ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

မုံရွာမြို့တွင်ရောင်းချနေသော အခြေခံစားကုန်များ၏ ဈေးနှုန်းအခြေအနေ

         ၂၀၂၂ ခုနှစ် ဒီဇင်ဘာလ ပထမပတ်အတွင်း မုံရွာမြို့နယ်တွက် အခြေခံစားကုန်များဖြစ်သော ရွှေဘိုပေါ်ဆန်းဆန်တစ်ပြည်(၃၅၀၀)ကျပ်၊ ဧရာမင်းဆန်တစ်ပြည်အဟောင်း (၂၅၀၀)ကျပ်နှင့် ဧရာမင်းဆန်တစ်ပြည်အသစ်(၂၀၀၀)ကျပ်ဖြင့်အရောင်းအဝယ် ဖြစ်လျက်ရှိပါသည်။ စားအုန်းဆီ တစ်ပိဿာလျှင်(၅၈၀၀)ကျပ်၊ မြေပဲဆီတစ်ပိဿာလျှင်(၉၅၀၀) ကျပ်၊ နှမ်းဆီ တစ်ပိဿာလျှင် (၉၅၀၀) ကျပ်တို့ဖြင့် အရောင်းအဝယ်ဖြစ် လျက်ရှိပါသည်။ ကြက်သွန်နီ လက်လီ တစ်ပိဿာလျှင် (၄၀၀၀)ကျပ်မှ (၅၀၀၀) ကျပ်ထိ၊ ကြက်သွန်ဖြူလက်လီ(ဗမာ) တစ်ပိဿာ လျှင် (၆၀၀၀)ကျပ်မှ (၆၅၀၀) ကျပ်ထိ၊ ကြက်သွန်ဖြူ (ရှမ်း)တစ်ပိဿာလျှင် (၅၅၀၀)ကျပ်မှ (၆၀၀၀)ကျပ်ထိ၊ ကြက်သွန်ဖြူ(ကြူကုတ်) တစ်ပိဿာလျှင် (၅၀၀၀)ကျပ်မှ(၅၅၀၀)ကျပ်ထိ၊ ချင်းတက်တစ်ပိဿာလျှင် (၁၅၀၀)ကျပ်မှ (၁၇၀၀)ကျပ်ထိ၊ ငရုတ်ခြောက်အမျိုးအစားအလိုက်  (၁၆၀၀၀)  ကျပ်မှ (၁၇၀၀၀)ကျပ်ထိ၊ အာလူး (၂၄၀၀)ကျပ်မှ (၂၅၀၀) ကျပ်ထိ၊ ခရမ်းချဉ်သီး တစ်ပိဿာလျှင် (၂၂၀၀)ကျပ်မှ (၂၅၀၀)ကျပ်တို့ဖြင့်အရောင်းအဝယ်ဖြစ်လျက်ပါသည်။

        ကြက်ဥလက်လီဈေးနှုန်းမှ ကြီး တစ်လုံး(၂၅၀)ကျပ်၊ သေးတစ်လုံး(၂၀၀)ကျပ်၊ ဘဲဥ(ကြီး) တစ်လုံး (၃၀၀)ကျပ်၊ သေးတစ်လုံး(၂၅၀)ကျပ်ရှိသည်။ မုံရွာမြို့၏ သား/ ငါးဈေးနှုန်းမှ ကြက်သား (CP) တစ်ပိဿာ( ၁၀၀၀၀)ကျပ်မှ  (၁၁၀၀၀)ကျပ်ထိ ၊ ကြက်သား(ဗမာ) တစ်ပိဿာလျှင် (၁၃၀၀၀) ကျပ်၊ ဝက်သားတစ်ပိဿာ(၁၅၀၀၀)ကျပ်မှ (၁၆၀၀၀) ကျပ်ထိ၊ အမဲသားတစ်ပိဿာ (၁၅၀၀၀) ကျပ်မှ (၁၆၀၀၀)ကျပ်ထိ၊ ငါးမြစ်ချင်းတစ်ပိဿာလျှင်(၇၀၀၀)ကျပ်၊ ငါးကြင်း တစ်ပိဿာလျှင် (၇၀၀၀) ကျပ် တို့ဖြင့်အရောင်းအဝယ်ဖြစ်နေကြောင်းသိရပါသည်။

         နိုဝင်ဘာလ ပထမပတ်တွင် အခြေခံစားကုန်များဖြစ်သည့် ဆန်များသည် အောက်တိုဘာ လပထမထက် အနည်းငယ်ဈေးကျလျှက်ရှိပြီး ကြက်သွန်နီဈေး၊ အာလူးဈေးနှုန်းများနှင့်  သား/ငါး ဈေးနှုန်းများလည်း ယခင်လပထမပတ်ထက် ဈေးအနည်းငယ်တက်ကြောင်း  သိရှိရပါသည်။

DOCA(စစ်ကိုင်း)       

 

 

ဟုမ္မလင်းမြို့နယ် လက်ဖက်လုပ်ငန်းရှင်နှင့် တွေ့ဆုံဆွေးနွေး

         ဟုမ္မလင်းမြို့နယ်တာဝန်ခံ ဒေါ်ခင်စန်းဝင်းသည်      ( ၆.၁၂.၂၀၂၂ ) ရက်နေ့တွင် ခေါင်ခမ်းကျေးရွာတွင် လက်ဖက်စိုက်ပျိုးထုတ်လုပ်ရောင်းချသူ ဒေါ်ခိုင်နှင့်သွားရောက်တွေ့ ဆုံဆွေးနွေးခဲ့ပါသည်။ ဒေါ်ခိုင်အနေဖြင့် လက်ဖက်အညွှန့်များ ပိုမိုထွက်ရှိစေရန်အတွက် စိုက်ပျိုးရေးဉီးစီးဌာနမှ ကွင်းဆင်း ပညာပေးသည့် နည်းလမ်းများအတိုင်း ယခုလမှစတင်၍ လက်ဖက်အပင်ကိုင်းဖြတ်ခြင်းလုပ်ငန်းများ ဆောင်ရွက်လျှက်ရှိပါကြောင်း၊ လုပ်သားငှါးရမ်းခအနေဖြင့် တစ်ရက်ငှါးရမ်းခ  လူတစ်ဉီးလျှင် (၆၅၀၀)ကျပ်ပေး၍ ငှါးရမ်းရပါကြောင်း၊ ကိုင်းဖြတ်ပြီး တစ်လခွဲမှနှစ်လခန့်အကြာတွင် လက်ဖက်အညွှန့်များ စတင်ဆွတ်ခူးရပါကြောင်း၊ ဈေးကွက်အတွင်း ရောင်းဈေးနှုန်းများမှာ လက်ဖက်အခါး တစ်ပိဿာလျှင် (၂၅၀၀)ကျပ်၊ အသင့်စားလက်ဖက်တစ်ပိဿာလျှင် ( ၅၀၀၀ )ကျပ်၊ လက်ဖက်ခြောက် တစ်ပိဿာလျှင် ( ၅၀၀၀ )ကျပ်မှ ( ၇၅၀၀ ) ကျပ်၊ ပေါက်ဈေးနှုန်းရှိပြီး လက်လီဈေးကွက်တွင် လက်ဖက်အစို၊ လက်ဖက်ခြောက်များကို ( ၅၀၀ ) ကျပ်တန်၊ ( ၁၀၀၀ ) ကျပ်တန် အထုတ်ငယ်များထုတ်ပိုး၍ မြို့နယ်တွင်းရောင်းချလျှက်ရှိပြီး မုံရွာမြို့သို့လည်း တင်ပို့ရောင်းချလျှက်ရှိပါကြောင်း သိရှိရပါသည်။

DOCA(စစ်ကိုင်း)                

 

စစ်ကိုင်းတိုင်းဒေသကြီးတွင် နိုဝင်ဘာလအတွင်း ဖြစ်ပေါ်နေသော စပါး/ဆန်ဈေးနှုန်းများနှင့် စီးထွက်မှု အခြေအနေ

      စစ်ကိုင်းတိုင်းဒေသကြီးသည် ဆန်ပိုဒေသများဖြစ်သော ကလေး၊ ကသာ၊ ကန့်ဘလူနှင့် ရွှေဘိုခရိုင်များအနေဖြင့် ယခင်လနှင့် ယခုလနှိုင်းယှဉ်ပါက ရွှေဘိုခရိုင်တွင် ပေါ်ဆန်းစပါး၊ ကသာခရိုင်တွင် ဆင်းဧကရီ-၃ စပါး၊ မုံရွာခရိုင်တွင် ဧရာမင်းစပါးဈေးနှုန်းများ အနည်းငယ်တက်နေပြီး၊ ကသာခရိုင်တွင် ဧရာမင်းစပါးဈေး အနည်းငယ်ကျနေပြီး၊ ကလေးခရိုင်နှင့် ကန့်ဘလူခရိုင်တို့တွင် ဈေးအေးနေပါသည်။

      စစ်ကိုင်းတိုင်းဒေသကြီးအတွင်း နိုဝင်ဘာလ(နောက်ဆုံး)ပတ်တွင် ဖြစ်ပေါ်နေသော စပါး/ ဆန် ဈေးနှုန်းများမှာ ရွှေဘိုခရိုင်တွင် ရွှေဘိုပေါ်ဆန်း(စပါး) တင်း၁၀၀လျှင် ကျပ်(၂၄၅၀၀၀၀)၊ ပေါ်ဆန်း (ဆန်) ၂၄  ပြည်ပါ တစ်အိတ်လျှင်ကျပ်  ၈၅၀၀၀၊ ဧရာမင်း(စပါး)တင်း ၁၀၀လျှင် ၁၄၅၀၀၀၀၊ ဧရာမင်း(ဆန်) ၂၄ ပြည်ပါ တစ်အိတ် ကျပ် ၆၅၀၀၀၊ ရေဦးမြို့မှ ပေါ်ဆန်း (စပါး) တင်း ၁၀၀လျှင် ကျပ် ၂၃၀၀၀၀၀၊ ပေါ်ဆန်း (ဆန်) တစ်အိတ်လျှင်ကျပ် ၈၀၀၀၀၊  ဧရာမင်း (စပါး) တင်း၁၀၀ လျှင် ၁၃၀၀၀၀၀၊ ဧရာမင်း (ဆန်)၂၄ ပြည် ပါ တစ်အိတ်  ၅၈၀၀၀ ကျပ်များဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်း သိရပါသည်။

        ကလေးခရိုင်၊ ကလေးမြို့နယ်မှ ဧည့်မထ(စပါး) တင်း၁၀၀ လျှင် ၁၀၅၀၀၀၀၊ ဧည့်မထ(ဆန်)‌ ၂၄ ပြည်ပါ တစ်အိတ်မှာ ကျပ် ၄၄၀၀၀၊ ငစိန်(စပါး) တင်း ၁၀၀ လျှင် ၉၅၀၀၀၀ ၊ ငစိန်(ဆန်)၂၄ပြည်ပါ တစ် အိတ်မှာ ၄၀၀၀၀၊ ဧရာမင်း (စပါး)တင်း ၁၀၀ လျှင် ကျပ် ၁၃၅၀၀၀၀၊ ဧရာမင်း(ဆန်)၂၄ပြည်ပါ တစ်အိတ် မှာကျပ် ၅၅၀၀၀ ဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်း သိရပါသည်။

        ကသာခရိုင်၊ အင်းတော်မြို့နယ်မှ မှော်ဘီ(၂)(စပါး) တင်း ၁၀၀လျှင် ကျပ်၉၀၀၀၀၀၊ မှော်ဘီ(၂) ဆန် ၂၄ပြည် တစ်အိတ် လျှင် ကျပ် ၄၀၀၀၀၊ ဆင်းဧကရီ(၃)(စပါး) တင်း ၁၀၀ လျှင် ကျပ် ၈၅၀၀၀၀၊ ဆင်းဧကရီ-၃ဆန် ၂၄ပြည်တစ်အိတ်မှာကျပ် ၃၆၀၀၀၊ ဧရာမင်း (စပါး) တင်း ၁၀၀ လျှင် ကျပ် ၁၀၀၀၀၀၀၊ ဧရာမင်းဆန် ၂၄ ပြည်ဆန်တစ်အိတ်လျှင် ကျပ် ၅၀၀၀၀ ဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်း သိရပါသည်။

       မုံရွာခရိုင်၊ မုံရွာမြို့တွင် ဧရာမင်း(စပါး)တင်း ၁၀၀ လျှင် ကျပ် ၁၄၀၀၀၀၀၊  ဧရာမင်း(ဆန်) ၂၄ပြည် တစ်အိတ်မှာ ကျပ် ၆၄၀၀၀၊ ပေါ်ဆန်း(စပါး) တင်း ၁၀၀လျှင် ကျပ် ၂၂၀၀၀၀၀၊ ပေါ်ဆန်း(ဆန်) ၂၄ပြည် တစ်အိတ်လျှင် ကျပ် ၉၀၀၀၀၊ မနောသုခ (စပါး)ဟောင်း တင်း ၁၀၀လျှင် ကျပ် ၁၂၀၀၀၀၀၊ မနောသုခ (ဆန်)ဟောင်း၂၄ ပြည် တစ်အိတ်လျှင် ကျပ်၄၄၀၀၀၊  မနောသုခ (စပါး)သစ် တင်း ၁၀၀လျှင် ကျပ် ၁၀၀၀၀၀၀၊ မနောသုခ(ဆန်)သစ် ၂၄ ပြည် တစ်အိတ်လျှင် ကျပ်၄၀၀၀၀ ဖြင့် အရောင်းအဝယ် ဖြစ်နေ ကြောင်း သိရပါသည်။

       ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့တွင် ဧရာမင်း(စပါး)တင်း ၁၀၀ လျှင် ကျပ် ၁၂၀၀၀၀၀၊  ဧရာမင်း (ဆန်)၂၄ပြည် တစ်အိတ်မှာ ကျပ် ၆၅၀၀၀၊ ပေါ်ဆန်း(စပါး) တင်း ၁၀၀လျှင် ကျပ် ၂၀၀၀၀၀၀၊ ပေါ်ဆန်း (ဆန်) ၂၄ပြည် တစ်အိတ်လျှင် ကျပ် ၆၅၀၀၀ ဖြင့် အရောင်းအဝယ် ဖြစ်နေကြောင်း သိရပါသည်။

      ယခု နိုဝင်ဘာလအတွင်း စစ်ကိုင်းတိုင်းဒေသကြီးမှ အခြားတိုင်း ဒေသကြီးများသို့ ဆန်စီးထွက်မှု မှာ ရန်ကုန်သို့ အိတ်ရေ ၁၃၀၅၀၀၊ မန္တလေး သို့ အိတ်ရေ ၁၉၄၇၀၀၊ မကွေး သို့ အိတ်ရေ ၄၀၀၀၊ နေပြည်တော်သို့ အိတ်ရေ ၃၇၀၀၀၊ ရှမ်း (တောင်)သို့ အိတ်ရေ ၃၃၅၀၀၊ ရှမ်း (မြောက်)သို့အိတ်ရေ ၃၃၅၀၀၊ စုစုပေါင်းအိတ်ရေ (၄၄၃၂၀၀)အိတ်၊ တန်အားဖြင့် (၂၁၆၆၀) စီးထွက်ခဲ့ပြီး၊ ယခင် အောက်တိုဘာ လအတွင်း စစ်ကိုင်းတိုင်းဒေသကြီးမှ အခြားတိုင်းဒေသကြီးများသို့ ဆန်စီးထွက်မှုမှာ ရန်ကုန် သို့ အိတ်ရေ ၁၆၁၅၀၀၊ မန္တလေး သို့ အိတ်ရေ ၂၂၃၉၀၀၊ မကွေး သို့ အိတ်ရေ ၄၀၀၀၊ နေပြည်တော်သို့ အိတ်ရေ ၄၈၀၀၀၊ ရှမ်း (တောင်)သို့ အိတ်ရေ ၃၇၀၀၀၊ ရှမ်း (မြောက်)သို့အိတ်ရေ ၃၆၅၀၀၊ စုစုပေါင်း အိတ်ရေ (၅၁၀၉၀၀)အိတ်၊ တန်အားဖြင့် (၂၅၅၄၅)စီးထွက်ခဲ့သည့်အတွက် ယခင်လနှင့် နှိုင်းယှဉ်လျှင် ယခုလတွင် အိတ်ရေ (၆၇၇၀၀) တန်အားဖြင့် (၃၃၈၅) လျော့နည်း စီးထွက်ခဲ့ပါကြောင်း သိရှိရပါသည်။

DOCA(စစ်ကိုင်း)                

 

“ မိတ္ထီလာစျေးကွက်မှ အခြားဒေသများသို့ ကြက်သွန်နီတင်ပို့မှုနည်း”

        နိုဝင်ဘာလကုန်ပိုင်းအတွင်း မိတ္ထီလာစျေးကွက်မှ အခြားဒေသများသို့ ကြက်သွန်နီတင်ပို့မှုနည်းနေသေးကြောင်းသိရသည်။ စျေးကွက်အတွင်း ယခုအခါ ယခင်နှစ် ဆောင်းကြက်သွန်နီအဟောင်းလက်ကျန်များမရှိတော့ဘဲ မိုးကြက်သွန်နီအသစ်များသာ အရောင်းအဝယ်ရှိနေပါသည်၊၊ မိုးကြက်သွန်နီကို မြို့နယ်အတွင်း စိုက်ပျိုးမှုမရှိသ‌လောက်နည်းပါးသဖြင့် မလှိုင်၊ မြင်းခြံ၊ တောင်သာ၊ မြစ်သားတို့မှတင်သွင်းကြောင်းသိရသည်။ ‌ဒေသတွင်း ထွက်ရှိမှုနည်းသောကာလဖြစ်၍ နယ်ဝေးအခြားဒေသများသို့ တင်ပို့မှုမှာလည်း နည်းရာ နိုဝင်ဘာလ နောက်ဆုံးပတ်အတွင်း ရန်ကုန်သို့ (၁၂) ဘီး ကား (၂) စီးကုန်ချိန် (၃၄) တန်နှင့် ပဲခူးသို့ (၆) ဘီးကား (၄) စီး ကုန်ချိန် (၂၈) တန် ဝန်းကျင်တင်ပို့နိုင်ခဲ့ကြောင်း တင်ပို့ရောင်းချသူများထံမှသိရသည်။ ကုန်တင်ခနှုန်းထားအနေဖြင့် ယခင်ကနှင့်များစွာပြောင်းလဲမှုမရှိဘဲ တစ်ပိဿာလျှင် ရန်ကုန်သို့ ၁၁၀ိ/- နှင့် ပဲခူးသို့ ၁၀၀ိ/- ရှိကာ ကြက်သွန်နီ လက္ကားစျေးမှာလည်း ပြောင်းလဲမှုများစွာမရှိဘဲ တစ်ပိဿာလျှင် ၂၈၀၀ိ/- မှ ၃၀၀၀ိ/- ရှိကြောင်းသိရသည်၊၊ ကြက်သွန်နီ လက်လီစျေးကတော့ အရွယ်အစားအပေါ် မူတည်ပြီး တစ်ပိဿာလျှင် ၂၈၀၀ိ/- မှ ၃၆၀၀ိ/- ၄၀၀၀ိ/- အထိ ရှိကြောင်းသိရသည်။

DOCA(မန္တလေး)

 

 

လားရှိုးမြို့အတွင်း ဓာတ်မြေဇာနှင့် ပိုးသတ်ဆေးဈေးနှုန်း အခြေအနေ

     ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့တွင် နိုဝင်ဘာလ စတုတ္ထပတ်အတွင်း ဓာတ်မြေဩဇာဈေးနှုန်း မြင့်တက်လျှက်ရှိပြီး လူသုံးများသည့်တံဆိပ်များနှင့် ဈေးနှုန်းများမှာ ရွှေတောင်ပုလဲ ၅၀ ကီလိုဂရမ် တစ်အိတ်လျှင် ၁၂၀၀၀၀ကျပ်၊ အာမိုပုလဲ(ဓာတ်စာ) ၅၀ကီလိုဂရမ် တစ်အိတ်လျှင် ၇၇၀၀၀ကျပ်၊ လှည်းယဉ် (၁၀:၁၀:၅) ကီလိုဂရမ် တစ်အိတ်လျှင် ၈၃၀၀၀ကျပ် ဖြင့်အသီးသီးမြင့် တက်လျက်ရှိသည်။

         ပိုးသတ်ဆေးဈေးနှုန်းမှာလည်း အလားတူမြင့်တက်လျက်ရှိရာ ဌက်ကြီးတောင် ၁၀၀စီစီတစ်ဘူးလျှင် ၁၈၀၀၀ကျပ်၊ အလန်း(၁၅) WP ၁၀၀ဂရမ်တစ်ဘူးလျှင် ၁၄၀၀၀ကျပ်၊ ဖို့စ်တင်းအီးစီ (၁၀၀)စီစီတစ်ဘူးလျှင် ၄၅၀၀ကျပ်၊ ကပ္ပတိန် (၁၀၀) ဂရမ် တစ်ဘူးလျှင် ၉၀၀၀ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်း သိရှိရပါသည်။

DOCA(ရှမ်း)

လားရှိုးမြို့နယ်အတွင်းရှိ အခြေခံစားသောက်ကုန်ဈေးနှုန်းအခြေအနေ

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့နယ်အတွင်းရှိ အခြေခံစားသောက်ကုန် ဈေးနှုန်း များမှာ ပေါ်ဆန်းမွှေးတစ်အိတ်လျှင် ၉၇၀၀၀ကျပ်၊ဧည့်မထဆန်တစ်အိတ်လျှင် ၄၆၀၀၀ကျပ်၊ ငစိန်တစ်အိတ်လျှင် ၄၂၀၀၀ကျပ်ရှိကြောင်း၊ စားသုံးဆီဈေးနှုန်းများမှာ ပဲဆီ(သန့်) ၁ပိဿာလျှင် ၁၄၅၀၀ကျပ်၊ ပဲဆီ(ရိုးရိုး) ၁ပိဿာလျှင် ၁၁၀၀၀ကျပ်၊ နှမ်းဆီ ၁ပိဿာလျှင် ၁၇၀၀၀ကျပ်၊စားအုန်းဆီ ၁ပိဿာလျှင် ၈၀၀၀ကျပ်ဖြစ်ကြောင်း၊ ခရမ်းချဉ် သီး ၁ပိဿာလျှင် ၂၅၀၀ကျပ်၊ ကြက်သွန်နီ ၁ပိဿာလျှင် ၅၀၀၀ကျပ်၊ ကြက်သွန်ဖြူ ၁ပိဿာလျှင် ၄၅၀၀ကျပ်၊ ကုလားပဲခြမ်း၁ပိဿာလျှင် ၅၅၀၀ကျပ်၊ အာလူး၁ပိဿာလျှင် ၂၅၀၀ကျပ်တို့ဖြင့် အရောင်းအဝယ်ဖြစ်ကြောင်း သိရှိရပြီး ၂၅.၁၁.၂၀၂၂ နေ့ရက်အထိ ဈေးနှုန်းအခြေအနေမှာ အတက်အကျရှိနေကြောင်း သိရှိရပါသည်။
DOCA(ရှမ်း)

တောင်တွင်းကြီးမြို့နယ်မှ တစ်နိုင်တစ်ပိုင် ဝါးခြင်းတောင်းရက်လုပ်ခြင်းလုပ်ငန်းဖြင့် မိသားစုစီးပွားရေး အဆင်ပြေလျက်ရှိ

မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီးမြို့နယ်မှ၊ မိရိုးဖလာ နှီးဝါးလုပ်ငန်းလုပ်ကိုင်ကြသူများအနေဖြင့် ဝါးထရံ၊ ဝါးဖျာ၊ ဝါးခမောက်၊ ဝါးကုလားထိုင်၊ ဝါးခြင်းတောင်းအမျိုးမျိုး ရက်လုပ်ရောင်းချခြင်း ဖြင့် မိသားစုစီးပွားရေး အဆင်ပြေလျက်ရှိကြောင်းသိရပါသည်။
ဝါးခြင်းတောင်းရက်လုပ်ရာတွင် အဓိကကုန်ကြမ်းဖြစ်သည့်ဝါးကို တောင်တွင်းကြီးမြို့ပေါ်ရှိ ဝါးဆိုင်များမှ အလွယ်တကူဝယ်ယူရရှိပြီး ဝါးတစ်လုံးကို ကျပ်(၁၀၀၀)ဝန်းကျင်ခန့် ပေးဝယ်ယူရပါသည်။ တောင်းရက်လုပ်ပြီးစီးမှုအနေဖြင့် တစ်နေ့လျှင် တောင်းအသေး(၄)လုံး၊ တောင်းအလတ် (၃) လုံး၊ အကြီး (၂)လုံး ရက်လုပ်ပြီးစီးပြီး ပုတ်တစ်လုံးကို တနေ့ကုန်ရက်လုပ်ရသည်ဟု သိရပါသည်။
ဝါးတစ်လုံးကို လိုအပ်သလိုခွဲခြမ်းစိတ်ဖျာ၍ တောင်းရက်လုပ်ရာမှာ တောင်းအသေး(၃)လုံး၊ အလတ်(၂)လုံး၊ အကြီး(၁)လုံးရရှိပြီး ပုတ်တစ်လုံးရရှိဖို့ ဝါးသုံးလုံးခန့် အသုံးပြုရပါသည်။ ဈေးနှုန်းအနေဖြင့် တောင်းအသေး(၁)လုံးကို ကျပ်(၃၅၀၀)၊ တောင်းအလတ်(၁)လုံးကို ကျပ်(၅၀၀၀)၊ တောင်းအကြီး(၁)လုံးကို ကျပ်(၇၀၀၀)၊ ပုတ်အသေး(၁)လုံးကို ကျပ်(၁၃၀၀၀)၊ ပုတ်အလတ် (၁)လုံးကို ကျပ်(၁၄၀၀၀)၊ ပုတ်အကြီး(၁)လုံးကို ကျပ်(၁၅၀၀၀) ဖြင့်ရက်လုပ်ပေးရကြောင်း ဝါးခြင်းတောင်းရက်လုပ်ခြင်းလုပ်ငန်း လုပ်ကိုင်သည့် ဦးနိုင်ဦးထံမှသိရှိရပါသည်။
ပဲကြော်၊ ပဲလှော်လုပ်ငန်းရှင်များ၊ ဆီစက်လုပ်ငန်းရှင်များနှင့် ဝါကြိတ်ဖတ်လုပ်ငန်းရှင် လုပ်ငန်းလုပ်ကိုင်သူများအနေဖြင့် အဓိကအသုံးပြုပြီး ယခုကာလမှာ စပါးသီးနှံပေါ်ချိန်ဖြစ်သည့်အတွက် တောင်းများ၊ ပုတ်များအား အော်ဒါမှာယူမှုများ ဆက်တိုက်ရှိနေပြီး လက်မလည်အောင်ဆောင်ရွက်နေရကြောင်း သိရှိရပါသည်။
DOCA(မကွေး)

တောင်တွင်းကြီးမြို့နယ်မှ မိသားစုတစ်နိုင်တစ်ပိုင် ဇီးဖြူသီးအမှုန့်လုပ်ငန်းလုပ်ကိုင်သူများ ဝင်ငွေကောင်း၍အဆင်ပြေလျက်ရှိ

မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီးမြို့နယ် တရုတ်ကောအုပ်စု သဖန်းကုန်းကျေးရွာတွင် မိသားစုတစ်နိုင်တစ်ပိုင် ရာသီပေါ်ဇီးဖြူသီးအမှုန့်လုပ်ငန်းလုပ်ကိုင်ကြသူများအဆင်ပြေလျက်ရှိပါသည်။ ဇီးဖြူသီးအမှုန့်လုပ်ငန်း လုပ်ကိုင်ကြသူများမှာ ဇီးဖြူသီးပေါ်ချိန်ဖြစ်သော သီတင်းကျွတ်လဆန်းမှ တပေါင်းလအထိ ဇီးဖြူသီးအမှုန့် ဖြန့်ဖြူးရောင်းချရေးလုပ်ငန်းကို လုပ်ကိုင်ကြပါသည်။ တစ်နိုင်တစ်ပိုင် ဖြစ်သော်လည်း မိသားစုဝင်ငွေအတွက် များစွာအဆင်ပြေလျက်ရှိပါသည်။ ဇီးဖြူသီးအမှုန့် ထုတ်လုပ်ရာမှာထမဆုံးအနေဖြင့် ဇီးဖြူသီးအလုံးများကိုအနု၊ အရင့်ရွေးပြီးမောင်းစင်ဖြင့် အမှုန့်ဖြစ်အောင် ထောင်းရပါသည်။ ထောင်းပြီးသားအမှုန့်များကို အရည်ညှစ်ရပါသည်။ ထို့နောက် အရည်ညှစ်ပြီးသား အမှုန့်များကို ကြာရှည်စွာစားသုံးနိုင်ရန်အတွက် ဆားဖြင့်ပက်ဖြန်းပြီးနေလှန်းကာ အမှုန့်များထဲတွင် ပါဝင်သောအစေ့ကွဲများကို ရွေးထုတ်ရပါသည်။ ထိုသို့အဆင့်ဆင့်ပြုလုပ်ပြီးမှ ဈေးကွက်သို့ဖြန့်ဖြူး ရောင်းချခြင်းဖြစ်ကြောင်းသိရပါသည်။
ဇီးဖြူသီးအမှုန့်လုပ်ငန်းလုပ်ကိုင်ရာမှာ ကုန်ကြမ်းဖြစ်သော ဇီးဖြူသီးတစ်တင်းလျှင် ကျပ် (၇၀၀၀ မှ၁၀၀၀၀)အထိပေးဝယ်ရကြောင်း၊ မောင်းထောင်းခ အလုံးတစ်တင်းလျှင် ကျပ်(၂၅၀၀) အရည်ညှစ်ခ တစ်တင်းလျှင် ကျပ်(၅၀၀)၊ အစေ့ကွဲရွေးခ တစ်တင်းလျှင် ကျပ်(၅၀၀)ပေးငှားရကြောင်း၊ တစ်တင်း လျှင်ကုန်ကျစရိတ်အနေဖြင့် ကျပ်(၁၃၅၀၀)ကုန်ကျပြီး၊ အကျိုးအမြတ်အနေဖြင့်တစ်တင်းလျှင် ကျပ် (၂၅၀၀၀)ဖြင့်ရောင်းရ၍ ကျပ်(၁၁၅၀၀) ရရှိပါကြောင်းနှင့် ဈေးကွက်အနေဖြင့် တောင်တွင်းကြီးမြို့ အပြင် မကွေး၊ အောင်လံ၊ ပြည်၊ နတ်မောက်၊ မြို့သစ်၊ ကျောက်ပန်းတောင်း စသည့်မြို့နယ်များအထိ ဖြန့်ဖြူးရောင်းချလျက်ရှိကြောင်း ဇီးဖြူသီး အမှုန့်လုပ်ငန်းလုပ်ကိုင်သည့် ဒေါ်ရီသန်းထံမှ သိရပါသည်။
ယခုကာလတွင် ကထိန်၊ အလှူပွဲများနှင့် မင်္ဂလာဆောင်ပွဲများတွင် ငရုတ်သီးကြော်၊ ဟင်းချိုနှင့် တွဲဖက်၍ဧည့်ခံကျွေးမွေးကြသဖြင့် ပိုမိုအရောင်းသွက်လျက်ရှိပြီး ဇီးဖြူသီးအမှုန့်လုပ်ငန်း လုပ်ကိုင်ကြသူများ အဆင်ပြေလျက်ရှိကြကြောင်းသိရှိရပါသည်။
DOCA(မကွေး)

ဈေးနှုန်းမြင့်တက်နေသော ပုစွန်ခြောက်ဈေးကွက်

       ကယားပြည်နယ်တွင် ပုစွန်ခြောက်ကို ထားဝယ်၊ မြိတ် တို့မှအများအပြားတင်သွင်း ရောင်းချပါသည်။ ပုစွန်ခြောက်ကိုနွေရာသီတွင် ပုံမှန်ဈေးနှင့်ဝယ်ယူရပြီး မိုးရာသီတွင် အခြောက်လှန်းရန် ခက်ခဲသော‌ကြောင့် ဈေးပိုပေး၍ဝယ်ယူရသည်။ယခင်က ပုစွန်ခြောက်ဈေးနှုန်းမှာ ရေချို(ရှယ်) တစ်ပိဿာလျှင် ၄၂၀၀၀ကျပ်၊ ရေချို(အလတ်စား)တစ်ပိဿာလျှင်၃၇၀၀၀ကျပ်၊ ရိုးရိုးပုံမှန် တစ်ပိဿာ လျှင်၃၃၀၀၀-၃၂၀၀၀ ရှိ၍ အရောင်းအဝယ်ဖြစ်ပါသည်။ ယခုအခါပုစွန်ခြောက်ဈေးနှုန်းမှာ ရေချို(ရှယ်) တစ်ပိဿာလျှင် ၅၀၀၀၀ကျပ်၊ ရေချို(အလတ်စား)တစ်ပိဿာလျှင်၄၅၀၀၀ကျပ်၊ ရိုးရိုးပုံမှန်တစ်ပိဿာလျှင် ၄၀၀၀၀-၃၈၀၀၀ကျပ် ရှိ၍ အရောင်းအဝယ်ဖြစ်နေပါသည်။ ဈေးနှုန်းမြင့် တက်လာရခြင်း  အကြောင်းအရင်းမှာ စက်သုံးဆီဈေးနှုန်းမြင့်တတ်လာ၍ သယ်ယူစရိတ်မြင့်မား လာခြင်းကြောင့်ဖြစ်သည်ဟု ပုစွန်ခြောက်ရောင်းဝယ်ရေးလုပ်ငန်းရှင်တစ်ဦးထံမှ သိရပါသည်။

DOCA(ကယား)

ငရုတ်သီးခြောက်ဈေးနှုန်း မြှင့်တက်လျှက်ရှိ

        ကယားပြည်နယ်တွင် စားဖိုဆောင်သီးနှံတစ်မျိုးဖြစ်သည်။  ငရုတ်သီးကို လွိုင်ကော်မြို့ နယ် မှုံပြာကျေးရွာ၊လင်ဖုံလေးကျေးရွာ၊ဒီးမောဆိုမြို့နယ် ကုန်းသာကျေးရွာများမှအများဆုံး စိုက်ပျိုး ကြပြီး ယခုဒီဇင်ဘာလပထမအပတ်အတွင်းဖြစ်ပေါ်နေသော ငရုတ်သီးခြောက် ဈေးနှုန်းမှာတစ်ပိဿာလျှင် (၁၄၀၀၀)ကျပ်၊ ယခင်နိုဝင်ဘာလပထမအပတ် ငရုတ်သီးခြောက် ဈေးနှုန်းမှာ (၁၂၀၀၀) ကျပ် ယခင်နိုဝင်ဘာလပထမအပတ်နှင့် ယခုဒီဇင်ဘာလပထမအပတ် ဈေးနှုန်းနှင့် နှိုင်းယှဉ်လျှင် (၂၀၀၀)ကျပ်ခန့် မြှင့်တက်လာကြောင့် နောင်ယားဈေးအတွင်းရှိ ငရုတ်သီးခြောက်ရောင်းချသူ တစ်ဦးထံမှ သိရပါသည်။

DOCA(ကယား)

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း