ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

ကန့်ဘလူမြို့နယ်၌ မြန်မာ့ရိုးရာရက်ကန်းလုပ်ငန်းလုပ်ကိုင်ခြင်းဖြင့် ဝင်ငွေရရှိ

   မြန်မာ့ရိုးရာရက်ကန်းအထည်အလိပ်များသည် နိုင်ငံ၏ယဉ်ကျေးမှု၊ ကြွယ်ဝမှုနှင့် ရာစုနှစ်များစွာရှိ လက်မှုပညာကိုရောင်ပြန်ဟပ်ကာ စွဲမက်ဖွယ်ကောင်းသော ဆွဲဆောင်မှုတစ်ခုဖြစ်သည်။ ချည်ထည်တစ်ခုစီသည် ရိုးရာ၊ သမိုင်းနှင့် ကျွမ်းကျင်မှုဆိုင်ရာ ဇာတ်လမ်းတစ်ပုဒ်ကိုသရုပ်ဖော်ထားပြီး ယင်းအထည်များမှာ မြန်မာ့အမွေအနှစ်၏ အရေးပါသော အစိတ်အပိုင်းတစ်ခုဖြစ်လာစေပါသည်။

      မြန်မာ့ရိုးရာရက်ကန်းအထည်အလိပ်များသည် ယဉ်ကျေးမှုပွဲတော်များနှင့် ဘာသာရေးအခမ်းအနားများတွင် အဓိကအခန်းကဏ္ဍ၌ ပါဝင်လျက်ရှိပါသည်။ ပွဲတော်များနှင့် မင်္ဂလာဆောင်များအတွင်း လူများသည် ၎င်းတို့၏အနုစိပ်ဆုံးနှင့် အရောင်အသွေးစုံလင်သော ဝတ်စုံများကိုဝတ်ဆင်ကြပြီး ပျော်ရွှင်စရာကောင်းသော  လူမှုဆက်ဆံရေးကိုထင်ဟပ်စေပါသည်။

   ယခုအခါ ကန့်ဘလူမြို့နယ်အတွင်းရှိ မြို့ပေါ်နှင့် ကျေးရွာများတွင် ရက်ကန်းလုပ်ငန်းကိုလုပ်ကိုင်လျက်ရှိပြီး ရက်ကန်းလုပ်ငန်းလုပ်ကိုင်ရာတွင် မိမိတို့ကိုယ်ပိုင်လုပ်ငန်းတစ်ခုအဖြစ် လုပ်ကိုင်ကြပြီး  တချို့မှာ နေ့စားအနေဖြင့် လုပ်ကိုင်သူများလည်းရှိကြပါသည်။ ရက်ကန်းထည်များ၏ဈေးနှုန်းများမှာ ချည်အမျိုးအစားနှင့် ဒီဇိုင်းဆန်းသစ်လှပမှုအပေါ်မူတည်၍ ဈေးနှုန်းများလည်းကွဲပြားမှုရှိပြီး အနိမ့်ဆုံး ကျပ် (၂၀၀၀၀) မှ အမြင့်ဆုံး ကျပ်(၂၀၀၀၀၀)ကျော်အထိရောင်းချရ ကြောင်း၊ ရက်လုပ်ပြီးသော ရက်ကန်းထည်များကို ကန့်ဘလူမြို့ပေါ်ရှိ ရက်ကန်းထည်ဝယ်ယူသည့် ဒိုင်ကြီးများသို့ရောင်းချသကဲ့သို့ မြစ်ကြီးနား၊ ရွှေဘိုနှင့် မန္တလေး အစရှိသည့် မြို့ကြီးများသို့လည်းတင်ပို့ရောင်းချကြောင်း၊ ရက်ကန်းလုပ်ငန်းကိုလုပ်ကိုင်ရသည့်အတွက် မိသားစုဝင်ငွေရရှိနေကြောင်း၊ မြန်မာ့ရိုးရာလက်မှုပညာကို လက်ဆင့်ကမ်းထိန်းသိမ်းရာရောက်သည့်အတွက်  ဂုဏ်ယူဝမ်းမြောက်စွာ ဆက်လက်လုပ်ကိုင်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ရက်ကန်းလုပ်ငန်းလုပ်ကိုင်သူတစ်ဦးထံမှသိရပါသည်။

DOCA(စစ်ကိုင်း)

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံ၊ တာချီလိတ် ဘိလပ်မြေနှင့် ဓာတ်မြေဩဇာ ဈေးနှုန်းအခြေအနေ

    ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ ဒုတိယအပတ်တွင် ကျိုင်းတုံမြို့ဈေးကွက်ရှိ ဘိလပ်မြေနှင့် ဓာတ်မြေဩဇာဈေးနှုန်းအနေဖြင့် ဘိလပ်မြေ ကျားတံဆိပ် (40)kg တစ်အိတ်လျှင် (၁၆၃၀၀) ကျပ်၊ ဆင်တံဆိပ် (50)kg တစ်အိတ်လျှင် (၁၈၀၀၀)ကျပ်၊ စိန်တံဆိပ် (50)kg တစ်အိတ်လျှင် (၁၈၀၀၀)ကျပ် ဖြစ်ပါသည်။ ဓာတ်မြေဩဇာဈေးနှုန်းများမှာ ပုလဲ (MEP) (50)kg တစ်အိတ်လျှင် (၈၅၀၀၀)ကျပ်၊ တီဆူပါ (လေဆာ) (50)kg တစ်အိတ်လျှင် (၂၃၀၀၀) ကျပ် ဖြစ်ပါသည်။

   တာချီလိတ်မြို့ရှိ ဘိလပ်မြေဈေးနှုန်းများမှာ ကျားတံဆိပ် (40)kg တစ်အိတ်လျှင် (၁၄၀၀၀) ကျပ်၊ ဆင်တံဆိပ်(50)kg တစ်အိတ်လျှင် (၁၅၂၀၀)ကျပ်၊ စိန်တံဆိပ်(50)kg တစ်အိတ်လျှင် (၁၅၂၀၀)ကျပ် ဖြစ်ပါသည်။ ဓာတ်မြေဩဇာဈေးနှုန်းအနေဖြင့် တီဆူပါ (may) (50)kg တစ်အိတ်လျှင် (၈၉၂၀၀)ကျပ်၊ ချာန (သုံးမျိုးစပ်) (50)kg တစ်အိတ်လျှင် (၄၄၆၀၀)ကျပ် ဖြစ်ပါသည်။

   ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့၏ ဘိလပ်မြေနှင့် ဓာတ်မြေဩဇာဈေးနှုန်းများမှာ ယခင် အောက်တိုဘာလ ပထမပတ်နှင့် ဈေးနှုန်းနှိုင်းယှဉ်ပါက ဘိလပ်မြေဈေးနှုန်းသည် ကျဆင်းလျက်ရှိပြီး ဓာတ်မြေဩဇာဈေးနှုန်းသည် တည်ငြိမ်လျက်ရှိပါသည်။ တာချီလိတ်မြို့၏ ဘိလပ်မြေဈေးနှုန်းမှာ အနည်းငယ်မြင့်တက်လျက်ရှိပြီး ဓာတ်မြေဩဇာဈေးနှုန်းသည် တည်ငြိမ်လျက်ရှိကြောင်း သိရှိရပါသည်။

DOCA(ရှမ်း)

 

မုံရွာမြို့၊ သီရိရတနာဈေးရှိ သစ်သီးဝလံဈေးနှုန်းများအခြေအနေ

    မုံရွာမြို့၊ သီရိရတနာစျေးရှိ သစ်သီးဝလံများမှာ ရှမ်းပြည်နယ်၊ တောင်ကြီး၊ မြစ်ကြီးနား၊ သီပေါ၊  စစ်ကိုင်း၊ ပြင်ဦးလွင်နှင့် ဒေသတွင်းတို့မှ အသီးသီးဝင်ရောက်လျက်ရှိကြောင်းသိရပါသည်။

      ၂၀၂၃ခုနှစ်၊ အောက်တိုဘာလ ဒုတိယအပတ်တွင်ဖြစ်ပေါ်လျက်ရှိသော သစ်သီးဝလံဈေးနှုန်းများမှာ ရွှေလိမ္မော်(၁)ပိဿာလျှင် ကျပ်(၇၀၀၀ မှ ၈၀၀၀)ကြား၊ ပျားလိမ္မော်(၁)ပိဿာလျှင် ကျပ်(၇၀၀၀ မှ ၉၀၀၀)ကြား၊ လိမ္မော်(ရိုးရိုး) (၁)ပိဿာလျှင် ကျပ်(၅၀၀၀ မှ ၇၀၀၀) ကြား၊ စတော်ဘယ်ရီ(၁)ပိဿာလျှင် ကျပ်(၇၅၀၀ မှ ၈၅၀၀)ကြား၊  ပန်းသစ်တော် (၁)လုံး လျှင် ကျပ်(၁၀၀၀ မှ ၁၅၀၀)ကြား၊ ပန်းသီး (၁)လုံးလျှင် ကျပ်(၇၀၀ မှ ၁၅၀၀)ကြား၊ ထောပတ်သီး (၁)လုံးလျှင် ကျပ်(၇၀၀ မှ ၁၅၀၀)ကြား၊ ကျွဲကောသီး (၁)လုံးလျှင် ကျပ်(၁၀၀၀ မှ ၁၅၀၀)ကြား၊ တယ်သီး (၁)လုံးလျှင် ကျပ်(၈၀၀ မှ ၁၀၀၀)ကြား၊ သခွားမွှေး (၁)လုံးလျှင် ကျပ်(၁၅၀၀ မှ ၃၅၀၀)ကြား၊ ဖရဲသီး(ကြီး) (၁)လုံးလျှင် ကျပ်(၁၅၀၀ မှ ၂၀၀၀)ကြား၊ ဖရဲသီး(သေး) (၁)လုံးလျှင် ကျပ်(၈၀၀ မှ ၁၅၀၀)ကြား၊ နာနတ်သီး (၁)လုံးလျှင် ကျပ်(၇၀၀ မှ ၁၅၀၀)ကြား၊ နှင်းသီး(၁)ပိဿာလျှင် ကျပ်(၅၀၀၀ မှ ၇၀၀၀)ကြား၊ နဂါးမောက်သီး (၁)လုံးလျှင် ကျပ်(၈၀၀ မှ ၁၅၀၀)ကြား၊ မင်းဂွတ်သီး(၁)လုံးလျှင် ကျပ်(၁၅၀ မှ ၃၀၀)ကြား၊ ငှက်ပျောသီး ဖီးကြမ်းတစ်ဖီးလျှင် ကျပ်(၁၅၀၀ မှ ၂၅၀၀)ကြား၊ ငှက်ပျောသီးမွှေးတစ်ဖီးလျှင် ကျပ်(၁၅၀၀ မှ ၂၀၀၀)ကြား၊ စပျစ်သီး (၁)ပိဿာလျှင် ကျပ်(၈၀၀၀ မှ ၁၂၀၀၀)ကြားဈေးနှုန်းများဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်းသိရှိရပါသည်။

DOCA(စစ်ကိုင်း)

                                     

မုံရွာမြို့၊ ချင်းတွင်းရတနာဈေးတွင် ဖြစ်ပေါ်လျက်ရှိသော ရေထွက်ကုန်ပစ္စည်းဈေးနှုန်းဈေးကွက်

     မုံရွာမြို့၊ ချင်းတွင်းရတနာစျေး၌ ရောင်းချနေသော ပုစွန်ခြောက်၊ ငါးခြောက်များမှာ ရန်ကုန်၊ မန္တလေး၊ ရခိုင်ပြည်နယ်ဘက်မှ ဝင်ရောက်ကြောင်းသိရပါသည်။ ပုစွန်၊ ငါးခြောက်စျေးနှုန်းများမှာ ဝင်ရောက်သည့်ဒေသအ‌ပေါ်မူတည်၍လည်းကောင်း၊ အရည်အသွေးကိုလိုက်၍လည်းကောင်း ဈေးနှုန်းကွာခြားမှုရှိပါသည်။

   ၂၀၂၃ခုနှစ်၊ အောက်တိုဘာလ ဒုတိယအပတ်တွင်ရောင်းချနေသော ဈေးနှုန်းများမှာ ပုစွန်ခြောက် (၁)ပိဿာလျှင် ကျပ်(၆၅၀၀၀) မှ ကျပ်(၈၅၀၀၀)၊ ငါးရံ့ခြောက် (၁)ပိဿာလျှင် ကျပ်(၆၀၀၀၀ မှ ၈၀၀၀၀)၊ ငါးပုတ်လုံးခြောက်(၁)ပိဿာလျှင် ကျပ်(၁၆၀၀၀ မှ ၁၈၅၀၀)၊  ငါးပုတ်သင်(၁)ပိဿာလျှင် ကျပ်(၁၅၀၀၀ မှ ၁၈၀၀၀)၊ အာဗြဲခြောက်(၁)ပိဿာလျှင် ကျပ်(၁၅၀၀၀ မှ ၂၂၀၀၀)၊ ငါးကျည်းခြောက်(၁)ပိဿာလျှင် ကျပ်(၃၅၀၀၀ မှ ၄၅၀၀၀)၊ ငါးနီတူခြောက် (၁)ပိဿာလျှင် ကျပ်(၁၂၀၀၀ မှ ၁၄၀၀၀)၊ ငါးဖန့်ဝိုင်း(ငါးပိကောင်) (၁)ပိဿာလျှင် ကျပ်(၁၅၀၀၀ မှ ၁၇၅၀၀)ရှိကြောင်း ချင်းတွင်းရတနာဈေးတွင်ရောင်းချနေသော ငါးခြောက်ကုန်သည်များထံမှသိရပါသည်။

DOCA(စစ်ကိုင်း)

အခြေခံစားသောက်ကုန်များကို သက်သာသောဈေးနှုန်းဖြင့် အပတ်စဉ် ရောင်းချပေး

    စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့၏ စီစဉ်ကြီးကြပ်မှုဖြင့် တန်ဖိုးသင့်အခြေခံစားသောက်ကုန်များကို စိုက်ပျိုး/ မွေးမြူ/ ထုတ်လုပ်သူများက ဆန်၊ ဆီနှင့် ကြက်ဥ၊ ဒေသထွက်ဟင်းသီးဟင်းရွက်သီးနှံများကို ၂၀၂၃ခုနှစ်၊ အောက်တိုဘာလ (ဒုတိယပတ်) ၁၄ရက်နေ့တွင် မုံရွာမြို့၊ ပြည်ထောင်စုဈေး၌   နံနက် (၇:၀၀) နာရီအချိန်တွင် သက်သာသောဈေးနှုန်းဖြင့် အပတ်စဉ် ရောင်းချပေးလျက်ရှိပါသည်။

   ထိုသို့ရောင်းချခဲ့ရာတွင် တိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ်ဦးမြတ်ကျော်၏ ကြီးကြပ်မှုဖြင့် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၊ စည်ပင်သာယာရေးအဖွဲ့၊ စိုက်ပျိုး‌ရေးဦးစီးဌာန၊ စက်မှုကြီးကြပ်ရေးနှင့်စစ်ဆေးရေးဦးစီးဌာနတို့သည် အခြေခံစားကုန်ဈေးနှုန်းများကြီးမြင့်မှုမရှိစေရေးအတွက် ကိုယ်တိုင်စိုက်ပျိုး/ မွေးမြူ/ ထုတ်လုပ်သူများနှင့်ပူးပေါင်းကာ စားအုန်းဆီတစ်ပိဿာလျှင် ၄၈၀၀ကျပ်၊ ဝယ်ယူသည့်ပြည်သူများ အဆင်ပြေစေရန် ကောင်တာ (၅) ခုခွဲ၍ ဆီ (၁၀၀၀) ပိဿာကိုလည်းကောင်း၊ ဆန်တစ်ပြည်လျှင် ၂၈၀၀ကျပ်ဖြင့်လည်းကောင်း၊ ကြက်ဥ (၅) လုံးပါ တစ်ထုပ်လျှင် ၁၀၀၀ကျပ်၊ ငုံးဥ (၂၅) လုံးပါ တစ်ထုပ်လျှင် ၁၀၀၀ကျပ်၊ ကြာဇံများ၊ ခေါက်ဆွဲခြောက်များ၊ ကုလားပဲမှုန့်များ၊ ကိတ်စို/ကိတ်ခြောက်များနှင့် ဒေသထွက်ဟင်းသီးဟင်းရွက်သီးနှံများကို ပြင်ပပေါက်ဈေးထက် သက်သာသောဈေးနှုန်းများဖြင့် ရောင်းချပေးခဲ့ကြောင်းသိရှိရပါသည်။

DOCA(စစ်ကိုင်း)

မုံရွာမြို့တွင်ရောင်းချနေသော အခြေခံစားကုန်များ၏ ဈေးနှုန်းအခြေအနေ

     ၂၀၂၃ခုနှစ်၊ အောက်တိုဘာလ ဒုတိယအပတ်၌ မုံရွာမြို့နယ်အတွင်းဖြစ်ပေါ်နေသော အခြေခံစားသောက်ကုန်ဈေးနှုန်းများမှာ ရွှေဘိုပေါ်ဆန်းဆန်တစ်ပြည်လျှင် (၆၀၀၀) ကျပ်၊ ဧရာမင်းဆန်တစ်ပြည်လျှင် (၅၇၀၀)  ကျပ်၊ စားအုန်းဆီတစ်ပိဿာလျှင် (၅၀၀၀) ကျပ်၊ မြေပဲဆီ တစ်ပိဿာလျှင် (၁၂၅၀၀)ကျပ်၊ နှမ်းဆီတစ်ပိဿာလျှင် (၁၂၅၀၀) ကျပ်တို့ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိပါသည်။ ကြက်သွန်နီလက်လီတစ်ပိဿာလျှင် (၂၀၀၀) ကျပ်မှ (၂၅၀၀) ကျပ်ထိ၊ ကြက်သွန်ဖြူလက်လီ (ဗမာ) တစ်ပိဿာလျှင် (၉၅၀၀) ကျပ်မှ (၁၀၀၀၀) ကျပ်ထိ၊ ကြက်သွန်ဖြူ (ရှမ်း) တစ်ပိဿာလျှင် (၈၀၀၀) ကျပ်မှ (၉၀၀၀) ကျပ်ထိ၊ ကြက်သွန်ဖြူ(ကြူကုတ်) တစ်ပိဿာလျှင် (၉၀၀၀)ကျပ်မှ (၉၅၀၀) ကျပ်ထိ၊ ချင်းတက်တစ်ပိဿာလျှင် (၃၅၀၀) ကျပ်မှ (၅၀၀၀) ကျပ်ထိ၊ ငရုတ်ခြောက်တစ်ပိဿာလျှင် အမျိုးအစားအလိုက်  (၁၅၀၀၀)  ကျပ်မှ (၁၆၀၀၀) ကျပ်ထိ၊ အာလူးတစ်ပိဿာလျှင် (၂၂၀၀) ကျပ်မှ (၂၅၀၀) ကျပ်ထိ၊ ခရမ်းချဉ်သီးတစ်ပိဿာလျှင် (၁၄၀၀) ကျပ်မှ (၂၂၀၀)ကျပ်အထိတို့ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိပါသည်။

      ကြက်ဥလက်လီဈေးနှုန်းမှာ အကြီးတစ်လုံးလျှင် (၃၀၀) ကျပ်၊ အသေးတစ်လုံးလျှင် (၂၅၀) ကျပ်၊ ဘဲဥ(ကြီး) တစ်လုံးလျှင် (၄၀၀) ကျပ်၊ အသေးတစ်လုံးလျှင် (၃၅၀) ကျပ်ရှိသည်။ မုံရွာမြို့၏ အသားငါးဈေးနှုန်းမှာ ကြက်သား (အကောင်လိုက်) (CP) တစ်ပိဿာလျှင် (၇၂၀၀) ကျပ်မှ  (၈၀၀၀) ကျပ်ထိ၊ ကြက်သား (ဗမာ) တစ်ပိဿာလျှင် (၁၈၀၀၀) ကျပ်၊ ဝက်သားတစ်ပိဿာလျှင် (၁၉၀၀၀) ကျပ်မှ (၂၀၀၀၀) ကျပ်ထိ၊ အမဲသားတစ်ပိဿာလျှင် (၁၂၀၀၀) ကျပ်မှ (၁၃၀၀၀)ကျပ်ထိ၊ ငါးမြစ်ချင်းတစ်ပိဿာလျှင် (၇၀၀၀) ကျပ်၊ ငါးကြင်းတစ်ပိဿာလျှင် (၈၀၀၀) ကျပ်တို့ဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်းသိရပါသည်။

          စက်တင်ဘာလ ဒုတိယအပတ်အတွင်း အခြေခံစားကုန်ဈေးနှုန်းများနှင့် ယခင်အပတ်ဈေးနှုန်းတို့ကိုနှိုင်းယှဉ်လျှင် အခြားအခြေခံစားကုန်ဈေးနှုန်းများမှာ ကွာဟမှုမရှိကြောင်း မုံရွာမြို့၊ ကန်သာယာဈေးရှိ ဈေးရောင်းချသူများထံမှသိရှိရပါသည်။

DOCA(စစ်ကိုင်း)

 

ကသာမြို့တွင် သက်သာသောနှုန်းထားဖြင့် စားအုန်းဆီများရောင်းချပေးလျက်ရှိ

     ကသာခရိုင်အတွင်း ပြည်သူများအနေဖြင့် စားအုန်းဆီအား ဈေးနှုန်းသက်သာစွာဝယ်ယူသုံးစွဲနိုင်ရန်အတွက် စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ခွဲတမ်းရရှိသောစားအုန်းဆီတို့ကို ကသာခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့၏ လမ်းညွှန်မှုဖြင့် ကသာခရိုင်ကုန်ဈေးနှုန်းတည်ငြိမ်ရေးလုပ်ငန်းအဖွဲ့ကကြီးကြပ်၍ စားအုန်းဆီကုန်သည်များနှင့်ပူးပေါင်းကာ သက်သာသောနှုန်းထားဖြင့် စားအုန်းဆီများရောင်းချပေးလျက်ရှိပါသည်။

      ထိုသို့ ရောင်းချပေးလျက်ရှိရာ ၂၀၂၃ခုနှစ်၊ အောက်တိုဘာလ (၁၃)ရက်နေ့၊ နံနက်(၈း၀၀)နာရီအချိန်မှစတင်၍ ကသာမြို့၊ မြို့တော်ခန်းမတွင် ပြည်သူများသို့ စားအုန်းဆီများအား တစ်ပိဿာလျှင် (၅၆၅၀)ကျပ်နှုန်း၊ လူတစ်ဦးလျှင် (၅၀)ကျပ်သားနှုန်းဖြင့် ပိဿာ (၅၅၀) ရောင်းချပေးနိုင်ခဲ့ပါသည်။ ကသာခရိုင်ကုန်ဈေးနှုန်းတည်ငြိမ်ရေးလုပ်ငန်းအဖွဲ့အနေဖြင့် စားအုန်းဆီကုန်သည်များနှင့်ပူးပေါင်းကာ စားအုန်းဆီခွဲတမ်းရရှိမှုအပေါ်မူတည်၍ ခရိုင်အတွင်း မြို့နယ်များရှိ နိုင်ငံ့ဝန်ထမ်းများနှင့် ပြည်သူများသို့ ဆက်လက်ရောင်းချပေးသွားမည်ဖြစ်ကြောင်းသိရှိရပါသည်။

DOCA(စစ်ကိုင်း)

 

လားရှိုးမြို့ ဘိလပ်မြေ၊ ဓာတ်မြေဩဇာနှင့် ပိုးသတ်ဆေးဈေးကွက်

   လားရှိုးမြို့ အောက်တိုဘာလ ဒုတိယအပတ် ဘိလပ်မြေဈေးကွက်မှာ Crown ဘိလပ်မြေ တစ်အိတ်လျှင်(၈၈၀၀) ကျပ်၊ Alpha ဘိလပ်မြေတစ်အိတ်လျှင် (၉၀၀၀) ကျပ်ဖြင့် အရောင်းအဝယ် ပုံမှန်ဖြစ်နေပြီး ဈေးကွက်တည်ငြိမ်နေကြောင်း သိရသည်။လားရှိုးမြို့ ဓာတ်မြေဩဇာနှင့် ပိုးသတ်ဆေး ဈေးကွက်မှာ ပုံမှန်အရောင်းအဝယ်ဖြစ်လျက်ရှိပြီး ဈေးကွက်တည်ငြိမ်နေကြောင်း သိရှိရသည်။ ဈေးကွက်ထဲတွင် အရောင်းအဝယ်ဖြစ်နေသော ဓာတ်မြေဩဇာဈေးနှုန်းများမှာ ရွှေတောင်ပုလဲ (၅၀) ကီလိုဂရမ် တစ်အိတ်လျှင် (၈၅၀၀၀) ကျပ်၊ အာမို(၁၆ပတ်လည်) (၅၀) ကီလိုဂရမ် တစ်အိတ်လျှင် (၁၄၀၀၀၀) ကျပ်ဖြစ်ပြီး၊ ပိုးသတ်ဆေးဈေးနှုန်းများမှာ ငှက်ကြီးတောင်(ဩဘာ) ၁၀၀ စီစီတစ်ဘူးလျှင် (၁၈၀၀၀) ကျပ်၊ ဩဘာ Alarm 15 WP (၁၀၀) ဂရမ်လျှင် (၉၀၀၀) ကျပ်၊ ဖိုစ့်တင်းအီးစီ (ဩဘာ) ၅၀၀စီစီ တစ်ဘူးလျှင် (၁၉၀၀၀) ကျပ် အသီးသီး အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရှိရသည်။

DOCA(ရှမ်း)

ဘားအံမြို့၊ ကမ်းနားလမ်းအခွန်လွတ်ဈေးတွင် ဆီကုန်သည်များအသင်း၏ စားအုန်းဆီရောင်းချပေးနေမှုအခြေအနေ

     ၂၀၂၃ခုနှစ်၊ အောက်တိုဘာလ (၁၄)ရက်နေ့၊ နံနက်(၀၆:၀၀)နာရီအချိန်တွင် ကရင်ပြည်နယ်၊ ဘားအံမြို့၊ အမှတ်(၃)ရပ်ကွက်၌ ကမ်းနားလမ်းအခွန်လွတ်ဈေးကို စတင်ဖွင့်လှစ်ခဲ့ကြောင်းနှင့် အဆိုပါအခွန်လွတ်ဈေး၌ ကရင်ပြည်နယ်ဆီကုန်သည်များနှင့်ဆီလုပ်ငန်းရှင်များအသင်းသည် အခြေခံရည်ညွှန်းဈေးနှုန်းများဖြင့် စားအုန်းဆီများအပေါ် သတ်မှတ်ဈေးနှုန်းဖြင့် ရောင်းချခဲ့ကြောင်း၊ ကရင်ပြည်နယ်ဆီကုန်သည်များနှင့်ဆီလုပ်ငန်းရှင်များအသင်းအနေဖြင့် ဈေးကားဖြင့် စားအုန်းဆီး(၁)ပိဿာလျှင် (၄၉၅၀)ကျပ်နှုန်းဖြင့် လူတစ်ဦးလျှင် (၁)ပိဿာနှုန်းဖြန့်ဖြူးရောင်းချပေးခဲ့ကြောင်း၊ အခွန်လွတ်ဈေးကို ယခင်က အမှတ်(၃)ရပ်ကွက်၊ ကန်သာယာတွင်ဖွင့်လှစ်ခဲ့ရာမှ  (၁၄-၁၀-၂၀၂၃) ရက်နေ့မှစတင်၍ ကမ်းနားလမ်းသို့ ပြောင်းရွှေ့ဖွင့်လှစ်ခဲ့ခြင်းဖြစ်ကြောင်းသိရပါသည်။

DOCA(ကရင်)

                                      

ကရင်ပြည်နယ်ရှိ သွင်းအားစုများ တည်ငြိမ်လျက်ရှိ

      ၂၀၂၃ ခုနှစ် အောက်တိုဘာလ ပထမအပတ်တွင် ကရင်ပြည်နယ် ကော့ကရိတ်မြို့တွင် ဖြစ်‌ပေါ်လျက်ရှိသော ဓာတ်မြေဩဇာနှင့် ပိုးသတ်ဆေးများ၏ ဈေးနှုန်းများမှာ ယိုးဒယား(မြင်းပျံ) 46-46-46 ၅၀ ကီလိုတစ်အိတ်လျှင် ၁၀၀၀၀၀ ကျပ်၊ 15-15-15 ၅၀ ကီလိုတစ်အိတ်လျှင် ၁၆၅၀၀၀ ကျပ်၊ 16-8-8 ၅၀ ကီလိုတစ်အိတ်လျှင် ၁၃၀၀၀၀ ကျပ်၊ နတ်ဩဇာ တစ်အိတ်လျှင် ၄၀၀၀၀ ကျပ်၊ ပိုးသတ်ဆေး (ဗိုက်တာဂရို) 500CL ၂၂၀၀၀ ကျပ်၊ ဇိုင်ကလုံး 500CC ၂၈၀၀၀ ကျပ်၊ အလန်း 10F ၂၀၀၀ ကျပ်၊ မာလာမြိုင် 100CC ၄၀၀၀ ကျပ်၊ မြက်သတ်ဆေး (ဟက်ကာ) 500CC ၃၇၀၀၀ ကျပ်၊ မော်ကျွန်း 500CC ၂၅၀၀၀ ကျပ်၊ မှိုဆေး (ဒိုင်သိမ်း) 100F ၆၀၀၀ကျပ် တို့ဖြင့်လည်းကောင်း အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရသည်၊၊

   ယခင်လဈေးနှုန်းများနှင့် နှိုင်းယှဉ်ချက်အရ ကရင်ပြည်နယ်တွင် ယခုနှစ် အောက်တိုဘာလအတွင်း၌ သွင်းအားစု မြေဩဇာနှင့် ပိုးသတ်ဆေးများ ဈေးနှုန်းပြောင်းလဲမှုမရှိဘဲဈေးနှုန်း တည်ငြိမ်လျက်ရှိကြောင်း သိရသည်။ 

DOCA(ကရင်)                                                                                                         

                                                                            

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း