ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

ရွှေဘိုဈေးကွက်ရှိ ပဲပုတ်စေ့နှင့် မတ်ပဲခြမ်းဈေး

         စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်တွင် စပါးကိုအဓိကစိုက်ပျိုးကြပြီး ပဲမျိုးစုံသီးနှံများကို အနည်းငယ်သာစိုက်ပျိုးသော်လည်း သက်ဆိုင်ရာဌာန၏ ၂၀၂၄-၂၀၂၅ခုနှစ် ရွှေဘိုခရိုင် ဆောင်းသီးနှံ စိုက်ပျိုးမှုစာရင်းများအရ ပဲပုတ်စိုက်ပျိုးမှုမရှိဘဲ မတ်ပဲ(၁၀၂၉၆)ဧက စိုက်ပျိုးကြောင်း  သိရှိရပါသည်။ ပဲမျိုးစုံမှာအသစ်များမှာ ဒီဇင်ဘာလမှစတင်၍ ဈေးကွက်အတွင်းသို့ ဝင်ရောက်ခဲ့ပြီး ရွှေဘိုမြို့တွင် ရောင်းချသည့် ပဲပုတ်နှင့်မတ်ပဲခြမ်းများကို အခြားဒေသများမှ မှာယူရောင်းချခြင်းမရှိဘဲ သယ်ယူခ ကုန်ကျစရိတ်များ သက်သာစေရန်  ဒေသတွင်းရှိပွဲရုံများမှ ဝယ်ယူရောင်းချကြပါသည်။

ပဲပုတ်စေ့

          ရွှေဘိုမြို့ ဈေးကွက်အတွင်း အောက်တိုဘာလ၊ ပထမအပတ်တွင်ရောင်းချသည့် ပဲပုတ်စေ့ ဈေးနှုန်းမှာ ()ပြည်လျှင်(၉၀၀ဝိ/-)ကျပ်နှင့် တစ်တင်းလျှင်(၁၄၄၀၀ဝိ/-)ကျပ်ဖြစ်ကြောင်း၊ ယခင်အပတ် နှင့်ယခုအပတ်တို့၏ အရောင်းအဝယ်ဖြစ်သည့် ဈေးနှုန်းတို့ကို နှိုင်းယှဉ်ပါက ယခင်အပတ်၌ ပဲပုတ်စေ့ (၁)ပြည်လျှင်(၉၀၀ဝိ/-)ကျပ် ပေါက်ဈေးရှိခဲ့သဖြင့် ယခင်အပတ်နှင့်ယခုအပတ်တို့၏ အရောင်းအဝယ် ဖြစ်သည့်ဈေးနှုန်းတူညီကြောင်း၊ ပဲပုတ်စေ့မှာ အစေ့အကြီးနှင့် အသေးဟူ၍ နှစ်မျိုးရှိကြောင်း၊ ဈေးကွက်အနေဖြင့် ပဲပုတ်စေ့အကြီးကို ပဲနို့ပြုလုပ်သည့်သူများမှဝယ်ယူပြီး ပဲပုတ်စေ့အသေးကို ပဲငါးပိပြုလုပ်သူများ၊ ဒေသတွင်းရှိစားသုံးသူများ၊ တစ်ဆင့်ပြန်လည် ရောင်းချမည့်သူများမှ ဝယ်ယူကြ ကြောင်း ပဲမျိုးစုံရောင်းချသည့် ဆိုင်များမှသတင်းရရှိပါသည်။

မတ်ပဲခြမ်း

       ရွှေဘိုမြို့ဈေးကွက်အတွင်း အောက်တိုဘာလ၊ ပထမအပတ်တွင်ရောင်းချသည့် မတ်ပဲခြမ်း ဈေးနှုန်းမှာ ()ပြည်လျှင်(၇၂၀ဝိ/-)ကျပ်နှင့် တစ်တင်းလျှင် (၁၁၅၂၀ဝိ/-)ကျပ်ဖြစ်ကြောင်း၊ ယခင်အပတ် နှင့်ယခုအပတ်တို့၏ အရောင်းအဝယ်ဖြစ်သည့် ဈေးနှုန်းတို့ကိုနှိုင်းယှဉ်ပါက ယခင်အပတ်၌ မတ်ပဲခြမ်း (၁)ပြည်လျှင်(၇၂၀ဝိ/-)ကျပ် ပေါက်ဈေးရှိခဲ့သဖြင့် ယခင်အပတ်နှင့်ယခုအပတ်တို့၏ အရောင်းအဝယ် ဖြစ်သည့် ဈေးနှုန်းတူညီကြောင်း၊ ဈေးကွက်အနေဖြင့် ဒေသတွင်းရှိစားသုံးသူများ၊ တစ်ဆင့်ပြန်လည် ရောင်းချမည့်သူများ၊ အကြော်ဆိုင်၊ လ္ဘက်ရည်ဆိုင်များမှ ဝယ်ယူကြကြောင်း ပဲမျိုးစုံရောင်းချသည့် ဆိုင်များမှသတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

မြင်းခြံဈေးကွက်၌ဈေးနှုန်းကျဆင်းလာသောဂေါ်ရခါးသီး

         မြင်းခြံမြို့နယ်အတွင်း ဥယျာဉ်ခြံမြေများတွင် စိုက်ပျိုးဖြစ်ထွန်းမှုမရှိသော ဟင်းသီးဟင်းရွက် နှင့် သစ်သီးဝလံများကို ပြည်သူများစားသုံးရန်အတွက် ဈေးကွက်လိုအပ်ချက်အရ ရှမ်းပြည်နယ် တောင်ပိုင်း အောင်ပန်းမြို့တို့မှ မှာယူရောင်းချကြောင်း၊  ယခု၂၀၂၅ခုနှစ်၊ စက်တင်ဘာလနောက် ဆုံးပတ်တွင် အေးမြသီတာဈေး၌ ရောင်းချနေသော ဂေါ်ရခါးသီးတစ်လုံးလျှင် (၂၀၀)ကျပ်၊ (၁၀)လုံးလျှင် (၁၅၀၀)ကျပ်ခန့် ပေါက်ဈေးများဖြင့် ရောင်းချလျက်ရှိကြောင်း၊ ယခင်တတိယပတ် တွင် ဂေါ်ရခါးသီးတစ်လုံးလျှင် (၂၅၀) ကျပ်၊ (၁၀)လုံးလျှင် (၂၀၀၀) ကျပ်ပေါက်ဈေးများဖြင့် ရောင်းချခဲ့ကြောင်း၊ ယခင်တစ်ပတ်ထက် ယခုတစ်ပတ်တွင် ဂေါ်ရခါးသီးတစ်လုံးလျှင် (၅၀) ကျပ်၊ (၁၀)လုံးလျှင် (၅၀၀)ကျပ်ခန့်ဈေးနှုန်းများကျဆင်းခဲ့ကြောင်း၊  အလုံးအကြီးအသေးနှင့် အရည် အသွေးပေါ်မှုတည်ပြီး ဈေးနှုန်းများကွာခြားကြောင်း၊ ဒေသတွင်းစိုက်ပျိုးဖြစ်ထွန်းမှုမရှိသော သီးနှံဖြစ်သောကြောင့် ရာသီပေါ်ဂေါ်ရခါးသီး သီးနှံသည်စားသုံးမှုများပြား၍ အရောင်းအဝယ် ကောင်းကြောင်း၊ လက်လီ၊လက်ကား ရောင်းချမှုအနေဖြင့်နေ့စဉ်အလုံး အရေအတွက် (၃၀၀-၅၀၀) လုံးခန့် ရောင်းကုန်ကြောင်း ကုန်စိမ်းရောင်း ချသူ၏ပြောပြချက် အရသိရှိရသည်။

DOCA (မန္တလေး)

 

ရွှေဘိုဈေးကွက်ရှိ  ပဲနီပြားနှင့် ပဲဖြူပြားဈေး

     စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်တွင် စပါးကိုအဓိကစိုက်ပျိုးကြပြီး ပဲမျိုးစုံသီးနှံများကို အနည်းငယ်သာစိုက်ပျိုးသော်လည်း သက်ဆိုင်ရာဌာန၏ ၂၀၂၄-၂၀၂၅ခုနှစ် ရွှေဘိုခရိုင် ဆောင်းသီးနှံ စိုက်ပျိုးမှုစာရင်းများအရ ပဲနီပြားနှင့် ပဲဖြူပြားများ စိုက်ပျိုးမှုမရှိကြောင်း သိရှိရပါသည်။ ပဲမျိုးစုံအသစ်များ မှာဒီဇင်ဘာလမှစတင်၍ ဈေးကွက်အတွင်းသို့ ဝင်ရောက်ခဲ့ပြီး ရွှေဘိုမြို့တွင်ရောင်းချသည့် ပဲနီပြားနှင့် ပဲဖြူပြားများကို အခြားဒေသများမှ မှာယူရောင်းချခြင်းမရှိဘဲ သယ်ယူခကုန်ကျစရိတ်များ သက်သာစေရန်  ဒေသတွင်းရှိ ပွဲရုံများမှ  ဝယ်ယူရောင်းချကြပါသည်။

ပဲနီပြား

     ရွှေဘိုမြို့ဈေးကွက်အတွင်း အောက်တိုဘာလ၊ ပထမအပတ်တွင်ရောင်းချသည့် ပဲနီပြားဈေးနှုန်းမှာ ()ပြည်လျှင်(၁၁၀၀ဝိ/-)ကျပ်နှင့် တစ်တင်းလျှင်(၁၇၆၀၀ဝိ/-)ကျပ်ဖြစ်ကြောင်း၊ ယခင်အပတ်နှင့် ယခုအပတ်တို့၏ အရောင်းအဝယ်ဖြစ်သည့် ဈေးနှုန်းတို့ကို နှိုင်းယှဉ်ပါက ယခင်အပတ်၌ ပဲနီပြား(၁)ပြည် လျှင်(၁၁၀၀ဝိ/-)ကျပ်ပေါက်ဈေးရှိခဲ့သဖြင့် ယခင်အပတ်နှင့် ယခုအပတ်တို့၏ အရောင်းအဝယ်ဖြစ်သည့် ဈေးနှုန်းတူညီပြီး ဈေးငြိမ်နေကြောင်း၊ ဈေးကွက်အနေဖြင့် ဒေသတွင်းရှိစားသုံးသူများ၊ တစ်ဆင့်ပြန်လည် ရောင်းချမည့်သူများ၊ ပဲပြုတ်ရောင်းချသူများ၊ ပဲနီပြားကိုရေစိမ်၍ အခွံချွတ်ပြီးပြန်လည်ရောင်းချသူများ၊ ကိုယ်တိုင်ကြော်သည့် ပဲကြမ်းကြော်ဖိုများ၊ အလှူမင်္ဂလာပွဲလမ်းဆောင်ရွက်မည့်သူများမှ ဝယ်ယူကြ ကြောင်း ပဲမျိုးစုံရောင်းချသည့်ဆိုင်များမှ သတင်းရရှိပါသည်။

ပဲဖြူပြား

    ရွှေဘိုမြို့ ဈေးကွက်အတွင်း အောက်တိုဘာလ၊ ပထမအပတ်တွင်ရောင်းချသည့် ပဲဖြူပြား ဈေးနှုန်းမှာ ()ပြည်လျှင်(၈၅၀ဝိ/-)ကျပ်နှင့် တစ်တင်းလျှင်(၁၃၆၀၀ဝိ/-)ကျပ်ဖြစ်ကြောင်း၊ ယခင်အပတ် နှင့်ယခုအပတ်တို့၏ အရောင်းအဝယ်ဖြစ်သည့်ဈေးနှုန်းတို့ကို နှိုင်းယှဉ်ပါက ယခင်အပတ်၌ ပဲဖြူပြား (၁)ပြည်လျှင် (၈၅၀ဝိ/-)ကျပ်ပေါက်ဈေးရှိခဲ့သဖြင့် ယခင်အပတ်နှင့်ယခုအပတ်တို့၏ အရောင်းအဝယ် ဖြစ်သည့်ဈေးနှုန်းတူညီပြီး ဈေးငြိမ်နေကြောင်း၊ ဈေးကွက်အနေဖြင့် ဒေသတွင်းရှိစားသုံးသူများ၊ တစ်ဆင့်ပြန်လည်ရောင်းချမည့်သူများ၊ ပဲဖြူပြားကို ရေစိမ်ပြီးအခွံချွတ်၍ ပြန်လည်ရောင်းချသူများ၊ ကိုယ်တိုင်ကြော်သည့် ပဲကြမ်းကြော်ဖိုများ၊ အလှူမင်္ဂလာပွဲလမ်းဆောင်ရွက်မည့်သူများမှ ဝယ်ယူကြ ကြောင်း ပဲမျိုးစုံရောင်းချသည့်ဆိုင်များမှ သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

မြင်းခြံ‌ဒေသထွက်နှင်းပန်းများဈေးနှုန်းကျဆင်းလာခြင်း

       ဗုဒ္ဓဘာသာမြန်မာလူမျိုးများသည် နှင်းပန်းများကို အလွန်မွှေးကြိုင်သောကြောင့် ဘုရားပန်း အဖြစ်လှူကဒါန်းသူများပြားကြောင်း၊ မြင်းခြံမြို့အတွင်းရှိ ဒါးကျွန်းကျေးရွာ၊ နတ်ညွှန်းကျေးရွာ တို့မှ စိုက်ပျိုးထွက်ရှိသော နှင်းပန်းများအား တောင်သူများကိုယ်တိုင် အေးမြသီတာဈေးသို့ လာရောက် ရောင်း ချကြောင်း၊   ယခု ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ နောက်ဆုံးပတ်တွင်နှင်းပန်း (၁၀) ခက်ပါတစ်စည်း လျှင် (၁၂၀၀-၁၇၀၀)ကျပ်ခန့်ပေါက်ဈေးများ ဖြင့်အရောင်းအဝယ်ဖြစ် လျက်ရှိ ကြောင်း၊ ယခင် ဩဂုတ်လနောက်ဆုံးပတ်နှင်းပန်း (၁၀) ခက်ပါတစ်စည်းလျှင် (၁၅၀၀-၂၀၀၀) ကျပ်ခန့် ပေါက်ဈေးများဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ကြောင်း၊ ကာလတူနှိုင်းယှဉ်ပါက ယခင်လထက် ယခုလတွင်နှင်းပန်းတစ်စည်လျှင် (၃၀၀) ကျပ်ခန့်ဈေးနှုန်း အနည်း ငယ်ကျဆင်းခဲ့ကြောင်း၊ မိုးရာသီကာလတွင် ရာသီပေါ်နှင်းပန်းများ ပေါများစွာထွက်ပေါ်ချိန် ဖြစ်သောကြောင့် ဈေးနှုန်းကျဆင်းခြင်းဖြစ်ကြောင်း၊ အပွင့်အခက် အကြီး၊ အသေး၊ လတ်ဆတ်မှု အပေါ်တွင်မှုတည်၍ ဈေးနှုန်းများ အနည်းငယ်ကွာခြားကြောင်း၊ စိုက်ပျိုးရာတွင် ကုန်ကျစရိတ် သက်သာပြီး စီးပွားဖြစ်စိုက်ပျိုးသင့်သော အပင်ဖြစ်ကြောင်း၊ နှင်းပန်းများသည် ဘုရားပန်း ထိုးရာတွင် မွှေးကြိုင်ပြီး တာရှည်ခံ၍ လှပသောကြောင့် ဈေးကွက်တွင် လူကြိုက်များပြီး အရောင်းအဝယ် သွက်လျက်ရှိကြောင်း နှင်းပန်းရောင်းချသူ၏ ပြောပြချက်အရ သိရှိရသည်။

DOCA (မန္တလေး)

 

                                                                                           

                                                                   

မြင်းခြံမြို့၌ရောင်းချနေသောချယ်ရီပန်းသီးဈေးနှုန်း

     ချယ်ရီပန်းသီးဆိုသည်မှာ ပန်းသီးအသေးစားတစ်မျိုးဖြစ်ပြီး အရွယ်အစားသေး၍ အသီး၏ အရာင်မှာ အနီရောင်သီးသန့် (သို့မဟုတ်) အနီရောင်နှင့် အဝါရောင်ကြားဖြစ်ပြီး ချိူမြိန်သောကြောင့် ချယ်ရီသီးလိုအရောင်ရင့်သဖြင့် ချယ်ရီပန်းသီးဟုခေါ်ဆိုကြောင်း၊ ရှမ်းပြည်နယ်၏ ထင်ရှားသော ဒေသထွက်ကုန်တစ်ခုအဖြစ် နာမည်ကြီးကြောင်းသိရှိရသည်။ မြင်းခြံမြို့နယ် အတွင်းရောင်းချနေ သော  ချယ်ရီပန်းသီးများကို  ရှမ်းပြည်နယ် နမ့်ခမ်းမြို့ နှင့်အောင်ပန်းမြို့ရှိ သစ်သီးပွဲရုံများမှ မှာယူရောင်းချကြောင်း၊ ၂၀၂၅ခုနှစ်၊ စက်တင်ဘာလနောက်ဆုံးပတ်တွင် ရောင်းချနေသော ချယ်ရီပန်းသီး ၅၀ ကျပ်သားလျှင် (၁၃၀၀၀)ကျပ်၊ တစ်ပိဿာလျှင် (၂၅၅၀၀)ကျပ်ခန့်ပေါက် ဈေးများဖြင့်ရောင်းချကြောင်း၊ အရသာမှာချိုချဉ်အရသာရှိပြီး ကြွပ်ရွ၍ရနံ့မွှေးသောကြောင့် စားသုံး မှုများပြားပြီး အရောင်းအဝယ်ကောင်းကြောင်း၊ ပေါ်ဦး‌‌ပေါ်ဖျားဖြစ်သောကြောင့် ဈေးနှုန်းမြင့် လျှက်ရှိကြောင်း၊ နိုဝင်ဘာလနှင့် ဒီဇင်ဘာလတို့တွင် ဈေးကွက်အတွင်းပေါများစွာထွက်ပေါ် မည်ဖြစ်သောကြောင့် ဈေးနှုန်းများကျဆင်းနိုင်ကြောင်း  သစ်သီးရောင်း ချသူ၏ပြောပြချက်အရ သိရှိရသည်။

DOCA (မန္တလေး)

အရောင်းအဝယ်ဖြစ်လျက်ရှိသော ပဲကြားနှင့် ပဲနီလေးဈေး

     စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်တွင် စပါးကိုအဓိကစိုက်ပျိုးကြပြီး ပဲမျိုးစုံသီးနှံများကို အနည်းငယ်သာစိုက်ပျိုးသော်လည်း သက်ဆိုင်ရာဌာန၏ ၂၀၂၄-၂၀၂၅ခုနှစ် ရွှေဘိုခရိုင် ဆောင်းသီးနှံ စိုက်ပျိုးမှုစာရင်းများအရ ပဲကြားနှင့် ပဲနီလေးစိုက်ပျိုးမှုမရှိကြောင်း သိရှိရပါသည်။ ပဲမျိုးစုံအသစ်များမှာ ဒီဇင်ဘာလမှ စတင်၍ ဈေးကွက်အတွင်းသို့ ဝင်ရောက်ခဲ့ပြီး ရွှေဘိုမြို့တွင်ရောင်းချသည့် ပဲကြားနှင့် ပဲနီလေးများကို အခြားဒေသများမှ မှာယူရောင်းချခြင်းမရှိဘဲ သယ်ယူခကုန်ကျစရိတ်များ သက်သာစေရန်  ဒေသတွင်းရှိ ပွဲရုံများမှ ဝယ်ယူရောင်းချကြပါသည်။

ပဲကြား

     ရွှေဘိုမြို့ဈေးကွက်အတွင်း အောက်တိုဘာလ၊  ပထမအပတ်တွင်ရောင်းချသည့် ပဲကြားဈေးနှုန်းမှာ ()ပြည်လျှင်(၈၅၀ဝိ/-)ကျပ်နှင့် တစ်တင်းလျှင်(၁၃၆၀၀ဝိ/-)ကျပ်ဖြစ်ကြောင်း၊ ယခင်အပတ်နှင့် ယခုအပတ်တို့၏ အရောင်းအဝယ်ဖြစ်သည့် ဈေးနှုန်းတို့ကိုနှိုင်းယှဉ်ပါက ယခင်အပတ်၌ ပဲကြား(၁)ပြည် လျှင်(၈၅၀ဝိ/-)ကျပ် ပေါက်ဈေးရှိခဲ့သဖြင့် ယခင်အပတ်နှင့်ယခုအပတ်တို့၏ အရောင်းအဝယ်ဖြစ်သည့် ဈေးနှုန်းတူညီပြီးဈေးငြိမ်နေကြောင်း၊  ဈေးကွက်အနေဖြင့် ဒေသတွင်းရှိစားသုံးသူများ၊ တစ်ဆင့်ပြန်လည် ရောင်းချမည့် သူများ၊ ပဲပြုတ်၊ ပဲရေဖွရောင်းချမည့်သူများ၊ အလှူမင်္ဂလာပွဲလမ်း ဆောင်ရွက်မည့်သူများမှ ဝယ်ယူကြကြောင်းပဲမျိုးစုံရောင်းချသည့်ဆိုင်များမှ သတင်းရရှိပါသည်။

ပဲနီလေး

     ရွှေဘိုမြို့ဈေးကွက်အတွင်း အောက်တိုဘာလ၊ ပထမအပတ်တွင်ရောင်းချသည့် ပဲနီလေးဈေးနှုန်း မှာ()ပြည်လျှင် (၁၆၅၀ဝိ/-)ကျပ်နှင့် တစ်တင်းလျှင်(၂၆၄၀၀ဝိ/-) ကျပ်ဖြစ်ကြောင်း၊ ယခင်အပတ်နှင့် ယခုအပတ်တို့၏ အရောင်းအဝယ်ဖြစ်သည့် ဈေးနှုန်းတို့ကို နှိုင်းယှဉ်ပါက ယခင်အပတ်၌ ပဲနီလေး (၁)ပြည်လျှင် (၁၆၅၀ဝိ/-)ကျပ် ပေါက်ဈေးရှိခဲ့သဖြင့်  ယခင်အပတ်နှင့် ယခုအပတ်တို့၏ အရောင်းအဝယ် ဖြစ်သည့် ဈေးနှုန်းတူညီကြောင်း၊  ဈေးကွက်အနေဖြင့် ဒေသတွင်းရှိစားသုံးသူများ၊ တစ်ဆင့်ပြန်လည် ရောင်းချမည့်သူများမှ ဝယ်ယူကြကြောင်း ပဲမျိုးစုံရောင်းချသည့်ဆိုင်များမှ သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

မြင်းခြံ‌ဒေသထွက်ကြောင်လျှာပွင့်အစိုဈေးနှုန်း

        မြင်းခြံမြို့နယ်ရှိအတွင်းရှိ နဘူးအိုင်ကျေးရွာ၊ အနိမ့်ကျေးရွာနှင့် ခေါင်းကွဲကျေးရွာများရှိ နေအိမ်ခြံဝန်းများအတွင်း၌ ကြောင်လျှာပင်များကို စီးပွားဖြစ်တစ်နိုင်တစ်ပိုင် စိုက်ပျိုးထားရှိကြောင်း၊ ၎င်းအပင်များမှရရှိသော ကြောင်လျှာပွင့်အစိုများကို တောင်သူများကိုယ်တိုင် မြင်းခြံမြို့ရှိ အေးမြသီတာဈေးသို့ လာရောက်ရောင်းချကြောင်း၊ ၂၀၂၅ခုနှစ်၊ စက်တင်ဘာလ နောက်ဆုံး ပတ်တွင် ရောင်းချနေသော ကြောင်လျှာပွင့်အစို ၁၀ ပွင့် လျှင် (၅၀၀) ကျပ်ခန့်ပေါက် ဈေးများ ဖြင့်ရောင်း ချကြောင်း၊ ကျန်းမာရေးအတွက် ကြောင်လျှာပွင့်အစိုသည် နားအူနားလေးခြင်းများကို သက်သာ ခြင်းကြောင့်ဈေးကွက်တွင် စားသုံးမှုများ၍ ဝယ်ယူသူများပြားပြီး အရောင်းအဝယ်ကောင်း ကြောင်း၊ အသုပ်စုံ‌ရောင်းချသူများကိုလည်းဖောက်သည်ပေးရကြောင်း၊လက်လီလက်ကားသမားများကိုလည်းရောင်းချရကြောင်း၊နေ့စဉ်ကြောင်လျှာပွင့်ရောင်းချငွေ (၄၀၀၀၀-၅၀၀၀၀)ကျပ်ခန့်ဝင်ငွေ ရရှိကြောင်း တောင်သူ၏ပြောပြချက်အရသိရှိရသည်။

DOCA (မန္တလေး)

ကင်ဆာရောဂါကိုလျော့ချပေးသောကြက်သွန်ဖြူ

             ကြက်သွန်ဖြူသည် အိမ်ရဲ့စားဖိုဆောင်တွင် အလွယ်တကူရနိုင်ပြီး ကျန်းမာ‌ရေးအတွက် အကျိုးကျေးဇူးများစွာရှိသော သဘာဝဆေးတစ်လက်ဖြစ်ကြောင်း၊ အိပ်မပျော်ခြင်းနှင့် ခေါင်း တစ်ခြမ်းကိုက်ခြင်းများအတွက်  တစ်နေ့ကို ကြက်သွန်ဖြူ(၃-၇)မွှာ စားသုံးပေးပါက သွေးကို သန့်စင်  အဆိပ်အတောက်တွေကို ဖယ်ရှားပေးသောကြောင့်  အိပ်မပျော်ခြင်းနှင့်  ခေါင်းတစ်ခြမ်း ကိုက်ခြင်း ကိုသက်သာစေကြောင်းသိရှိရသည်။ ကြက်သွန်ဖြူနှင့်  အုန်းဆီစစ်စစ်ကို ရောပြီး ကျေားရိုးတစ် လျောက် နှိပ်နယ်ပေးရကြောင်း၊ ကြက်သွန်ဖြူ၊ သံပရာရည်နှင့်  အုန်းဆီစစ်စစ်တို့ကို  ရောစပ်ပြီး သောက်သုံးပါက အားအင်ကုန်ခမ်းခြင်းကိုသက်သာကြောင်း၊ ကြက်သွန်ဖြူရည် တစ်ဇွန်း (ထမင်းစားဇွန်း)ကို သံလွင်ဆီ(သို့မဟုတ်) ထောပတ်ဆီတစ်ဇွန်းနှင့် ရောပြီးအပူလောင် ထားသည့် နေရာကို လိမ်းပေးခြင်းဖြင့် အပူလောင်နာကို သက်သာပျောက်ကင်းကြောင်း၊ ကြက်သွန်ဖြူ ကိုပုံမှန်စားပေးခြင်းဖြင့် အူလမ်းကြောင်းထဲကရောဂါပိုးများကို တိုက်ဖျက်ပေးခြင်းကြောင့် ကင်ဆာရောဂါ ဖြစ်နိုင်ခြေကိုလျော့ချပေးကြောင်း၊ ကြက်သွန်ဖြူတစ်မွှာကိုကြိတ်ခြေ ပြီးသွားပိုးစားသည့်နေရာပေါ်တင်ပေးခြင်းဖြင့်သက်သာကြောင်း၊ ၎င်းအားစားပေးခြင်းဖြင့် ကိုလက် စထရောကျဆင်းကြောင်း၊ အရေပြားမှိုပိုးဝင်ပြီး ယားယံသောနေရာများကို ကြက်သွန်ဖြူ ဆီလိမ်းပေးပါက မိနစ် (၃၀)အတွင်းယားယံခြင်းများ သက်သာပျောက်ကင်းကြောင်း၊ သိုင်းရွိုက် ဂလင်းအားကောင်းစေရန်အတွက် ကြက်သွန်ဖြူကို ပုံမှန်စားသုံးပေးခြင်းဖြင့် အားကောင်းစေ ကြောင်း၊ ဆီးချိုရောဂါအတွက် ကြက်သွန်ဖြူကို နံနံပင်နှင့် ရောစပ်ပြီး နေ့စဉ်စားသုံးပေးပါက သွေးအတွင်းရှိ ဂလူးကို့စ်ပိုလျှံတာကို ဖယ်ရှားပေးကြောင်း၊ အစာမကြေဖြစ်ပါက အစာစားပြီး နှစ်နာရီကြာသည့်အခါ ကြက်သွန်ဖြူပြုတ်ရည်ကို သောက်ပေးခြင်းဖြင့် သက်သာကြောင်း၊ နှာစေး နှာမွှန်ပါက ကြက်သွန်ဖြူကိုစားပေးခြင်းဖြင့်ပျောက်ကင်းကြောင်း၊ ကြက်သွန်ဖြူ(၃)မွှာခန့်ကို ညက်အောင်ကြိတ်ပြီး ရေတစ်ဖန်ခွက်နှင့် ရောကာမနက်ပိုင်းတွင် သောက်ပေးပါက သွေးတိုးရောဂါ သက်သာကြောင်း၊ အမျိုးသမီးများ ဓမ္မတာလာစဉ် နာကျင်မှုကိုသက်သာစေရန် ကြက်သွန်ဖြူ (၃)မွှာကိုစားပေးခြင်းဖြင့် နာကျင်မှုကိုသက်သာပျောက်ကင်းသလို  ကျန်းမာရေးအတွက် အကျိုးများစွာရှိသော ကြက်သွန်ဖြူသည် မီးဖိုချောင်တွင်အလွယ်တကူရရှိနိုင်၍ ဆေးဖက်ဝင်သော ဆေးစွမ်းတစ်လက်ဖြစ်ကြောင်းစာပေများမှဖတ်ရှု့သိရှိရသည်။ ၂၀၂၅ခုနှစ်၊ စက်တင်ဘာလ နောက်ဆုံးပတ်တွင် မြင်းခြံမြို့အေးမြသီတာဈေး၌ ရောင်းချနေသော ကြက်သွန်ဖြူ တစ်ပိဿာလျှင်  ၃၀၀၀ ကျပ်မှ ၉၀၀၀ ကျပ်ခန့်အထိ ပေါက်ဈေးများဖြင့်ရောင်းချလျက်ရှိကြောင်းသိရှိရသည်။

DOCA (မန္တလေး)

ရွှေဘိုဈေးကွက်တွင်  ရောင်းချသည့် ပုဂံပဲနှင့် ပဲတီဆံဈေး

     စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်တွင် စပါးကိုအဓိကစိုက်ပျိုးကြပြီး ပဲမျိုးစုံသီးနှံများကို အနည်းငယ်သာစိုက်ပျိုးသော်လည်း သက်ဆိုင်ရာဌာန၏ ၂၀၂၄-၂၀၂၅ခုနှစ် ရွှေဘိုခရိုင် ဆောင်းသီးနှံ စိုက်ပျိုးမှုစာရင်းများအရ ပုဂံပဲစိုက်ပျိုးမှုမရှိဘဲ ပဲတီစိမ်း(၁၀၆၃၄)ဧက စိုက်ပျိုးကြောင်း သိရှိရပါသည်။ ပဲမျိုးစုံအသစ်များမှာ ဒီဇင်ဘာလမှစတင်၍ ဈေးကွက်အတွင်းသို့ ဝင်ရောက်ခဲ့ပြီး ရွှေဘိုမြို့တွင် ရောင်းချသည့် ပုဂံပဲနှင့်ပဲတီဆံများကို အခြားဒေသများမှ မှာယူရောင်းချခြင်းမရှိဘဲ သယ်ယူခ ကုန်ကျစရိတ်များ သက်သာစေရန်  ရွှေဘိုမြို့ရှိ ပွဲရုံများမှဝယ်ယူရောင်းချကြောင်း သိရှိရပါသည်။

ပုဂံပဲ

     ရွှေဘိုမြို့ဈေးကွက်အတွင်း အောက်တိုဘာလ၊ ပထမအပတ်တွင်ရောင်းချသည့် ပုဂံပဲဈေးနှုန်းမှာ ()ပြည်လျှင်(၉၅၀ဝိ/-)ကျပ်နှင့် တစ်တင်းလျှင်(၁၅၂၀၀ဝိ/-)ကျပ်ဖြစ်ကြောင်း၊ ယခင်အပတ်နှင့် ယခု အပတ်တို့၏ အရောင်းအဝယ်ဖြစ်သည့် ဈေးနှုန်းတို့ကိုနှိုင်းယှဉ်ပါက ယခင်အပတ်၌ ပုဂံပဲ(၁)ပြည်လျှင် (၉၅၀ဝိ/-)ကျပ် ပေါက်ဈေးရှိခဲ့သဖြင့် ယခုအပတ်နှင့် ယခင်အပတ်တို့၏ အရောင်းအဝယ်ဖြစ်သည့် ဈေးနှုန်းတူညီကြောင်း၊  ဈေးကွက်အနေဖြင့် ဒေသတွင်းရှိစားသုံးသူများ၊ တစ်ဆင့်ပြန်လည် ရောင်းချမည့် သူများ၊ ပဲပြုတ်ရောင်းချသည့်သူများ၊ အလှူမင်္ဂလာပွဲလမ်းဆောင်ရွက်မည့်သူများမှ ဝယ်ယူကြကြောင်း၊ ဈေးကွက်အတွင်း ပုဂံပဲကို နိုင်လွန်ပဲဟုလည်းခေါ်ကြကြောင်း  ပဲမျိုးစုံရောင်းချသည့် ဆိုင်များမှ သတင်းရရှိပါသည်။

ပဲတီဆံ

     ရွှေဘိုမြို့ဈေးကွက်အတွင်း အောက်တိုဘာလ၊ ပထမအပတ်တွင်ရောင်းချသည့် ပဲတီဆံဈေးနှုန်းမှာ ()ပြည်လျှင်(၉၅၀ဝိ/-)ကျပ်နှင့် တစ်တင်းလျှင်(၁၅၂၀၀ဝိ/-)ကျပ်ဖြစ်ကြောင်း၊ ယခင်အပတ်နှင့်ယခုအပတ် တို့၏ အရောင်းအဝယ်ဖြစ်သည့်ဈေးနှုန်းတို့ကို နှိုင်းယှဉ်ပါက ယခင်အပတ်၌ ပဲတီဆံ(၁)ပြည်လျှင်(၉၅၀ဝိ/-) ကျပ် ပေါက်ဈေးရှိခဲ့သဖြင့် ယခုအပတ်နှင့် ယခင်အပတ်တို့၏ အရောင်းအဝယ်ဖြစ်သည့်ဈေးနှုန်းတူညီပြီး ဈေးငြိမ်နေကြောင်း၊ ဈေးကွက်အနေဖြင့် ဒေသတွင်းရှိစားသုံးသူများ၊ တစ်ဆင့်ပြန်လည် ရောင်းချမည့် သူများ၊ အလှူမင်္ဂလာပွဲလမ်းဆောင်ရွက်မည့်သူများမှ ဝယ်ယူကြကြောင်း ပဲမျိုးစုံရောင်းချသည့် ဆိုင်များမှ သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

မြေပဲစိုက်ပျိုးထွက်ရှိမှု ဈေးနှုန်းဈေးကွက်နှင့်တောင်သူ အကျိုးအမြတ်ရရှိမှုအခြေအနေ

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်၊ ကျောက်ပန်းတောင်းမြို့နယ်တွင် ဆီထွက်သီးနှံဖြစ် သည့် မိုးမြေပဲကို အဓိကစိုက်ပျိုးလျက်ရှိပြီး ဆောင်းမြေပဲကို အနည်းငယ်သာ အနည်းငယ်သာစိုက်ပျိုးမှု ရှိပါသည်။ ၂၀၂၅ ခုနှစ်တွင် မိုးမြေပဲကိုစိုက်ပျိုးရန်လျာထားမှုအနေဖြင့်(၆၃၅၀၀)ဧကဖြစ်ပြီး၊  စိုက်ပျိုးမှု မှာ(၆၅၅၇၃)ဧက စိုက်ပျိုးခဲ့ပြီး ရိတ်သိမ်းဧကအနေဖြင့်(၂၃၂၀၀)ဧက အထွက်နှုန်းမှာ(၅၂.၄၇)တင်း နှုန်းဖြင့် အထွက်တင်းစုစုပေါင်း (၁၂၁၇၃၀၄)တင်း ထွက်ရှိခဲ့သည်။ ဆောင်းမြေပဲစိုက်ပျိုးရန်လျာထား မှု(၃၁၉)ဧကရှိပါသည်။ ထွက်ရှိသောမြေပဲများကို ကျောက်ပန်းတောင်းမြို့နှင့် ထိစပ်လျက်ရှိသော ကျေးရွာများမှ မြို့ပေါ်ရှိပွဲရုံများနှင့် ဆီစက်များသို့ လာရောက်ရောင်းချကြပါသည်။

          ၂၀၂၄-၂၀၂၅ ခုနှစ်၊ စက်တင်ဘာလတွင် မြေပဲဆီဆံတစ်တင်းလျှင်(၁၁၂၅၀၀)ကျပ်၊ မြေပဲလုံဆံ တစ်တင်းလျှင်(၁၁၇၀၀၀)ကျပ်နှင့် အရောင်းအဝယ်ဖြစ်လျက်ရှိပါသည်။ ၂၀၂၅-၂၀၂၆ ခုနှစ်ကာလတူ လတွင် မြေပဲဆီဆံတစ်တင်းလျှင် (၁၀၆၅၀၀) ကျပ်၊ မြေပဲလုံးတစ်တင်းလျှင်(၁၀၉၅၀၀)ကျပ်နှင့် မြေပဲ မျိုးဆံတစ်တင်းလျှင်(၁၂၀၀၀၀)ကျပ်ဝန်းကျင် ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိနေသည်။

     ၂၀၂၅-၂၀၂၆ ခုနှစ်တွင် ကျောက်ပန်းတောင်းမြို့နယ်၏ မြေပဲတစ်ဧကကုန်ကျစရိတ်အနေဖြင့် (၉၄၁၀၀၀)ကျပ်ဝန်းကျင်ကျသင့်ပြီး တစ်ဧကပျမ်းမျှအထွက်တင်းမှာ(၅၂.၄၇)တင်းနှုန်းထွက်ရှိခဲ့သည်။ ယခုမြေပဲတောင့်တစ်တင်းလျှင်(၃၁၅၀၀)ကျပ်နှုန်းရောင်းချခဲ့ရပြီး တစ်ဧကဝင်ငွေ(၁၆၅၂၈၀၅)ကျပ် နှုန်း ရရှိ၍ တစ်ဧကတောင်သူအကျိုးအမြတ်မှာ(၇၁၁၈၀၅)ကျပ်ရရှိခဲ့သည်။ ဒေသထွက်မြေပဲများကို ယခင်က အခြားဒေသများသို့ တင်ပို့ရောင်းချမှုများရှိခဲ့သော်လည်း ယခုအချိန်တွင် ပြည်ပသို့ရောင်းချမှုနည်းပါး လာပြီး ဒေသတွင်း၌သာ ဆီကြိတ်ခွဲသုံးစွဲမှုများလာသည်။ တောင်သူအကျိုးအမြတ်ရရှိသော မြေပဲကို ပိုမိုစိုက်ပျိုးပြီး ပြည်ပသို့ရောင်းချမှုမပြုဘဲ ပြည်တွင်း၌သုံးစွဲခြင်း၊ ဆီကြိတ်ခွဲရောင်းချခြင်းများပြု လုပ်ပါက ဒေသတွင်းဆီစားသုံးမှုဖူလုံလာခြင်း၊ တိရစ္ဆာန်အစားအစာများပေါများလာခြင်း၊ ဒေသတွင်း လုပ်သားများ အလုပ်အကိုင်အခွင့်အလမ်းများပိုမိုရရှိစေခြင်းအပြင် ဘေးအန္တရာယ်ကင်းသော ဆီများ စားသုံးရခြင်းကြောင့် ကျန်းမာရေးညီညွတ်ကောင်းမွန်လာစေခြင်း စသည့်အကျိုးကျေးဇူးများရရှိ စေသည့်အတွက် အကျိုးကျေးဇူးများစွာရရှိစေသော ဆီထွက်သီးနှံမြေပဲကို ပိုမိုတိုးချဲ့စိုက်ပျိုးသင့်ပါ သည်။

DOCA (မန္တလေး)

 

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း