ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

ချဉ်ပေါင်ရွက်၊ ကန်ဇွန်းရွက်နှင့် ဆူပုတ်ကြီးရွက်ဈေးနှုန်း

       မုံရွာမြို့နယ်အတွင်းရှိ ကျေးရွာများတွင် စိုက်ပျိုးရေးလုပ်ငန်းများကို အဓိက လုပ်ကိုင် လျက်ရှိရာ စားဖိုဆောင်သီးနှံဖြစ်သည့် ချဉ်ပေါင်ရွက်၊ ဆူးပုတ်ရွက်၊ ကန်ဇွန်းရွက်၊ ပဲတောင့်ရှည်သီး၊ ရုံးပတီသီး၊ ခရမ်းသီး နှင့်  ခဝဲသီးများကို စိုက်ပျိုးလျက်ရှိပါသည်။  စိုက်ပျိုး ထွက်ရှိသော သီးနှံများမှ ချဉ်ပေါင်ရွက်၊ ဆူးပုတ်ကြီးရွက် နှင့် ကန်ဇွန်းရွက်များကိုလည်း မုံရွာမြို့၊ နန္ဒဝန်ဈေးသစ်သို့ ရောင်းချကာ အရောင်းအဝယ် ဖြစ်လျက်ရှိကြောင်း သိရသည်။  

         ၂၀၂၅ ခုနှစ်၊ ဩဂုတ်လ ဒုတိယပတ်အတွင်း နန္ဒဝန်ဈေးသစ်တွင်  ဖြစ်ပေါ်နေသော ချဉ်ပေါင်ရွက် ဈေးနှုန်းမှာ တစ်စည်းလျှင်(၅၀)မှ (၁၀၀)ကျပ်၊   ကန်ဇွန်းရွက်ဈေးနှုန်းများမှာ ကန်ဇွန်းရွက် (၁)စီးလျှင် (၂၀၀)ကျပ်၊ (၃)စည်းလျှင် (၅၀၀)ကျပ်နှင့် ဆူးပုတ်ကြီးတစ်စည်း လျှင် (၃၀၀)ကျပ်မှ (၃၅၀)ကျပ်ထိ အရောင်းဝယ်ဖြစ်လျက်ရှိပြီး ဩဂုတ်လ တတိယပတ်တွင် ချဉ်ပေါင်ရွက်ဈေးနှုန်းမှာ တစ်စည်းလျှင်(၁၀၀)မှ (၁၅၀)ကျပ်၊   ကန်ဇွန်းရွက်ဈေးနှုန်းများမှာ ကန်ဇွန်းရွက် (၁)စီးလျှင် (၂၅၀) ကျပ်၊ (၂)စည်းလျှင် (၅၀၀)ကျပ်နှင့် ဆူးပုတ်ကြီးတစ်စည်း လျှင် (၃၅၀)ကျပ်မှ (၄၀၀)ကျပ်ထိ အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရှိရပါသည်။

DOCA (စစ်ကိုင်း)

ရွှေဘိုဈေးကွက်တွင် ရောင်းချသည့်ကုလားပဲဆံနှင့် ကုလာပဲလုံးဈေး

        စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်တွင် စပါးကိုအဓိကစိုက်ပျိုးကြပြီး ပဲမျိုးစုံသီးနှံများကို အနည်းငယ်သာစိုက်ပျိုးသော်လည်း သက်ဆိုင်ရာဌာန၏ ၂၀၂၄-၂၀၂၅ခုနှစ် ရွှေဘိုခရိုင် ဆောင်းသီးနှံ စိုက်ပျိုးမှုစာရင်းများအရ ကုလားပဲ(၃၀၁၄၃)ဧကစိုက်ပျိုးကြောင်း သိရှိရပါသည်။ ပဲမျိုးစုံအသစ်များမှာ ဒီဇင်ဘာလမှစတင်၍ ဈေးကွက်အတွင်းသို့ ဝင်ရောက်ခဲ့ပြီး ရွှေဘိုခရိုင်အနေဖြင့် ကုလားပဲစိုက်ပျိုးမှု ရှိသော်လည်း ထွက်ရှိသည့်ကုလားပဲများကို ကုန်ကြမ်းအဖြစ်သာရောင်းချပြီး ပဲခွဲစက်ဖြင့်ခွဲ၍ ကုလားပဲဆံ များထုတ်လုပ်ရောင်းချမှုမရှိသည့်အတွက် ရွှေဘိုမြို့တွင်ရောင်းချသည့် ကုလားပဲဆံများကို မန္တလေးမြို့မှ ဝယ်ယူရောင်းချပြီး ကုလားပဲလုံးများကို ဒေသတွင်းရှိ ပွဲရုံများမှဝယ်ယူရောင်းချကြပါသည်။

ကုလားပဲဆံ

           ရွှေဘိုမြို့ ဈေးကွက်အတွင်း ဩဂုတ်လ၊ ဒုတိယအပတ်တွင်ရောင်းချသည့် ကုလားပဲဆံဈေးနှုန်းမှာ ()ပြည်လျှင်(၈၃၀ဝိ/-)ကျပ်နှင့် တစ်တင်းလျှင်(၁၃၂၈၀ဝိ/-)ကျပ်ဖြစ်ကြောင်း၊ ယခင်အပတ်နှင့် ယခု အပတ်တို့၏ အရောင်းအဝယ်ဖြစ်သည့် ဈေးနှုန်းတို့ကိုနှိုင်းယှဉ်ပါက ယခင်အပတ်၌ ကုလားပဲဆံ(၁)ပြည် လျှင်(၈၃၀ဝိ/-)ကျပ်ပေါက်ဈေးရှိခဲ့သဖြင့်  ယခင်အပတ်နှင့် ယခုအပတ်တို့၏ အရောင်းအဝယ်ဖြစ်သည့် ဈေးနှုန်းတူညီပြီး ဈေးငြိမ်နေကြောင်း၊ ဈေးကွက်အနေဖြင့် တစ်ဆင့်ပြန်လည်ရောင်းချမည့်သူများ၊ ကိုယ်တိုင်ကြော်သည့် ကုလားပဲဆံကြော်ဖိုများ၊ အလှူမင်္ဂလာပွဲလမ်း ဆောင်ရွက်မည့်သူများမှ ဝယ်ယူ ကြကြောင်း ပဲမျိုးစုံရောင်းချသည့်ဆိုင်များမှ သတင်းရရှိပါသည်။

ကုလားပဲလုံး

       ရွှေဘိုမြို့ ဈေးကွက်အတွင်း ဩဂုတ်လ၊ ဒုတိယအပတ်တွင်ရောင်းချသည့် ကုလားပဲလုံးဈေးနှုန်းမှာ ()ပြည်လျှင်(၆၀၀ဝိ/-)ကျပ်နှင့် တစ်တင်းလျှင်(၉၆၀၀ဝိ/-)ကျပ်ဖြစ်ကြောင်း၊ ကုလားပဲလုံးမှာ အဖြူရောင် နှင့်အဝါရောင်နှစ်မျိုးရှိပြီး ရောင်းချရသည့်ဈေးနှုန်းမှာလည်း တူညီကြောင်း၊ ယခင်အပတ်နှင့် ယခုအပတ် တို့၏ အရောင်းအဝယ်ဖြစ်သည့်ဈေးနှုန်းတို့ကို နှိုင်းယှဉ်ပါက ယခင်အပတ်၌ ကုလားပဲလုံး(၁)ပြည်လျှင် (၆၀၀ဝိ/-)ကျပ် ပေါက်ဈေးရှိခဲ့သဖြင့် ယခင်အပတ်နှင့် ယခုအပတ်တို့၏ အရောင်းအဝယ်ဖြစ်သည့် ဈေးနှုန်းတူညီပြီး ဈေးငြိမ်နေကြောင်း၊  ဧပြီလ၊ စတုတ္ထအပတ်မှစတင်၍ ယခုအချိန်ထိ အရောင်းအဝယ် ဖြစ်သည့်ဈေးနှုန်းတူညီပြီး ဈေးအေးနေကြောင်း၊  ဈေးကွက်အနေဖြင့် ဒေသတွင်းရှိစားသုံးသူများ၊ တစ်ဆင့် ပြန်လည်ရောင်းချမည့်သူများ၊ ကုလားပဲသုတ်ရောင်းချသူများမှ ဝယ်ယူကြကြောင်း ပဲမျိုးစုံရောင်းချသည့် ဆိုင်များမှ သတင်းရရှိပါသည်။

DOCA (စစ်ကိုင်း)

ဈေးဟောင်းရှိ ကြက်ဟင်းခါးသီး၊ ခဆော့သီးနှင့် ကင်းမုံသီးဈေးနှုန်း

        စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့နှင့် အနီးတစ်ဝိုက်ဒေသများမှ ကျေးရွာများသည် ရာသီပေါ် သီးနှံများကို မိမိတို့၏ နေအိမ်ခြံဝင်းများတွင်လည်းကောင်း၊ လယ်တောများတွင် လည်းကောင်း တစ်နိုင်တစ်ပိုင် စိုက်ပျိုး၍ မုံရွာမြို့ပေါ်ရှိ ဈေးဟောင်းနှင့် ရပ်ကွက်ဈေးများတွင် လာရောက် ရောင်းချကြကြောင်း သိရှိရပါသည်။  

          ၂၀၂၅ ခုနှစ်၊ ဩဂုတ်လ တတိယပတ်တွင် မုံရွာမြို့၊ ဈေးဟောင်းတွင် ရောင်းချလျက်ရှိသော  ကြက်ဟင်းခါးသီးဈေးနှုန်းများမှာ ကြက်ဟင်းခါးသီး (၂၅)ကျပ်သားလျှင် (၉၀၀)ကျပ်၊ (၅၀) ကျပ်သား လျှင် (၁၈၀၀)ကျပ်၊ (၁)ပိဿာလျှင် (၃၆၀၀)ကျပ်၊ ခဆော့သီးတစ်(၁)ဘူးလျှင် (၅၀၀)ကျပ်နှင့် ကင်းမုံသီး(၁)ပြည်လျှင် (၂၀၀၀)ကျပ် ဖြင့်ရောင်းချလျက်ရှိကြောင်း ကုန်စိမ်းရောင်းချသူများထံမှ  သိရသည်။

DOCA (စစ်ကိုင်း)

ကြက်သွန်နီဈေးနှုန်း အနည်းငယ်ကျဆင်းပြီး အရောင်းအဝယ်ဖြစ်လျက်ရှိ

         စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့ရှိ ကြက်သွန်ပွဲရုံများတွင် ရောင်းချနေသော  ကြက်သွန် နီဈေးနှုန်းများမှာ ကြက်သွန်နီ (ရှယ်)ကြီး တစ်ပိဿာလျှင် ဒေသပေါက်ဈေး  ( ၂၅၀၀-၂၈၀၀) ကျပ်၊ (လတ်) တစ်ပိဿာလျှင် (၁၅၀၀-၂၀၀၀)ကျပ်၊ အသေး တစ်ပိဿာလျှင် (၈၀၀- ၁၂၀၀) ကျပ်ဖြင့် ရောင်းချလျက်ရှိကြောင်း သိရသည်။ လက်လီရောင်းချသည့် ဈေးနှုန်းများမှာ  (အကြီး) တစ်ပိဿာလျှင် (၃၀၀၀) ကျပ်၊ (အလတ်)တစ်ပိဿာလျှင်(၂၅၀၀) ကျပ်၊ (အသေး) တစ်ပိဿာလျှင် (၁၈၀၀) ကျပ်တို့ဖြင့် ရောင်းချလျက်ရှိပြီး  ယခုအချိန်သည် ကြက်သွန်နီများ ပေါများချိန် ဖြစ်သည့် အတွက် ဈေးအနည်းငယ်ကျဆင်းလျက်ရှိကြောင်းသိရသည်။

          ကြက်သွန်နီသည် နေ့စဉ်စားသုံးရသော အစားအစာတို့တွင် မပါမဖြစ် အလွန်အရေးပါ သော ဆေးဖက်ဝင်သီးနှံတစ်မျိုးလည်းဖြစ်ပြီး  ပြည်တွင်းစားသုံးမှုအပြင် ပြည်ပဝယ်လိုအား ဈေးကွက် ကောင်းခြင်းကြောင့် အကျိုးအမြတ်ရရှိသော သီးနှံတစ်မျိုးလည်းဖြစ်ပါကြောင်း သိရှိရပါ  သည်။

DOCA (စစ်ကိုင်း)

မကွေးဈေးကွက်၏ နှမ်းဈေးနှုန်းအခြေအနေ

   မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မကွေးမြို့နယ်၊ မကွေးကုန်စည်ဒိုင်သို့ မြို့နယ်အတွင်းရှိ မိကျောင်းရဲ၊ လျောင်းတော်ဦး၊ ကံသစ်၊ ရွာဟောင်းကန်၊ သစ်ရာကောက် စသည့်ကျေးရွာ(၁၄၀)ကျော်နှင့် မြို့သစ်၊ နတ်မောက်မြို့ တို့မှထွက်ရှိသော နှမ်းမျိုးစုံနှင့် မြေပဲ၊ ပဲမျိုးစုံများ ဝင်ရောက်ရောင်းဝယ် ဖောက်ကား လျက်ရှိပါသည်။

       ၂၀၂၅ ခုနှစ်၊ ဩဂုတ်လ(ဒုတိယပတ်)တွင် နှမ်းနီ()တင်းလျှင် ကျပ်(၁၀၀၀၀၀)၊ နှမ်းဖြူ (၁)တင်း လျှင် ကျပ်(၁၀၅၀၀၀) နှမ်းနက်(စမုံ) ()တင်းလျှင် ကျပ်(၂၆၀၀၀၀)၊ နှမ်းနက်(ရိုးရိုး)(၁)တင်းလျှင် ကျပ် (၂၂၀၀၀၀)၊ နှမ်းညိုကြား()တင်းလျှင် ကျပ်(၉၂၀၀၀)ဖြစ်၍ ယခင်(ပထမပတ်)နှင့်နှိုင်းယှဉ်ပါက ယခု တစ်ပတ်တွင် နှမ်းဖြူ ကျပ်(၂၀၀၀)၊ နှမ်းနက်(စမုံ) ကျပ်(၁၈၀၀၀)၊ နှမ်းနက်(ရိုးရိုး)ကျပ်(၁၀၀၀၀)၊ နှမ်းညိုကြား ကျပ်(၂၀၀၀)ဈေးနှုန်းမြင့်တက်ခဲ့ကြောင်း၊ ယခုအချိန်တွင် မိုးကြိုနှမ်းများ လှိုင်လှိုင်ထွက် ပေါ်လျက်ရှိပြီး ဈေးကွက်အတွင်းသို့ ဝင်ရောက်လျက်ရှိကြောင်း၊ မကွေးဈေးကွက်မှာ ရန်ကုန်၊ မန္တလေးရှိ Expoterများမှ နိုင်ငံခြားငွေလဲနှုန်းပေါ်မူတည်၍ ဈေးသတ်မှတ်ဝယ်ယူရာ ပြည်ပဝယ်လိုအားမြင့်တက် လာသည့်အတွက် ပေါ်စအချိန်ထက် ဈေးနှုန်းမြင့်တက်ရခြင်းဖြစ်ကြောင်း သိရသည်။ တစ်ပတ်အတွင်း မကွေးမြို့မှ မန္တလေးမြို့သို့ အိတ်ရေ (၃၀၀၀)၊ ရန်ကုန်မြို့သို့ အိတ်ရေ(၂၀၀၀)တင်ပို့ခဲ့ပြီး တန်ချိန်အားဖြင့် (၅၈၀)တန်ခန့် အရောင်းအဝယ်ဖြစ်ခဲ့ကြောင်း သိရသည်။

DOCA(ကရင်)

လက်ပံတန်းမြို့ဈေးအပြင်တန်းရှိသစ်သီးဈေးကွက်/စျေးနှုန်း

         ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင် လက်ပံတန်းမြို့ဈေးရှိ ဩဂုတ်လ ဒုတိယပတ်တွင် ရောင်းချနေသော  သစ်သီးဈေးနှုန်းများမှာ ပန်းသစ်တော်သီး ၁ လုံးလျှင်  (၃၅၀၀/၅၀၀၀/၇၀၀၀/) ကျပ်၊ သင်္ဘောသီး မှည့် ၁လုံးလျှင် (၁၅၀၀/၃၅၀၀/)ကျပ်၊ နာနတ်သီး (၁)လုံး (၂၀၀၀/၃၀၀၀/)ကျပ်၊ နဂါးသီး (၁)လုံး (၁၅၀၀/၂၀၀၀/ )ကျပ်၊ဖရဲသီး ၁ လုံး (၅၀၀၀/)ကျပ်၊ လိမ္မော်သီး ၁ လုံး ၂၀၀၀/ကျပ်၊ပန်းသီး ၁ လုံး (၂၀၀၀/) ကျပ်မှ ၆၀၀၀/ကျပ် မာလကာသီး ၁လုံးလျှင် ၁၀၀၀/ ၁၅၀၀/ကျပ်၊ ဒူးရင်းသီးတစ်လုံးလျှင် ၁၀၀၀၀/၁၅၀၀၀ ကျပ်၊ ဩဇာသီးတစ်လုံးလျှင် ၁၅၀၀ ကျပ်၊ မင်းဂွတ်သီးတစ်လုံးလျှင် ၃၀၀ ကျပ်၊ စပျစ်သီး ၁၀ကျပ်သားလျှင် (၃၀၀၀/၄၀၀၀/)ကျပ်၊ ဈေးများဖြင့် ရောင်းချနေကြကြောင်း မေးမြန်းသိရှိရပါသည်။

DOCA(ပဲခူး)   

လက်ပံတန်းမြို့မဈေးအတွင်းရှိ ငါးဈေးကွက်အခြေအနေ

     ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ လက်ပံတန်းမြို့(မြို့မ) ဈေးအတွင်း၌  ဩဂုတ်လဒုတိယပတ်တွင် ရောင်းချနေသော ငါးဈေးနှုန်းများမှာ ငါးကြင်းဖြူ(တစ်ပိဿာ)လျှင် ၁၈၀၀၀ မှ ၂၀၀၀၀ ကျပ်၊ ငါးမြစ်ချင်း(တစ်ပိဿာ)လျှင် ၁၂၀၀၀ မှ ၁၅၀၀၀ ကျပ်၊ ငါးဖယ်ခြစ်(တစ်ပိဿာ) လျှင် ၅၅၀၀၀ ကျပ်၊ ငါးမြစ်ချင်းခြစ်(တစ်ပိဿာ)လျှင် ၄၀၀၀၀ ကျပ်၊ ပုဇွန်ထုပ်(အကြီး) တစ်ပိဿာလျှင် ၆၀၀၀၀ ကျပ်၊ပုဇွန်(အလတ်) တစ်ပိဿာလျှင် ၅၀၀၀၀ ကျပ်၊ ပုဇွန်(အသေး) တစ်ပိဿာလျှင် ၄၀၀၀၀ ကျပ်၊ ငါးခူ(တစ်ပိဿာ)လျှင် ၂၅၀၀၀ ကျပ်၊ ငါးကျီး(တစ်ပိဿာ)လျှင် ၂၅၀၀၀ ကျပ်၊ ပင်လယ်ငါးများဖြစ်သော ကင်းမွန်နှင့်ပြည်ကြီးငါးများ (တစ်ပိဿာ) လျှင် ၆၀၀၀၀ မှ ၈၀၀၀၀ ကျပ် ဈေးဖြင့်ရောင်းချနေကြောင်း ဈေးသည်များထံမှ စုံစမ်းမေးမြန်းသိရှိရပါသည်။

DOCA(ပဲခူး)   

လက်ပံတန်းမြို့မဈေးအတွင်း၌ ရောင်းချနေသော အခြေခံစားသောက်ကုန်ဈေးနှုန်းများအခြေအနေ

     လက်ပံတန်းမြို့မဈေးအတွင်း ဩဂုတ်လဒုတိယပတ်၌ ရောင်းချလျက်ရှိသော အခြေခံစား သောက်ကုန်များဖြစ်သော ရွှေဘိုပေါ်ဆန်း တန်တစ်ပြည်လျှင် ၈၅၀၀ ကျပ်၊ဧည့်မထဆန် တစ်ပြည်လျှင် ၃၀၀၀ ကျပ်၊ကြက်သွန်နီတစ်ပိဿာလျှင် ၁၈၀၀/၂၀၀၀ ကျပ်၊ကြက်သွန်ဖြူ(ဗမာ) တစ်ပိဿာလျှင် ၁၂၀၀၀ ကျပ်၊ ကြူကုတ်တစ်ပိဿာလျှင် ၁၅၀၀၀ ကျပ်၊ ချင်းတက်တစ်ပိဿာ ၆၀၀၀ ကျပ်၊ ငရုတ်ခြောက် (အရှည်) တစ်ပိဿာလျှင် ၁၅၀၀၀ ကျပ်၊ ငရုတ်ခြောက်(အပု) တစ်ပိဿာလျှင် ၂၀၀၀၀ ကျပ်၊အာလူးတစ်ပိဿာလျှင် ၇၀၀၀ကျပ်၊မန်းကျည်းသီးမှည့်အစေ့မပါ တစ်ပိဿာလျှင် ၇၅၀၀ ကျပ်၊ ကြက်ဥလက်လီဈေးနှုန်း(အကြီး)တစ်လုံးလျှင် ၅၀၀ ကျပ်၊ (အသေး)တစ်လုံးလျှင် ၄၅၀ ကျပ်၊ဘဲဥ(အကြီး)တစ်လုံးလျှင် ၆၅၀ ကျပ်၊(အသေး) တစ်လုံးလျှင် ၆၀၀ ကျပ်တို့ အသီးသီး ရှိကြပါသည်။

    အခြေခံစားသောက်ကုန်များမှာ လက်ပံတန်းမြို့အတွင်း ရောင်းချလျက်ရှိသော အသား မွေးမြူ ရေးကြက်(စီပီ) ကြက်သားတစ်ပိဿာလျှင် ၂၃၀၀၀ ကျပ်၊ ဆိတ်သားတစ်ပိဿာလျှင် ၄၅၀၀၀ ကျပ်၊ ဝက်သားတစ်ပိဿာလျှင် ၃၅၀၀၀ကျပ်၊ အမဲသားတစ်ပိဿာလျှင် ၂၇၀၀၀ ကျပ်၊ ငါးကြင်း တစ်ပိဿာလျှင် ၂၀၀၀၀/၂၅၀၀၀ ကျပ်၊ ငါးမြစ်ချင်းတစ်ပိဿာလျှင် ၁၈၀၀၀/၂၀၀၀၀ ကျပ်၊ အသီးသီး ရောင်းဝယ်နေကြကြောင်း သိရှိရပါသည်။

     စားသုံးဆီဈေးနှုန်းများမှာ ပဲဆီတစ်ပိဿာလျှင် ၂၁၀၀၀ ကျပ်၊နှမ်းဆီတစ်ပိဿာလျှင် ၂၀၀၀၀ကျပ်၊ စားအုန်းဆီတစ်ပိဿာလျှင် ၆၆၀၀ကျပ်၊ ဈေးဖြင့်အရောင်းအဝယ်ဖြစ်နေကြောင်း သိရှိရပါသည်း။

DOCA(ပဲခူး)

လက်ပံတန်းမြို့နယ်ရှိ ဟင်းသီးဟင်းရွက်ဈေးနှုန်းအခြေအနေများ

       ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ လက်ပံတန်းမြို့ဈေးအတွင်းရှိ  ဩဂုတ်လအတွင်း ရောင်းချနေသော ဟင်းသီးဟင်းရွက်ဈေးနှုန်းများမှာ အိုးဖရုံသီးတစ်လုံး ၁၀၀၀ ကျပ်၊ရွှေဖရုံသီး တစ်စိပ် လျှင်၅၀၀/ကျပ်၊ဂေါ်ရခါးသီး လုံး ၇၀၀ ကျပ်၊ ငရုတ်သီးစိမ်း တစ်ပိဿာ ၁၀၀၀၀ ကျပ်၊ ခရမ်းချဉ်သီးတစ်ပိဿာ ၄၀၀၀ ကျပ်၊ နံနံပင် ၁ပိဿာ ၅၀၀၀ ကျပ်၊ပဲတောင့်ရှည်အတောင့် ၂၅ တောင့် တစ်စည်းလျှင် ၇၀၀ ကျပ်၊  ကြက်ဟင်းခါးသီး အသေးတစ်ပိဿာ ၂၀၀၀ ကျပ်၊ ကြက်ဟင်းခါးသီး အကြီးတစ်လုံးလျှင် ၅၀၀ ကျပ်၊ခရမ်းသီးတစ် ပိဿာလျှင် ၄၀၀၀ ကျပ်၊ ပဲပင်ပေါက်တစ် ဆယ်ကျပ်သားလျှင် ၇၀၀ ကျပ်၊သံပုရာသီးတစ်လုံးလျှင် ၁၀၀ ကျပ်၊မုန်လာဥနီ တစ်ဆယ်ကျပ်သားလျှင် ၂၀၀၀ ကျပ်၊ မုန်ညှင်းထုပ် တစ်ဆယ်ကျပ်သားလျှင် ၁၅၀၀ ကျပ်၊ရုံပတီသီး တစ်ပိဿာ ၃၀၀၀ ကျပ်၊မုန်လာဥ တစ်စည်းလျှင် ၁၂၀၀/၁၅၀၀ ကျပ်၊ သခွားသီးသုပ်သီးတစ်လုံးလျှင် ၁၅၀၀ ကျပ်၊ဘူးသီးတစ်စိပ်လျှင် ၅၀၀ကျပ်၊ ကန်ဇွန်းရွက် တစ်စည်းလျှင် ၃၀၀ ကျပ်၊ပြောင်းဖူးတစ်ဖူးလျှင် ၇၀၀ ကျပ်၊ ဘူးညွှန့်တစ်စီးလျှင် ၁၀၀၀ ကျပ်၊‌ကျောက်ဖရုံသီးတစ်စိပ် ၅၀၀ ကျပ်၊ ဂေါ်ဖီတစ်ထုပ် ၃၀၀၀ ကျပ်ဈေးများ ဖြင့်ရောင်းချနေကြကြောင်း မေးမြန်းသိရှိရပါသည်။

DOCA(ပဲခူး)

လက်ပံတန်းမြို့မဈေးအတွင်းရောင်းချနေသော ငပိ၊ငခြောက်၊ပုဇွန်ခြောက်များဈေးကွက်

      ပဲခူးတိုင်းဒေသကြီး၊သာယာဝတီခရိုင်၊ လက်ပံတန်းမြို့မဈေးအတွင်း ဩဂုတ်လဒုတိယပတ်တွင် ရောင်းချလျက်ရှိသော ငပိ၊ငခြောက်၊ပုဇွန်ခြောက်ဈေးနှုန်းများမှာ ပုဇွန်ငပိ တစ်ဆယ်ကျပ်သားလျှင် ၂၀၀၀/ ကျပ်ဈေးနှုန်းများဖြင့် ရောင်းချလျက်ရှိပါသည်။ မြိတ်ဒေသထွက်ကုန် မျှင်ငပိဗူး ၂၅ ကျပ်သား တစ်ဗူးလျှင် ၅၀၀၀/ကျပ်၊ဈေးနှုန်းတို့ဖြင့် ဈေးကွက်အတွင်း ရောင်းချ လျှက်ရှိပါသည်။ ငပုတ်သင်ခြောက် တစ်ဆယ်ကျပ်သားလျှင် ၃၅၀၀/၄၀၀၀ ကျပ်၊အာဗြဲခြောက် အချိုခြောက်တစ်ဆယ် ကျပ်သားလျှင် ၄၀၀၀/၆၀၀၀/၇၀၀၀ ကျပ်ထိ အသေးအကြီးပေါ်မူတည်၍ ဈေးနှုန်းမြင့်တက် ရောင်းချလျက်ရှိပါသည်။အသားမြှောင်းခြောက် တစ်ဆယ် ကျပ်သားလျှင် ၂၈၀၀/၃၀၀၀ ကျပ်၊SP ခြောက် (ငဖီးမ) ခြောက် တစ်ဆယ်ကျပ်သားလျှင် ၁၈၀၀ ကျပ်၊ ငတံခွန်ခြောက် တစ်ဆယ် ကျပ်သားလျှင် ၂၅၀၀/၂၈၀၀ ကျပ်၊ ငနီတူခြောက် တစ်ဆယ်ကျပ် သားလျှင် ၄၀၀၀/ ကျပ်၊ငဇင်းပြားခြောက် တစ်ဆယ်ကျပ်သားလျှင် ၂၅၀၀/၃၀၀၀ ကျပ်ဈေး တို့ဖြင့် ပုံမှန်ရောင်းချလျက် ရှိပါသည်။

       ပုဇွန်ခြောက်ဈေးနှုန်းများအနေဖြင့် ပုဇွန်ခြောက်တစ်ဆယ်ကျပ်သားလျှင် အနည်းဆုံး ၈၀၀၀ ကျပ်မှစတင်၍  ၁၆၀၀၀ ကျပ်ထိ ဈေးနှုန်းများရှိနေပါသည်။အများဆုံးဝယ်ယူလျက် ရှိသော ပုဇွန် ခြောက်မှာ ၁၁၀၀၀/၁၂၀၀၀/ကျပ်ဈေးနှုန်းဖြင့် ရောင်းချလျက်ရှိသော ပုဇွန်ခြောက်များ ဖြစ်ပါ သည်။ ပုဇွန်ခြောက်ဈေးနှုန်းများမှာ ယခင်လနှင့်ယခုလနှိုင်းယှဉ်ပါက ဈေးနှုန်းများအပြောင်းအလဲမရှိ ရောင်းချလျက်ရှိကြောင်း ဈေးအတွင်းငပိ၊ငခြောက်၊ ပုဇွန်ခြောက် ရောင်းချသူတစ်ဦးထံမှ သိရှိရပါ သည်။

DOCA(ပဲခူး)

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း