ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

ဈေးနှုန်းမြင့်၊ ဈေးကွက်ကောင်းနိုင်တဲ့ ထောပတ်သီးဈေးကွက်

      ယခုနှစ် ထောပတ်သီးရာသီအစတွင်  ထောပတ်သီးဈေးကွက်မှာ ယခင်နှစ်ရာသီထက်ဈေး နှုန်းမြှင့်တက်နေပြီး၊ ဈေးကွက်ကောင်းနိုင်ကြောင်း  မြန်မာနိုင်ငံထောပတ်သီး တင်ပို့ရောင်းချသူများ အသင်းမှ သိရှိရပါတယ်၊ လက်ရှိဈေးကွက်အစမှာ တစ်ကီလိုလျှင် ကြမ်းခင်းဈေး ၃၅၀၀ကျပ် ရှိပြီး၊ ယခင်နှစ်ကတစ်ကီလို ၂၅၀၀ ကျပ်သာရှိခဲ့တာကြောင့်၊ယခင်နှစ် ထောပတ်သီးရာသီအစနဲ့ နှိုင်းယှဉ်ပါ ကဈေးနှုန်းမြှင့်တက်လာကြောင်းသိရပါတယ်။ ရာသီအစတွင် ကြမ်းခင်းဈေးကတစ်ကီလို ၃၅၀၀ ကျပ် ရှိနေတာကြောင့် နောက်ပိုင်းမှာ ကြမ်းခင်းဈေးထက်မနည်းနိုင်ကြောင်း ပစ္စည်းကောင်းပါက ၆၀၀၀ကျပ် ၇၀၀၀ ကျပ် ဈေးထိဖြစ်သွားနိုင်တယ်လို့လည်းသိရပါတယ်၊  Hass အသီးတွေကတော့ အချို့နေရာများမှာသာ စတင်ဆွတ်ခူးနေကြပြီး၊ အတော်များများကတော့ မခူးနိုင်ကြသေးဘူးလို့လည်း သိရပါတယ်၊ ကမ်းလှမ်းချက်တွေ အတော်များများရှိနေတာကြောင့် ဝယ်လိုအားကတော့ များနိုင်တယ်လို့လည်း သုံးသပ်ကြပါတယ်။

       လက်ရှိ ပြည်ပနိုင်ငံတင်ပို့နိုင်မည့် Hass အမျိုးအစားမှာရင့်မှည့်ရန်လိုအပ်သေးကြောင်း၊ အောက်တိုဘာလကုန်မှသာ ဈေးကွက်သို့ ဝင်ရောက်နိုင်မည်ဖြစ်ကြောင်း ၊ယခုနှစ် ထောပတ်သီးရာသီတွင် ထိုင်းနိုင်ငံမှ ကမ်းလှမ်းထားသည့်အတွက် ထိုင်းသို့ အဓိကထားတင်ပို့သွားမည်ဖြစ်ကြောင်း ၊ယခုနှစ်ထောပတ်သီး ဈေးကွက်ရေရှည်ခိုင်မြဲရန်၊ ထောပတ်သီးများကို ပြည်ပဈေးကွက်အပြင် ပြည်တွင်းဈေးကွက်တွင်းပါ  ဈေးကွက်ရရှိရေးအတွက် ပြည်တွင်း၌ တွင်ကျယ်ရန်  ဖြန့်ဖြူးခြင်းနှင့် ပရိုမိုးရှင်းများလည်း ဆောင်ရွက်နေကြောင်း သိရှိရပါတယ်၊ ထောပတ်သီးကို ဖျော်ရည်လုပ်သောက် တတ်ခြင်းအပြင် အခြားနည်းလမ်းများဖြင့် စားသုံးခြင်း၊ အသုံးပြုခြင်းများပြုလုပ်တတ်ဖို့အတွက် အလေးပေးဆောင်ရွက်သင့်ပါတယ်၊ ရှမ်းပြည်နယ် (တောင်ပိုင်း) ကလောမြို့နယ်၊ဟဲဟိုးမြို့ သီခေါင်ကျေးရွာအုပ်စု၊ တောင်မြေခြားကျေးရွာမှာလည်း ထောပတ်သီးအဆီကြိတ်တဲ့စက်ရုံတစ်ရုံ တည်ထောင်ထားတယ်လို့သိရပါတယ်၊ ယင်းစက်ရုံမှာလည်း ပြည်တွင်းဈေးကွက်အတွက် တွင်ကျယ်စေနိုင်မယ်လို့လည်း ခန့်မှန်းသုံးသပ်ရပါတယ်။

      ထောပတ်သီးများကို မရင့်သေးပဲ ခူးဆွတ်၍ ရောင်းမည်ဆိုပါက ဈေးကွက် နာမည်ပျက်သွားသည့်အတွက်  ရင့်၊ မှည့်ပြီးမှ ခူးဆွတ်ရောင်းချသင့်ကြောင်းကိုလည်း ထောပတ်စိုက်တောင်သူများ အားအသိပညာပေးရန် လိုအပ်ပါတယ်၊ လက်ရှိ အိမ်နီးချင်း ထိုင်းနှင့် တရုတ်နိုင်ငံကိုလည်း တရား ဝင်တင်ပို့ ကုန်သွယ်ခွင့်ရောင်းချခွင့်ရရှိရေးကို အစိုးရချင်း လျှောက်ထားခြင်းကိုလည်း ညှိနှိုင်းဆောင် ရွက်လျက်ရှိတယ်လို့လည်းသိရပါတယ်၊ ယခုနှစ်မှာ မိုးအရမ်းများခဲ့တာကြောင့် ထောပတ်သီးအထွက် နှုန်းများနိုင်မည်ဖြစ်ကြောင်း သိရပါတယ်၊ အောက်တိုဘာလတွင် အသီးများ စတင်ထွက်ရှိပြီး၊ ထော ပတ်သီးမှာ နှစ်ရှည်သီးနှံဖြစ်ကာ၊ စတင်စိုက်ပျိူးပြီး(၃) နှစ်နေမှ စတင် အသီးသီးပါတယ်၊  ထောပတ်သီးကို ရှမ်းပြည်နယ်(တောင်ပိုင်း/မြောက်ပိုင်း) နှင့် မန္တလေးတိုင်းဒေသကြီး (ပြင်ဦးလွင်) တို့မှာ အများဆုံး စိုက်ပျိုးကြကြောင်း ရေးသားတင်ပြလိုက်ရပါသည်။

DOCA(ရှမ်း)

 

ကျောက်ဆည်ခရိုင်၌ ရာသီပေါ်သီးနှံများဖြိုင်ဖြိုင်ထွက်ပေါ်လျက်ရှိ

    အစာလည်းဆေး၊ ဆေးလည်းအစာဆိုသည့်အတိုင်း လူတို့အာဟာရဖြစ်စေရန် အစားအသောက်များကိုရွေးချယ်သုံးစွဲကြရမည်ဖြစ်ပြီး အာဟာရမျှတအောင်သုံးဆောင်မှီဝဲကြရမည်ဖြစ်ပါသည်။ ယခုကဲ့သို့ မိုးဖြိုင်ဖြိုင်ရွာသွန်းချိန်တွင် အသီးအရွက်များဖြိုင်ဖြိုင်ထွက်ပေါ်လျက်ရှိရာ ရာသီစာသီးနှံများဖြစ်သော နနွင်းဖူး ၊ ဆီဖြူသီး၊ ပဲတောင့်ရှည်၊ တောကြက်ဟင်းခါးသီး၊ မဲဇလီဖူးနှင့် မိုးရွာသွန်းမှုများသောကြောင့်အညာဒေသထွက် မှိုအုံးနက်များလည်းအစောထွက်ပေါ်လျက်ရှိပါသည်။ ယင်းသီးနှံဈေးနှုန်းများမှာ နနွင်းဖူး(၅)ဖူးပါ တစ်စည်းလျှင်  (၃၀၀-/)ကျပ်၊ ဆီးဖြူသီး နို့ဆီဘူး (၁)ဘူးလျှင် (၅၀၀-/)ကျပ်၊ ပဲတောင့်ရှည်(၂၅)ကျပ်သားတစ်စည်းလျှင် (၅၀၀-/)ကျပ်၊ တောကြက်ဟင်းခါးသီး(၂၅)ကျပ်သားလျှင် (၅၀၀-/)ကျပ်၊ မဲဇလီဖူးနို့ဆီဘူး(၂)ဘူးလျှင် (၅၀၀-/)ကျပ်နှင့် မှိုအုံးနက် (၁) ပိဿာလျှင် (၁၂၀၀၀-/)ကျပ်ဈေးနှုန်းတို့ဖြင့် ရောင်းဝယ်လျက်ရှိပါသည်။ မှိုဟင်းကို ဆီးဖြူသီးထောင်းနှင့်တွဲဖက်စားသုံးလျှင် ခံတွင်းမြိန်စေပါသည်။ မဲဇလီဖူးသုပ်၊ နနွင်းဖူးသုပ်များကို ငါးခြောက်ဟင်းနှင့်တွဲဖက်စားသုံးကြပါသည်။ ပဲတောင့်ရှည်ကို ငရုတ်သီးစပ်စပ်ဖြင့် အညာချက်ချက်စားလျှင်လည်း ယခုရာသီမျိုးနှင့်လိုက်ဖက်သော ဟင်းလျာတစ်မျိုးဖြစ်ပါကြောင်း ရေးသားတင်ပြလိုက်ရပါသည်။

DOCA(မန္တလေး)

 

“ကျောက်ဆည်ခရိုင်အတွင်းရောင်းချနေသော အခြေခံစားကုန်များ၏ဈေးနှုန်းအခြေအနေ”

   မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်အတွင်း မြို့နယ်များရှိ စည်ပင်သာယာဈေးများ  တွင် ၂၀၂၃ခုနှစ်၊ အောက်ဘာလ တတိယအပတ်အတွင်း ရောင်းချလျက်ရှိသော အခြေခံစားသောက်ကုန်ဈေးနှုန်းများမှာ ဧရာပဒေသာဆန်တစ်ပြည်လျှင် (၅၇၀ဝိ/-)ကျပ်၊ ဧရာပဒေသာဆန်(၂၄)ပြည်ပါ တစ်အိတ်လျှင် (၁၃၅၀၀ဝိ/-) ကျပ်၊ မနောသုခဆန်တစ်ပြည်လျှင် (၄၀၀ဝိ/-)ကျပ်၊ မနောသုခဆန်(၂၄)ပြည်ပါ တစ်အိတ်လျှင် (၉၅၀၀ဝိ/) ကျပ်၊ ခရမ်းချဉ်သီး(ရှမ်း)လက်လီဈေးနှုန်းမှာ တစ်ပိဿာလျှင် (၁၂၀ဝိ/-)ကျပ်၊ ကြက်သွန်နီလက်လီ ဈေးနှုန်းမှာ (ကြီး)တစ်ပိဿာလျှင် (၃၂၀ဝိ/-)ကျပ်၊ (လတ်)တစ်ပိဿာလျှင် (၃၀၀ဝိ/-)ကျပ်၊ (အသေး)တစ်ပိဿာလျှင်(၂၄၀ဝိ/-)ကျပ်၊ ကြက်သွန်ဖြူလက်လီ(ဗမာ)တစ်ပိဿာလျှင် (၁၀၀၀ဝိ/-) ကျပ်၊ (ရှမ်း)တစ်ပိဿာလျှင် (၉၀၀ဝိ/-)ကျပ်၊ အာလူးတစ်ပိဿာလျှင် (၂၄၀ဝိ/-)ကျပ်၊ မန်ကျည်းသီး (ဟောင်း)တစ်ပိဿာလျှင် (၄၅၀ဝိ/-)ကျပ်၊ မန်ကျည်းသီး(သစ်)တစ်ပိဿာလျှင် (၄၀၀ဝိ/-)ကျပ်၊ တစ်ပိဿာလျှင် (၃၂၀ဝိ/-) ကျပ်၊ ဆားတစ်ပိဿာလျှင် (၅၀ဝိ/-)ကျပ်ဈေးနှုန်းများဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိပါသည်။ ကျောက်ဆည်ခရိုင်၏ အသားငါးဈေးနှုန်းများမှာ ကြက်သား (ဗမာ) တစ်ပိဿာလျှင် (၁၆၀၀ဝိ/-)ကျပ်၊ ကြက်သား(CP)တစ်ပိဿာလျှင် (၁၂၀၀ဝိ/-)ကျပ်၊ ဝက်သားတစ်ပိဿာလျှင် (၁၈၀၀ဝိ/-) ကျပ်၊ အမဲသားတစ်ပိဿာလျှင် (၁၆၀၀ဝိ/-)ကျပ်၊ ဆိတ်သားတစ်ပိဿာလျှင် (၂၇၀၀ဝိ/-)ကျပ်နှင့် ငါးအုံတုံတစ်ပိဿာလျှင် (၁၀၀၀၀)ကျပ်၊ ငါးမြစ်ချင်းတစ်ပိဿာလျှင် (၈၀၀၀)ကျပ်ဈေးနှုန်းတို့ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိပြီး ဆီဈေးနှုန်းများအနေဖြင့် ပဲဆီသန့်တစ်ပိဿာလျှင် (၁၄၀၀ဝိ/-)ကျပ်၊ နှမ်းဆီသန့်တစ်ပိဿာလျှင် (၁၄၀၀ဝိ/-)ကျပ်၊ နေကြာဆီသန့်တစ်ပိဿာလျှင်(၁၅၀၀ဝိ/-)ကျပ်စျေးနှုန်းတို့ဖြစ်ပြီး စားအုန်းဆီတစ်ပိဿာလျှင် (၄၆၉၇/-)ကျပ်ဈေးနှုန်းဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်းသိရှိရပါသည်။ ယခင်စက်တင်ဘာလ နောက်ဆုံးအပတ်တွင်ဖြစ်ပေါ်ခဲ့သောဈေးနှုန်းများနှင့် အောက်တိုဘာလ တတိယအပတ်တို့တွင်ဖြစ်ပေါ်နေသော အခြေခံစားသောက်ကုန်တို့ကိုနှိုင်းယှဉ်ပါက ဆန်နှင့်ကြက်သားစျေးနှုန်းများအနည်းငယ်မြင့်တက်လျက်ရှိကြောင်း၊ ပဲဆီ၊ နှမ်းဆီ၊ ခရမ်းချဉ်သီး၊ အာလူးနှင့် ချင်းစျေးနှုန်းများမှာ အနည်းငယ်ကျဆင်းလျက်ရှိပြီး ကျန်အခြေခံစားသောက်ကုန်ဈေးနှုန်းများမှာ တည်ငြိမ်လျက်ရှိကြောင်းသိရှိရပါသည်။

DOCA(မန္တလေး)

 

ပျဉ်းမနားမြို့နယ်၊ ပျဥ်းမနား အမှတ်(၁) မြို့မဈေးရှိ စားသုံးဆီရောင်းချသည့်ဆိုင်များအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

          ၂၀၂၃ခုနှစ်၊ အောက်တိုဘာလ (၁၇)ရက်နေ့တွင် ပျဉ်းမနားမြို့နယ်၊ ပျဥ်းမနား အမှတ်(၁) မြို့မဈေးရှိ စားသုံးဆီရောင်းချသည့်ဆိုင်များအား စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ စည်ပင်သာယာရေးကော်မတီ(ဈေးများဌာန)၊ ကျန်းမာ‌ရေးဝန်ကြီးဌာန၊ မြန်မာ နိုင်ငံရဲတပ်ဖွဲ့တို့ပူးပေါင်း၍ နေပြည်‌တော်အတွင်း စားသုံးဆီအတု သိုလှောင်ဖြန့်ဖြူးရောင်းချမှုနှင့် စားအုန်းဆီများကို မြေပဲဆီ အနံ့ရရှိစေရန် ရောစပ်သော ဓာတုကုန်ကြမ်းပစ္စည်း ရောင်းချဖြန့်ဖြူး နေခြင်းရှိ/မရှိကို ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ကြောင်း သိရသည်။

            ထိုပူးပေါင်းအဖွဲ့သည် ပျဉ်းမနားမြို့နယ်၊ အာဟာရသုခဈေးနှင့် လယ်ဝေးမြို့နယ်၊ အေလာဈေး များသို့ ဆက်လက် စစ်ဆေးခဲ့ရာ စပ်ဆီများကို တွေ့ရှိခဲ့ပြီး ပဲစပ်ဆီ (၅၀သား)တစ်ဘူး (၅၁၀၀)ကျပ်၊ ပဲဆီ(၅၀သား)တစ်ဘူး (၇၀၀၀)ကျပ်နှင့် နှမ်းစပ်ဆီ (၅၀သား)တစ်ဘူး (၅၀၀၀)ကျပ်ဖြင့် နမူနာ ဝယ်ယူခဲ့ပြီး ရန်ကုန်တိုင်း ဒေသကြီး၊ လှည်းကူးမြို့နယ်ရှိ ကုန်ပစ္စည်းစမ်းသပ်စစ်ဆေးရေးနှင့် အရည်အသွေးစီမံခန့်ခွဲမှုဌာနစုသို့ (ဓါတုပစ္စည်းများပါ/မပါ)စစ်ဆေးရန် ပေးပို့ခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(နေပြည်တော်ကောင်စီ)

နေပြည်တော်ကောင်စီနယ်မြေအတွင်း ရောင်းချလျက်ရှိသော အခြေခံစားကုန်များ၏ ဈေးနှုန်းအခြေအနေ

    နေပြည်‌တော်ကောင်စီနယ်မြေတွင် ၂၀၂၃ခုနှစ်၊ အောက်တိုဘာလ တတိယပတ်အတွင်း အခြေခံစားကုန်ဈေးနှုန်းများမှာ ရွှေဘိုပေါ်ဆန်း တစ်ပြည် ၆၅၀၀ကျပ်၊ ဧည့်မထ တစ်ပြည် ၃၅၀၀ကျပ်၊ မနောသုခ တစ်ပြည် ၃၄၀၀ကျပ်နှုန်းဖြင့် အ‌ရောင်းအဝယ် ဖြစ်လျက်ရှိပါသည်။ ကြက်သွန်နီ လက်လီဈေးမှာ (ကြီး)တစ်ပိဿာ ၃၆၀၀ကျပ်၊ (လတ်)တစ်ပိဿာ ၃၃၀၀ကျပ်၊ (သေး)တစ်ပိဿာ ၃၀၀၀ကျပ်နှုန်းဖြင့် ‌အရောင်းအဝယ်ဖြစ်လျက်ရှိပါသည်။ ကြက်သွန်ဖြူ လက်လီဈေးမှာ (ကြူကုတ်) တစ်ပိဿာ ၈၅၀၀ကျပ်မှ ၈၈၀၀ကျပ်ထိ၊ (ရှမ်း)တစ်ပိဿာ ၉၀၀၀ကျပ်မှ ၁၁၀၀၀ကျပ်ထိ၊ ငရုတ်သီး ခြောက်လက်လီဈေးမှာ (အရှည်) တစ်ပိဿာ ၁၆၀၀၀ကျပ်မှ ၁၈၀၀၀ကျပ်ထိ၊ (အပု)တစ်ပိဿာ ၂၄၀၀၀ကျပ်မှ ၃၀၀၀၀ကျပ်ထိ၊ အာလူးလက်လီဈေးမှာ ၂၀၀၀ကျပ်မှ ၂၅၀၀ကျပ်ထိ၊ ခရမ်းချဉ်သီး တစ်ပိဿာ ၁၈၀၀ကျပ်မှ ၂၀၀၀ကျပ်ထိ အရောင်းအဝယ်ဖြစ်လျက်ရှိပါသည်။

      ကြက်ဥ လက်လီဈေးမှာ  တစ်လုံးလျှင် ၂၄၀ကျပ်မှ ၂၆၀ကျပ်ထိ ဖြစ်ပါသည်။ နေပြည်တော် ကောင်စီနယ်မြေ၏ အသား/ငါး ဈေးနှုန်းများမှာ ကြက်သား(CP) တစ်ပိဿာ ၇၂၀၀ကျပ်မှ ၁၂၀၀၀ ကျပ်ထိ၊ ကြက်သား(ဗမာ) တစ်ပိဿာ ၁၆၀၀၀ကျပ်မှ ၂၀၀၀၀ကျပ်ထိ၊ ဝက်သား တစ်ပိဿာ ၁၄၀၀၀ကျပ်မှ ၁၆၀၀၀ကျပ်ထိ၊ အမဲသား တစ်ပိဿာ ၁၂၀၀၀ကျပ်မှ ၁၄၀၀၀ကျပ်ထိ၊ ငါးမြစ်ချင်း တစ်ပိဿာ ၁၀၀၀၀ကျပ်မှ ၁၂၀၀၀ထိ၊ ငါးကြင်း တစ်ပိဿာ ၁၃၅၀၀ကျပ်မှ ၁၅၀၀၀ ကျပ်ထိ ရောင်းဝယ်နေကြောင်း သိရှိရပါသည်။

    စားသုံးဆီ ဈေးနှုန်များမှာ ပဲဆီ တစ်ပိဿာလျှင် ၁၅၀၀၀ကျပ်၊ စားအုန်းဆီ တစ်ပိဿာလျှင် ၅၂၀၀ကျပ်နှင့် နှမ်းဆီ တစ်ပိဿာလျှင် ၁၄၀၀၀ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်း သိရသည်။  

DOCA(ပြည်ထောင်စုနယ်မြေ)

ဆိပ်ဖြူမြို့ ပတ္တမြားဈေးအတွင်း၌ နေ့စဉ်အရောင်းအဝယ်ဖြစ်လျက်ရှိသော အခြေခံစားကုန်ဈေးနှုန်းများ

          မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ဆိပ်ဖြူမြို့ ပတ္တမြားဈေးကြီးတွင် ရောင်းချလျက်ရှိသော အခြေခံစားကုန်များသည် သီးနှံမျိုးစုံအများဆုံး စိုက်ပျိုးထွက်ရှိသော ရေလယ်ကျွန်း၊ သံဇလုံ၊ ချင်တောင်၊ ချောင်းမကြီး၊ မယ်ဇလီကွေ့၊ တူရွန်းမျော၊ ဂွေးပင်ကျေးရွာများမှ အများဆုံးဝင်ရောက်ရောင်းချလျက်ရှိသည့်အပြင် ချောက်၊ ဆင်ဖြူကျွန်း၊ စလင်း၊ ပွင့်ဖြူ၊ ကျောက်ပန်းတောင်း၊ ပုပ္ပါး၊ ရှမ်းပြည်နယ် အင်းလေးဒေသထွက် ဟင်းသီးဟင်းရွက် သစ်သီးဝလံများလည်းဝင်ရောက်လျက်ရှိပြီး ဒေသခံပြည်သူများ ရောင်းဝယ်ဖောက်ကားရာဈေးဖြစ် ပါသည်။

          ဆိပ်ဖြူမြို့၊ ပတ္တမြားဈေးအတွင်း၌ ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ(၁၀)ရက်မှ(၁၃)ရက်နေ့ အထိ အရောင်းအဝယ်ဖြစ်လျက်ရှိသော အခြေခံစားကုန်ဈေးနှုန်းများမှာ ခရမ်းချဉ်သီးတစ်ပိဿာ လျှင် ကျပ်(၁၅၀၀ မှ ၁၈၀၀)၊ ခရမ်းသီးတစ်ပိဿာလျှင် ကျပ်(၂၀၀၀)၊ အာလူးတစ်ပိဿာလျှင် ကျပ်(၁၇၀၀ မှ ၂၅၀၀)၊ ကြက်သွန်နီတစ်ပိဿာလျှင် ကျပ်(၂၀၀၀ မှ ၂၅၀၀)၊ ကြက်သွန်ဖြူတစ် ပိဿာလျှင် ကျပ်(၁၁၀၀၀ မှ ၁၂၀၀၀)၊ ကုလားပဲဆံတစ်ပြည်လျှင် ကျပ်(၇၇၀၀ မှ ၈၀၀၀)၊  မြေပဲဆံ တစ်ပြည်လျှင် ကျပ်(၇၃၀၀ မှ ၇၅၀၀)၊ မြေပဲဆံတစ်ဘူးလျှင် ကျပ်(၁၀၀၀)၊ ချင်းတက်တစ် ပိဿာလျှင် ကျပ်(၄၀၀၀)၊ ချင်း(ဂျင်း)တစ်ပိဿာလျှင် ကျပ်(၄၄၀၀)၊ ငရုတ်သီးစိမ်းတစ်ပိဿာလျှင် ကျပ်(၃၂၀၀ မှ ၄၈၀၀)၊ ငရုတ်သီးခြောက်အတောင့်တစ်ပိဿာလျှင် ကျပ်(၁၆၀၀၀ မှ ၁၈၀၀၀)၊ ငရုတ် သီးမှုန့်တစ်ပိဿာလျှင် ကျပ်(၁၈၀၀၀ မှ ၂၀၀၀၀)၊ ဂေါ်ဖီတစ်ထုပ်လျှင် ကျပ်(၅၀၀ မှ ၁၀၀၀)၊ မျှစ် တစ်ပိဿာ ကျပ်(၂၀၀၀)၊ ဂေါ်ရခါးသီးခြောက်လုံးလျှင် ကျပ်(၁၀၀၀)၊ မုန်လာပွင့်တစ်ပွင့်လျှင် ကျပ် (၁၀၀၀)ဈေးဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိသည်။

          အသားငါးဈေးနှုန်းများမှာ မွေးမြူရေးကြက်သား(CP)တစ်ပိဿာလျှင် ကျပ်(၁၀၀၀၀ မှ ၁၁၀၀၀)၊ ကြက်သား(ဗမာ)တစ်ပိဿာလျှင် ကျပ်(၁၆၀၀၀)၊ ဝက်သားတစ်ပိဿာလျှင် ကျပ်(၁၆၀၀၀ မှ ၁၈၀၀၀)၊ ဆိတ်သားတစ်ပိဿာလျှင် ကျပ်(၁၈၀၀၀ မှ ၂၀၀၀၀)၊ အမဲသားတစ်ပိဿာလျှင် ကျပ် (၁၄၀၀၀ မှ ၁၆၀၀၀)၊ ငါးကြင်းတစ်ပိဿာလျှင် ကျပ်(၈၀၀၀ မှ ၁၀၀၀၀)၊ ငါးမြစ်ချင်းတစ်ပိဿာလျှင် ကျပ်(၈၀၀၀)၊ ပဲဆုံဆီတစ်ပိဿာလျှင် ကျပ်(၁၅၀၀၀)၊ ပဲစက်ဆီတစ်ပိဿာလျှင် ကျပ်(၁၄၀၀၀)၊ ပဲရောဆီတစ်ပိဿာလျှင် ကျပ်(၁၁၀၀၀ မှ ၁၂၀၀၀)၊ နှမ်းဆုံဆီတစ်ပိဿာလျှင် ကျပ်(၁၅၀၀၀)၊ နှမ်းစက်ဆီတစ်ပိဿာလျှင် ကျပ်(၁၄၀၀၀)၊ နှမ်းရောဆီတစ်ပိဿာလျှင် ကျပ်(၁၁၀၀၀ မှ ၁၃၀၀၀)၊ သိင်္ဂီပေါ်ဆန်း(၂၄)ပြည်တစ်အိတ်လျှင် ကျပ်(၁၆၀၀၀၀)၊ ဖျာပုံပေါ်ဆန်း(၂၄)ပြည်တစ်အိတ်လျှင် ကျပ်(၁၃၀၀၀၀)၊ ဧရာပဒေသာဆင်ဖြူကျွန်း (၂၄)ပြည်တစ်အိတ်လျှင် ကျပ်(၁၄၅၀၀၀)၊ ဧရာပဒေသာ (အောက်)(၂၄)ပြည်တစ်အိတ်လျှင် ကျပ်(၁၁၅၀၀၀)၊ မနောသုခဆန်(အောက်)(၂၄)ပြည်တစ်အိတ် လျှင် ကျပ်(၉၂၀၀၀)၊ ရတနာတိုးဆင်ဖြူကျွန်း (၂၄)ပြည်တစ်အိတ်လျှင် ကျပ်(၇၄၀၀၀)ဈေးနှုန်း အသီးသီးဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရှိရပါသည်။

DOCA(မကွေး)

ဆိပ်ဖြူမြို့၌ ရောင်းချနေသော စက်သုံးဆီဈေးနှုန်းများ

          မြန်မာနိုင်ငံ စက်သုံးဆီ တင်သွင်း၊ သိုလှောင်၊ ဖြန့်ဖြူးခြင်း လုပ်ငန်းကြီးကြပ်ရေးကော်မတီမှ တိုင်းဒေသကြီး၊ ပြည်နယ်အလိုက် မြို့ကြီးများ၏ စက်သုံးဆီ ရည်ညွှန်းလက်ကားဈေးနှုန်းများအား နေ့စဉ် ထုတ်ပြန်ပေးလျက်ရှိပါသည်။

        ဆိပ်ဖြူမြို့နယ်တွင် စက်သုံးဆီအရောင်းဆိုင်(၁၁)ဆိုင်ရှိရာ နေ့စဉ်ဖွင့်လှစ်ရောင်းချလျက်ရှိပြီး အောက်တိုဘာလ(ပထမပတ်)နှင့်‌ အောက်တိုဘာလ(ဒုတိယပတ်) ဈေးနှုန်းနှိုင်းယှဉ်ချက်အရ စက်သုံး ဆီဈေးနှုန်းများမှာ 92 တစ်လီတာလျှင် ယခင်အပတ်တွင် ကျပ်(၂၁၇၀)ဖြစ်ပြီး ယခုအပတ်တွင် ကျပ် (၂၀၂၅)ဖြစ်၍ ကျပ်(၁၄၅) ဈေးလျော့ခဲ့ကြောင်း၊ 95 တစ်လီတာလျှင် ယခင်အပတ်တွင် ကျပ်(၂၂၆၀) ဖြစ်ပြီး ယခုအပတ်တွင် ကျပ်(၂၁၂၅)ဖြစ်၍ ကျပ်(၁၃၅) ဈေးလျော့နည်းခဲ့ကြောင်း၊ ဒီဇယ်ရိုးရိုးတစ်လီတာ လျှင် ယခင်အပတ်တွင် ကျပ်(၂၅၈၅)ဖြစ်ပြီး ယခုအပတ်တွင် ကျပ်(၂၂၄၀)ဖြစ်၍ ကျပ်(၃၄၅) ဈေးလျော့နည်းခဲ့ကြောင်း၊ ပရီမီယမ်ဒီဇယ် တစ်လီတာလျှင် ယခင်အပတ်တွင် ကျပ်(၂၆၂၅)ဖြစ်ပြီး ယခုအပတ်တွင် ကျပ်(၂၃၅၅)ဖြစ်၍ ကျပ်(၂၇၀)ဈေးနှုန်းလျော့ကျလာကြောင်း စက်သုံးဆီအရောင်းဆိုင်များမှ သိရှိရသည်။

DOCA(မကွေး)

Palm Oil Wholesale Reference Price announced that Ks 4,395 per Viss

    The Supervisory Committee on Import, Storage and Distribution of Edible Oil under the Ministry of Commerce has been closely observing the FOB prices in Malaysia including transportation cost, tariff and banking service charges, and issuing the wholesale market reference rate for edible oil on weekly basis.

        According to market condition and prices in the world's palm oil producing and exporting countries during this week, the reference prices of palm oil in the Yangon market is announced at Ks 4,395 per Viss for the period from 23 October 2023 to 30 October 2023.

         If those retailers and wholesalers are found overcharging, storing inventory intentionally and attempting unscrupulous action to manipulate the market, they will be taken by legal action under the Essential Goods and Services Law.

       The palm oil reference prices can be found on Department of Consumer Affairs’ website: www.doca.gov.mm, its Facebook page and the Facebook page of the Myanmar Edible Oil Dealers’ Association.

မွန်ပြည်နယ်၌ သံပရာသီးဈေးနှုန်း အနည်းငယ်မြင့်တက်လာခြင်း

          သံပရာသီးပင်သည် တစ်ဆယ့်နှစ်ရာသီပတ်လုံး အသီးမပြတ်ဆိုသော်လည်း ဇွန်လမှ အောက်တိုဘာလအထိ အသီးအများဆုံးသီးချိန်ဖြစ်သည်။ မွန်ပြည်နယ်တွင် သံပရာသီး၏ မိုးရာသီချိန်အတွင်း ဈေးနှုန်းအခြေအနေမှာ တစ်လုံးလျှင် အသေး ၅၀ ကျပ် မှ အကြီး ၇၀ကျပ်သာရှိခဲ့ပါသည်။ သို့သော် ၂၀၂၃ အောက်တိုဘာလ ဒုတိယအပတ်မှစ၍ သံပရာသီးတစ်လုံးလျှင် အသေး ၁၀၀ ကျပ်နှင့် အကြီး ၁၅၀ ကျပ်ထိဈေးနှုန်းမြင့်တက် လာခဲ့ကြောင်း၊ သံပရာသီးဈေးနှုန်းမြင့်တက်မှုသည် မိုးရာသီကုန်ဆုံးခါနီး အသီးထွက်နှုန်း နည်းပါးလာခြင်းကြောင့်ဖြစ်ကြောင်း သိရသည်။

           မွန်ပြည်နယ်အနေဖြင့် သံပရာပင် စိုက်ဧက ၆၁၈၄ ဧက၊ ရိတ်ဧက ၅၉၈၂၊ နှုန်း ၃၈၇၃၆.၁၆ ဖြင့် စုစုပေါင်း အထွက် ၂၃,၁၇၁,၉၇၁၀ ရှိပါသည်။  မွန်ပြည်နယ်ရှိ ကျိုက်ထို၊ ဘီးလင်း၊ သထုံ၊ ပေါင် မော်လမြိုင်၊ ချောင်းဆုံ၊ ကျိုက်မရော၊ မုဒုံ၊ သံဖြူဇရပ်၊ ရေးမြို့တို့၌ စိုက်ပျိုးကြပြီး အများဆုံး စိုက်ပျိုးသည့်မြို့နယ်များမှာ ကျိုက်ထိုနှင့် ရေးမြို့နယ်တို့ ဖြစ်၍ စိုက်ပျိုးဧက အများဆုံးနှင့်အထွက်နှုန်းအများဆုံးမြို့နယ်များ ဖြစ်ပါသည်။

           မွန်ပြည်နယ်တွင် သံပရာသီးကို ဒေသတွင်းအသုံးပြုရန် လုံလောက်အောင် ပိုမို စိုက်ပျိုးလာကြသည်။ မွန်ပြည်နယ်နှင့် နီးကပ်လျက်ရှိသည့် ကရင်ပြည်နယ် ကော့ကရိတ်မြို့နယ်၊ ကြာအင်း ဆိပ်ကြီးမြို့နယ်ဘက်မှ  မော်လမြိုင်သို့  သံပရာသီး အဝင်ရှိခဲ့သည်။  မွန်ပြည်နယ်မှ စားသုံးသူများအနေဖြင့် သံပရာသီးကို အမျိုးမျိုးပြုလုပ် စားသုံးကြရာ သံပရာသီးသနပ်၊ သံပရာသီးယို၊ အချဉ်ပေါင်းနှင့် စားသောက်ဖွယ်ရာတွင် အနံ့အရသာဖြည့်စွက်ရန်နှင့် ကြာရှည်ခံစားသောက်နိုင်ရန်ပြုလုပ်ထားသည်။

          သံပရာသီး၏အကျိုးအာနိသင်မှာ ခေါင်းမူးသည့်အခါ သံပရာရေကို ဖျော်သောက်ခြင်းဖြင့် စိတ်ကြည်လင်လန်းဆန်းစေနိုင်စွမ်းရှိပါသည်။ ထို့အပြင်ဗီတာမင်စီ၊ အမျှင်ဓါတ်နှင့် ကယ်လ်စီမယ်၊ သံဓါတ်၊ ပိုတက်စီယမ်၊ ကော့ပါး၊ မဂ္ဂနီဆီယမ်တို့လို သတ္တုဓါတ်များ ကြွယ်ဝစွာပါရှိသည့်အပြင်အခွံမှာလည်း ပိုလီမီနော်လ် (Polyphenol)၊ တာပန်း(terpene)၊ ဖိုင်တိုကယ်မီကယ်လ်ဓါတ် (phytochemical) တွေလည်း ပါဝင်ကြောင်း သိရှိရပါသည်။

DOCA(မွန်)

စစ်တွေမြို့နယ်အတွင်းရှိ ပြည်သူများအား စားအုန်းဆီများသက်သာသောဈေးနှုန်းဖြင့် ရောင်းချပေး

    ရခိုင်ပြည်နယ်၊ စစ်တွေမြို့နယ်အတွင်း ဒေသခံပြည်သူများအား စားအုန်းဆီများကို ပြင်ပဈေးနှုန်းထက် သက်သာသောဈေးနှုန်းဖြင့် ဝယ်ယူစားသုံးနိုင်ရေးအတွက် စားသုံးသူရေးရာဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မြန်မာနိုင်ငံဆီကုန်သည်များနှင့် ဆီလုပ်ငန်းရှင်များအသင်းတို့နှင့်ပူးပေါင်း၍ စစ်တွေမြို့နယ်၌ ၂၀၂၃ခုနှစ်၊ အောက်တိုဘာလ (၁၁) ရက်နေ့၊  နံနက်ပိုင်းတွင် စစ်တွေမြို့၊ ရေတွင်းလမ်း၊ ကျေးပင်ကြီးရပ်ကွက်ရှိ ဆီအရောင်းကိုယ်စားလှယ်များဖြစ်သော ဦးဦးမောင်ဆီဆိုင်မှ (၆၆၀)ပိဿာနှင့် ဦးထွန်းအေးကျော်ဆီဆိုင်မှ (၇၇၀) ပိဿာတို့ကို တစ်ပိဿာလျှင် ကျပ် (၅၂၀၀) ဖြင့် ရောင်းချခဲ့ကြောင်းသိရှိရပါသည်။

    ယင်းသို့ ရောင်းချရာတွင်  စားသုံးသူရေးရာဦးစီးဌာနမှ စစ်တွေခရိုင်ဦးစီးမှူး ဦးမောင်လှဝင်း  (ဦးစီးအရာရှိ) ဦးဆောင်၍ မြန်မာနိုင်ငံဆီကုန်သည်များနှင့် ဆီလုပ်ငန်းရှင်များအသင်းမှ တာဝန်ရှိသူများက ဒေသခံပြည်သူများအား စားအုန်းဆီများကို ပြင်ပပေါက်ဈေးထက် သက်သာသောဈေးနှုန်းဖြင့် စားအုန်းဆီတစ်ပိဿာလျှင် (ကျပ် ၅၂၀၀) နှုန်း ရောင်းချပေးလျက်ရှိကြောင်း၊ စစ်တွေမြို့နယ်အတွင်း (၁၁-၁၀-၂၀၂၃) ရက်နေ့ထိ ဆီအရောင်းကိုယ်စားလှယ် (၈) ဦးတို့က စားအုန်းဆီ (၂၄၄၃၀) ပိဿာရောင်းချပေးခဲ့ပြီးဖြစ်ကြောင်းသိရှိရပါသည်။

DOCA(ရခိုင်)

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း