ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

အောင်လံကုန်စည်ဒိုင်၏ သီးနှံအရောင်းအဝယ်ဖြစ်မှုအခြေအနေ

   အောင်လံကုန်စည်ဒိုင်တွင် နှမ်းဈေးကွက်အနေဖြင့် နှမ်းနက်(စမုံ)မှာ (၄၅)ပိဿာ(၁)အိတ်လျှင် ယခင်အပတ်(၄-၁၀-၂၀၂၃)ရက်နေ့တွင် ကျပ်(၂၆၀၀၀၀-၃၂၀၀၀၀)ဖြစ်ပြီး ယခုအပတ်(၁၀-၁၀-၂၀၂၃) ရက်နေ့တွင် ကျပ်(၂၇၀၀၀၀-၃၃၀၀၀၀) ဖြစ်၍ ကျပ်(၁၀၀၀၀)ဈေးမြင့်ခဲ့ကြောင်း၊ နှမ်းနီဈေးနှုန်းများမှာ ယခင်အပတ်တွင် ကျပ်(၂၉၅၀၀၀)ဖြစ်ပြီး ယခုအပတ်တွင် ကျပ်(၃၀၀၀၀၀)ဖြစ်၍ ကျပ်(၅၀၀၀)ဈေးမြင့်ခဲ့ကြောင်း၊   နှမ်းဖြူဈေးနှုန်းများမှာ ယခင်အပတ်တွင် ကျပ်(၂၉၀၀၀၀-၃၀၀၀၀၀)ဖြစ်ပြီး ယခုအပတ်တွင် ကျပ်(၃၁၀၀၀၀-၃၂၀၀၀၀)ဖြစ်၍  ကျပ်(၂၀၀၀၀)စသည်ဖြင့် အသီးသီးဈေးမြင့်ခဲ့ပါသည်။ နှမ်းပြာမှာ  ယခင်အပတ်တွင် ကျပ်(၂၇၀၀၀၀) ဖြစ်ပြီး ယခုအပတ်တွင်လည်း ကျပ်(၂၇၀၀၀၀)ဖြစ်၍  ဈေးနှုန်းပြောင်းလဲမှုမရှိပဲ အရောင်းအဝယ်ပမာဏ အနေဖြင့်(၄၅)ပိဿာဝင်အိတ်များဖြင့် နှမ်းနက်(စမုံ)(၅၇၀၀)အိတ်၊ နှမ်းနီ(၃၆၀)အိတ်၊ နှမ်းဖြူ(၁၈၀)အိတ်၊ နှမ်းပြာ(၁၃၅၀)အိတ်တို့ အရောင်းအဝယ်ရှိခဲ့ကြောင်း အောင်လံကုန်စည်ဒိုင်မှ သိရှိရပါသည်။

    ပဲမျိုးစုံဈေးကွက်အနေဖြင့် မတ်ပဲ(၂၀)ပိဿာ(၁)တင်းလျှင် ယခင်အပတ်တွင် ကျပ်(၈၀၅၀၀) ဖြစ်ပြီး ယခုအပတ်တွင် ကျပ်(၈၁၅၀၀)ဖြစ်၍ ကျပ်(၁၀၀၀)ဈေးမြင့်ခဲ့ကြောင်း၊ ပဲကြီးဈေးနှုန်းများမှာ ယခင်အပတ်တွင် ကျပ်(၉၆၀၀၀-၁၀၀၀၀၀)ဖြစ်ပြီး ယခုအပတ်တွင်ကျပ်(၁၀၀၀၀၀-၁၀၃၀၀၀)ဖြစ်၍ ကျပ်(၃၀၀၀-၄၀၀၀) ဈေးမြင့်ခဲ့ပါသည်။ ပဲတီစိမ်းမှာ ယခင်အပတ်တွင် ကျပ်(၅၅၀၀၀-၆၀၀၀၀)ဖြစ်ပြီး ယခုအပတ်တွင် ကျပ် (၅၅၀၀၀-၅၉၀၀၀)ဖြစ်၍ ကျပ်(၁၀၀၀)ဈေးလျော့ခဲ့ကြောင်း၊ ကုလားပဲ(H-L)မှာ ယခင်အပတ်တွင် ကျပ် (၉၃၀၀၀)ဖြစ်ပြီး ယခုအပတ်တွင် ကျပ်(၉၂၅၀၀)ဖြစ်၍ ကျပ်(၅၀၀)ဈေးလျောခဲ့ကြောင်း၊ ကုလားပဲ (မြကြေး)မှာ ယခင်အပတ်တွင် ကျပ်(၉၂၀၀၀)ဖြစ်ပြီး ယခုအပတ်တွင် ကျပ်(၉၁၀၀၀)ဖြစ်၍  ကျပ်(၁၀၀၀) စသည်ဖြင့် အသီးသီးဈေးလျော့ခဲ့ပြီး  အရောင်းအဝယ်ပမာဏအနေဖြင့်  (၃၀)ပိဿာဝင်အိတ်များဖြင့် ပဲတီစိမ်း(၂၇၀၀)အိတ်၊ မတ်ပဲ(၃၀၀)အိတ်၊ ကုလားပဲ(H-L)(၁၄၀၀)အိတ်၊ ကုလားပဲ(မြကြေး)(၉၀၀)အိတ်၊ ပဲကြီး(၅၅၀)အိတ်တို့ အရောင်းအဝယ်ဖြစ်ခဲ့ပါသည်။

   မြေပဲလုံးဆံဖြူ(၁)ပိဿာလျှင် ယခင်အပတ်တွင် ကျပ်(၆၂၀၀)ဖြစ်ပြီး ယခုအပတ်တွင် ကျပ် (၆၀၀၀)ဖြစ်၍ ကျပ်(၂၀၀)ဈေးလျော့ခဲ့ပါသည်။ မြေပဲတောင့်အစိုမှာ (၁)တင်းလျှင် ယခင်အပတ်တွင်  ကျပ် (၁၈၀၀၀-၂၀၀၀၀)ဖြစ်ပြီး ယခုအပတ်တွင်လည်း ကျပ်(၁၈၀၀၀-၂၀၀၀၀)ဖြစ်၍ ဈေးနှုန်းပြောင်းလဲမှုမရှိပဲ အရောင်းအဝယ်ပမာဏအနေဖြင့်(၃၀)ပိဿာဝင်အိတ်များဖြင့် မြေပဲလုံးဆံဖြူ(၄၈၀)အိတ်၊ မြေပဲတောင့်အစို တင်း(၄၇၀၀)ခန့် အရောင်းအဝယ်ရှိခဲ့ပါကြောင်း၊ အပတ်စဉ်ပုံမှန် ရန်ကုန်မြို့နှင့် မန္တလေးမြို့များသို့ တင်ပို့ရောင်းချလျက်ရှိကြောင်း အောင်လံကုန်စည်ဒိုင်မှ သိရှိရပါသည်။

DOCA(မကွေး)

 

 

ရွှေဘိုမြို့ရှိ အောက်တိုဘာလ ဒုတိယအပတ်၌ဖြစ်ပေါ်နေသော စက်သုံးဆီဈေးနှုန်းများ

     မြန်မာနိုင်ငံစက်သုံးဆီ တင်သွင်း/သိုလှောင်/ ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီအနေဖြင့် တိုင်းဒေသကြီး/ ပြည်နယ်အလိုက် မြို့ကြီးများ၏ စက်သုံးဆီရည်ညွှန်းလက်ကားဈေးနှုန်းတို့ကို နေ့စဉ် ထုတ်ပြန်ပေးလျက်ရှိပါသည်။

     ‌ရွှေဘိုမြို့တွင် စက်သုံးဆီဆိုင် (၁၉)ဆိုင်ပုံမှန်ဖွင့်လှစ်ရောင်းချလျက်ရှိပြီး ၂၀၂၃ခုနှစ်၊ အောက်တိုဘာလ ပထမအပတ်၌ဖြစ်ပေါ်နေသော စက်သုံးဆီဈေးနှုန်းများမှာ ဓာတ်ဆီ(92) တစ်လီတာလျှင် (၂၀၅၅)ကျပ်၊ ဓာတ်ဆီ(95)တစ်လီတာလျှင် (၂၂၁၅)ကျပ်၊ ဒီဇယ်(ရိုးရိုး) တစ်လီတာလျှင် (၂၄၇၀)ကျပ်၊ ဒီဇယ်(ပရီမီယမ်)တစ်လီတာလျှင် (၂၅၁၀)ကျပ်ဖြင့် ရောင်းချလျက်ရှိကြောင်းသိရသည်။

     အောက်တိုဘာလ ဒုတိယအပတ်တွင်ဖြစ်ပေါ်နေသော စက်သုံးဆီဈေးနှုန်းများမှာ ဓာတ်ဆီ(92) တစ်လီတာလျှင် (၂၀၃၅)ကျပ်၊ ဓာတ်ဆီ(95)တစ်လီတာလျှင် (၂၁၃၅)ကျပ်၊ ဒီဇယ်(ရိုးရိုး) တစ်လီတာလျှင် (၂၂၆၀)ကျပ်၊ ဒီဇယ်(ပရီမီယမ်)တစ်လီတာလျှင် (၂၃၇၅)ကျပ်ဖြင့်ရောင်းချနေပြီး ယခင်အပတ်ဈေးနှုန်းများနှင့်နှိုင်းယှဉ်ပါက ဓာတ်ဆီ(92) တစ်လီတာလျှင် (၂၀)ကျပ်၊ ဓာတ်ဆီ(95) တစ်လီတာလျှင် (၈၀)ကျပ်၊ ဒီဇယ်(ရိုးရိုး) တစ်လီတာလျှင် (၂၁၀)ကျပ်၊ ဒီဇယ်(ပရီမီယမ်) တစ်လီတာလျှင် (၁၃၅)ကျပ်ဖြင့် ဈေးနှုန်းအသီးသီးကျဆင်းခဲ့ကြောင်း စက်သုံးဆီဆိုင်များမှသတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

 

ကသာမြို့တွင်ဖြစ်ပေါ်လျက်ရှိသော အခြေခံစားသောက်ကုန်ဈေးနှုန်းများ

     ကသာမြို့နယ်အတွင်း ၂၀၂၃ခုနှစ်၊ အောက်တိုဘာလ ဒုတိယအပတ်တွင် ဈေးကွက်အသီးသီး၌ ရောင်းချလျက်ရှိသော ဆန်ဈေးနှုန်းများမှာ ရွှေဘိုပေါ်ဆန်းတစ်အိတ်လျှင် (၁၅၅၀၀၀)ကျပ်၊ ဧရာမင်းဆန်တစ်အိတ်လျှင် (၁၂၀၀၀၀)ကျပ်၊ ဧည့်မထ(ဆင်း-၃) တစ်အိတ်လျှင် (၈၅၀၀၀)ကျပ်ဖြင့်ရောင်းချလျက်ရှိပြီး စားသုံးဆီဈေးနှုန်းမှာ မြေပဲဆီတစ်ပိဿာလျှင် (၁၆၀၀၀)ကျပ်ရှိကြောင်းသိရသည်။ အောက်တိုဘာလ ပထမအပတ်တွင်ဖြစ်ပေါ်နေသော ဆန်နှင့်ဆီဈေးနှုန်းများနှင့်နှိုင်းယှဉ်ကြည့်ပါက ဧည့်မထဆန်တစ်အိတ်လျှင် ကျပ်(၅၀၀၀)ခန့်လျော့နည်းပြီး မြေပဲဆီဈေးနှုန်းမှာ တစ်ပိဿာလျှင် ကျပ်(၁၀၀၀)ခန့်မြင့်တက်လာကြောင်းသိရှိရသည်။

   စားဖိုဆောင်သီးနှံ လက်လီဈေးနှုန်းများမှာ ကြက်သွန်နီ (အသစ်) တစ်ပိဿာလျှင် အလုံး (အသေး/အကြီး) ပေါ်မူတည်၍ (၃၇၀၀ မှ ၄၂၀၀)ကျပ်၊ ကြက်သွန်ဖြူ(ရှမ်း) တစ်ပိဿာလျှင် (၁၂၀၀၀) ကျပ်၊ အာလူးတစ်ပိဿာလျှင် (၃၀၀၀)ကျပ်၊ ခရမ်းချဉ်သီးတစ်ပိဿာလျှင် (၃၀၀၀/၃၄၀၀)ကျပ်၊ ချင်းတစ်ပိဿာလျှင် (၈၀၀၀)ကျပ်၊ ကုလားပဲတစ်ပိဿာလျှင် (၇၂၀၀)ကျပ်၊ ပဲနီလေးတစ်ပိဿာလျှင် (၇၂၀၀)ကျပ်၊ ငရုတ်သီးခြောက်(ပု) တစ်ပိဿာလျှင် (၂၅၀၀၀) ကျပ်၊ ငရုတ်(စို) တစ်ပိဿာလျှင် (၄၅၀၀)ကျပ်ဖြင့်ရောင်းချလျက်ရှိသည်။

   အသားငါးဈေးနှုန်းများမှာ ကြက်သား(CP) တစ်ပိဿာလျှင် (၁၀၀၀၀)ကျပ်၊ ဝက်သားတစ်ပိဿာလျှင် (၂၂၀၀၀) ကျပ်၊ အမဲသားတစ်ပိဿာလျှင် (၁၆၀၀၀)ကျပ်နှင့် ငါးကြင်းတစ်ပိဿာလျှင် (၉၀၀၀)ကျပ်၊ ကြက်ဥတစ်လုံးလျှင် အလုံး (အသေး/အကြီး)ပေါ်မူတည်၍ (၂၆၀/ ၂၈၀/၃၀၀)ကျပ်နှင့် ဘဲဥတစ်လုံးလျှင် (၃၅၀)ကျပ်ဖြင့်ရောင်းချလျက်ရှိသည်။း အောက်တိုဘာလ ပထမအပတ်တွင်ဖြစ်ပေါ်နေသော စားဖိုဆောင်သီးနှံ၊ အသားငါးဈေးနှုန်းတို့နှင့်နှိုင်းယှဉ်ကြည့်ပါက ဈေးနှုန်းအတက်/အကျမရှိဘဲ တည်ငြိမ်လျက်ရှိကြောင်းသိရှိရပါသည်။

DOCA(စစ်ကိုင်း)

ရွှေဘိုခရိုင်အတွင်း အောက်တိုဘာလ ဒုတိယအပတ်တွင်ဖြစ်ပေါ်နေသော စပါး/ဆန်ဈေးနှုန်းများနှင့် စီးထွက်မှုအခြေအနေ

    ရွှေဘိုခရိုင်အတွင်းရှိ မြို့နယ်များ၌ ၂၀၂၃ခုနှစ်၊ အောက်တိုဘာလ ဒုတိယအပတ်တွင် စပါး/ဆန်ဈေးနှုန်းများအနည်းငယ်ကျဆင်းခဲ့ပါသည်။ရွှေဘိုခရိုင်မှ အခြားတိုင်းဒေသကြီးများသို့ ဆန်စီးထွက်မှုမှာ အောက်တိုဘာလ ပထမအပတ်တွင်  ရန်ကုန်သို့ အိတ်ရေ ၁၇၃၀၀အိတ်၊ မန္တလေးသို့ အိတ်ရေ ၁၇၈၀၀အိတ်၊ နေပြည်တော်သို့ အိတ်ရေ ၆၅၀၀အိတ်၊ ရှမ်း(တောင်)သို့ အိတ်ရေ ၅၀၀၀အိတ်၊ ရှမ်း(မြောက်)သို့ အိတ်ရေ ၅၀၀၀အိတ်၊ ပခုက္ကူသို့ အိတ်ရေ ၁၀၀၀အိတ်၊ စုစုပေါင်းအိတ်ရေ ၅၂၆၀၀အိတ်၊ တန်အားဖြင့် ၂၆၃၀တန်စီးထွက်ခဲ့ပါသည်။ ယခုအပတ်တွင် ရွှေဘိုခရိုင်မှ အခြားတိုင်းဒေသကြီးများသို့ ဆန်စီးထွက်မှုမှာ ရန်ကုန်သို့ အိတ်ရေ ၁၆၃၀၀အိတ်၊ မန္တလေးသို့ အိတ်ရေ ၁၇၅၀၀အိတ်၊ နေပြည်တော်သို့ အိတ်ရေ ၄၅၀၀အိတ်၊ ရှမ်း(တောင်)သို့ အိတ်ရေ ၂၅၀၀အိတ်၊ ရှမ်း(မြောက်)သို့ အိတ်ရေ ၂၅၀၀အိတ်၊ ပခုက္ကူသို့ အိတ်ရေ ၁၀၀၀အိတ်၊ စုစုပေါင်းအိတ်ရေ ၄၄၃၀၀အိတ်၊ တန်အားဖြင့် ၂၂၁၅၀တန်စီးထွက်ခဲ့သည့်အတွက် ယခင်အပတ်နှင့် နှိုင်းယှဉ်လျှင် ယခုအပတ်အတွင်း အိတ်ရေ ၈၃၀၀အိတ်၊ တန်အားဖြင့် ၄၁၅တန်လျော့နည်း၍ စီးထွက်ခဲ့ပါသည်။

        အောက်တိုဘာလ  ဒုတိယအပတ်တွင်ဖြစ်ပေါ်နေသော စပါး/ဆန်ဈေးနှုန်းများမှာ ရွှေဘိုပေါ်ဆန်းစပါး တင်း၁၀၀လျှင် ကျပ်၃၇၀၀၀၀၀၊ ရွှေဘိုပေါ်ဆန်းဆန် ၂၄ပြည်ပါ တစ်အိတ်လျှင် ကျပ်၁၂၅၀၀၀၊  ဧရာမင်းဆန် ၂၄ပြည်ပါ တစ်အိတ်လျှင် ကျပ်၁၃၀၀၀၀နှင့် (၂၀၂၂-၂၀၂၃) ခုနှစ်  ရွှေဝါထွန်း(နွေစပါး) တင်း၁၀၀လျှင် ကျပ်၁၈၀၀၀၀၀၊ ရွှေဝါထွန်းဆန် ၂၄ပြည်ပါ တစ်အိတ်လျှင် ကျပ်၇၀၀၀၀ဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်းသိရှိရပါသည်။

DOCA(စစ်ကိုင်း)

မန္တလေး-မူဆယ်ကုန်စည်ပို့ဆောင်ခအနည်းငယ်တက်

   မန္တလေးမြို့မှအခြားမြို့များသို့ ကုန်စည်သယ်ယူပို့ဆောင်ခနှုန်းထားများအား စက်တင်ဘာလနှင့် အောက်တိုဘာလဒုတိယပတ် ကားသယ်ခနှုန်းထားများနှိုင်းယှဉ်ပါက ကုန်ရရှိမှုအပေါ်မူတည်၍ အနည်းငယ် ပြောင်းလဲမှုရှိကြောင်း သိရသည်။ မန္တလေး-မူဆယ်ကားသယ်ခနှုန်းထားများအနေဖြင့် ကုန်ကျစ် တစ်ပိဿာလျှင် ၈၆ ကျပ်၊    ကုန်ပွ တစ်ပိဿာလျှင် ၉၅ ကျပ်နှုန်းဖြစ်ပြီး၊  အပြန်ကားခမှာ တစ်ပိဿာလျှင် ၁၀၀ကျပ်နှုန်းဖြစ်ကြောင်းသိရသည်။ စက်တင်ဘာလကားသယ်ခအနေဖြင့် ကုန်ကျစ်  ၈၅ ကျပ်၊ကုန်ပွ ၉၅ ကျပ်နှင့် အပြန်ကားခ ၁၃၀ကျပ်ဖြစ်သည့်အတွက် နှိုင်းယှဉ်ပါကတစ်ပိဿာလျှင် အတက်ကုန် ၁ ကျပ်နှုန်းနှင့်အဆင်းကုန် ၂၀ ကျပ်နှုန်းအနည်းငယ်စျေးတက်မှုရှိကြောင်း သိရသည်။ အောက်တိုဘာလဒုတိယပတ်အတွင်း ကုန်ရရှိမှုနည်းသည့်အတွက် ကားခအနည်းငယ်ပြောင်းလဲမှု ရှိကြောင်း ကုန်စည်ပို့ဆောင်ရေးဝန်ဆောင်မှုလုပ်ငန်းရှင်များအသင်းမှ သိရှိရသည်။ အလုပ်သမားခ အနေဖြင့် ကားတင်ခကုန်ကျစ်(ဆန် ၅၀ ကီလို/ ၃၀ ပိဿာ)လျှင်  ၈၀ ကျပ်၊ နို့ဆီဖာ တစ်ဖာလျှင် ၄၀ ကျပ်နှင့် ကားချခ(ကမာဆီထပ်ခအပါအဝင်) ၉၀ ကျပ်နှုန်းဖြစ်ကြောင်း သိရသည်။ အလုပ်သမားခမှာ ပုတ်ပြတ်ငှားရမ်းပါက ကုန်အပေါ်မူတည်၍တစ်ဦးလျှင် ၈၀၀၀ကျပ်နှင့်၁၀၀၀၀ကျပ်အကြား ပေးချေမှု ရှိကြောင်း သိရသည်။မန္တလေးတိုင်းဒေသကြီး၊အုန်းချောကျေးရွာ၊ ၁၆ မိုင်ကျောက်ချော စစ်ဆေးရေး ဂိတ်ဖြတ်ယာဉ်စာရင်းများအရ  နေ့စဉ်ကုန်စည်တင်သည့်ယာဉ်အတက်/အဆင်းပေါင်း (၇၀၀) စီးနှင့် (၈၀၀) စီးကြား ဖြတ်သန်းကြောင်း သိရသည်။   

  ၂၀၂၃ခုနှစ်စက်တင်ဘာလနှင့် အောက်တိုဘာလဒုတိယပတ်အတွင်း ကားတင်ခနှုန်းထားများ အနည်းငယ်မြှင့်တက်မှုအခြေအနေအား မန္တလေးတိုင်းဒေသကြီးကုန်စည်ပို့ဆောင်ရေး ဝန်ဆောင်မှု လုပ်ငန်းရှင်များအသင်းရုံးမှ ပေးပို့သည့် အချက်အလက်များအရ    ကုန်စည်ယာဉ်သယ်ယူခနှုန်းများအား  အောက်ပါဇယားဖြင့် နှိုင်းယှဉ် ဖော်ပြအပ်ပါသည် -

      စဉ်

           ခရီးစဉ်

စက်တင်ဘာလကုန်စည်ပို့ဆောင်ခ

အောက်တိုဘာလကုန်စည်ပို့ဆောင်ခ

မှ

        သို့

ကုန်ကျစ်

ကုန်ပွ

အပြန်ကားခ

ကုန်ကျစ်

ကုန်ပွ

အပြန်ကားခ

မန္တလေး

မူဆယ်

၈၅

၉၅

၁၃၀

၈၆

၉၅

၁၀၀

မန္တလေး

ချင်းရွှေဟော်

၈၀

၈၅

၁၀၀

၉၀

၉၅

၁၀၀

မန္တလေး

တာချီလိတ်

၂၂၅

၂၅၀

၂၅၀

၂၂၅

၂၅၀

၂၅၀

မန္တလေး

မြစ်ကြီးနား

၁၅၀

၁၈၀

၈၀

၁၈၀

၂၀၀

၈၀

မန္တလေး

ခန္တီး

၂၂၀

၂၅၀

၁၂၀

၂၂၀

၂၅၀

၁၂၀

မန္တလေး

နေပြည်တော်

၅၇

၇၀

၄၀

၅၀

၇၀

၅၀

မန္တလေး

ရန်ကုန်

၈၅

၉၅

၆၀

၈၅

၉၅

၆၀

မန္တလေး

မြဝတီ

၂၀၀

၂၂၀

၁၅၀

၂၂၀

၂၅၀

၁၇၀

မန္တလေး

စစ်တွေ

၃၀၀

၃၅၀

၁၂၀

၃၀၀

၃၅၀

၁၂၀

 

DOCA(မန္တလေး)

ကန့်ဘလူခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့၏ အစီအစဉ်ဖြင့် လုပ်ငန်းရှင်များအတွက် လုပ်ငန်းသုံးဆီများရောင်းချပေးနေမှုအခြေအနေ

    စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့တွင် ကန့်ဘလူခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့၏ အစီအစဉ်ဖြင့် ကျွန်းလှမြို့နယ်၊ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးတင့်ထူးနှင့် မစဖအဖွဲ့ဝင်များ၊ စည်ပင်သာယာရေးအဖွဲ့မှ အမှုဆောင်အရာရှိ ဦးစိုးထိုက်၊ စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်တာဝန်ခံ ဒေါ်ဝေဝေအောင်တို့ပူးပေါင်းကာ (၁၆-၁၀-၂၀၂၃) ရက်နေ့၊ နံနက်(၁၀:၀၀)နာရီအချိန်မှ နေ့လယ်(၁၂း၃၀)နာရီအချိန်ထိ ကျွန်းလှမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ ရုံးဝင်းအတွင်း စားအုန်းဆီများကို ပြင်ပပေါက်ဈေးထက် ဈေးနှုန်းသက်သာစွာဝယ်ယူနိုင်ရန် လုပ်ငန်းရှင်များ၏လက်ဝယ်အရောက် ပထမအကြိမ်အဖြစ် ရောင်းချပေးခဲ့ကြပါသည်။

   အဆိုပါ လုပ်ငန်းသုံးစားအုန်းဆီများရောင်းချရာတွင် အကြော်ဆိုင်၊ အသုပ်ဆိုင်၊ မုန့်တီ/မုန့်ဟင်းခါးဆိုင်၊ လဖက်ရည်ဆိုင်၊ မုန့်ဖိုများ၊ အကြော်ဆံဖိုများ၊ အကြော်စုံလုပ်ငန်းလုပ်ကိုင်သူများ၊ ထမင်းဆိုင်နှင့် စားသောက်ဆိုင်လုပ်ငန်းလုပ်ကိုင်သည့် စီးပွားရေးလုပ်ငန်းရှင်များအား အလုပ်အကိုင်အမျိုးအစားပေါ်မူတည်၍ ရောင်းချပေးခဲ့ရာ ဆိုင်လုပ်ငန်း၊ မုန့်လုပ်ငန်းလုပ်ကိုင်သူ(၅၄)ဦးအတွက် စားအုန်းဆီ (၁)ပိဿာလျှင် (၇၄၀၀)ကျပ်နှုန်းဖြင့် စားအုန်းဆီ (၁၃၂၀)ပိဿာရောင်းချပေးရာတွင် စားသုံးသူရေးရာဦးစီးဌာနက ပူးပေါင်းကူညီပါဝင်ဆောင်ရွက်ပေးခဲ့ကြကြောင်း သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

 

 

 

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့တွင် ကြက်သွန်နီဈေးနှုန်းအနည်းငယ်မြင့်တက်

     မုံရွာမြို့ပေါ်ရှိ ကြက်သွန်နီကုန်ဝယ်ဒိုင်များသို့ ပုလဲ၊ ချောင်းဦး၊ ယင်းမာပင်၊ ဘုတလင်၊ ဆားလင်းကြီးနယ်များမှ ကြက်သွန်နီများအပြင် မုံရွာမြို့နယ်အတွင်း ကြက်သွန်နီအများဆုံးစိုက်ပျိုးထွက်ရှိရာ ဒေသများဖြစ်ကြသော မြေနဲကျေးရွာ၊ အောင်သာကျေးရွာ၊ မင်းကျေးရွာ၊ ကုတောပလ္လင်ကျေးရွာ၊ လယ်တီကျေးရွာ၊ တုံကျေးရွာ၊ နှုန်းကြီးကျေးရွာ စသည့်ကျေးရွာများမှ ကြက်သွန်နီများတင်ပို့လျက်ရှိကြောင်းသိရသည်။ ၂၀၂၃ခုနှစ်၊ အောက်တိုဘာလ(ပထမပတ်)တွင် ကြက်သွန်နီ လက်ကားဒိုင်ဈေးမှာ ထိပ်စတစ်ပိဿာလျှင် ကျပ်၂၄၀၀၊ အလတ်စတစ်ပိဿာလျှင် ကျပ်၂၂၀၀၊ အနိမ့်စတစ်ပိဿာလျှင် ကျပ်၁၈၀၀ဖြင့် နေ့စဉ် အရောင်းအဝယ်ဖြစ်နေကြောင်းသိရသည်။

     မုံရွာမြို့ပေါ်ရှိ ကန်သာယာဈေးနှင့် ဈေးဟောင်းတို့တွင် ကြက်သွန်နီ လက်လီရောင်းချသည့်ဈေးနှုန်းမှာ အရည်းအသွေးကိုလိုက်၍ ထိပ်စတစ်ပိဿာလျှင် ကျပ် (၂၄၀၀-၂၅၀၀)၊ အလတ်စတစ်ပိဿာလျှင် ကျပ် (၂၂၀၀-၂၃၀၀)၊ အနိမ့်စတစ်ပိဿာလျှင် ကျပ် (၁၉၀၀-၂၀၀၀) ဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်းသိရှိရသည်။ အရောင်းအဝယ်ဖြစ်မှုအနေဖြင့် ယခုအချိန်သည် ကြက်သွန်ပေါ်ချိန်မဟုတ်သေးဘဲ ဂိုဒေါင်များတွင်သိုလှောင်ထားသော ကြက်သွန်များကိုသာရောင်းချနေကြရခြင်းဖြစ်သဖြင့် လက်ကျန်နည်းနေသော်လည်း ယခင်လထက် ဈေးနှုန်းအနည်းငယ်ကျဆင်းနေကြောင်း မုံရွာမြို့ပေါ်ရှိ ကြက်သွန်ပွဲရုံပိုင်ရှင်တစ်ဦးထံမှသိရှိရပါသည်။

DOCA(စစ်ကိုင်း)

 

မင်းဘူးမြို့မဈေးရှိ ဟင်းသီးဟင်းရွက်ဈေးနှုန်းအခြေအနေ

   မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူးမြို့၊ မြို့မဈေးတွင် မင်းဘူး-စကုကျေးရွာများနှင့် ရှမ်းပြည်နယ်၊ အောင်ပန်းမြို့မှထွက်ရှိသော ဟင်းသီးဟင်းရွက်များကို ဝယ်ယူရောင်းချလျက်ရှိကြောင်း သိရပါသည်။

    ၂၀၂၃ခုနှစ်၊ အောက်တိုဘာလ (ဒုတိယအပတ်)တွင် ရောင်းချနေသော  ဟင်းသီးဟင်းရွက်ဈေးနှုန်းများမှာ ပန်းမုန်လာပွင့်(၁)ပွင့်လျှင် ကျပ်(၈၀၀-၁၀၀၀)၊ ဂေါ်ဖီထုပ်(၁)ထုပ်လျှင် ကျပ်(၈၀၀-၁၂၀၀)၊ မုန်လာဥအနီ(အကြီး)(၁)ပိဿာလျှင် ကျပ်(၃၅၀၀-၄၀၀၀)၊ ရွှေဖရုံသီး(၁)လုံးလျှင် ကျပ် (၂၀၀၀-၂၅၀၀)၊ ဂေါ်ရခါးသီး(၁)လုံးလျှင် ကျပ်(၂၀၀-၂၅၀)၊  အာလူး(ရှမ်း)(၁)ပိဿာလျှင် ကျပ် (၂၀၀၀-၂၅၀၀)၊ ခရမ်းချဉ်သီး(၁)ပိဿာလျှင် ကျပ်(၁၆၀၀-၂၀၀၀)၊ ချဉ်ပေါင်ရွက်(၁)စည်းလျှင် ကျပ်(၁၀၀)၊ ကန်စွန်းရွက်(၁)စည်းလျှင် ကျပ်(၁၀၀)၊ ဗူးရွက်(၁)စည်းလျှင် ကျပ်(၁၀၀)၊ ဗူးသီး (၁) လုံးလျှင် ကျပ်(၅၀၀-၇၀၀)၊ ကျောက်ဖရုံသီး(၁)လုံးလျှင် ကျပ်(၁၀၀၀-၁၅၀၀)ဖြင့် ရောင်းချလျက်ရှိကြောင်း  သိရှိရပါသည်။

DOCA(မကွေး)

မုံရွာမြို့၊ ချင်းတွင်းရတနာဈေးအတွင်း ရောင်းချနေသော အခြေခံစားကုန်ဈေးနှုန်းများအခြေအနေ

    စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့ရှိ ဈေးများတွင် ၂၀၂၃ခုနှစ်၊ အောက်တိုဘာလ (တတိယပတ်)၌ ‌ရွှေဘိုပေါ်ဆန်း (တစ်အိတ်)လျှင် ၁၂၅,၀၀၀ကျပ်၊  ဧရာမင်း(ဆန်)(တစ်အိတ်)လျှင် ၁၃၀,၀၀၀ကျပ်၊ ဧည့်မထဆန် (တစ်အိတ်)လျှင် ၁၁၀,၀၀၀ကျပ်၊ ပဲဆီ(တစ်ပိဿာ)လျှင် ၁၂၅၀၀ကျပ်၊ နှမ်းဆီ (တစ်ပိဿာ) လျှင် ၁၂၅၀၀ကျပ်၊ နေကြာဆီ(တစ်ပိဿာ)လျှင် ၁၂၅၀၀ကျပ်၊ စားအုန်းဆီ (တစ်ပိဿာ) လျှင် ၅၀၀၀ကျပ်၊ ဆား(တစ်ပိဿာ)လျှင် ၆၀၀ကျပ်မှ ၇၀၀ကျပ်၊ ငရုတ်ခြောက် (တစ်ပိဿာ) လျှင် ၁၆၀၀၀ကျပ်မှ ၁၇၀၀၀ကျပ်၊ ကြက်သွန်နီ (တစ်ပိဿာ) လျှင် ၂၀၀၀ကျပ်မှ ၂၅၀၀ကျပ်၊ ကြက်သွန်ဖြူ (ရှမ်းစ) (တစ်ပိဿာ) လျှင် ၈၅၀၀ကျပ်မှ ၉၀၀၀ကျပ်၊ ကြက်သွန်ဖြူ (ကြူကုတ်) (တစ်ပိဿာ) လျှင် ၈၅၀၀ကျပ်မှ ၉၀၀၀ကျပ်၊ အာလူး (တစ်ပိဿာ) လျှင် ၂၀၀၀ကျပ်မှ ၂၄၀၀ကျပ်၊ မန်ကျည်းသီးမှည့် (တစ်ပိဿာ) လျှင် ၃၅၀၀ကျပ်မှ ၃၈၀၀ကျပ်၊ နနွင်းတက် (တစ်ပိဿာ) လျှင် ၈၅၀၀ကျပ်မှ ၉၀၀၀ကျပ်၊ ခရမ်းချဉ်သီး (တစ်ပိဿာ) လျှင် ၂၀၀၀ကျပ်၊ ဂေါ်ဖီထုပ်တစ်ထုပ်လျှင် ၈၀၀ကျပ်၊ ပဲသီး(ပဲထောင့်ရှည်)တစ်စည်းလျှင် ၅၀၀ကျပ်၊ ကြက်သား (တစ်ပိဿာ) လျှင် ၆၀၀၀ကျပ်မှ ၈၀၀၀ကျပ်၊ ဝက်သား (တစ်ပိဿာ) လျှင် ၁၈၀၀၀ကျပ်မှ ၁၉၀၀၀ကျပ်၊ အမဲသားတစ်ပိဿာလျှင် ၁၂၀၀၀ကျပ်မှ ၁၃၀၀၀ကျပ်၊ ဆိတ်သား(တစ်ပိဿာ)လျှင် ၂၀၀၀၀ကျပ်မှ ၂၂၀၀၀ကျပ်၊ ငါးမြစ်ချင်းတစ်ပိဿာလျှင် ၁၀၀၀၀ကျပ်မှ ၁၁၀၀၀ကျပ်၊ ကြက်ဥ (၁)လုံးလျှင် ၂၅၀ကျပ်၊ ဘဲဥ (၁)လုံးလျှင် ၃၃၀ကျပ်၊ ဖရဲသီး (ကျောက်စိမ်း) (၁)လုံးလျှင် ၁၅၀၀ကျပ်မှ ၂၀၀၀ကျပ်၊ ဖရဲသီး (၂၁၁) (၁)လုံးလျှင် (၁၀၀၀-၃၀၀၀) ကျပ်အတွင်း စသည်ဖြင့် ဈေးနှုန်းအသီသီးရှိကြောင်းသိရသည်။

      ယခင်အပတ်ဈေးနှုန်းများနှင့်နှိုင်းယှဉ်ပါက အခြေခံစားကုန်များဖြစ်သည့် အာလူးဈေးနှုန်းမှာ ဈေးအနည်းငယ်တက်နေပြီး မန်ကျည်းသီးမှည့်ဈေးနှုန်းမှာ ဈေးအနည်းငယ်ကျဆင်းနေပါကြောင်း၊ စားအုန်းဆီဈေးနှုန်းများ ရည်ညွှန်းဈေးပေါ်မူတည်၍ ဈေးနှုန်းအပြောင်းအလဲရှိပါကြောင်း ချင်းတွင်းရတနာဈေးရှိ လက်လီ/ လက်ကားရောင်းဝယ်ဖောက်ကားရောင်းချနေသော ကုန်သည်များထံမှသိရှိရသည်။

DOCA(စစ်ကိုင်း)

မင်းဘူးမြို့မဈေးအတွင်းရှိ စားဖိုဆောင်သီးနှံနှင့် အသား/ငါး ဈေးနှုန်းအခြေအနေ

   ၂၀၂၃ခုနှစ်၊ အောက်တိုဘာလ (ပထမအပတ်)တွင် မင်းဘူးမြို့မဈေးအတွင်း၌ ရောင်းချလျက်ရှိသော အခြေခံစားကုန်ဈေးနှုန်းများမှာ ဧရာပဒေသာဆန်(၁)အိတ်လျှင် ကျပ်(၉၅၀၀၀-၁၃၀၀၀၀)၊ မနော သုခဆန်(၁)အိတ်လျှင် ကျပ်(၇၅၀၀၀-၉၀၀၀၀)ဖြစ်ပြီး၊  (ဒုတိယအပတ်)တွင် ဧရာပဒေသာဆန်(၁)အိတ်လျှင် ကျပ်(၉၅၀၀၀-၁၃၀၀၀၀)၊ မနောသုခဆန်(၁)အိတ်လျှင် ကျပ်(၇၅၀၀၀-၉၀၀၀၀)ဖြစ်ကြောင်း၊ ယခုအပတ်တွင် ဈေးငြိမ်နေကြောင်း ဆန်ရောင်းချနေသောဈေးသည်တစ်ဦးထံမှ သိရှိရပါသည်။

   ကြက်သွန်နီ (1)ပိဿာလျှင် ကျပ်(၃၀00)ဖြစ်ပြီး ရေနံချောင်းမြို့နယ်၊ ပင်းချောင်းတစ်လျှောက်ရှိ ကျေးရွာများနှင့် ပွင့်ဖြူ(မဲဇလီ)၊ စလင်းမြို့၊ ဆင်ဖြူကျွန်းမြို့များမှထွက်ရှိသော ကြက်သွန်နီများကို ဝယ်ယူ ရောင်းချကြကြောင်းနှင့် စာဖိုးဆောင်သီးနှံကြက်သွန်ဖြူ(ကြူကုတ်)(၁)ပိဿာလျှင် ကျပ်(၈၀၀၀)၊ ကြက်သွန်ဖြူ (ဗမာ)(၁)ပိဿာလျှင် ကျပ်(၁၀၀၀၀)၊ အာလူး(၁)ပိဿာလျှင် ကျပ်(၂၅၀၀)၊ မန်ကျည်းသီးမှည့်(၁) ပိဿာလျှင် ကျပ်(၃၅၀၀)၊ သကြား(၁)ပိဿာလျှင် ကျပ်(၃၅၀၀)၊ ဆားကြမ်း(၁)ပိဿာလျှင် ကျပ် (၅၀၀)၊ ကြက်ဥ(၁)လုံးလျှင် ကျပ်(၂၇၀)၊ ဂျင်း(၁)ပိဿာလျှင် ကျပ်(၆၀၀၀)၊ အသား/ ငါးဈေးနှုန်း များမှာ ကြက်သား(ဗမာ)(၁)ပိဿာလျှင် ကျပ်(၁၅၀၀၀)၊ ဝက်သား(၁)ပိဿာလျှင် ကျပ်(၁၃၀၀၀)၊ အမဲသား(၁)ပိဿာလျှင် ကျပ်(၁၃၀၀၀)၊ ဆိတ်သား(၁)ပိဿာလျှင် ကျပ်(၁၆၀၀၀)၊ ငါးကြင်း(၁) ပိဿာလျှင် ကျပ်(၁၄၀၀၀)ဖြင့် ရောင်းချကြောင်း ဈေးသည်တစ်ဦးထံမှ သိရှိရပါသည်။

DOCA(မကွေး)

 

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း