ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

တောင်ငူမြို့တွင် အသားငါးဈေးနှုန်း အတက်အကျရှိ

    တောင်ငူမြို့၊ ညောင်ပင်ဈေးရှိ အသားငါးဆိုင်များတွင် ကြက်သား (အိမ်မွေးကြက်)မှာ ၂၀၂၃ခုနှစ်၊ အောက်တိုဘာလ အစောပိုင်းတွင် အကောင်လိုက်ဈေးတစ်ပိဿာလျှင် ၁၆၀၀၀ကျပ်၊ အခြမ်းလိုက်ဈေးတစ်ပိဿာလျှင် ၂၀၀၀၀ကျပ်ရှိခဲ့ရာမှ ယခုအပတ်တွင် အကောင်လိုက်ဈေးတစ်ပိဿာလျှင် ၁၇၀၀၀ကျပ်၊ အခြမ်းလိုက်ဈေးတစ်ပိဿာလျှင် ၂၂၀၀၀ကျပ်ဖြင့် ဈေးနှုန်းအနည်းငယ်တက်နေပြီး စီပီကြက်မှာ တစ်ပိဿာလျှင် အကောင်လိုက်ဈေး ၈၀၀၀ကျပ်၊ အခြမ်းလိုက်ဈေး ၁၀၀၀၀ကျပ်၊ ရင်အုပ်သား ၁၁၀၀၀ကျပ်ဖြင့် ဈေးနှုန်းတည်ငြိမ်နေပါသည်။

   ဝက်သား(ရေလွတ်သား) သုံးထပ်သားတစ်ပိဿာလျှင် ၁၆၀၀၀ကျပ်ဖြင့် ဈေးနှုန်းတည်ငြိမ်နေပြီး ပေါင်သားမှာ ယခုလအစောပိုင်းတွင် တစ်ပိဿာလျှင် ၁၈၀၀၀ကျပ်ရှိခဲ့ရာမှ ယခုအပတ်တွင် တစ်ပိဿာလျှင် ၁၇၀၀၀ကျပ်၊ အသားသီးသန့်မှာ ယခုလအစောပိုင်းတွင် တစ်ပိဿာလျှင် ၂၀၀၀၀ကျပ်ရှိခဲ့ရာမှ ယခုအပတ်တွင် တစ်ပိဿာလျှင် ၁၈၀၀၀ကျပ်ဖြင့် ဈေးနှုန်းအနည်းငယ်ကျဆင်းလာပါသည်။

   ငါးကြင်းမှာ ယခုလအစောပိုင်းတွင် အကောင်လိုက်ဈေးတစ်ပိဿာလျှင် ၁၀၀၀၀ကျပ်၊ အခြမ်းလိုက်ဈေးတစ်ပိဿာလျှင် ၁၄၀၀၀ကျပ်ရှိခဲ့ရာမှ ယခုအပတ်တွင် တစ်ပိဿာလျှင် အကောင်လိုက်ဈေး ၈၀၀၀ကျပ်၊ အခြမ်းလိုက်ဈေး ၁၂၀၀၀ကျပ်ဖြင့် ဈေးနှုန်းအနည်းငယ်ကျဆင်းနေပြီး ငါးကြင်းဖြူမှာ အကောင်လိုက်ဈေးတစ်ပိဿာလျှင် ၁၇၀၀၀ကျပ်၊ အမြီးလွတ်၊ ခေါင်းလွတ်တစ်ပိဿာလျှင် ၂၀၀၀၀ကျပ်ဖြင့် ဈေးနှုန်းတည်ငြိမ်နေပါသည်။

    ငါးရံ့မှာ တစ်ပိဿာလျှင် အသေး ၁၂၀၀၀ကျပ်၊ အလတ် ၁၄၀၀၀ကျပ်နှင့် အကြီး ၁၆၀၀၀ကျပ်ဖြင့် ဈေးနှုန်းတည်ငြိမ်နေပြီး ငါးခူမှာ ယခင်အပတ်တွင် တစ်ပိဿာလျှင် အသေး ၁၃၀၀၀ကျပ်၊ အလတ် ၁၅၀၀၀ကျပ်နှင့် အကြီး ၁၇၀၀၀ကျပ်ရှိခဲ့ရာမှ ယခုအပတ်တွင် တစ်ပိဿာလျှင် အသေး ၁၂၀၀၀ကျပ်၊ အလတ် ၁၄၀၀၀ကျပ်နှင့် အကြီး ၁၆၀၀၀ကျပ်ဖြင့် ဈေးနှုန်းအနည်းငယ်ကျဆင်းလာပါသည်။

    ပုစွန်ဆိတ်တစ်ပိဿာလျှင် ၁၂၀၀၀ ကျပ်၊ ပုစွန်ကျော့မှာ တစ်ပိဿာလျှင် ၁၅၀၀၀ကျပ်၊ ပုစွန်အသေးမှာ တစ်ပိဿာလျှင် ၂၄၀၀၀ကျပ်၊ ပုစွန်အလတ်မှာ တစ်ပိဿာလျှင် ၂၆၀၀၀ကျပ်နှင့် ပုစွန်အကြီးမှာ တစ်ပိဿာလျှင် ၂၈၀၀၀ကျပ်ဖြင့် ဈေးနှုန်းတည်ငြိမ်နေကြောင်းသိရပါသည်။

DOCA(ပဲခူး)

 

                                     

တောင်ငူမြို့တွင် လိမ္မော်သီးနှင့် သခွားမွှေးသီးဈေးနှုန်းကျ

      တောင်ငူမြို့၊ ဘုရင့်နောင်ဈေး၊ ညောင်ပင်ဈေးများအနီးရှိ သစ်သီးဆိုင်များတွင် လိမ္မော်သီးများမှာ အရွယ်အစားပေါ်မူတည်၍ တစ်ပိဿာလျှင် ၃၀၀၀ကျပ်မှ ၅၀၀၀ကျပ်ထိရှိသဖြင့် ၂၀၂၃ခုနှစ်၊ စက်တင်ဘာလထက် ဈေးနှုန်းအနည်းငယ်ကျဆင်းခဲ့သည်။ လိမ္မော်သီးပေါ်ခါစကာလဖြစ်သော ယခင်လက တစ်ပိဿာလျှင် ၅၀၀၀ကျပ်မှ ၇၀၀၀ကျပ်ထိရှိခဲ့ပါသည်။

     ပျားလိမ္မော်မှာလည်း ယခင်လတွင် တစ်ပိဿာလျှင် ၁၂၀၀၀ကျပ်မှ ၂၀၀၀၀ကျပ်ထိရှိခဲ့ရာမှ ယခုအောက်တိုဘာလတွင် တစ်ပိဿာလျှင် ၁၀၀၀၀ကျပ်ထိ ဈေးနှုန်းကျဆင်းလာပါသည်။ သခွားမွှေးမှာ ယခင်လတွင် တစ်လုံးလျှင် ၅၀၀၀ကျပ်ရှိခဲ့ရာမှ ယခုလတွင် တစ်လုံးလျှင် ၃၅၀၀ကျပ်မှ ၄၀၀၀ကျပ်ထိ ဈေးနှုန်းကျဆင်းလာပါသည်။

     ပန်းသီးများမှာ အရွယ်အစားအလိုက် တစ်လုံးလျှင် ၁၀၀၀ကျပ်မှ ၃၅၀၀ကျပ်ထိ၊ စပျစ်သီးမှာ အစေ့ပါတစ်ပိဿာလျှင် ၁၄၀၀၀ကျပ်၊ အစေ့လွတ်တစ်ပိဿာလျှင် ၂၀၀၀၀ကျပ်၊ ထောပတ်သီးမှာ တစ်လုံးလျှင် ၇၀၀ကျပ်မှ ၈၀၀ကျပ်ထိ၊ နာနတ်သီး(ဗမာသီး)မှာ တစ်လုံးလျှင် ၂၀၀၀ကျပ်၊ ယိုးဒယားသီးတစ်လုံးလျှင် ၄၀၀၀ကျပ်၊ ပန်းသစ်တော်သီးတစ်လုံးလျှင် ၃၅၀၀ကျပ်မှ ၄၀၀၀ကျပ်ထိဖြစ်၍ ယခင်လနှင့် ဈေးနှုန်းကွာခြားချက်မရှိကြောင်းသိရပါသည်။

DOCA(ပဲခူး)

ပခုက္ကူမြို့ပေါ်ရှိ အောက်တိုဘာလ(ဒုတိယပတ်)တွင်ဖြစ်ပေါ်နေသော စားသုံးဆီဈေးကွက်အခြေအနေ

    မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ပခုက္ကူမြို့ပေါ်၌ ၂၀၂၃ခုနှစ်၊ အောက်တိုဘာလ (ဒုတိယပတ်)တွင် အရောင်းအဝယ်ဖြစ်လျက်ရှိသော စားသုံးဆီဈေးနှုန်းများမှာ ပဲဆုံဆီ လက်ကားတစ်ပိဿာလျှင် ကျပ်(၁၃၀၀၀)၊ လက်လီတစ်ပိဿာလျှင် ကျပ်(၁၄၈၀၀-၁၅၀၀၀)၊ ပဲရောဆီ လက်ကားတစ်ပိဿာလျှင် ကျပ်(၁၁၀၀၀)၊ လက်လီတစ်ပိဿာလျှင် ကျပ်(၁၁၅၀၀)၊ နှမ်းဆီ လက်ကားတစ်ပိဿာလျှင် ကျပ်(၁၂၈၀၀)၊ လက်လီတစ်ပိဿာလျှင် ကျပ်(၁၃၀၀၀)၊ စားအုန်းဆီ လက်ကားတစ်ပိဿာလျှင် ကျပ်(၄၈၀၀)၊ လက်လီတစ်ပိဿာလျှင်ကျပ် (၅၀၀၀/၆၀၀၀)၊ နေကြာဆီ လက်ကားတစ်ပိဿာလျှင် ကျပ် (၁၂၅၀၀)နှင့် လက်လီတစ်ပိဿာလျှင် ကျပ်(၁၃၀၀၀)ဈေးနှုန်းတို့ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိပါသည်။

   အောက်တိုဘာလ(ပထမပတ်)ဈေးနှုန်းတို့နှင့်နှိုင်းယှဉ်ကြည့်လျှင် အောက်တိုဘာလ (ဒုတိယပတ်)တွင် နှမ်းဆီဈေးနှုန်းမှာ ဈေးငြိမ်ပြီး ပဲဆီနှင့်နေကြာဆီဈေးနှုန်းမှာ ဈေးအနည်းငယ်ကျ၍ အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း၊  စားအုန်းဆီဈေးနှုန်းမှာလည်း ယခင်က တစ်ပိဿာလျှင် ကျပ်(၅၀၀၀)မှ ယခုအချိန်၌ တစ်ပိဿာလျှင် ကျပ်(၄၈၀၀)ဖြစ်၍ ဈေးနှုန်းကျဆင်းနေပြီး အရောင်းအဝယ်ဖြစ်နေကြောင်းသိရှိရပါသည်။

   ပခုက္ကူမြို့ရှိ စားသုံးသူများသည် မြေပဲဆီကိုသာအဓိကစားသုံးမှုများပြီး လုပ်ငန်းရှင်များကလည်း မြေပဲဆံ၊ မြေပဲဆီများကို ထုတ်လုပ်ရောင်းဝယ်ဖောက်ကားလျက်ရှိပြီး မြန်မာနိုင်ငံနေရာဒေသအနှံ့အပြားသို့ မြေပဲဆီများ ထုတ်လုပ်တင်ပို့ရောင်းချဖြန့်ဖြူးလျက်ရှိကြောင်းသိရှိရပါသည်။

DOCA(မကွေး)

 

 

သီတင်းကျွတ်ရာသီတွင် စက္ကူမီးပုံးများ ရောင်းအားကောင်းလျက်ရှိ

     မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ပခုက္ကူမြို့၊ အမှတ်(၁၃)ရပ်ကွက်၌ တော်သလင်းလပြည့်ကျော်မှ သီတင်းကျွတ်လဆန်းပိုင်းတို့၌ ရောင်စုံစက္ကူမီးပုံးများ၊ ရောင်စုံစက္ကူကားများ၊ လေယာဉ်ပျံများ၊ သင်္ဘောပုံစံတို့ဖြင့် စက္ကူမီးပုံးများပြုလုပ်၍ တစ်ရာသီ စီးပွားဖြစ်ပြုလုပ်ရောင်းချနေကြောင်း ရပ်ကွက်တွင်းရှိ စက္ကူမီးပုံးပြုလုပ်သူထံမှသိရှိရပါသည်။

     ရောင်စုံစက္ကူမီးပုံများပြုလုပ်ရာတွင် လိုအပ်သောပစ္စာည်းများမှာ ဝါး၊ မှန်ရောင်စက္ကူ၊ ကောက်ညှင်းမှုန့်၊ ဗလာစာအုပ်၊ သစ်သားဘီးလုံး၊ နို့စိမ်းဘူး၊ ပုဆိုးအနည်းငယ်၊ ကြိုးတစ်ထုံး၊ သံကြိုးခွေ တစ်ခွေ၊ လျှာခံပြားများဖြစ်ကြောင်း၊ ဝါးတစ်လုံးလျှင် ကျပ်(၄၀၀၀)၊ ကောက်ညှင်းကော်မှုန့်တစ်ပြည်လျှင် ကျပ်(၂၅၀၀)၊ ရောင်စုံစက္ကူတစ်ချပ်လျှင် ကျပ်(၆၀၀)၊ ဗလာစာအုပ် ဗြောင်အချောတစ်အုပ်လျှင် ကျပ်(၁၅၀၀)၊ သံကြိုးခွေတစ်ပိဿာလျှင် ကျပ်(၂၅၀၀)၊ ပုဆိုးအကျတစ်ကွင်းလျှင် ကျပ်(၅၀၀)၊ သစ်သားဘီးတစ်စုံလျှင် ကျပ်(၈၅)၊ ကြိုးတစ်ထုံးလျှင် ကျပ်(၂၅၀၀)၊ ဖော့လျှာခံတစ်ခုလျှင် ကျပ်(၂၅)၊ စက္ကူဒီဇိုင်းဆွဲရေးခမှာ  ကျပ်(၂၀၀/၃၀၀)ပေးရကြောင်း၊ ဆီစိမ်စက္ကူတစ်ရွက်လျှင် ကျပ်(၁၀၀)ဖြင့် တစ်နေ့လျှင် အခုရေ (၂၀ မှ ၃၀)ထိပြုလုပ်ရကြောင်း၊ အိမ်တွင်းစီးပွားဖြစ် တစ်ပိုင်တစ်နိုင်ပြုလုပ်ရောင်းချနေကြောင်းသိရှိရပါသည်။

  ရောင်စုံစက္ကူမီးပုံးများကို ရေစကြို၊ ပေါက်၊ မြစ်ခြေနှင့် ပဲခူတိုင်းဒေသကြီးသို့လည်းတင်ပို့ရောင်းချမှုရှိကြောင်း၊ ပခုက္ကူမြို့ပေါ်ရှိ မြို့မဈေးကြီး၊ လွတ်လပ်ရေးပန်းခြံ၊ ဗိုလ်ချုပ်ပန်းခြံ၊ ရွှေကူဘုရား၊ ရွှေမုဌောဘုရား၊ ပြန့်ကျဈေးနှင့် သီဟိုဠ်ရှင်ဘုရားကြီးတို့တွင်လည်း ရောင်းချလျက်ရှိကြောင်းသိရှိရပါသည်။

   ရောင်စုံမီးပုံစက္ကူဈေးနှုန်းများမှာ ရိုးရိုးမီးပုံးတစ်ခုးလျှင် ကျပ်(၅၀၀)၊ အသဲပုံသဏ္ဌာန် မီးပုံးတစ်ခုးလျှင် ကျပ်(၁၀၀၀)၊ အိမ်ပုံသဏ္ဌာန် မီးပုံးတစ်ခုလျှင် ကျပ်(၁၅၀၀)၊ ကြယ်ပုံသဏ္ဌာန် မီးပုံးတစ်ခုလျှင် ကျပ်(၁၅၀၀)၊ လေယာဉ်ပျံပုံသဏ္ဌာန် မီးပုံးတစ်ခုလျှင် ကျပ်(၄၅၀၀-၅၀၀၀)၊ သင်္ဘောသဏ္ဌာန် မီးပုံးတစ်ခုလျှင် ကျပ်(၂၅၀၀)၊ ကားပုံသဏ္ဌာန် မီးပုံးတစ်ခုးလျှင် ကျပ်(၂၅၀၀)၊ ယုန်ပုံသဏ္ဌာန် လက်တွန်းမီးပုံးတစ်ခုလျှင် ကျပ်(၂၅၀၀)ဖြင့်ရောင်းချကြောင်း၊ ယခုအခါတွင်  သီတင်းကျွတ်မီးထွန်းရာသီဖြစ်သည့်အတွက် ရောင်းအားကောင်းနေကြောင်း အမှတ်(၁၃) ရပ်ကွက်ရှိ မီးပုံးပြုလုပ်သူထံမှသိရှိရပါသည်။

DOCA(မကွေး)

သရက်မြို့၊ ထုံးတောင်အုပ်စုအတွင်းရှိ စားသုံးသူပြည်သူများအား သက်သာသောဈေးနှုန်းဖြင့် ဆန်များရောင်းချပေး

   စားသုံးသူရေးရာဦးစီးဌာန၊ သရက်ခရိုင်ဦးစီးမှူးရုံးမှ ဒု-ခရိုင်ဦးစီးမှူး ဦးအုန်းမြင့်ဦးဆောင်သောဝန်ထမ်းများသည် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၏ အစီအစဉ်ဖြင့် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ သရက်မြို့ဆန်ကုန်သည်နှင့်ဆန်စက်ပိုင်ရှင်များနှင့်ပူးပေါင်း၍ မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ သရက်မြို့နယ်၌ (၁၄-၁၀-၂၀၂၃)ရက်နေ့၊ နံနက်(၀၈:၀၀) နာရီအချိန်တွင် ထုံးတောင်အုပ်စုအတွင်းရှိ ထုံးတောင်ကျေးရွာနှင့် သဲတောကျေးရွာများမှ စားသုံးသူပြည်သူများအား သက်သာသောဈေးနှုန်းဖြစ်သည့် ဧည့်မထဆန်(၁)ပြည်လျှင် (၂၅၀၀)ကျပ်နှုန်းဖြင့် အိမ်ထောင်စု (၂၄၇)စုတို့အား ရောင်းချပေးခဲ့ပါသည်။

     ထိုသို့ သက်သာသောဈေးနှုန်းဖြင့် ဆန်များရောင်းချပေးနေမှုမှာ သရက်မြို့နယ်အတွင်း (၆)ကြိမ်မြောက်ရောင်းချပေးမှုဖြစ်ပြီး ဆန်(၁၆၈၃)ပြည်ရောင်းချပေးပြီးဖြစ်ကြောင်းနှင့်  ကျန်ရှိနေသေးသည့် သရက်မြို့အတွင်းရှိ ရပ်ကွက်များတွင်လည်း ဆက်လက်ရောင်းချပေးသွားမည်ဖြစ်ကြောင်းသိရှိရပါသည်။

DOCA(မကွေး)

         

သရက်မြို့၊ မြို့မစည်ပင်သာယာဈေး၌ ပလတ်စတစ် Campaign ပြုလုပ်ခြင်းနှင့် အောက်တိုဘာလ (ဒုတိယပတ်)တွင်ဖြစ်ပေါ်နေသော အခြေခံစားကုန်ဈေးနှုန်းများ

   စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်ဦးစီးမှူးရုံးမှ ဝန်ထမ်းများသည် (၁၆-၁၀-၂၀၂၃)ရက်နေ့၊ နံနက်(၀၈:၀၀)နာရီအချိန်တွင် သရက်မြို့၊ မြို့မစည်ပင်သာယာဈေးအတွင်း၌ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာနတို့နှင့်ပူးပေါင်း၍ အသားငါးရောင်းချနေသော ဈေးတန်းတစ်လျှောက်နှင့် ကုန်စိမ်းရောင်းချသောဈေးသည်များအား  ပလတ်စတစ်လျော့ချအသုံးပြုစေရေး၊ အင်ဖက်အစားထိုးအသုံးပြုစေရေး အပတ်စဉ်ဆောင်ရွက်လျက်ရှိသော ပလတ်စတစ် Campaign ပြုလုပ်ဆောင်ရွက်ခဲ့ကြပါသည်။

   ထို့နောက် အောက်တိုဘာလ (ဒုတိယပတ်)အတွင်းဖြစ်ပေါ်လျက်ရှိသော အခြေခံစားသောက်ကုန်ဈေးနှုန်းတို့ကို သွားရောက်မေးမြန်းစုံစမ်းရာ အာလူး (အကြီး၊အသေး) အရွယ်အစားအလိုက် (၁)ပိဿာလျှင် ကျပ်(၂၄၀၀ မှ ၂၈၀၀)၊ ကြက်သွန်ဖြူ (အကြီး၊အသေး) (၁)ပိဿာလျှင် ကျပ်(၈၀၀၀မှ ၈၅၀၀)၊ ကြက်သွန်နီ (အသေး၊ အလတ်၊ အကြီး)(၁)ပိဿာလျှင် ကျပ်(၂၇၀၀၊ ၃၀၀၀၊ ၃၅၀၀)၊ ကုလားပဲခွဲခြမ်း (၁)ပိဿာလျှင် ကျပ်(၆၅၀၀မှ ၆၈၀၀)၊ ငရုတ်စို(အမှည့်)(၁)ပိဿာလျှင် ကျပ် (၃၀၀၀မှ ၃၅၀၀)၊ ငရုတ်ခြောက် (၁)ပိဿာလျှင် ကျပ်(၁၈၀၀၀မှ ၂၀၀၀၀)၊ သရက်မြို့နယ်၊ ကျေးရွာများမှထွက်ရှိသော ခရမ်းချဉ်သီး (တိုင်ထောင်သီး) (၁)ပိဿာလျှင် ကျပ်(၁၅၀၀မှ ၁၈၀၀)၊ ကြက်သား(CP) (၁)ပိဿာလျှင် ကျပ် (၁၀၀၀၀မှ ၁၂၀၀၀)၊ ကြက်သား (ဗမာ) (၁)ပိဿာလျှင် ကျပ်(၁၆၀၀၀)၊ ဝက်သား (၁)ပိဿာလျှင် ကျပ် (၁၃၀၀၀)၊ အမဲသား (၁)ပိဿာလျှင် ကျပ်(၁၃၀၀၀)၊ ဆိတ်သား (၁)ပိဿာလျှင် ကျပ်(၁၆၀၀၀)၊ ငါးကြင်း(၁)ပိဿာလျှင် အကောင်အကြီး/အသေးအလိုက် ကျပ်(၁၀၀၀၀မှ ၁၅၀၀၀)၊ ပေါ်ဆန်းမွှေးဆန် (ပုသိမ်) (၁)ပြည်လျှင် ကျပ်(၄၅၀၀မှ ၄၈၀၀)၊ ဧရာပဒေသာဆန်(ပုသိမ်) (၁)ပြည်လျှင် ကျပ်(၄၁၀၀မှ ၄၂၀၀)၊ မနောသုခဆန်(၁)ပြည်လျှင် ကျပ်(၃၂၀၀မှ ၃၃၀၀)၊ မှော်ဘီဆန်(၁)ပြည်လျှင် ကျပ် (၃၅၀၀မှ၃၆၀၀)၊ ပဲဆီ(၁)ပိဿာလျှင် ကျပ်(၁၄၀၀၀မှ ၁၆၀၀၀)၊ နှမ်းဆီ(၁)ပိဿာလျှင် ကျပ် (၁၄၀၀၀မှ ၁၆၀၀၀) စသည်ဖြင့် ဈေးနှုန်းအသီးသီးရှိခဲ့ကြောင်းနှင့် ခရမ်းချဉ်သီးဈေးနှုန်းမှာ အနည်းငယ်မြင့်တက်လျက်ရှိပြီး အခြားသောအခြေခံစားသောက်ကုန်နှင့် အသားငါးဈေးနှုန်းမှာ ယခုအပတ်အတွင်း ဈေးနှုန်းအနည်းငယ်ကျဆင်းလျက်ရှိပြီး နေ့စဉ် ပုံမှန်အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း မြို့မစည်ပင်သာယာဈေးအတွင်းရှိ ဈေးသည်များထံမှသိရှိရပါသည်။

DOCA(မကွေး)         

 

ချောက်မြို့မစျေးအတွင်းရောင်းချနေသော ရေထွက်ပစ္စည်းစျေးနှုန်းအခြေအနေ

     မကွေးတိုင်းဒေသကြီး၊ ချောက်ခရိုင်၊ ချောက်မြို့နယ်ရှိ မြို့မဈေးသည် ပတ်ဝန်းကျင်ကျေးရွာများမှ နေ့စဉ် လာရောက်သည့်အပြင် ဆိပ်ဖြူနှင့်ယောဒေသမှ စားသုံးသူများကလည်း လာရောက်ရောင်းဝယ်ဖောက်ကားရာဈေးဖြစ်ပါသည်။ ရေထွက်ကုန်များကို ရန်ကုန်ဘုရင့်နောင်ပွဲရုံမှ မှာယူရောင်းချကြောင်းသိရပါသည်။

    ၂၀၂၃ခုနှစ်၊ အောက်တိုဘာလ (တတိယပတ်)အတွင်း ချောက်မြို့မဈေး၌ရောင်းချနေသော ရေထွက်ကုန်ပစ္စည်းစျေးနှုန်းများမှာ ပုစွန်ခြောက် (၁)ပိဿာလျှင် ကျပ်(၆၅၀၀၀)၊ ငါးပုတ်သင်အသေး (၁)ပိဿာလျှင် ကျပ်(၈၅၀၀)၊ ငါးပုတ်သင်အကြီး(၁)ပိဿာလျှင် ကျပ်(၁၇၀၀၀)၊ ငါးရံ့လုံး(၁) ပိဿာလျှင် ကျပ်(၃၇၀၀၀)၊ ငါးတံခွန် (၁)ပိဿာလျှင် ကျပ်(၁၀၀၀၀)၊ ငါးမဲလုံး (၁)ပိဿာလျှင် ကျပ် (၁၄၅၀၀)၊ ငါးအသားမျှင်(၁)ပိဿာလျှင် ကျပ် (၂၃၀၀၀)၊ ငါးနီတူခြောက် (၁)ပိဿာလျှင် ကျပ် (၁၆၅၀၀)၊ ငါးကြီးခြောက်(၁)ပိဿာလျှင် ကျပ်(၆၀၀၀၀)၊ ငါးဇင်းလုံး(၁)ပိဿာလျှင် ကျပ်(၉၀၀၀)၊ ငါးဇင်းပြား (၁)ပိဿာလျှင် ကျပ်(၁၃၅၀၀)၊ မြီးဆံသွယ်(၁)ပိဿာလျှင် ကျပ်(၉၀၀၀) စျေးနှုန်းတို့ဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်း လေ့လာသိရှိရပါသည်။

DOCA(မကွေး)

 

မြင်းခြံခရိုင်အတွင်း၌ ဈေးကားဖြင့် စားအုန်းဆီများ လက်လီရောင်းချပေး

  မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံခရိုင်၊ စားသုံးသူရေးရာဦးစီးဌာနနှင့် မြင်းခြံခရိုင်ဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်များအသင်းတို့သည် ၂၀၂၃ခုနှစ်၊ စက်တင်ဘာလ(၁၂)ရက်နေ့တွင်  စားသုံးသူပြည်သူများ ကျန်းမာရေးနှင့်ညီညွတ်သောစားသုံးဆီများကို ဈေးနှုန်းသက်သာစွာဝယ်ယူစားသုံးနိုင်ရေးတို့အတွက် မြင်းခြံမြို့၊ အမှတ်(၁၇)ရပ်ကွက်၌ လူတစ်ဦးလျှင် တစ်ပိဿာနှုန်းဖြင့် လူဦးရေ (၅၅၀)ဦးအတွက် စားအုန်းဆီပိဿာချိန် (၅၅၀) ပိဿာကို တစ်ပိဿာလျှင် (၄၇၅၀)ကျပ်နှုန်းဖြင့် ရောင်းချပေးခဲ့ပါသည်။ အလားတူ ညောင်ဦးခရိုင်၊ ကျောက်ပန်းတောင်းမြို့နယ်ရှိ စီရင်စုကျေးရွာမှာလည်း ၂၀၂၃ခုနှစ်၊ စက်တင်ဘာလ(၁၂)ရက်နေ့၊ နံနက်ပိုင်းတွင် လူဦးရေ (၅၅၀)ဦးအတွက် စားအုန်းဆီပိဿာချိန် (၅၅၀)ပိဿာကို တစ်ပိဿာလျှင် (၄၇၅၀)ကျပ်နှုန်းဖြင့်လည်းကောင်း၊ နေ့လယ်ပိုင်းတွင် ညောင်ကန်ကျေးရွာရှိ လူဦးရေ (၅၅၀)ဦးအတွက်  စားအုန်းဆီပိဿာချိန်ိ(၅၅၀)ကို တစ်ပိဿာလျှင် (၄၇၅၀) ကျပ်နှုန်းဖြင့် စားသုံးသူပြည်သူများအား အခြေခံရည်ညွှန်းဈေးဖြင့် လက်လီရောင်းချပေးခဲ့ပြီး ဈေးနှုန်းများအဆမတန်မြှင့်တင်ရောင်းချခြင်းများမပြုလုပ်ကြရန် ကြီးကြပ်ဆောင်ရွက်ခဲ့ကြောင်းသိရှိရပါသည်။

DOCA(မန္တလေး)

 

ကြက်သွန်နီဈေးနှုန်းနှင့် တင်ပို့မှုအခြေအနေ

     မန္တလေးတိုင်း‌ဒေသကြီး၊ မြင်းခြံခရိုင်၏ ၂၀၂၃ခုနှစ်၊ အောက်တိုဘာလ(ပထမပတ်)တွင် ကြက်သွန်နီဈေးနှုန်းမှာ အကြီးတစ်ပိဿာလျှင် (၂၅၀၀) ကျပ်မှ (၂၇၀၀)ကျပ်ထိရှိပြီး အလတ်တစ်ပိဿာလျှင် (၂၂၀၀)ကျပ်မှ (၂၄၀၀)ကျပ်ဖြစ်ပြီး အသေးတစ်ပိဿာလျှင် (၁၈၀၀)ကျပ်မှ (၂၀၀၀)ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ပါသည်။ အောက်တိုဘာလ ဒုတိယအပတ်တွင် အကြီးတစ်ပိဿာလျှင် (၂၆၀၀)ကျပ်မှ (၂၈၀၀)ကျပ်ထိရှိပြီး အလတ်စတစ်ပိဿာလျှင် (၂၃၀၀)ကျပ်မှ (၂၅၀၀)ကျပ်ထိ၊ အသေးစတစ်ပိဿာလျှင် (၂၀၀၀)ကျပ်မှ (၂၂၀၀)ကျပ်ဖြင့်အရောင်းအဝယ်ဖြစ်ခဲ့ကြောင်းသိရှိရပါသည်။ အရည်အသွေးကောင်းပြီး အရွယ်အစားဖွံဖြိုးသောကြောင့် ယခုအပတ်တွင် ဆိုဒ်စုံဈေးနှုန်းတစ်ပိဿာလျှင် (၁၀၀)ကျပ်မှ (၂၀၀)ကျပ်ထိဖြစ်၍ ဈေးအနည်းငယ်မြင့်တက်ခဲ့ပါသည်။

    မြင်းခြံခရိုင်အတွင်းရှိ ကန်ဆင့်ရွာ၊ ဗလုံရွာ၊ ဖောင်းကားရွာ၊ လက်ဝဲရွာ၊ မြင်းနီရွာ၊ နနွင်းတော်ဘိုးရွာ၊ တလုပ်မြို့ရွာနှင့် ကိုင်းရွာများမှထွက်ရှိသော ကြက်သွန်နီများမှာ အရည်အသွေးကောင်းပြီး သိုလှောင်ရာတွင် အထားခံသောကြောင့် ဈေးကောင်းရရှိပါသည်။ ကြက်သွန်နီထွက်ရှိသောကျေးရွာများမှ ပွဲရုံများသို့ နေ့စဉ် ပျမ်းမျှအားဖြင့် ကုန်ချိန်ပိဿာ (၅၀၀၀၀) ပိဿာမှ (၆၀၀၀၀) ပိဿာကျော်ဝင်ရောက်လေ့ရှိကြောင်း၊ အရည်အသွေးပေါ်မူတည်၍ ဈေးနှုန်းရရှိကြောင်းနှင့် တင်ပို့မှုအနေဖြင့် မြင်းခြံမြို့မှ မန္တလေး၊ ရန်ကုန်၊ နေပြည်တော်၊ မော်လမြိုင်၊ မူဆယ်မြို့များသို့ အပတ်စဉ် တင်ပို့လျက်ရှိကြောင်းသိရှိရပါသည်။

DOCA(မန္တလေး)

တရုတ်သို့ သွားဖို့ပြင်ဆင်နေတဲ့ မြန်မာ့ပြောင်း

  ယခုနှစ်အတွင်း တရုတ်နိုင်ငံသို့ ပြောင်းတန်ချိန် လေးသိန်းခန့် တင်ပို့နိုင်ရန်ခန့်မှန်းထားတယ်လို့ မြန်မာနိုင်ငံပြောင်းလုပ်ငန်းရှင်များထံမှ သိရှိရပါတယ်၊ ယခင်စက်တင်ဘာလအတွင်းကလည်း လွယ်ဂျယ်နယ်စပ် ကုန်သွယ်ရေးစခန်းကနေ တရုတ်သို့ ပြောင်းတန်ချိန် ၁၂၅၀ တန်နဲ့ ချင်းရွှေဟော် နယ်စပ်ကုန်သွယ်ရေးစခန်းကနေ ၂၂၉၄ တန် တင်ပို့ခဲ့ပြီးဖြစ်တယ်လို့ သိရပါတယ်။

    မြန်မာနိုင်ငံက ထွက်ရှိတဲ့ ပြောင်းတွေကို ယခင်က ထိုင်းနိုင်ငံကိုအများဆုံးတင်ပို့တာဖြစ်ပေမဲ့ အခွန်ကင်းလွှတ်ခွင့် ကာလကျော်လွန်သွားပြီ ဖြစ်တာကြောင့်  စက်တင်ဘာလအတွင်းကစပြီး၊ သိသိ သာသာလျော့သွားတယ်လို့ ဆိုပါတယ်၊ ဒါကြောင့် အခု စက်တင်ဘာလ ကစပြီး တရုတ်နိုင်ငံသို့ ပြောင်းတင်ပို့ဖို့ ဈေးကွက်ရှာဖွေခဲ့ခြင်းဖြစ်ပြီး၊ ဘိန်းအစားထိုး ပြောင်းသီးနှံအပြင် GACC နဲ့ပါ တင်ပို့ဖို့ လုပ်ဆောင်နေတာလို့ သိရပါတယ်၊ မြန်မာ့ထွက်ကုန် ပြောင်းသီးနှံကို တရုတ်ဈေးကွက်အပြင် ဗီယက်နမ်နဲ့ ဖိလစ်ပိုင်နိုင်ငံတွေကိုလည်း တင်ပို့ဖို့ ဆောင်ရွက်နေတယ်လို့လည်း ဆိုပါတယ်။

   မြန်မာနိုင်ငံမှာ နှစ်စဉ် ပြည်တွင်း သုံးစွဲမှုဟာ ပြောင်းတန်ချိန် ၁သန်းဝန်းကျင်ခန့်ရှိပြီး၊ ၂၀၂၃ ခုနှစ်အတွင်းမှာ တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ ပြောင်းတန်ချိန် ၃ သိန်းဝန်းကျင်ထွက်ရှိနိုင်တယ်လို့ ပြောင်းလုပ်ငန်းရှင်တွေက ခန့်မှန်းထားတယ်လို့လည်း သိရှိရပါတယ်။

DOCA(ရှမ်း)

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း