ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

ပဲစဉ်းငုံများ အောင်မြင်ဖြစ်ထွန်းလျှက်ရှိ

              မန္တလေးတိုင်းဒေသကြီး၊ကျောက်ဆည်ခရိုင်တွင် စပါး၊ပဲ၊နှမ်း၊ငရုတ်စသည့် သီးနှံများစိုက်ပျိုးမှုများသော်လည်း ပဲမျိုးစုံအနက်မှ ပဲစဉ်းငုံသီးနှံကိုလည်း စိုက်ပျိုးကြပါသည်။ ပဲစဉ်းငုံကို ကျောက်ဆည်မြို့နယ်တွင် (၁၃၁၂)ဧက၊ မြစ်သားမြို့နယ်တွင်(၇၀၂)ဧက စိုက်ပျိုးနိုင်ခဲ့ကြောင်း ယခင်နှစ်ကာလတူတွင် ကျောက်ဆည်မြို့နယ်၌ (၂၁၂၅)ဧက ၊မြစ်သားမြို့နယ်တွင် (၉၈၈)ဧက စိုက်ပျိုးနိုင်ခဲ့ရာ ယခုနှစ်တွင် ယခင်နှစ်အောက် လျော့နည်းစိုက်ပျိုးခဲ့ကြောင်း သိရှိရပါသည်။ ပဲစဉ်းငုံကို သီးသန့်စိုက်ပျိုးမှုနည်းပြီး  နှမ်း၊ဝါ၊ပဲတီစိမ်းသီးနှံများထဲတွင် သီးညှပ်အဖြစ်စိုက်ပျိုးကြပါသည်။ပဲစဉ်းငုံကို သီးသန့်တစ်မျိုးတည်း စိုက်ပျိုးလျှင် မျိုးအနေဖြင့် တစ်ဧက(၂)ပြည် စိုက်ပျိုးရပြီး သီးညှပ်အဖြစ် စိုက်ပျိုးပါက တစ်ဧက (၁)ပြည်စိုက်ပျိုးကြကြောင်း ၊ စိုက်ပျိုးသည့်မျိုးများမှာ ကြေးနီရောင်တဘက်လှဲမျိုး ၊ ရွှေဝါရောင် လုံးသေးဒင်္ဂါးမျိုးများကို အများဆုံးစိုက်ပျိုးကြကြောင်း၊မိမိစိုက်ခင်းမှ မျိုးကိုချန်ပြီးစိုက်ပျိုးမှုရှိသလို စိုက်ပျိုးချိန်ရောက်မှ ဝယ်ယူ၍စိုက်ကြကြောင်း၊ဇွန်၊ဇူလိုင်လများတွင် စတင်စိုက်ပျိုးကြပြီး ဒီဇင်ဘာ၊ ဇန်နဝါရီလများတွင် စတင်ရိတ်သိမ်းနိုင်ကြောင်း၊ယခုနှစ်စိုက်ပျိုးချိန်တွင် မိုးဦးကောင်းသည့်အတွက် အပင်များအောင်မြင် ဖြစ်ထွန်းလျှက်ရှိကြောင်း ၊ ပဲစဉ်းငုံတစ်ဧက ကုန်ကျစရိတ်အနေဖြင့် ကျပ် (၁၈၀၀၀၀/-) ဝန်းကျင်ခန့် ကုန်ကျကြောင်း ၊ ယခုအခါ ပဲစဉ်းငုံတစ်တင်းလျှင် ကျပ် (၅၀၀၀၀/-)စျေးနှုန်းဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်း သိရှိရပါသည်။

DOCA(မန္တလေး)

“ယာမြေများတွင်ကုလားပဲများအောင်မြင်ဖြစ်ထွန်းပြီးကုလားပဲရွက်များဈေးကောင်းရ”

         မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်အတွင်းရှိ ယာမြေများ၌ စက်တင်ဘာလတွင် ရွာသွန်းသောမိုးရေကြောင့် အောက်တိုဘာလဆန်းတွင် ယာမြေများ၌ ကုလားပဲကို မိုးရေအစိုဓါတ်ဖြင့် စတင်စိုက်ပျိုးပါသည်။ အချို့မှာ မိုးရေအစိုဓါတ်အပြင်ရေစက်များဖြင့် ရေတင်၍ စိုက်ပျိုးကြကြောင်း၊ ရေဖြင့်ထပ်မံတင်၍ စိုက်ပျိုးသောယာမြေများသည် မိုးရေဖြင့်စိုက်ပျိုးသော ယာမြေများထက် ပို၍ကောင်းမွန်ပြီး အထွက်နှုန်းပိုမိုကောင်းမွန်ကြောင်း တောင်သူများထံမှသိရှိရပါသည် ။ တောင်သူများသည် ကုလားပဲမျိုးကို မိမိ၏အိမ်တွင်သေချာစွာ သိမ်းဆည်းထားပြီး မျိုးအဖြစ်အသုံးပြုကြသလို အချို့‌တောင်သူများသည် ဝယ်ယူ၍စိုက်ပျိုးကြကြောင်း၊ ကုန်ကျစရိတ်အနေဖြင့် တစ်ဧကလျှင် (၂၀၀၀၀၀) ကျပ်ဝန်းကျင်ကုန်ကျကြောင်း ၊ ကုလားပဲသည် ကုန်ကျစရိတ်သက်သာပြီး အချိန်ကုန်သက်သာခြင်းကြောင့် ဝင်ငွေတိုးပြီး နွေရာသီသုံးငွေအဖြစ် ရရှိခြင်းကြောင့် တောင်သူအများစုမှာ အများဆုံးစိုက်ပျိုးကြကြောင်း၊ ယာမြေများတွင် ကုလားပဲ (၁) ဧကလျှင် (၁) တင်းနှုန်းပတ်ကြဲရပြီး လယ်မြေများတွင် (၁) ဧကလျှင် (၁) တင်းခွဲနှုန်း ပိုမို၍စိုက်ပျိုးရကြောင်း၊ အကြောင်းရင်းမှာ ယာမြေများသည် လယ်မြေများထက် မြေသန်ခြင်းကြောင့်ဖြစ်ကြောင်း ယခုအခါ ကုလားပဲအပင်ပေါက်များ အောင်မြင်စွာဖြစ်ထွန်းနေပြီး ကုလားပဲရွက်များခူး၍ ဈေးထဲတွင်ရောင်းချလျက်ရှိကြောင်း၊ ကုလားပဲရွက်(၁) ပိသာလျှင် ဖောက်သည်ဈေးအနေဖြင့် (၅၀၀၀) ကျပ်ရှိပြီး လက်လီဈေးအနေဖြင့် ကုလားပဲရွက် (၁၀) ကျပ်သားလျှင် ၆၀၀ ကျပ်နှင့် ရောင်းချလျက်ဖြစ်ကြောင်း  ကုလားပဲကိုကြိတ်ခွဲလျှင် ကုလားပဲဆံကိုရရှိပြီး ကုလားပဲဆံကို အလှူပွဲများတွင် မပါမဖြစ် ပဲနှပ်အဖြစ် ချက်ပြုတ်ကျွေးမွေးကြကြောင်း၊ ကုလားပဲဆံဖြင့် မုန့်အမျိုးမျိုးပြုလုပ်၍လည်း ရောင်းချလျက်ရှိကြောင်း၊ ဈေးနှုန်းအနေဖြင့် ယခုအချိန်တွင် ကုလားပဲများထွက်ရှိခြင်းမရှိသေးသော်လည်း ဈေးကွက်အတွင်းတွင် ယခင်နှစ်ကထွက်ရှိသော ကုလားပဲဈေးနှုန်းများမှာ ကုလားပဲ (ရိုးရိုး) တစ်တင်းလျှင် (၅၄၀၀၀) ကျပ် ၊ ကုလားပဲ (V2) တစ်တင်းလျှင် (၆၄၀၀၀ )ကျပ်နှင့်ကုလားပဲဆံတစ်ပိဿာလျှင် (၄၂၀၀) ကျပ်ဖြင့်ရောင်းချလျက်ရှိကြောင်း သိရှိရပါသည်။

DOCA(မန္တလေး)

ကျိုင်းတုံမြို့ရှိ အခြေခံစားသောက်ကုန်များ၏ ဈေးနှုန်းအခြေအနေ

       ၂၀၂၂ ခုနှစ် နိုဝင်ဘာလ စတုတ္ထပတ်အတွင်း ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့ရှိ အခြေခံစားသောက်ကုန်များဖြစ်သော ရွှေဘိုပေါ်ဆန်းမွှေး(သိင်္ဂီ) တစ်ပြည် ၄၅၀၀ကျပ်၊ ဧည့်မထဆန် တစ်ပြည် ၂၃၀၀ကျပ်ဖြင့် ရောင်းဝယ်လျက်ရှိပါသည်။ စားဖိုဆောင်စားသောက်ကုန်များအနေဖြင့် ကြက်သွန်နီ တစ်ပိဿာ ၅၀၀၀ကျပ်၊ ကြက်သွန်ဖြူ(ကြူကုတ်) တစ်ပိဿာ ၆၀၀၀ကျပ်၊ (ရှမ်းစ)တစ်ပိဿာ ၆၀၀၀ကျပ်၊ ငရုတ်သီးခြောက် (ရှည်)တစ်ပိဿာ ၂၀၀၀၀ကျပ်၊ ခရမ်းချဉ်သီး တစ်ပိဿာ ၂၈၀၀ကျပ်၊ အာလူး တစ်ပိဿာ ၃၀၀၀ကျပ်၊ မန်ကျည်းသီးမှည့် တစ်ပိဿာ ၄၀၀၀ကျပ်၊ ချင်း တစ်ပိဿာ ၂၅၀၀ကျပ် စသဖြင့် ရောင်းဝယ်လျက်ရှိပါသည်။

     ကျိုင်းတုံမြို့တွင် နိုဝင်ဘာလ စတုတ္ထပတ်၌ စားသုံးဆီဈေးနှုန်းများအနေဖြင့် စားအုန်းဆီ တစ်ပိဿာ ၇၅၀၀ကျပ်နှင့် ပဲဆီ(ရိုးရိုး) တစ်ပိဿာ ၁၄၀၀၀ကျပ်၊ ကြက်ဥဈေးမှာ တစ်လုံး ၂၃၀ကျပ်နှင့် ဘဲဥ တစ်လုံး ၃၀၀ကျပ်ဖြင့် ရောင်းဝယ်လျက်ရှိပါသည်။ အသား/ငါးဈေးနှုန်းများမှာ ကြက်သား(CP) တစ်ပိဿာ ၁၀၀၀၀ကျပ်၊ ဝက်သား တစ်ပိဿာ ၂၀၀၀၀ကျပ်၊ အမဲသား တစ်ပိဿာ ၂၂၀၀၀ကျပ်၊  ငါးကြင်း တစ်ပိဿာ ၈၅၀၀ကျပ်၊ ငါးမြစ်ချင်း တစ်ပိဿာ ၈၀၀၀ကျပ် ဈေးနှုန်းများဖြင့် ရောင်းဝယ်လျက်ရှိကြောင်း သိရှိရပါသည်။

     ကျိုင်းတုံမြို့ရှိ အခြေခံစားသောက်ကုန်ဈေးနှုန်းများသည် ယခင်အောက်တိုဘာလ စတုတ္ထပတ်နှင့် နှိုင်းယှဉ်ပါက ကြက်သွန်နီနှင့် ပဲဆီ(ရိုးရိုး)တို့မှာ ဈေးနှုန်းအနည်းငယ်မြင့်တက်ပြီး ခရမ်းချဉ်သီးနှင့် စားအုန်းဆီတို့မှာ ဈေးနှုန်းအနည်းငယ်ကျဆင်း၍ ကျန်အခြေခံစားသောက်ကုန်ဈေးနှုန်းများမှာ တည်ငြိမ်လျက် ရှိပါသည်။

DOCA (ရှမ်း)

 

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၏ ဓာတ်မြေဩဇာနှင့် ဘိလပ်မြေဈေးနှုန်းအခြေအနေ

       ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့ ဈေးကွက်တွင် နိုဝင်ဘာလ စတုတ္ထပတ်၌ ဓာတ်မြေဩဇာ ဈေးနှုန်းများမှာ ပုလဲ(MEP) (50)kg တစ်အိတ်လျှင်(၉၇၀၀၀)ကျပ်၊ တီဆူပါ(လေဆာ) (50)kg တစ်အိတ်လျှင်(၁၉၀၀၀)ကျပ်၊ ယူရီယား(မြင်းပျံ) (50)kg တစ်အိတ်လျှင် (၈၇၀၀၀)ကျပ်၊ တီဆူပါ (may) (50)kg တစ်အိတ်လျှင် (၁၉၀၀၀)ကျပ်၊ ချာန(သုံးမျိုးစပ်) (50)kg တစ်အိတ်လျှင် (၁၄၂၀၀၀)ကျပ် ဖြစ်ပါသည်။ တာချီလိတ်မြို့အတွင်းရှိ ဓာတ်မြေဩဇာ ဈေးနှုန်း များမှာ ပုလဲ(၄၆%) (50)kg တစ်အိတ်လျှင် (၁၃၂၅၀၀)ကျပ်၊ ကွန်ပေါင်း(၁၅ပတ်လည်) တစ်အိတ်လျှင် (၁၂၄၄၀၀)ကျပ်၊ ကွန်ပေါင်း (50)kg တစ်အိတ်လျှင် (၁၂၄၄၀၀)ကျပ် ဖြစ်ပါသည်။

      ကျိုင်းတုံမြို့အတွင်းရှိ နိုဝင်ဘာလ စတုတ္ထအပတ်  ဘိလပ်မြေဈေးနှုန်းများအနေဖြင့် ကျား တံဆိပ် (40)kg တစ်အိတ်လျှင် (၁၅၉၀၀)ကျပ်၊ ဆင်တံဆိပ် (50)kg တစ်အိတ်လျှင် (၁၆၉၀၀)ကျပ်၊ စိန်တံဆိပ် (50)kg တစ်အိတ်လျှင် (၁၆၉၀၀)ကျပ် ဖြစ်ပါသည်။ တာချီလိတ်မြို့အတွင်းရှိ ဘိလပ်မြေ ဈေးနှုန်းများမှာ ကျားတံဆိပ် (40)kg တစ်အိတ်လျှင် (၁၃၆၀၀)ကျပ်၊ ဆင်တံဆိပ် (50)kg တစ်အိတ် လျှင် (၁၄၄၀၀)ကျပ်၊ စိန်တံဆိပ် (50)kg တစ်အိတ်လျှင် (၁၄၄၀၀)ကျပ် ဖြစ်ပါသည်။

       ရှမ်းပြည်နယ်(အရှေ့ပိုင်း)တွင် ဓာတ်မြေဩဇာဈေးနှုန်းများမှာ ယခင်အောက်တိုဘာလ စတုတ္ထပတ်ထက် အနည်းငယ် ကျဆင်းပြီး၊ ပုလဲ(၁၅ပတ်လည်) တစ်မျိုးသာလျှင် ဈေးနှုန်း အနည်းငယ်မြင့်တက်လျက်ရှိပါသည်။ ဘိလပ်မြေဈေးနှုန်းများမှာလည်း ယခင်လစတုတ္ထပတ်ထက် အနည်းငယ် မြင့်တက်လျက်ရှိသည်ကို သိရှိရပါသည်။

DOCA (ရှမ်း)

 

မကွေးမြို့၊ ကန်သာစျေးရှိ သစ်သီးဝလံစျေးနှုန်းများအခြေအနေ

       မကွေးမြို့ ကန်သာစျေးရှိ သစ်သီးဝလံများမှာ ရှမ်းပြည်နယ် တောင်ကြီး၊ သီပေါ၊  စစ်ကိုင်း၊ ကျောက်ဆည်၊ ပြင်ဦးလွင်ဒေသတို့မှ အသီးသီးဝင်ရောက်လျက်ရှိကြောင်း သိရပါသည်။

      နိုဝင်ဘာလ တတိယအပတ်တွင် ရွှေလိမ္မော်(၁)ပိဿာလျှင် ကျပ်(၈၀၀၀မှ ၁၀၀၀၀)ကြား၊ ပျားလိမ္မော်(၁)ပိဿာလျှင် ကျပ်(၆၀၀၀မှ ၈၀၀၀)ကြား၊ လိမ္မော်(ရိုးရိုး) (၁)ပိဿာလျှင် ကျပ်(၃၀၀၀မှ ၅၀၀၀) ကြား၊ ပန်းသစ်တော် (၁)လုံး လျှင် ကျပ်(၂၀၀၀မှ ၂၅၀၀)ကြား၊ ပန်းသီး (၁)လုံးလျှင် ကျပ်(၇၀၀မှ ၉၀၀)ကြား၊ ထောပတ်သီး (၁)လုံးလျှင် ကျပ်(၆၀၀ မှ ၈၀၀)ကြား၊ ကျွဲကောသီး (၁)လုံးလျှင် ကျပ်(၁၀၀၀မှ ၁၅၀၀)ကြား၊ တယ်သီး (၁)လုံးလျှင် ကျပ်(၈၀၀မှ ၁၀၀၀)ကြား၊ သခွါးမွှေး (၁)လုံးလျှင် ကျပ်(၃၀၀၀မှ ၃၅၀၀)ကြား၊ ဖရဲသီး(ကြီး) (၁)လုံးလျှင် ကျပ်(၂၅၀၀မှ ၃၀၀၀)ကြား၊ ဖရဲသီး(သေး) (၁)လုံးလျှင် ကျပ်(၁၀၀၀မှ ၁၅၀၀)ကြား၊ နာနတ်သီး (၁)လုံးလျှင် ကျပ်(၁၂၀၀မှ ၁၅၀၀)ကြား၊ နဂါးမောက်သီး (၁)လုံးလျှင် ကျပ်(၈၀၀မှ ၁၀၀၀)ကြား၊ နှင်းသီး(၁)ပိဿာလျှင် ကျပ်(၆၀၀၀မှ ၇၀၀၀)ကြား၊ စပျစ်သီး (၁)ပိဿာလျှင် ကျပ်(၁၀၀၀၀မှ ၁၂၀၀၀)ကြားဈေးနှုန်းများဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရှိရပါသည်။

DOCA (မကွေး)

ကသာမြို့တွင်း ရောင်းချလျက်ရှိသော အခြေခံစားသောက်ကုန်ဈေးနှုန်းများ

          ၂၀၂၂-ခုနှစ် နိုဝင်ဘာလနောက်ဆုံးပတ် ကသာမြို့နယ်၊ သီရိခေမာဈေးအတွင်း ရောင်းချလျက် ရှိသော အခြေခံစားသောက်ကုန်ပစ္စည်းများမှာ ဧရာမင်းဆန်တစ်ပြည်(၂၂၀၀)ကျပ်၊ မှော်ဘီဆန် တစ်ပြည် (၁၉၀၀)ကျပ်နှင့် ချင်း-၃ဆန်တစ်ပြည် (၁၇၀၀)ကျပ်ဖြင့် ရောင်းချလျက်ရှိပြီး စားသုံးဆီ ဈေးနှုန်းမှာ မြေပဲ ဆီတစ်ပိဿာ (၁၂၀၀၀)ကျပ်နှင့် စားအုန်းဆီတစ်ပိဿာ(၇၇၀၀)ကျပ်  ရှိကြောင်းသိရသည်။

         စားဖိုဆောင်သီးနှံ လက်လီဈေးနှုန်းများမှာ ကြက်သွန်နီ(ကြီး) တစ်ပိဿာ (၄၅၀၀)ကျပ်၊ (လတ်) (၄၀၀၀)ကျပ်နှင့် (သေး)တစ်ပိဿာ(၃၇၀၀)ကျပ်၊ ကြက်သွန်ဖြူ(ရှမ်း) (ကြီး/လတ်)တစ်ပိဿာ (၆၀၀၀ မှ ၄၅၀၀)ကျပ်၊ အာလူး တစ်ပိဿာ(၂၈၀၀)ကျပ်၊ ခရမ်းချဉ်သီးတစ်ပိဿာ(၃၀၀၀)ကျပ်၊ ကုလားပဲ တစ်ပိဿာ (၅၂၀၀)ကျပ်၊ ပဲနီလေးတစ်ပိဿာ(၇၀၀၀)ကျပ်၊ စားတော်ပဲ တစ်ပိဿာ(၅၈၀၀)ကျပ်ဖြင့် ရောင်းချလျက်ရှိသည်။

            အသား /ငါး ဈေးနှုန်းများမှာ ကြက်သား(CP) တစ်ပိဿာ (၁၂၀၀၀)ကျပ်၊ ဝက်သားတစ်ပိသာ (၁၆၀၀၀) ကျပ်၊ အမဲသားတစ်ပိဿာ(၁၅၀၀၀)ကျပ်၊ ဆိတ်သားတစ်ပိဿာ (၂၄၀၀၀)ကျပ်နှင့် ငါးကြင်းတစ်ပိဿာ(၈၀၀၀)ကျပ်ရှိပြီး နိုဝင်ဘာလတတိယပတ်နှင့် ဈေးနှုန်းနှိုင်းယှဉ်ကြည့်ပါက ခရမ်းချဉ်သီး ဈေးနှုန်းမှာ ကျပ်(၆၀၀)ခန့်နှင့် စားတော်ပဲဈေးနှုန်းမှာ ကျပ်(၂၀၀)ခန့် ဈေးကျလျက်ရှိသည်ကို တွေ့ရှိ ရပြီးကျန်စားသောက်ကုန်များမှာ ဈေးနှုန်းတည်ငြိမ်လျက်ရှိကြောင်း သိရသည်။

DOCA(စစ်ကိုင်း)

                                     

ချင်းပြည်နယ်မှ ကလေးမြို့သို့ စီးဝင်လျက်ရှိသည့် ရာသီစာသီးနှံများ၏ ဈေးနှုန်း/ဈေးကွက် အခြေအနေ

        စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့ ဈေးကွက်တွင် ချင်းတောင်မှ ထွက်ရှိသည့် ဂေါ်ဖီထုပ်၊ ဂေါ်ရခါးသီး၊ အိန္ဒိယမုန်ညှင်း၊ ခါကြက်ဥ၊ ရွှေပဲသီး၊ အညှာမီးဖုတ် ( ခေါ် ) တောင်ပေါ် ခရမ်းအချဉ်သီး၊ မုန်ညှင်းခါး၊ ကြက်သွန်ဖြူနှင့် ကြက်သွန်နီများ အရောင်းအဝယ်ဖြစ်လျက်ရှိပြီး  ဈေးနှုန်း/ဈေးကွက်များအား ဒေါ်မိငယ် ကုန်စိမ်းပွဲရုံထံမှ မေးမြန်းသိရှိရပါသည်။

      ကလေးမြို့ပေါ်ဈေးကွက်တွင် တောင်ပေါ်ဒေသဖြစ်သည့် ဖလမ်းမြို့နယ်၊ ဗားလုံ၊ လုံးဟော့၊ ဇိုင်ဇော်လ်၊ လားသီး၊ လုမ်ဘန်း၊ ပါရ်သဲနှင့် ဘွာလ်ခွါကျေးရွာများတွင် အများဆုံး စိုက်ပျိုးပြီး ကလေးမြို့သို့ အဓိကတင်ပို့ရောင်းချလျက်ရှိပါသည်။ ကလေးမြို့မှတဆင့် ကလေးဝမြို့၊ တမူးမြို့များသို့လည်း တင်ပို့ရောင်းချလျက်ရှိပါသည်။

          ကလေးမြို့ပေါ် ဈေးကွက်တွင် ချင်းတောင်ဒေသမှ ထွက်ရှိသည့် သီးနှံရောင်းဈေးနှုန်း ( လက္ကား ) ဈေးနှုန်းများအနေဖြင့် ဂေါ်ဖီထုပ် တစ်ပိဿာလျှင် ( ၁၀၀၀ ) ကျပ်၊ ဂေါ်ရခါးသီ တစ်ပိဿာလျှင် ( ၅၀၀ ) ကျပ်၊ မုန်ညှင်း ( အိန္ဒိယမုန်ညှင်း ) တစ်ပိဿာလျှင် ( ၂၅၀၀ )ကျပ်၊ ခါကြက်ဥ တစ်ပိဿာလျှင် ( ၃၀၀၀ ) ကျပ်၊ ရွှေပဲသီး တစ်ပိဿာလျှင် ( ၄၀၀၀ ) ကျပ်၊ အညှာမီးဖုတ် ( ခေါ် ) ခရမ်းအချဉ်သီး တစ်ပိဿာလျှင် ( ၆၀၀၀ ) ကျပ်၊ ခရမ်းချဉ်သီး တစ်ပိဿာလျှင် ( ၃၀၀၀ ) ကျပ်၊ မုန်ညှင်းခါး တစ်ပိဿာလျှင် ( ၁၅၀၀ ) ကျပ်၊ ကြက်သွန်ဖြူ တစ်ပိဿာလျှင် ( ၄၀၀၀ ) ကျပ်၊ ကြက်သွန်နီ တစ်ပိဿာလျှင် ( ၄၂၀၀ ) ကျပ် ဈေးနှုန်းများဖြင့်တဆင့်ခံ ပြန်လည်ရောင်းချပေးလျက် ရှိပါကြောင်း ဈေးကွက်အတွင်းမှ လေ့လာသိရှိရပါသည်။

DOCA(စစ်ကိုင်း)

ဆိပ်ဖြူကြက်သွန်နီ နိုဝင်ဘာ(တတိယ)ပတ်အတွင်း ဈေးကွက်အခြေအနေ

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ဆိပ်ဖြူမြို့နယ် လက်ကားကုန်စည်ဒိုင်တွင် ကြက်သွန်နီ စိုက်ပျိုးရာဒေသ နေရာအနှံ့အပြားနှင့် ဆင်ဖြူကျွန်း၊ စလင်း၊ ပေါက်ဒေသများမှ ဆောင်းစိုက်၊ ပင်စိုက်များ နေ့စဉ်အရောင်းအဝယ်ဖြစ်နေပါသည်။ နိုဝင်ဘာလ(တတိယ)ပတ်အတွင်း ကြက်သွန်နီ လက်ကားကုန်စည်ဒိုင်ပြတ်ဈေးမှာ အမြင့်ဆုံးဈေး(၁)ပိဿာ ထိပ်စ ကျပ်(၃၆၅၀)၊ အလတ်စ ကျပ် (၃၄၀၀)၊ အနိမ့်စကျပ်(၃၀၀၀)ဈေးနှုန်းဖြင့် အရောင်းအဝယ်ဖြစ်ပြီး ယခင်တစ်ပတ်နှင့် နှိုင်းယှဉ်ပါက ယခုတစ်ပတ်တွင် ကြက်သွန်နီ(၁)ပိဿာ ပျမ်းမျှကျပ်(၁၀၀)ခန့် ဈေးနှုန်းကျဆင်းပြီး အရောင်းအဝယ် ဖြစ်ကြောင်း ဒေသတွင်းကြက်သွန်နီများကို ပြည်ပပို့ကုန် မြဝတီမြို့သို့ တင်ပို့မှုနည်းပြီး ရန်ကုန်တိုင်းဒေသကြီး ဘုရင့်နောင်ပွဲရုံသို့ အများဆုံးတင်ပို့လျက်ရှိပါသည်။
ဆိပ်ဖြူမြို့ ပတ္တမြားဈေးနှင့်ကုန်စုံဆိုင်ကြီးများတွင် ကြက်သွန်နီ လက်လီရောင်းချသည့် ဈေး နှုန်းမှာ ကြက်သွန်နီ(ဥ)အကြီး၊ အသေး၊ အလတ်၊ အရွယ်အစား၊ အရည်အသွေးလိုက်၍ ထိပ်စ(၁) ပိဿာလျှင် ကျပ်(၄၀၀၀)၊ အလတ်စ ကျပ်(၃၇၀၀)၊ အသေးစ ကျပ်(၃၃၀၀)ဖြင့် ရောင်းချနေကြောင်း ဝယ်ယူသုံးစွဲသူ စားသုံးသူများထံမှ သိရှိရသည်။ နိုဝင်ဘာ(တတိယ)ပတ်အတွင်း တင်ပို့မှုအနေဖြင့် ရန်ကုန်၊ ဘုရင့်နောင်ပွဲရုံ၊ ပြည်၊ ပုသိမ်မြို့၊ မြဝတီ၊ စစ်တွေ၊ မော်လမြိုင်မြို့များသို့ နေ့စဉ် တင်ပို့ အရောင်းအဝယ်ဖြစ်ပြီး တစ်ပတ်အတွင်း ကုန်ချိန်(၃)သိန်း၊ ၃၀ ပိဿာဝင်ဆန့် အိတ်(၁၀၆၂၃)၊ တန်ချိန်(၂)သောင်းခန့် ကုန်စည်စီးဆင်းလျက်ရှိကြောင်း ကုန်စည်ဒိုင်အသင်းဝင် တစ်ဦးထံမှ သိရှိရပါသည်။
ယခုအချိန်တွင် ဆောင်းစိုက်(ပင်စိုက်)ကြက်သွန်နီများ ရာသီကုန်ဆုံးချိန်ရောက်ပြီဖြစ်သဖြင့် ဆိပ်ဖြူမြို့ရှိ တောင်သူများနှင့် ကုန်သည်ပွဲစားလှောင်လက်များထံတွင် ကြက်သွန်နီလက်ကျန် ကုန်ချိန်နည်းသွားပြီဖြစ်၍ ယခု(၁)ပတ်အတွင်း ကြက်သွန်နီကုန်ချိန်စီးဆင်းမှု နည်းသွားကြောင်း ကုန်စည်ဒိုင်အသင်းဝင် ကုန်သည်ပွဲစားများထံမှ သိရှိရသည်။
DOCA (မကွေး)

ဆင်ဖြူကျွန်းမြို့ သရက်ချဉ်ကျေးရွာ၌ မိုးနှောင်းကြက်သွန်နီ အပင်စိုက် စိုက်ပျိုးမှု အခြေအနေ

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စလင်းမြို့နယ်မှ ဝန်ထမ်းများသည် ဆင်ဖြူကျွန်းမြို့ သရက်ချဉ်ကျေးရွာရှိ မိုးနှောင်းကြက်သွန်နီ အပင်စိုက် စိုက်ပျိုးလျက်ရှိသော တောင်သူ ဦးမောင်မောင်လွင်နှင့် တွေ့ဆုံ၍ ကြက်သွန်နီ စိုက်ပျိုးမှု အခြေအနေများ မေးမြန်းဆွေးနွေးခဲ့ရာ ၎င်းအနေဖြင့် ယခုနှစ်တွင် (၁၈)ဧကခန့် စိုက်ပျိုးထားရှိပါကြောင်း၊ ဇူလိုင်လတွင် ပျိုးထောင်၍ စက်တင်ဘာလတွင် အပြီးစိုက်ပျိုးခဲ့ရာ ယခုအချိန်တွင် (၇၅)ရက် ခန့်ရှိပြီး ဒီဇင်ဘာလလယ်တွင် ရိတ်သိမ်းမည်ဖြစ်ရာ အထွက်နှုန်းအားဖြင့် (၁)ဧကလျှင် (၆၀၀၀-၆၅၀၀)ပိဿာထိ ထွက်ရှိနိုင်သည်ဟု မျှော်မှန်းကြောင်း သိရှိရပါသည်။
၎င်းတောင်သူအနေဖြင့် မိုးနှောင်းကြက်သွန်နီကို သရက်ချဉ်ကျေးရွာအုပ်စု ကွင်းအမှတ် (၄၄၂)တွင် တစ်စုတစ်စပ်ထဲ စိုက်ပျိုးပြီး ရွှေဖလား(မြစ်သား)မျိုးများ စိုက်ပျိုးထားကြောင်း၊ စိုက်နည်းစနစ်မှာ ပင်ကြား (၃)လက်မ တန်းကြား (၄)လက်မ အကွာအဝေးစိုက်ပျိုးထားပါကြောင်းနှင့် ယခုနှစ်တွင် ရာသီဥတုကောင်းမွန်ပြီး ပိုးမွားကျရောက်မှု နည်းပါးသောကြောင့် ယခင်နှစ်ထက် ကြက်သွန်နီ အထွက်ကောင်းနိုင်ကြောင်း တောင်သူဦးမောင်မောင်လွင်၏ ပြောကြားချက်အရ သိရှိရပါသည်။
DOCA (မကွေး)

ပခုက္ကူမြို့၌ အရောင်းအဝယ်ဖြစ်ပေါ်နေသော ပဲမျိုးစုံနှင့် နှမ်းဈေးနှုန်းအခြေအနေ

ပခုက္ကူမြို့တွင် ပဲမျိုးစုံနှင့်နှမ်းသီးနှံများ အရောင်းအဝယ်ဖြစ်လျက်ရှိရာ နိုဝင်ဘာလ (၁၆)ရက် မှ (၂၃)ရက်အတွင်း ဖြစ်ပေါ်ခဲ့သော ပဲဈေးနှုန်းများမှာ ပဲမာနီ(တင်း) ကျပ် ၅၇၀၀၀၊ ကုလားပဲဝါ(929) (တင်း) ကျပ် ၆၀၅၀၀၊ ကုလားပဲ(V6) (တင်း) ကျပ် ၆၄၀၀၀ မှ ၆၅၀၀၀၊ ကုလားပဲ(HL) (တင်း) ကျပ် ၅၉၀၀၀၊ ပဲတီစိမ်းကြီး (တင်း) ကျပ် ၄၅၀၀၀၊ ပဲတီစိမ်းသေး (တင်း) ကျပ် ၃၈၀၀၀ - ၄၅၀၀၀၊ စွန်တာနီ ကျွန်း (တင်း) ကျပ် ၄၄၂၀၀ - ၄၄၅၀၀၊ ပဲဇီးကွက် (တင်း) ကျပ် ၄၅၀၀၀၊ ကျွန်းထောဖြူ (တင်း) ကျပ် ၄၅၅၀၀ - ၄၈၀၀၀၊ ပဲလွန်းပြာ (တင်း) ကျပ် ၄၃၀၀၀၊ မတ်ပဲ (တင်း) ကျပ် ၅၇၀၀၀ - ၅၅၀၀၀၊ ပဲပိစပ် (တင်း) ကျပ် ၄၃၀၀၀၊ ပဲနီပြား (တင်း) ကျပ် ၃၅၀၀၀ - ၄၂၀၀၀ အသီးသီးဖြစ်ခဲ့ပြီး နှမ်းဈေးနှုန်းများအနေဖြင့် စမုံနှမ်းနက် (တင်း) ကျပ် ၈၅၀၀၀ - ၈၀၀၀၀၊ နှမ်းယောဝါ (တင်း) ကျပ် ၈၅၀၀၀ - ၇၇၀၀၀၊ နှမ်းယောနီ (တင်း) ကျပ် ၈၀၀၀၀၊ နှမ်းနက် (တင်း) ကျပ် ၇၈၀၀၀ - ၇၅၀၀၀၊ နှမ်းညို (တင်း) ကျပ် ၇၃၀၀၀၊ နှမ်းဖြူ (တင်း) ကျပ် ၉၀၀၀၀ - ၈၀၀၀၀ အသီးသီးဖြစ်ရာ ယခု (၁)ပတ်တွင် နှမ်းဈေးနှုန်းများ အနည်းငယ်ကျလာသည်ကို တွေ့ရှိရပါသည်။
ရန်ကုန်မြို့နှင့် မန္တလေးမြို့များသို့ အများဆုံးတင်ပို့ပြီး ယခု(၁)ပတ်အတွင်း ပဲစဉ်းငုံနီ (၁)တင်းခွဲဝင်အိတ် (၁၂၅၀)၊ ကုလားပဲဝါ(929) (၁)တင်းခွဲဝင်အိတ် (၆၈၀)၊ ကုလားပဲ(HL) (၁)တင်းခွဲ ဝင်အိတ် (၄၅၀)၊ ပဲတီစိမ်းကြီး (၁)တင်းခွဲဝင်အိတ် (၇၅၀)၊ ပဲတီစိမ်းသေး (၁)တင်းခွဲဝင်အိတ် (၁၅၈၀၀)၊ နှမ်းနက်စမုံ (၁)တင်းဝင်အိတ် (၁၃၄၃၀)၊ နှမ်းဝါ (၁)တင်းဝင်အိတ် (၃၂၃၀)၊ နှမ်း ယောနက် (၁)တင်းဝင်အိတ် (၆၁၅၀)တို့ အများဆုံးတင်ပို့ကြောင်း သိရှိရပါသည်။
DOCA (မကွေး)

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း