင်ရာဌာန၏ ၂၀၂၄-၂၀၂၅ခုနှစ် ရွှေဘိုခရိုင် ဆောင်းသီးနှံ စိုက်ပျိုးမှုစာရင်းများအရ စားတော်ပဲ(၇၆)ဧကသာ စိုက်ပျိုးကြောင်းသိရှိရပါသည်။ ပဲမျိုးစုံအသစ်များမှာ ဒီဇင်ဘာလမှစတင်၍ ဈေးကွက်အတွင်းသို့ ဝင်ရောက်ခဲ့ပြီး ရွှေဘိုမြို့တွင်ရောင်းချသည့် စားတော်ပဲများကို အခြားဒေသများမှ မှာယူရောင်းချခြင်းမရှိဘဲ သယ်ယူခကုန်ကျစရိတ်များ သက်သာစေရန်  ဒေသတွင်းရှိ ပွဲရုံများမှ ဝယ်ယူရောင်းချကြပါသည်။

စားတော်ပဲ

         ရွှေဘိုမြို့ ဈေးကွက်အတွင်း အောက်တိုဘာလ၊ ပထမအပတ်တွင်ရောင်းချသည့် စားတော်ပဲ ဈေးနှုန်းမှာ ()ပြည်လျှင်(၉၀၀ဝိ/-)ကျပ်နှင့် တစ်တင်းလျှင်(၁၄၄၀၀ဝိ/-)ကျပ်ဖြစ်ကြောင်း၊ ယခင်အပတ် နှင့်ယခုအပတ်တို့၏ အရောင်းအဝယ်ဖြစ်သည့် ဈေးနှုန်းတို့ကိုနှိုင်းယှဉ်ပါက ယခင်အပတ်၌ စားတော်ပဲ (၁)ပြည်လျှင်(၉၀၀ဝိ/-)ကျပ် ပေါက်ဈေးရှိခဲ့သဖြင့် ယခင်အပတ်နှင့် ယခုအပတ်တို့၏ အရောင်းအဝယ် ဖြစ်သည့် ဈေးနှုန်းတူညီကြောင်း၊  ဈေးကွက်အနေဖြင့် ဒေသတွင်းရှိ စားသုံးသူများ၊ တစ်ဆင့်ပြန်လည် ရောင်းချမည့်သူများ၊ ပဲပြုတ်ရောင်းချသည့်သူများ၊ လ္ဘက်ရည်ဆိုင်၊ အကြော်ဆိုင်များ၊ အလှူမင်္ဂလာပွဲ လမ်းဆောင်ရွက်မည့်သူများမှ ဝယ်ယူကြကြောင်း ပဲမျိုးစုံရောင်းချသည့်ဆိုင်များမှ သတင်းရရှိပါသည်။

စားတော်ပဲလုံးရေစိမ်

      ရွှေဘိုမြို့ဈေးကွက်အတွင်း အောက်တိုဘာလ၊ ပထမအပတ်တွင်ရောင်းချသည့် စားတော်ပဲလုံး ရေစိမ်ဈေးနှုန်းမှာ ()ပြည်လျှင်(၅၀၀ဝိ/-)ကျပ်ဖြစ်ကြောင်း၊  ယခင်အပတ်နှင့် ယခုအပတ်တို့၏ အရောင်း အဝယ်ဖြစ်သည့်ဈေးနှုန်းတို့ကိုနှိုင်းယှဉ်ပါက ယခင်အပတ်၌ စားတော်ပဲလုံးရေစိမ်()ပြည်လျှင်(၅၀၀ဝိ/-) ကျပ်ပေါက်ဈေးရှိခဲ့သဖြင့် ယခင်အပတ်နှင့် ယခုအပတ်တို့၏ အရောင်းအဝယ်ဖြစ်သည့် ဈေးနှုန်းတူညီ ကြောင်း၊  နေ့စဉ်စားတော်ပဲလုံး(၈)ပြည်ခန့်ရေစိမ်ရပြီး ဈေးကွက်အနေဖြင့် လ္ဘက်ရည်ဆိုင်၊ အကြော်ဆိုင် များ၊ ဒေသတွင်းရှိစားသုံးသူများ၊ တစ်ဆင့်ပြန်လည် ရောင်းချမည့်သူများမှ ဝယ်ယူကြကြောင်း ပဲမျိုးစုံ ရောင်းချသည့်ဆိုင်များမှ သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

 

ရွှေဘိုဈေးကွက်တွင် ရောင်းချသည့်ကုလားပဲဆံနှင့် ကုလာပဲလုံးဈေး

      စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်တွင် စပါးကိုအဓိကစိုက်ပျိုးကြပြီး ပဲမျိုးစုံသီးနှံများကို အနည်းငယ်သာစိုက်ပျိုးသော်လည်း သက်ဆိုင်ရာဌာန၏ ၂၀၂၄-၂၀၂၅ခုနှစ် ရွှေဘိုခရိုင် ဆောင်းသီးနှံ စိုက်ပျိုးမှုစာရင်းများအရ ကုလားပဲ(၃၀၁၄၃)ဧကစိုက်ပျိုးကြောင်း သိရှိရပါသည်။ ပဲမျိုးစုံအသစ်များမှာ ဒီဇင်ဘာလမှစတင်၍ ဈေးကွက်အတွင်းသို့ ဝင်ရောက်ခဲ့ပြီး ရွှေဘိုခရိုင်အနေဖြင့် ကုလားပဲစိုက်ပျိုးမှု ရှိသော်လည်း ထွက်ရှိသည့်ကုလားပဲများကို ကုန်ကြမ်းအဖြစ်သာရောင်းချပြီး ပဲခွဲစက်ဖြင့်ခွဲ၍ ကုလားပဲဆံများ ထုတ်လုပ်ရောင်းချမှုမရှိသည့်အတွက် ရွှေဘိုမြို့တွင်ရောင်းချသည့် ကုလားပဲဆံများကို မန္တလေးမြို့မှ ဝယ်ယူရောင်းချပြီး ကုလားပဲလုံးများကို အခြားဒေသများမှ မှာယူရောင်းချခြင်းမရှိဘဲ သယ်ယူခ ကုန်ကျစရိတ်များ သက်သာစေရန်  ဒေသတွင်းရှိ ပွဲရုံများမှဝယ်ယူရောင်းချကြကြောင်း သိရပါသည်။

ကုလားပဲဆံ

          ရွှေဘိုမြို့ ဈေးကွက်အတွင်း အောက်တိုဘာလ၊ ပထမအပတ်တွင် ရောင်းချသည့် ကုလားပဲဆံ ဈေးနှုန်းမှာ ()ပြည်လျှင်(၈၁၀ဝိ/-)ကျပ်နှင့် တစ်တင်းလျှင်(၁၂၉၆၀ဝိ/-)ကျပ်ဖြစ်ကြောင်း၊ ယခင်အပတ် နှင့်ယခု အပတ်တို့၏ အရောင်းအဝယ်ဖြစ်သည့် ဈေးနှုန်းတို့ကိုနှိုင်းယှဉ်ပါက ယခင်အပတ်၌ ကုလားပဲဆံ (၁)ပြည်လျှင်(၈၁၀ဝိ/-)ကျပ်ပေါက်ဈေးရှိခဲ့သဖြင့်  ယခင်အပတ်နှင့် ယခုအပတ်တို့၏ အရောင်းအဝယ် ဖြစ်သည့် ဈေးနှုန်းတူညီကြောင်း၊ ဈေးကွက်အနေဖြင့် တစ်ဆင့်ပြန်လည်ရောင်းချမည့်သူများ၊ ကိုယ်တိုင်ကြော်သည့် ကုလားပဲဆံကြော်ဖိုများ၊ အလှူမင်္ဂလာပွဲလမ်း ဆောင်ရွက်မည့်သူများမှ ဝယ်ယူကြကြောင်း ပဲမျိုးစုံရောင်းချသည့်ဆိုင်များမှ သတင်းရရှိပါသည်။

ကုလားပဲလုံး

      ရွှေဘိုမြို့ ဈေးကွက်အတွင်း အောက်တိုဘာလ၊ ပထမအပတ်တွင်ရောင်းချသည့် ကုလားပဲလုံး ဈေးနှုန်းမှာ ()ပြည်လျှင်(၆၀၀ဝိ/-)ကျပ်နှင့် တစ်တင်းလျှင်(၉၆၀၀ဝိ/-)ကျပ်ဖြစ်ကြောင်း၊ ကုလားပဲလုံးမှာ အဖြူရောင် နှင့်အဝါရောင်နှစ်မျိုးရှိပြီး ရောင်းချရသည့်ဈေးနှုန်းမှာလည်း တူညီကြောင်း၊ ယခင်အပတ်နှင့် ယခုအပတ်တို့၏ အရောင်းအဝယ်ဖြစ်သည့်ဈေးနှုန်းတို့ကို နှိုင်းယှဉ်ပါက ယခင်အပတ်၌ ကုလားပဲလုံး (၁)ပြည်လျှင်(၆၀၀ဝိ/-)ကျပ် ပေါက်ဈေးရှိခဲ့သဖြင့် ယခင်အပတ်နှင့် ယခုအပတ်တို့၏ အရောင်းအဝယ် ဖြစ်သည့် ဈေးနှုန်းတူညီပြီး ဈေးငြိမ်နေကြောင်း၊  ဧပြီလ၊ စတုတ္ထအပတ်မှစတင်၍ ယခုအချိန်ထိ အရောင်းအဝယ်ဖြစ်သည့်ဈေးနှုန်းတူညီပြီး ဈေးအေးနေကြောင်း၊  ဈေးကွက်အနေဖြင့် ဒေသတွင်းရှိ စားသုံးသူများ၊ တစ်ဆင့်ပြန်လည်ရောင်းချမည့်သူများ၊ ကုလားပဲသုတ်ရောင်းချသူများမှ ဝယ်ယူကြကြောင်း ပဲမျိုးစုံရောင်းချသည့်ဆိုင်များမှ သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့ပေါ်ရှိ ပူစီနံဈေးကွက်

   တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့ပေါ်တွင် စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်းကို ရာသီအလိုက် စားဖိုဆောင်သီးနှံများကိုစိုက်ပျိုးလျက်ရှိရာမှ ပူစီနံများကို အနည်းငယ်မျှသာ စိုက် ပျိုးကြပြီး ခူးဆွတ်ရောင်းချကြကြောင်းလည်း သိရှိရပါသည်။ ပူစီနံများကို မြန်မာဟင်းများတွင် သာမက မုန့်ဟင်းခါးအသုပ်စုံတို့တွင်လည်း တွဲဖက်စားသုံးကြပါသည်။ ဆောင်းရာသီတွင်သာ အထွက်များသောကြောင့် ကျန်ရာသီများမှာ ဈေးကြီးပေးကာဝယ်ယူကြရကြောင်း သိရှိရပါသည်။

    ယခု၂၀၂၅ခုနှစ်၊အောက်တိုဘာလများတွင် မြိတ်မြို့ပေါ်တွင် ရောင်းချနေသော ပူစီနံဈေး နှုန်းမှာ တစ်စည်းလျှင် (၅၀၀)ကျပ်ရှိပြီး နံနံပင်တစ်စည်းလျှင်လည်း (၅၀၀)ကျပ်သာရှိကြောင်း သိရှိရပါသည်။

တနင်္သာရီတိုင်း၊မြိတ်မြို့ပေါ်ရှိမျှစ်ချဉ်ဈေးနှုန်း/ဈေးကွက်

    တနင်္သာရီတိုင်းဒေသကြီး၊မြိတ်မြို့ပေါ်ရှိ စျေးများတွင် မိုးရာသီတွင်အထွက်များသော မျှစ်ချဥ်သည်  အရောင်းသွက်လျက်ရှိကြောင်း သိရှိရပါသည်။ မြိတ်မြို့သည် ပင်လယ်ကမ်းရိုး တန်းဒေသဖြစ်သည့်အပြင် စားဖိုသီးနှံများလည်း ပေါများသောဒေသဖြစ်ပါသည်။ မျှစ်ကိုမိုးရာ သီ၌သာရရှိသောကြောင့် ကျန်ကာလများတွင် အလွယ်တကူရရှိနိုင်ရန် အချဥ်ဖောက်၍စားသုံး ကြသလို ကြော်ချက်၊ အပြုတ်၊ အတို့ အမြုပ်အဖြစ်လည်းစားသုံးကြသည်။ ချဉ်သောအရသာ ရှိ၍ အနံ့ပျင်းသောကြောင့် မျှစ်ချဥ်ကို ဟင်းခပ်အမွှေးအကြိုင်များများဖြင့်ချက်စားလျှင် ကောင်းမွန်သော ဟင်းတစ်ခွက်ရရှိမည်ဖြစ်ပါသည်။

    ၂၀၂၅ခုနှစ်၊ ယခုအောက်တိုဘာလလများတွင် မြိတ်မြို့ပေါ်တွင် ရောင်းချနေသော မျှစ်ချဥ်ဈေးနှုန်းမှာ တစ်ပိဿာလျှင် (၁၀၀၀၀)ကျပ်မှ (၁၂၀၀၀)ကျပ်ခန့်ရှိကြောင်း သိရှိရပါ သည်။

DOCA(တနင်္သာရီ)

    မြိတ်မြို့ပေါ်ရှိ ငရုတ်သီးခြောက်/အပု ဈေးနှုန်း

    တနင်္သာရီတိုင်းဒေသကြီးတွင် ငရုတ်သီးများကို ကြိုက်နှစ်သက်သော အစားအစာများ တွင် စားသောက်ကုန်တစ်ခုဖြစ်သော ငရုတ်သီးခြောက်( အရှည်/အပု) တစ်မျိုးလည်း အပါအဝင်ဖြစ်သည်။ ငရုတ်သီးခြောက်ကို ဟင်းအနှစ်ချက်လုပ်၍ ချက်ပြုတ်စားသုံးကြပါ သည်။

          ယခင်စက်တင်ဘာလတွင်ငရုတ်သီးခြောက်အရှည်တစ်ပိဿာလျှင် (၁၀၀၀)ကျပ် ခန့်ထိရှိပြီး ငရုတ်သီးအပုတစ်ပိဿာလျှင် (၂၀၀၀)ကျပ်ခန့်ထိရှိကြောင်း သိရှိရပါသည်။ ယခုအောက်တိုဘာပထမပတ်တွင် ငရုတ်သီးခြောက်အရှည်တစ်ပိဿာလျှင် (၁၄၀၀၀) ကျပ်နှင့် (၁၅၀၀၀)ကျပ်ခန့်ထိရှိပြီး ငရုတ်သီးအပုတစ်ပိဿာလျှင် (၂၀၀၀)ကျပ်ခန့်ထိ အသီး သီးရှိကြောင်း သိရှိရပါသည်။

DOCA(တနင်္သာရီ)

 

 

 

 

 

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့ပေါ်ရှိ ထန်းလျက်ဈေးကွက်

   တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့တွင် ဒေသတွင်းစိုက်ပျိုးထွက်ရှိသည့် သီးနှံဈေးနှုန်း များ ရာသီပေါ်အစားအစာများ၏ ဈေးနှုန်း၊ ဈေးကွက်အခြေအနေတို့အား ရေးသားတင်ပြ ခဲ့ခြင်း ဖြစ်ပါသည်။ ထန်းလျက်သည် မြန်မာရိုးရာအစားအစာတစ်ခုဖြစ်ပြီး လူတွေရဲ့ ကျန်းမာ ရေးကို အလွန်ပင်အထောက်အကူဖြစ်စေပါသည်။ ထန်းလျက်ကို မြန်မာတွေက ထမင်းစား ပြီးလျှင် အချိုတည်းစရာအဖြစ်စားတတ်ကြပါသည်။ ထန်းလျက်သည်အစာကြေလွယ်ပြီး သွေးအားကို သန့်ရှင်းစေခြင်း၊ ထန်းလျက်ကိုဂျင်းနှင့်ရောစားပေးလျှင် အသစ်အမြစ်နာကျင် ခြင်းကိုကာကွယ်ပေးခြင်း၊ ကိုယ်ဝန်ဆောင်မိခင်များကို ကိုယ်ဝန်လွယ်စေပြီး သွေးအားနည်း ခြင်းကို ကာကွယ်ပေးနိုင်ခြင်းစသည့် အကျိုးကျေးဇူးများလည်းရရှိစေပါသည်။

     ယခု၂၀၂၅ခုနှစ်၊ အောက်တိုဘာလဒုတိယပတ်တွင် မြိတ်မြို့ပေါ်ရှိ ကုန်မျိုးစုံအရောင်း ဆိုင်များတွင် ရောင်းချနေသော ထန်းလျက်သည် တစ်ပိဿာလျှင်(၉၀၀၀)ကျပ်ရှိကြောင်း သိ ရှိရပါသည်။

DOCA(တနင်္သာရီ)

တနင်္သာရီတိုင်း၊ မြိတ်မြို့ပေါ်ရှိ သံပရာသီးဈေးနှုန်း

    တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ မြိတ်မြို့နယ်တွင် ဆိပ်ငယ်ဈေးကြီးနှင့် ရှမ်း ချောင်း ကုန်စိမ်းဈေးအတွင်း သံပရာသီးနှင့် သံပယိုသီးများမှာ ယခုပတ်တွင် ပိုမိုဝင်ရောက်၍ အ‌ရောင်းသွက်နေကြောင်း သိရှိရပါသည်။ သံပရာသီးနှင့် သံပယိုသီးသည် မိုးရာသီတွင် ပိုမို ထွက်ရှိ၍ ဆောင်းရာသီတွင် ထွက်ရှိမှုနည်းပါးသောကြောင့် ဈေးနှုန်းများအနည်းငယ်မြှင့်တက် ကြောင်း ကုန်စိမ်းရောင်းသူတစ်ဦးထံမှ သိရှိရပါသည်။ သံပရာသီးနှင့် သံပယိုသီးများကို သံပရာဖျော်ရည်၊ သံပရာယို၊ အသုပ်မျိုးစုံနှင့် သရေစာတို့တွင် ထည့်သွင်းစားသုံးပြီး လူသုံးကုန် နှင့် ကျန်းမာရေးအတွက်လည်းသုံးစွဲခြင်းကြောင့် သံပုရာသီးကိုသုံးစွဲသူများ များပြားကြ ကြောင်းလည်း သိရှိရပါ သည်။

    ၂၀၂၅ခုနှစ် ယခုစက်တင်ဘာလတွင် သံပရာသီးတစ်လုံးလျှင် (၁၅၀)ကျပ်ရှိပြီး ယခု အောက်တိုဘာလဒုတိယပတ်တွင် သံပရာသီးတစ်လုံးလျှင် (၂၀၀)ကျပ်နှင့် (၃၀၀)ကျပ် ခန့်ထိရှိ ပြီး ဈေးနှုန်းအနည်းငယ်တက်လာကြောင်း သိရှိရပါသည်။

DOCA(တနင်္သာရီ)

 

တနင်္သာရီတိုင်း၊မြိတ်မြို့ပေါ်ရှိရောင်းအားကောင်းသောစက်သနပ်ခါးဈေးကွက်

    တနင်္သာရီတိုင်းဒေသကြီးသည် မြန်မာအမျိုးသမီးများ ကြိုက်နှစ်သက်စွာ အသုံးပြုနေ ကြသော သနပ်ခါးပင်များကို တနင်္သာရီမြို့တွင် အများဆုံးစိုက်ပျိုးထွက်ရှိရာ ဒေသတစ်ခု ဖြစ်ကြောင်း သိရှိရသည်။ မြန်မာနိုင်ငံတွင် သနပ်ခါးသည် သဘာဝအလှကုန်ပစ္စည်းအဖြစ် ဈေးကွက်တွင် အရေးပါပြီး နိုင်ငံတကာတွင်လည်း စိတ်ဝင်စားမှုများလာကြောင်း၊ သနပ်ခါး သည် ကျန်းမာရေးနှင့် အလှအပတို့အတွက် တန်ဖိုးမဖြတ်နိုင်သော သဘာဝလက်ဆောင်တစ် ခုဖြစ်ပြီး၊ မြိတ်မြို့ပေါ်ရှိ ဆိပ်ငယ်ဈေးကြီးတွင် ရောင်းချနေသော နန်းမြင့်မိုရ်ဆိုင်တွင် တောင်တန်ကြီးသနပ်ခါးတုံးများ၊ ကရမက်သနပ်ခါး၊ စက်သနပ်ခါးများနှင့် အခြားသောသနပ် ခါးများကို  လက်လီ/လက်ကား ဝယ်ယူရောင်း ချလျက်ရှိပြီး နန်းမြင့်မိုရ်အသင့်လိမ်းစက်သနပ် ခါးမှာ တစ်ပိဿာလျှင် (၆၀၀၀) ကျပ်ရှိပြီး တောင်တန်ကြီးသနပ်ခါးတုံးမှာ တစ်ပိဿာလျှင် (၇၀၀၀)ကျပ်ရှိကြောင်း နန်းမြင့်မိုရ် ပင်ရင်းဆိုင်မှ သိရှိရပါသည်။

DOCA(တနင်္သာရီ)

 

    မြိတ်မြို့ပေါ်ရှိ စက်သုံးဆီဈေးနှုန်း

     တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့တွင် စက်သုံးဆီအရောင်းဆိုင်များ ဖွင့်လှစ်ရောင်းချ လျက်ရှိပြီး စက်သုံးဆီ လက်လီစျေးနှုန်းများမှာ ယခုအောက်တိုဘာလဒုတိယပတ်အတွင်း ဒီဇယ် (ရိုးရိုး) တစ်လီတာကို (၀) ကျပ်၊ ဒီဇယ်(ပရီမီယမ်) တစ်လီတာကို (၃)ကျပ်၊ ဓါတ်ဆီ 92 တစ်လီတာကို (၂၉၅၀) ကျပ်နှင့် ဓါတ်ဆီ 95 တစ်လီတာကို (၃၀၅၀) ကျပ်တို့ဖြစ် ရောင်းချလျက်ရှိပြီး ယခင်အပတ်နှင့်နှိုင်းယှဉ်ကြည့်ပါက စက်သုံးဆီများ ဈေးနှုန်းငြိမ်နေကြောင်း သိရှိရပါသည်။

DOCA(တနင်္သာရီ)

 

မြိတ်ခရိုင်၊ မြိတ်မြို့ရှိ ကွမ်းသီးခြောက်ဈေးနှုန်းအခြေအနေ

    တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်မှထွက်ရှိလာသော ဒေသထွက် ကွမ်းသီးခြောက်များကို နေ့စဉ် အခြားတိုင်းနှင့် ပြည်နယ်များသို့ နေ့စဥ်တင်ပို့ရောင်းချလျက် ရှိပြီး စျေးကွက်မှာလည်း တည်ငြိမ်လျက်ရှိကြောင်းသိရှိရသည်။ ကွမ်းသီးတင်ပို့ရောင်းချရာ တွင် ကွမ်းသီးခြောက်၊ ခွဲခြမ်းနှင့် ကွမ်းသီးအနုများဟူ၍ အမျိုးမျိုးတင်ပို့ရောင်းချလျက်ရှိပြီး ရန်ကုန်နှင့် မန္တလေးတိုင်းဒေသကြီးသို့ အဓိကတင်ပို့ရောင်းချလျက်ရှိကြပါသည်။ ယခင် စက် တင်ဘာလတွင် ကွမ်းသီးခြောက် စျေးနှုန်းမြင့်တက်လာပြီး ၂၀၂၅ခုနှစ်၊ စက်တင်ဘာလ (၁၀)ရက်နေ့စျေးနှုန်းအရ ကွမ်းသီးခြောက်တစ်ပိဿာလျှင်(၂၅၀၀၀)ကျပ်ခန့်ထိ ဖြစ်ပေါ် လျက်ရှိရာ ယခုအောက်တိုဘာလ ဒုတိယအပတ်တွင် ကွမ်းသီးခြောက် တစ်ပိဿာလျှင် (၂၀၀၀၀)ကျပ်ခန့်ထိကျဆင်း သွားကြောင်း ကွမ်းသီးလုပ်ငန်းရှင်တစ်ဦးထံမှ သိရှိရပါသည်။

DOCA(တနင်္သာရီ)

 

 

 

 

 

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း