ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

ရွှေဘိုမြို့၌ ယခင်အပတ်ထက် ဈေးနှုန်းအနည်းငယ်ပိုလာသည့် အစေ့ထုတ်ပြောင်း

  စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ရွှေဘိုခရိုင်ဦးစီးမှူးရုံးအနေဖြင့် ကုန်စည်ဒိုင်များ၏ သီးနှံဈေးနှုန်းများနှင့် အရောင်းအဝယ်ဖြစ်မှု တင်း/တန်စာရင်းတို့ကို အပတ်စဉ်၊ လစဉ်တင်ပြလျက်ရာ ၂၀၂၃ခုနှစ်၊ အောက်တိုဘာလ၊ ဒုတိယအပတ်အတွင်း အရောင်းအဝယ်ဖြစ်သည့် သီးနှံနှင့်ဈေးနှုန်းအခြေအနေများကို ရွှေဘိုမြို့၊ ပဲ၊ နှမ်းကုန်စည်ဒိုင်ရှိ တာဝန်ရှိသူများနှင့်ဆက်သွယ်မေးမြန်းခဲ့ပါသည်။ အစေ့ထုတ်ပြောင်းမှာ စက်တင်ဘာလ၊ တတိယအပတ်မှစတင်၍ ရွှေဘိုဈေးကွက်သို့ဝင်ရောက်ခဲ့ပြီး အောက်တိုဘာလ၊ ဒုတိယအပတ်တွင် အရောင်းအဝယ်ဖြစ်သည့်ဈေးနှုန်းမှာ အစေ့ထုတ်ပြောင်းတစ်တင်းလျှင် (၁၆၂၀ဝိ/-)ကျပ်ပေါက်ဈေးရှိပြီး တစ်ပတ်အတွင်း အရောင်းအဝယ်ဖြစ်မှုမှာ (၂၇၀၀)တင်း/ (၆၇)တန်ဖြစ်ကြောင်း၊ ယခင်အပတ်နှင့် ယခုအပတ်တို့တွင် အရောင်းအဝယ်ဖြစ်သည့်ဈေးနှုန်းတို့ကိုနှိုင်းယှဉ်ပါက ယခင်အပတ်၌ အစေ့ထုတ်ပြောင်းတစ်တင်းလျှင် (၁၆၀၀ဝိ/-)ကျပ်ပေါက်ဈေးသာရှိခဲ့သဖြင့် ယခုအပတ်တွင် ယခင်အပတ်ထက် အစေ့ထုတ်ပြောင်းတစ်တင်းလျှင် (၂၀ဝိ/-) ကျပ်ဈေးပိုခဲ့ကြောင်း၊  ယခင်နှစ်ကာလတူနှင့် အရောင်းအဝယ်ဖြစ်သည့်ဈေးနှုန်းတို့ကိုနှိုင်းယှဉ်ပါက ယခင်နှစ်ကာလတူ၌ အစေ့ထုတ်ပြောင်းတစ်တင်းလျှင် (၁၇၀၀ဝိ/-)ကျပ်ပေါက်ဈေးရှိခဲ့သဖြင့် ယခုနှစ်တွင် ယခင်နှစ်ကာလတူအောက် အစေ့ထုတ်ပြောင်းတစ်တင်းလျှင် (၈၀ဝ/-) ကျပ်ဈေးလျော့နည်းခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

ကန့်ဘလူ၊ ကျွန်းလှမြို့တို့တွင် ရောင်းချနေသော အခြေခံစားကုန်များ၏ဈေးနှုန်းအခြေအနေ (အောက်တိုဘာဘာလ ဒုတိယအပတ်)

    ၂၀၂၃ခုနှစ်၊ အောက်တိုဘာလ ဒုတိယအပတ်အတွင်း ကန့်ဘလူ၊ ကျွန်းလှမြို့တို့တွင် အခြေခံစားသောက်ကုန်ဈေးနှုန်းများမှာ ရွှေဘိုပေါ်ဆန်းတစ်ပြည်လျှင် (၅၂၀၀)ကျပ်၊ ဧရာမင်းတစ်ပြည်လျှင် (၅၅၀၀)ကျပ်ဖြင့်တည်ငြိမ်ပြီး အရောင်းအဝယ်ဖြစ်ခဲ့သည်။ ကြက်သွန်နီ လက်လီဈေးမှာ အလုံးအကြီး/အသေးပါ်မူတည်၍ တစ်ပိဿာလျှင် (၂၅၀၀/၃၀၀၀)ကျပ်၊ ကြက်သွန်ဖြူ လက်လီဈေးမှာ(ဗမာ) အလုံးကြီးတစ်ပိဿာလျှင် (၁၀၀၀၀)ကျပ်၊ အလုံးသေးတစ်ပိဿာလျှင် (၉၀၀၀)ကျပ်၊ ကြက်သွန်ဖြူ (ကြူကုတ်) တစ်ပိဿာလျှင် (၉၀၀၀) ကျပ်၊ ချင်းတစ်ပိဿာလျှင် (၆၀၀၀/၈၀၀၀) ကျပ်၊ ငရုတ်သီးခြောက်တစ်ပိဿာလျှင် (၁၇၀၀၀/၁၈၀၀၀)ကျပ်၊ အာလူးတစ်ပိဿာလျှင် အလုံးအသေး/အကြီးအလိုက် တစ်ပိဿာလျှင် (၂၅၀၀/၂၇၀၀)ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်ခဲ့သည်။

    ငရုတ်သီးစိမ်းတစ်ပိဿာလျှင် (၃၀၀၀)ကျပ်၊ ခရမ်းချဉ်သီးတစ်ပိဿာလျှင် အကြီး/ အသေးပေါ်မူတည်ပြီး (၁၅၀၀/၁၇၀၀)ကျပ်၊ ခရမ်းသီးတစ်ပိဿာလျှင် (၂၀၀၀) ကျပ်၊ ပန်းဂေါ်ဖီတစ်ပွင့်လျှင်  (၂၀၀၀) ကျပ်၊ ဂေါ်ဖီထုပ်တစ်ထုပ်လျှင် (၁၅၀၀) ကျပ်၊ ခါကြက်ဥ(တရုတ်) တစ်ပိဿာလျှင် (၅၅၀၀)ကျပ်၊ ခါကြက်ဥ (ဗမာ) တစ်ပိဿာလျှင် (၃၅၀၀)ကျပ်၊ သံပရာသီးတစ်လုံးလျှင် (၅၀) ကျပ်မှ (၁၀၀) ကျပ်၊ ကန်စွန်းရွက်တစ်စည်းလျှင် (၁၅၀) ကျပ်၊ ပဲတောင့်ရှည်တစ်စည်းလျှင် (၃၀၀)ကျပ်နှုန်းဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ကြောင်းသိရှိရပါသည်။

     ကြက်ဥ လက်လီဈေးနှုန်းမှာ (အကြီး)တစ်လုံးလျှင် (၂၇၀)ကျပ်၊ (အသေး)တစ်လုံးလျှင် (၂၅၀) ကျပ်၊ ဘဲဥတစ်လုံးလျှင် (၃၀၀)ကျပ်ရှိသည်။  ကန့်ဘလူ၊ ကျွန်းလှမြို့တို့၏ အသားငါးဈေးနှုန်းများမှာ ကြက်သား(cp)တစ်ပိဿာလျှင် (၁၂၀၀၀ )ကျပ်၊ ကြက်သား(ဗမာ)တစ်ပိဿာလျှင် (၁၂၅၀၀)ကျပ်၊ ဝက်သားတစ်ပိဿာလျှင် (၁၇၀၀၀/၁၈၀၀၀) ကျပ်၊ အမဲသားတစ်ပိဿာလျှင် (၁၁၀၀၀) ကျပ်မှ (၁၄၀၀၀) ကျပ်၊ ငါးကြင်းအကောင်လိုက်နှင့် ငါးကြင်းခုတ်သားဈေးနှုန်းမှာ တစ်ပိဿာလျှင် (၉၀၀၀) ကျပ်မှ (၁၆၀၀၀) ကျပ်၊ တီလားဗီးယားငါးအသေးတစ်ပိဿာလျှင် (၅၀၀၀)ကျပ်၊ အကြီးတစ်ပိဿာလျှင် (၇၀၀၀) ဖြင့် အရောင်းအဝယ်ဖြစ်ခဲ့သည်။

     စားသုံးဆီဈေးနှုန်းမှာ မြေပဲဆီသန့်တစ်ပိဿာလျှင် (၁၄၀၀၀)ကျပ်၊ စားအုန်းဆီတစ်ပိဿာလျှင် (၅၂၀၀) ကျပ်ဖြင့်အရောင်းအဝယ်ဖြစ်ခဲ့ကြောင်းသိရသည်။

  အောက်တိုဘာလ ဒုတိယအပတ်တွင်ဖြစ်ပေါ်နေသော အခြေခံစားသောက်ကုန်ဈေးနှုန်းများကို ယခင်အပတ်ဈေးနှုန်းများနှင့်နှိုင်းယှဉ်ကြည့်လျှင် အခြားအခြေခံစားကုန်ဈေးနှုန်းများမှာ ကွာဟမှုမရှိကြောင်းနှင့် အသီးအရွက်ဈေးများလည်းတည်ငြိမ်ခဲ့ကြောင်း၊ အသားဈေးများထဲမှ ကြက်သားဈေးနှုန်းအနည်းငယ်လျော့ကျပြီး အခြားအသားငါးဈေးနှန်းများမှာ တည်ငြိမ်လျက်ရှိနေကြောင်း ကန့်ဘလူမြို့မဈေးရှိ ဈေးရောင်းချသူများထံမှသိရှိရပါသည်။

DOCA(စစ်ကိုင်း)

 

 

 

ရွှေဘိုမြို့တွင်ရောင်းချနေသော အခြေခံစားကုန်ဈေးနှုန်းများအခြေအနေ

    ၂၀၂၃ခုနှစ်၊ အောက်တိုဘာလ ဒုတိယအပတ်အတွင်း ရွှေဘိုမြို့နယ်တွင်ဖြစ်ပေါ်လျက်ရှိသော  အခြေခံစားသောက်ကုန်ဈေးနှုန်းများမှာ ရွှေဘိုပေါ်ဆန်းဆန်တစ်ပြည်လျှင် ၅၂၀၀ကျပ်၊ ဧရာမင်းဆန်တစ်ပြည်လျှင် ၅၇၀၀ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိသည်။ ကြက်သွန်နီလက်လီဈေးမှာ (ကြီး) တစ်ပိဿာလျှင် ၃၅၀၀ကျပ်၊ (လတ်) တစ်ပိဿာလျှင် ၃၀၀၀ကျပ်၊ (သေး)တစ်ပိဿာလျှင် ၂၇၀၀ကျပ်နှုန်းဖြင့်လည်းကောင်း၊ ကြက်သွန်ဖြူလက်လီဈေးမှာ (ဗမာ)တစ်ပိဿာလျှင် ၁၁၀၀၀ကျပ်မှ ၁၃၀၀၀ကျပ်ထိ၊ ရှမ်းကြက်သွန်ဖြူတစ်ပိဿာလျှင် ၉၀၀၀ကျပ်မှ ၁၀၀၀၀ကျပ်ထိ၊ (ကြူကုပ်) တစ်ပိဿာလျှင် ၉၀၀၀ကျပ်မှ ၁၀၀၀၀ကျပ်ထိ၊ ချင်းတစ်ပိဿာလျှင် ၆၀၀၀ကျပ်၊ ငရုတ်သီးခြောက်တစ်ပိဿာလျှင် အမျိုးအစားအလိုက် ၁၇၀၀၀ကျပ်မှ ၁၈၀၀၀ကျပ်ထိ၊ အာလူးတစ်ပိဿာလျှင် ၂၈၀၀ကျပ်မှ ၃၆၀၀ကျပ်ထိ၊ ခရမ်းချဉ်သီးတစ်ပိဿာလျှင် ၂၀၀၀ကျပ်ဖြင့်လည်းကောင်း အရောင်းအဝယ်ဖြစ်ခဲ့ပါသည်။

       ကြက်ဥ လက်လီဈေးနှုန်းမှာ (ကြီး)တစ်လုံးလျှင် ၃၀၀ကျပ်၊ (သေး) တစ်လုံးလျှင် ၂၅၀ကျပ်၊ ဘဲဥ (ကြီး) တစ်လုံးလျှင် (၃၅၀)ကျပ်၊ (သေး)တစ်လုံးလျှင် (၃၀၀)ကျပ်ရှိသည်။ ရွှေဘိုမြို့၏ အသားငါးဈေးနှုန်းများမှာ ကြက်သား(CP)  တစ်ပိဿာလျှင် ၁၀၀၀၀ကျပ်မှ ၁၂၀၀၀ကျပ်ထိ၊ ကြက်သား (ဗမာ)တစ်ပိဿာလျှင် ၁၃၀၀၀ကျပ်မှ ၁၅၀၀၀ကျပ်ထိ၊  ဝက်သားတစ်ပိဿာလျှင် ၂၀၀၀၀ကျပ်မှ ၂၂၀၀၀ကျပ်ထိ၊ အမဲသားတစ်ပိဿာလျှင် ၁၄၀၀၀ကျပ်မှ ၁၆၀၀၀ကျပ်ထိ၊  ငါးမြစ်ချင်းတစ်ပိဿာလျှင် ၇၅၀၀ကျပ်၊ ငါးကြင်းတစ်ပိဿာလျှင် ၇၀၀၀ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ကြောင်းသိရသည်။

       စားသုံးဆီဈေးနှုန်းများမှာ ပဲဆီသန့်တစ်ပိဿာလျှင် ၁၄၀၀၀ကျပ်၊  စားအုန်းဆီတစ်ပိဿာလျှင် ၅၀၀၀ကျပ်နှင့် နှမ်းဆီတစ်ပိဿာလျှင် ၁၄၀၀၀ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ကြောင်းသိရှိရပါသည်။

DOCA(စစ်ကိုင်း)

         

                            

တိုင်းဒေသကြီး/ပြည်နယ်များ၏ စပါးဆန်ဈေးနှုန်းများအား ယခင်နှစ်၊ ယခင်လ၊ ယနေ့ ကာလတူ နှိုင်းယှဉ်ပြုစုတင်ပြခြင်း( ၁၉.၁၀.၂၀၂၃ )

    ၁၉.၁၀.၂၀၂၃ ရက်နေ့တွင်  တိုင်းဒေသကြီး/ပြည်နယ်များ၏ စပါးဆန် ဈေးနှုန်းများအား ယခင်နှစ်၊ ယခင်လ၊ ယနေ့ ကာလတူ နှိုင်းယှဉ်ချက်အား အောက်ပါ .pdf တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။

တိုင်းဒေသကြီး/ပြည်နယ်များရှိ ကုန်စည်ဒိုင်များတွင် ဖြစ်ပေါ်နေသော မတ်ပဲ၊ ပဲတီစိမ်း နှင့် ပဲစဉ်းငုံတစ်တန် ဈေးနှုန်းများအား ယခင်နှစ်၊ ယခင်လ၊ ယခင်အပတ်၊ ယခင်နေ့၊ ကာလတူ ဈေးနှုန်းစာရင်း( ၁၉.၁၀.၂၀၂၃ )

    ၁၉.၁၀.၂၀၂၃ ရက်နေ့တွင်  တိုင်းဒေသကြီး/ပြည်နယ်များရှိ ကုန်စည်ဒိုင်များတွင် ဖြစ်ပေါ်နေသော မတ်ပဲ၊ ပဲတီစိမ်း နှင့် ပဲစဉ်းငုံ တစ်တန် ဈေးနှုန်းများအား ယခင်နှစ်၊ ယခင်လ၊ ယခင်အပတ်၊ ယခင်နေ့၊ ကာလတူ ဈေးနှုန်းစာရင်းအား နှိုင်းယှဉ်ချက်အား အောက်ပါ .pdf တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။

တိုင်းဒေသကြီးနှင့်ပြည်နယ် မြို့နယ်အလိုက် ဆန်၊ ဆီ၊ မီးဖိုချောင်သုံး ပစ္စည်းများ၊ သားငါး၊ စက်သုံးဆီ၊ ရွှေ၊ ဒေါ်လာ ဈေးနှုန်းများ( ၁၉.၁၀.၂၀၂၃ )

    ၁၉.၁၀.၂၀၂၃ ရက်နေ့တွင် တိုင်းဒေသကြီးနှင့်ပြည်နယ် မြို့နယ်အလိုက် ဆန်၊ ဆီ၊ မီးဖိုချောင်သုံးပစ္စည်းများ၊ သားငါး၊ စက်သုံးဆီ၊ ရွှေ၊ ဒေါ်လာ ဈေးနှုန်းများအား အောက်ပါ .pdf တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်-

ကန့်ဘလူမြို့တွင်ရောင်းချလျက်ရှိသော သစ်သီးဝလံဈေးနှုန်းများ

     ကန့်ဘလူမြို့တွင်ရောင်းချနေသော သစ်သီးဝလံများမှာ ကန့်ဘလူမြို့နယ်၊ ကျွန်းလှမြို့နယ်၊ မြစ်ကြီးနားမြို့နှင့် မန္တလေးမြို့ရှိ သစ်သီးပွဲရုံများမှ ဝင်ရောက်လာသောသစ်သီးများဖြစ်သည်။

   ၂၀၂၃ခုနှစ်၊ အောက်တိုဘာလ ဒုတိယအပတ်တွင်ဖြစ်ပေါ်နေသော သစ်သီးဝလံဈေးနှုန်းများမှာ ဆီးပန်းသီး (၁)ပိဿာလျှင် (၁၂၀၀၀)ကျပ်၊ ပန်းသီး(ရိုးရိုး) အသေး(၁)လုံးလျှင် (၃၀၀မှ ၅၀၀)ကျပ်ထိ၊ ပန်းသီး(ရိုးရိုး) အကြီး(၁)လုံးလျှင် (၁၀၀၀မှ ၁၅၀၀)ကျပ်ထိ၊ စပျစ်သီး(အလုံးသေး) (၁)ပိဿာလျှင် (၁၂၀၀၀)ကျပ်၊  စပျစ်သီး (အလုံးကြီး) (၁)ပိဿာလျှင် (၂၀၀၀၀)ကျပ်၊  ပန်းသစ်တော်သီး(၁)လုံးလျှင် (၃၀၀၀)ကျပ်၊  ဖီးကြမ်းငှက်ပျောသီး(၁)ဖီးလျှင် (၁၀၀၀)ကျပ်၊ ခွန်စိမ်းရိုးရိုး (၁)ဖီးလျှင် (၁၃၀၀)ကျပ်၊ ဖရဲသီး(၁)လုံးလျှင် (၃၅၀၀)ကျပ်၊ သခွားမွှေး(၁)လုံးလျှင် (၂၅၀၀မှ ၃၅၀၀)ကျပ်ထိ၊  နဂါးမောက်သီး(၁)လုံးလျှင် (၁၀၀၀)ကျပ်၊ မက်မန်းသီး(၁)ပိဿာလျှင် (၄၅၀၀) ကျပ်၊ နာနတ်သီး(၁)လုံးလျှင် (၂၀၀၀မှ ၂၅၀၀)ကျပ်ထိ၊ ရှောက်ပန်းသီး(၁)လုံးလျှင် (၁၅၀၀)ကျပ်၊ တည်သီး(၁)လုံးလျှင် (၁၀၀၀)ကျပ်ဖြင့် အသီးသီးအရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း ကန့်ဘလူမြို့တွင်ရောင်းချလျက်ရှိသော သစ်သီးဆိုင်များမှ သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

ကန့်ဘလူမြို့၏ အောက်တိုဘာလ ဒုတိယအပတ်တွင်ဖြစ်ပေါ်လျက်ရှိသော ငါးဈေးနှုန်းများ

   စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ကန့်ဘလူမြို့နယ်တာဝန်ခံရုံးအနေဖြင့် “ပြည်တွင်းကုန်သွယ်မှုဖွံ့ဖြိုးရေးနှင့် စားသုံးသူကာကွယ်ရေးလုပ်ငန်းများဖြင့် နိုင်ငံ့စီးပွားရေးဖွံ့ဖြိုးတိုးတက်ရန်” ဆိုသည့် ဌာန၏မျှော်မှန်းချက်တာဝန်ကို ထိရောက်စွာအကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပါသည်။ သို့ဖြစ်၍ ပြည်တွင်းကုန်ဈေးနှုန်းများကိုကောက်ယူခဲ့ရာ ကန့်ဘလူမြို့၊ မြို့မစည်ပင်သာယာဈေးတွင် ငါးမျိုးစုံရောင်းချလျက်ရှိပြီး ၂၀၂၃ခုနှစ်၊ အောက်တိုဘာလ ဒုတိယပတ်အတွင်းဖြစ်ပေါ်နေသော ငါးလက်လီဈေးနှုန်းများမှာ ငါးရံ့အကောင်လိုက်တစ်ပိဿာလျှင် (၁၂၀၀၀)ကျပ်၊ တီလားဗီးယားအကောင်သေးတစ်ပိဿာလျှင် (၅၀၀၀)ကျပ်၊ တီလားဗီးယားအကောင်ကြီးတစ်ပိဿာလျှင် (၇၀၀၀)ကျပ်၊ ငါးကြင်းတစ်ပိဿာလျှင် (၉၀၀၀)ကျပ်၊ ငါးဖယ်တစ်ပိဿာလျှင် (၈၀၀၀)ကျပ်၊ ငါးမုတ်တစ်ပိဿာလျှင် (၆၅၀၀)ကျပ်၊ ငါးမြင်းတစ်ပိဿာလျှင် (၆၅၀၀)ကျပ်၊ ငါးဘတ်တစ်ပိဿာလျှင် (၂၀၀၀၀)ကျပ်၊ ငါးဂျောင်းတစ်ပိဿာလျှင် (၁၂၀၀၀)ကျပ်၊ ငါးအုံတုံတစ်ပိဿာလျှင် (၁၂၀၀၀)ကျပ်၊ ငါးအုံတုံခုတ်သားတစ်ပိဿာလျှင်  (၁၈၀၀၀)ကျပ်၊ ငါးမြင်းခုတ်သားတစ်ပိဿာလျှင် (၁၀၀၀၀)ကျပ်၊ ငါးကြင်းခုတ်သားတစ်ပိဿာလျှင် (၁၆၀၀၀)ကျပ်၊ ငါးဖယ်ခြစ်တစ်ပိဿာလျှင် (၂၀၀၀၀)ကျပ်၊  ပုစွန်မာကြားတစ်ပိဿာလျှင် (၂၀၀၀၀)ကျပ်နှင့် ပုစွန်ထုပ်တစ်ပိဿာလျှင် (၃၅၀၀၀)ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်းသိရှိရပါသည်။

     အောက်တိုဘာလ ပထမအပတ်တွင်ဖြစ်ပေါ်နေသော ငါးဈေးနှုန်းများနှင့်နှိုင်းယှဉ်ပါက ငါးဈေးနှုန်းများမှာ တည်ငြိမ်လျက်ရှိပြီး ပုံမှန်အတိုင်း အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း  ကန့်ဘလူမြို့မစည်ပင်သာယာဈေးအတွင်း ရောင်းချလျက်ရှိသောငါးဒိုင်များမှ သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

 

ရွှေဘိုမြို့၌ အောက်တိုဘာလ၊ ဒုတိယအပတ်တွင်ဖြစ်ပေါ်နေသော မြေပဲလုံးဆံဈေးနှုန်းမှာ အောက်တိုဘာလ ပထမအပတ်အောက် အနည်းငယ်ကျ

  စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ရွှေဘိုခရိုင်ဦးစီးမှူးရုံးအနေဖြင့် ကုန်စည်ဒိုင်များ၏သီးနှံဈေးနှုန်းများနှင့် အရောင်းအဝယ်ဖြစ်မှု တင်း/တန်စာရင်းတို့ကို အပတ်စဉ်၊ လစဉ်တင်ပြလျက်ရာ ၂၀၂၃ခုနှစ်၊ အောက်တိုဘာလ၊ ဒုတိယအပတ်အတွင်း အရောင်းအဝယ်ဖြစ်သည့် သီးနှံနှင့်ဈေးနှုန်းအခြေအနေများကို ရွှေဘိုမြို့ ပဲ၊ နှမ်းကုန်စည်ဒိုင်ရှိ တာဝန်ရှိသူများနှင့်ဆက်သွယ်မေးမြန်းခဲ့ပါသည်။ ဆက်သွယ်မေးမြန်းမှုအရ မြေပဲလုံးဆံ(နီ၊ ဖြူ)များ စက်တင်ဘာလ၊ တတိယအပတ်မှစတင်၍ ရွှေဘိုဈေးကွက်သို့ စတင်ဝင်ရောက်ခဲ့ကြောင်း၊ အောက်တိုဘာလ၊ ဒုတိယအပတ်တွင် အရောင်းအဝယ်ဖြစ်သည့်ဈေးနှုန်းမှာ မြေပဲလုံးဆံ(နီ)တစ်တင်းလျှင် (၁၀၀၈၀ဝိ/-)ကျပ်ပေါက်ဈေးရှိပြီး တစ်ပတ်အတွင်း အရောင်းအဝယ်ဖြစ်မှုမှာ (၄၅၀၀)တင်း/(၁၀၃)တန်ဖြစ်ကြောင်း၊ မြေပဲလုံးဆံ(ဖြူ)တစ်တင်းလျှင် (၉၆၈၀ဝိ/-)ကျပ်ပေါက်ဈေးရှိပြီး တစ်ပတ်အတွင်း အရောင်းအဝယ်ဖြစ်မှုမှာ (၂၇၀၀)တင်း/(၆၂)တန်ဖြစ်ကြောင်း၊ ယခင်အပတ်နှင့် ယခုအပတ်တို့တွင် အရောင်းအဝယ်ဖြစ်သည့် ဈေးနှုန်းတို့ကိုနှိုင်းယှဉ်ပါက ယခင်အပတ်၌ မြေပဲလုံးဆံ(နီ)တစ်တင်းလျှင် (၁၀၈၈၀ဝိ)ကျပ်ပေါက်ဈေးရှိခဲ့သဖြင့် ယခုအပတ်တွင် မြေပဲလုံးဆံ(နီ)တစ်တင်းလျှင် ယခင်အပတ်အောက် (၈၀၀ဝိ/-)ကျပ်လျော့နည်းခဲ့ကြောင်း၊ ယခင်အပတ်၌ မြေပဲလုံးဆံ(ဖြူ)တစ်တင်းလျှင် (၁၀၀၈၀ဝိ/-)ကျပ်ပေါက်ဈေးရှိခဲ့သဖြင့် ယခုအပတ်တွင် မြေပဲလုံးဆံ(ဖြူ)တစ်တင်းလျှင် ယခင်အပတ်အောက် (၄၀၀ဝိ/-) ကျပ်လျော့နည်းခဲ့ကြောင်း၊  ယခင်နှစ်ကာလတူနှင့် အရောင်းအဝယ်ဖြစ်သည့်ဈေးနှုန်းတို့ကိုနှိုင်းယှဉ်ပါက ယခင်နှစ်ကာလတူတွင် မြေပဲလုံးဆံ(ဖြူ) တစ်မျိုးတည်းသာအရောင်းအဝယ်ဖြစ်ခဲ့ပြီး တစ်တင်းလျှင် (၈၄၀၀ဝိ/-) ကျပ်ပေါက်ဈေးရှိခဲ့သဖြင့် ယခုနှစ်တွင် မြေပဲလုံးဆံ(ဖြူ)တစ်တင်းလျှင် ယခင်နှစ်ကာလတူထက် (၁၂၈၀ဝိ/-)ကျပ်ဈေးနှုန်းပိုခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

 

ရွှေဘိုမြို့တွင် စားသုံးဆီဈေးနှုန်းများတည်ငြိမ်နေ

    စီးပွား‌‌ရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနအနေဖြင့် စားသုံးသူကာကွယ်ရေးလုပ်ငန်းများအပြင် အခြေခံစားကုန်ဈေးနှုန်းများကို အပတ်စဉ် မေးမြန်းတင်ပြလျက်ရှိရာ အောက်တိုဘာလ ဒုတိယအပတ်တွင် ရွှေဘိုမြို့၌ဖြစ်ပေါ်နေသော စားသုံးဆီဈေးနှုန်းတို့ကို ရေးသားဖော်ပြလိုက်ရပါသည်။

   ရွှေဘိုမြို့ပေါ်တွင် စားသုံးဆီ လက်လီ/လက်ကား ရောင်းချသောဆိုင် (၁၂)ဆိုင်ရှိပြီး အောက်တိုဘာလ ပထမအပတ်တွင် စားအုန်းဆီတစ်ပိဿာလျှင် (၅၀၀၀)ကျပ်၊ ပဲဆီသန့်တစ်ပိဿာလျှင် (၁၄၀၀၀)ကျပ်၊ နှမ်းဆီသန့်တစ်ပိဿာလျှင် (၁၄၀၀၀)ကျပ်ဖြင့်အရောင်းအဝယ်ဖြစ်ခဲ့ပြီး အောက်တိုဘာလ ဒုတိယအပတ်တွင် စားအုန်းဆီတစ်ပိဿာလျှင် (၅၀၀၀) ကျပ်၊ ပဲဆီသန့်တစ်ပိဿာလျှင် (၁၄၀၀၀)ကျပ်၊ နှမ်းဆီသန့်တစ်ပိဿာလျှင် (၁၄၀၀၀)ကျပ်ဖြင့်အရောင်းအဝယ်ဖြစ်နေသဖြင့် စားသုံးဆီဈေးနှုန်းများမှာ ယခင်အပတ်နှင့်နည်းတူ ဈေးနှုန်းတည်ငြိမ်လျက်ရှိကြောင်း  စားသုံးဆီ လက်ကားအရောင်းဆိုင်များမှ သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

                            

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း