ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

စားအုန်းဆီဈေးနှုန်းအနည်းမြှင့်တက် လျက်ရှိ

    ကယားပြည်နယ်တွင် ဆီထွက်သီးနှံဖြစ်သည့် မြေပဲ၊ နှမ်း၊ နေကြာကိုလည်း စိုက်ပျိုးကြပြီး ယခုနှစ် ပြည်နယ်တွင်းထွက်ရှိသည့် ဆီထွက်သီးနှံများကို အခြားဒေသသို့ တင်ပို့နိုင်ခြင်းမရှိဘဲ  ဒေသတွင်း စားသုံးမှုအတွက် အနည်းငယ်သာကြိတ်ခွဲ ထုတ်လုပ်နိုင်ပြီး ဈေးကွက်လိုအပ်လျက်ရှိသော စားသုံး ဆီဖြစ်သည့် ဟင်းသီးဟင်းရွက်ဆီ၊ စားအုန်းဆီများကို အခြားဒေသများမှ တင်သွင်းရောင်းချနေရပြီး စားအုန်းဆီကို ပြည်နယ်အတွင်းရှိ စားသုံးမှုအပြင် အသေးစားစီးပွားရေးလုပ်ငန်းများဖြစ်သည့် အိမ်တွင်း မှုအကြော်နှင့် မုန့်လုပ်ငန်းများတွင် အများဆုံးအသုံးပြုကြပါသည်။ ယခုအောက်တိုဘာလအတွင်း ဈေးကွက်တွင်ဖြစ်ပေါ်နေသော စားအုန်းဆီဈေးနှုန်းမှာ တစ်ပိဿာလျှင် (၉၀၀၀)ကျပ်ဈေးဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိပြီး ယခင် စက်တင်ဘာလတွင် စားအုန်းဆီဈေးနှုန်းမှာ တစ်ပိဿာလျှင် (၈၅၀၀)ကျပ် ဈေးရှိခဲ့၍ ယခုအောက်တိုဘာလနှင့် ယခင်စက်တင်ဘာလ နှိုင်းယှဉ်လျှင်တစ်ပိဿာလျှင် (၅၀၀)ကျပ်ခန့် အနည်းငယ်မြှင့်တက်လာကြောင်း သီရိမင်္ဂလာဈေးရှိစားသုံးဆီရောင်းချသူတစ်ဦးထံမှ သိရပါသည်။

DOCA(ကယား)

 

စက်သုံးဆီဈေးနှုန်းများ ကျဆင်းလျှက်ရှိ

        လွိုင်ကော်မြို့တွင် စက်သုံးဆီအရောင်းဆိုင်(၁၄)ဆိုင်တွင် စက်သုံးဆီပြတ်လပ်မှုမရှိဘဲ ပုံမှန် ဖွင့်လှစ်ရောင်းချလျှက်ရှိပြီး  စက်သုံးဆီဈေးနှုန်းများလည်း ကျဆင်းလာသည်ကို တွေ့ရပါသည်။ စက်သုံးဆီ လက်လီဈေးနှုန်းများမှာ ယခု အောက်တိုဘာလ ပထမပတ်အတွင်း ဒီဇယ်ရိုးရိုးတစ် လီတာကို (၂၆၆၅)ကျပ်၊ ဒီဇယ် (ပရီမီယမ်) တစ်လီတာကို (၂၇၄၀) ကျပ်၊ ဓါတ်ဆီ 92 တစ်လီတာ ကို (၂၀၄၅)ကျပ်နှင့် ဓါတ်ဆီ 95 တစ်လီတာကို (၂၁၁၀)ကျပ်တို့ဖြင့် ရောင်းချလျက်ရှိပြီး ယခင် စက်တင်ဘာလ ပထမပတ်တွင် ဒီဇယ်ရိုးရိုး တစ်လီတာကို (၃၁၉၅) ကျပ်၊ ဒီဇယ် (ပရီမီယမ်) တစ်လီတာကို(၃၂၈၀) ကျပ်၊ ဓါတ်ဆီ 92 တစ်လီတာကို (၂၅၁၀)ကျပ် နှင့် ဓါတ်ဆီ 95 တစ်လီတာကို (၂၆၂၀) ကျပ်သာရှိခဲ့ပြီး ယခင်စက်တင်ဘာလ ပထမပတ်နှင့် ယခုအောက်တိုဘာလ ပထမပတ် အတွင်း ဖြစ်ပေါ်နေသော ဈေးနှုန်းများကို နှိုင်းယှဉ်ကြည့်လျှင် ဒီဇယ်ရိုးရိုး တစ်လီတာကို (၅၃၀ ) ကျပ်၊ ဒီဇယ် (ပရီမီယမ်) တစ်လီတာကို (၅၄၀) ကျပ်၊ ဓါတ်ဆီ 92 တစ်လီတာ ကို(၅၁၀) ကျပ်နှင့် ဓါတ်ဆီ (95) တစ်လီတာ ကို(၄၆၅)ကျပ်ထိ ဈေးနှုန်းကျဆင်းလာကြောင်း၊ ဈေးနှုန်းကျဆင်းလာရခြင်းမှာ ပြင်ပ ဈေးကွက်ရှိ နိုင်ငံခြားငွေလဲနှုန်းများ ကျဆင်းလာခြင်းကြောင့်ဖြစ်သည်ဟု သိရှိရပါသည်။

DOCA(ကယား)

တညင်းကုန်းလက်ကားဈေးကြီးတွင် ရက်သတ္တပတ်အတွင်းရောင်းချနေသော ကုန်ဈေးနှုန်းအခြေအနေ

         အင်းစိန်မြို့နယ်ရှိ တညင်းကုန်းလက်ကားဈေးကြီးအတွင်းသို့ စက်တင်ဘာလ(၃၀)ရက် နေ့မှ အောက်တိုဘာလ(၆)ရက်အတွင်း ညောင်တုန်း၊ မှော်ဘီ၊ သာရဝေါ၊ ညောင်နှစ်ပင်ကျေးရွာ၊ ကြာကန်စုကျေးရွာ၊ နေပြည်တော်၊ တပ်ကုန်း၊ ရွှေဒါး၊  မင်္ဂလာဒုံ၊ အင်းစိန်၊ ခရမ်း၊ သုံးခွ၊ ပြည်၊ လက်ပံတန်း၊ မင်းလှ၊ ဝါးနက်ချောင်း၊ မော်လမြိုင်၊ မန္တလေး၊ အုတ်ဖိုနှင့် ရှမ်းပြည်နယ်တို့မှ ဟင်းသီးဟင်းရွက်နှင့် သစ်သီးဝလံပန်းမန်များ အများဆုံးဝင်ရောက် ရောင်းချနေကြောင်း သိရှိရပါ တယ်။ ထိုသို့ဝင်ရောက်ရာတွင် ယခုရက်သတ္တပတ်အတွင်း ခရမ်းချဉ်သီးထိုင်ဝမ် (ပိဿာ)ကျပ် ၁၂၀၀ မှ ၂၈၀၀ အတွင်း၊ ဂေါ်ဖီထုပ်(တစ်ထုပ်)ကျပ် ၇၀၀ မှ ၁၆၀၀ အတွင်း၊ ပန်းဂေါ်ဖီ(ထုပ်)ကျပ် ၁၀၀၀ မှ ၁၈၀၀ အတွင်း၊ အာလူး(ပိဿာ)ကျပ် ၁၇၀၀ မှ ၂၆၀၀ အတွင်း၊ မုန့်လာဉနီ(ပိဿာ) ကျပ် ၁၂၀၀ မှ ၁၈၀၀ အတွင်း ရွှေဖရုံသီး(လုံး)ကျပ် ၁၈၀၀ မှ ၃၅၀၀ အတွင်း၊ ဗူးသီး(လုံး) ကျပ် ၁၀၀၀ မှ ၁၈၀၀ အတွင်း၊ မုန်ညှင်း(ထုပ်)(ပိဿာ)ကျပ် ၁၂၀၀ မှ ၁၈၀၀ အတွင်း၊ ကြက်သွန်နီ(ဆိပ်ဖြူ)ကျပ် ၂၀၀၀ မှ ၃၀၀၀ အတွင်း၊ ကြက်သွန်ဖြူ(ရှမ်း)(ပိဿာ)ကျပ် ၂၈၀၀ မှ ၃၆၀၀ အတွင်း၊ ကြက်သွန်ဖြူ (ကြူကုတ်)(ပိဿာ) ကျပ် ၃၈၀၀ မှ ၄၀၀၀ အတွင်း၊ ချင်း(ပိဿာ)ကျပ် ၈၀၀ မှ ၁၂၀၀ အတွင်း၊ ဆလပ်ရွက် (စီး) ကျပ် ၁၀၀ မှ ၂၀၀ အတွင်း၊ ချဉ်ပေါင်ရွက်(စီး) ကျပ် ၅၀ မှ ၁၀၀ အတွင်း၊ ခရမ်းသီး (ရှည်)(ပိဿာ)ကျပ် ၁၂၀၀ မှ ၁၈၀၀ အတွင်း၊ သံပရာသီး(လုံး)ကျပ် ၂၀ မှ ၁၀၀ အတွင်း၊ ငရုတ်သီး စိမ်း (ကျောက်စိမ်း) (ပိဿာ)ကျပ် ၁၈၀၀ မှ ၂၄၀၀ အတွင်း၊ ဖရဲသီး (အကြီး၊ အလတ်၊ အသေး)ကျပ် ၅၀၀ မှ ၂၅၀၀ အတွင်း ဖြစ်ကြောင်း သိရှိရပါတယ်။ တညင်းကုန်းလက်ကားဈေးကြီးအတွင်းသို့ ယခုရက်သတ္တပတ်အတွင်း သံပုရာသီးအလုံးပေါင်း(၁၂၃၅၀၀)ကျော်၊ ခရမ်းသီး(ရှည်) (ပိဿာ) (၁၃၄၄၅)ကျော်၊ ဗူးသီးအလုံးပေါင်း (၂၆၅၀)ကျော်၊ ရွှေဖရုံသီးအလုံးပေါင်း(၁၅၆၇၅)ကျော်၊ ဂေါ်ဖီ ထုပ်ပေါင်း(၂၃၁၀၀) ကျော်၊ ပန်းဂေါ်ဖီထုပ်ပေါင်း (၁၀၀၀၀)ကျော်၊ မုန်ညှင်းထုပ်(ပိဿာ)ပေါင်း (၁၂၄၉၀)ကျော်၊ ဖရဲသီးလုံး ပေါင်း (၂၄၀၀၀)ကျော်  အသီးသီးကုန်အဝင်ရှိကြောင်း သိရပါတယ်။

DOCA(ရန်ကုန်)

သီရိမင်္ဂလာဈေးရှိ သစ်သီးဝလံဈေးနှုန်းများ

      ရန်ကုန်တိုင်းဒေသကြီး လှိုင်မြို့နယ် သီရိမင်္ဂလာဈေးတွင် စက်တင်ဘာလ (၂၈) ရက်နေ့မှ အောက်တိုဘာလ (၄) ရက်နေ့အထိဖြစ်ပေါ်ခဲ့သော သစ်သီးဝလံဈေးနှုန်းများမှာ မြင်းခြံ၊ မိတ္ထီလာ မှ ဖရဲသီး (211) အလုံးကြီး ကျပ် ၂၅၀၀ မှ ၂၀၀၀ ၊ အလုံးလတ် ကျပ် ၁၈၀၀ ၊ အလုံးသေး ကျပ် ၁၀၀၀ မှ ၈၀၀၊ ၆၀၀ ၊ မှော်ဘီ၊ တိုက်ကြီး မှ မာလကာသီး (ကီလို) အလုံးကြီး ကျပ် ၅၀၀ မှ ၄၀၀၊ အလုံးလတ် ကျပ် ၃၀၀ ၊ အလုံးသေး ၂၀၀ မှ ၁၀၀၊ တိုက်ကြီး မှ  ပီလောပီနံ တစ်ပိဿာ အလုံးကြီး ကျပ် ၈၀၀၊ အလုံးလတ် ကျပ် ၆၀၀၊ အလုံးသေး ကျပ် ၄၀၀ ၊ မော်လမြိုင် မှ ကျွဲကောသီး (ပန်းရောင်) အလုံးကြီး ကျပ် ၃၀၀၀ မှ ၂၅၀၀၊ အလုံးလတ် ကျပ် ၂၀၀၀ မှ ၁၈၀၀ ၊ အလုံးသေး ကျပ် ၁၅၀၀ မှ ၁၃၀၀၊ ၁၀၀၀ မှ ၇၀၀၊ ၅၀၀ ၊ တိုက်ကြီး မှ ကျွဲကောသီး (အဖြူ) အလုံးကြီး ကျပ် ၁၀၀၀၊ အလုံးလတ် ကျပ် ၆၀၀၊ အလုံးသေး ကျပ် ၄၀၀ မှ ၂၀၀၊ ရပ်စောက် မှ သရက်သီး (ရင်ကွဲ) အိတ်စွပ် အလုံးကြီး သေတ္တာ အလုံး ၆၅ လုံးပါ ကျပ် ၄၅၀၀၀၊ အလုံးလတ် သေတ္တာ အလုံး ၈၀ လုံးပါ ကျပ် ၄၀၀၀၀၊ အလုံးသေး သေတ္တာ အလုံး ၉၀ လုံးပါ ကျပ် ၃၅၀၀၀၊ ရပ်စောက် မှ သရက်သီး (ရင်ကွဲ) ရိုးရိုး အလုံးကြီး သေတ္တာ အလုံး ၅၀ လုံးပါ ကျပ် ၃၃၀၀၀၊ အလုံးလတ် သေတ္တာ အလုံး ၆၅ လုံးပါ ကျပ် ၂၈၀၀၀၊ အလုံးသေး သေတ္တာ အလုံး ၈၅ ပါကျပ် ၂၅၀၀၀၊ အလုံး ၁၀၀ လုံးပါ ကျပ် ၂၀၀၀၀၊ ပြင်ဦးလွင် မှ နဂါးမောက်သီး (အနီ) အလုံးကြီး တစ်ဖာ ၁၈ လုံးပါ ကျပ် ၂၂၀၀၀၊ အလုံးလတ် ၂၄ လုံးပါ ကျပ် ၁၇၀၀၀၊ အလုံးသေး ၃၀ လုံးပါ ကျပ် ၁၁၀၀၀ ဈေးတို့ရှိကြောင်း သီရိမင်္ဂလာဈေးရှိ မြန်မာနိုင်ငံသစ်သီးဝလံပန်းမန် ဟင်းသီး ဟင်းရွက်စိုက်ပျိုးထုတ်လုပ်တင်ပို့ရောင်းချသူများအသင်း (MFVP) မှသိရှိရပါသည်။

DOCA(ရန်ကုန်)

ဌာနဆိုင်ရာဝန်ထမ်းများမှလည်း ဝယ်ယူလျက်ရှိ

       ရန်ကုန်တိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်၊ မြန်မာနိုင်ငံဆန်လုပ်ငန်းရှင်များအသင်း၊ မြန်မာနိုင်ငံဆန်လုပ်ငန်းရှင်များအသင်း၊ မြန်မာနိုင်ငံဆန်စိုက်ပျိုး ထုတ်လုပ်သူများအသင်းတို့နှင့် ဆန်စပါးကုန်စည်ဒိုင် (ဝါးတန်/ဘုရင့်နောင်) တို့၏ ပူးပေါင်း ဆောင်ရွက် မှုဖြင့် စားသုံးသူရေးရာဦးစီးဌာန၊ အရှေ့ပိုင်းခရိုင်ဦးစီးမှူးရုံး၌ ဧရာဝတီပေါ်ဆန်း 10Kg (5 ပြည်) တစ်အိတ်လျှင် ၁၃၈၀၀/- ဖြင့်လည်းကောင်း၊ ရက် (၉၀) ဆန် 10Kg (5 ပြည်) တစ်အိတ် လျှင် ၁၀ဝ၀၀/- ဖြင့်ရောင်းချပေးလျက်ရှိရာတွင် (၅.၁၀.၂၀၂၂) ရက်နေ့တွင် ပြန်ကြားရေးဝန်ကြီးဌာနမှ ဝန်ထမ်းများအတွက် ဆန်အိတ်(ကြမ်း/ချော) များလာရောက်ဝယ်ယူသွားကြောင်း သိရှိရပါ သည်။

DOCA(ရန်ကုန်)

 “သိမ်ဖြူဈေးတွင်ဖြစ်ပေါ်နေသော ကြက်သွန်ဖြူ/နီလက်ကားဈေး”

         ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာတောင်ညွှန့်မြို့နယ် သိမ်ဖြူဈေးကြီးအတွင်း ကြက်သွန်ဖြူ၊ ကြက်သွန်နီများအား ကား၊ ရထားတို့ဖြင့် ဘုရင့်နောင်ကုန်စည်ဒိုင်နှင့် ရှမ်းပြည်နယ်တို့မှ နေ့စဉ် ဝင်ရောက်လျက်ရှိပြီး လက်လီလက်ကား ပြန်လည်ရောင်းချလျက်ရှိရာ ၂၉.၉.၂၀၂၂ မှ ၅.၁၀.၂၀၂၂ ရက်အထိ ကြက်သွန်နီ(ဆိပ်ဖြူ)အဝင် (၃၃၅၀၀)ပိဿာနှင့် ကြက်သွန်ဖြူ(ကြူကုတ်)(၇၈၀၀)ပိဿာ ဝင်ရောက်ခဲ့ပြီး ကြက်သွန်နီ(ဆိပ်ဖြူ)လက်ကားဈေးမှာ ၁ပိဿာလျှင် ၂၇၀၀ ကျပ်မှ ၂၉၀၀ ကျပ်ထိဖြစ်၍ ကြက်သွန်ဖြူ(ကြူကုတ်) လက်ကားဈေးမှာ ၁ပိဿာလျှင် ၃၅၀၀ ကျပ်မှ ၄၀၀၀ ကျပ်ထိရှိပြီး တနင်္ဂနွေနေ့တွင် ကုန်အဝင်မရှိကြောင်း ဈေးတာဝန်ခံရုံးမှသိရှိရပါသည်။

DOCA(ရန်ကုန်)

 

 

 

မော်လမြိုင် ဘိလပ်မြေ၊ ဓါတ်မြေဩဇာနှင့် ပိုးသတ်ဆေးဈေးကွက်

     မော်လမြိုင်မြို့၌ ယခုလ ဒုတိယအပတ်တွင် ဘိလပ်မြေဈေးကွက်မှာ အရောင်းအဝယ်ပုံမှန်ရှိ နေပြီး ဈေးနှုန်းအနည်းငယ်တက်လာကြောင်း သိရှိရသည်။ ဈေးကွက်ထဲအရောင်းအဝယ် ပုံမှန်ဖြစ်နေသောဈေးမှာ ယခုအပတ်တွင် ကြံ့နှစ်ကောင် (အနီ) ကျပ် ၉၆၀၀၊ ဆင် (ထိုင်း) ကျပ် ၁၄၅၀၀ ရှိခဲ့ပြီး ယခုအပတ်တွင် ကြံ့နှစ်ကောင် (အနီ) ကျပ် ၁၀၅၀၀၊ ဆင် (ထိုင်း) ကျပ် ၁၅၀၀၀ ဖြင့် အရောင်းအဝယ်ဖြစ်နေပြီး၊ မော်လမြိုင်မြို့၌ ဓါတ်မြေဩဇာနှင့် ပိုးသတ်ဆေးဈေးနှုန်းမှာ ဈေးနှုန်း အနည်းငယ်ကျလာပြီး အရောင်းအဝယ်အေးနေကြောင်း သိရှိရသည်။

    အရောင်းအဝယ်ဖြစ်နေသောဈေးမှာ ယခင်အပတ်တွင် ကွန်ပေါင်း (မြန်မာ့ဩဘာရွှေကောမက်) ၁၅:၁၅:၁၅ 50kg ပါတစ်အိတ်မှာ ကျပ် ၁၇၈၀၀၀၊ ကွန်ပေါင်း (မြန်မာ့ဩဘာရွှေကောမက်) ၂၀:၁၂:၁၂ 50kg ပါတစ်အိတ်မှာ ကျပ် ၁၈၀၀၀၀၊ ကွန်ပေါင်း (Thai Grow How) ၁၅:၁၅:၁၅ 50kg ပါတစ်အိတ်မှာ ကျပ် ၁၇၅၀၀၀၊ ပုလဲ (အသေး) ၄၆% မြန်မာ (MPE) 50kg ပါတစ်အိတ်မှာ ကျပ် ၇၈၀၀၀၊ ပုလဲ (အကြီး) ၄၆% ထိုင်း (မြင်းပျံ) 50kg ပါတစ်အိတ်မှာ ကျပ် ၁၄၀၀၀၀၊ ပိုးသတ်ဆေး အမျိုးအစားဖြစ်သည့် မာလာမြိုင်ဆိုက်ပါ ၁၀%  (သီးရွက်စုံ) 100cc ပါ ၁ ပုလင်းမှာ ကျပ် ၃၁၀၀၊ မာလာမြိုင်ဆိုက်ပါ ၁၀% (သီးရွက်စုံ) 500cc ပါ ၁ ပုလင်းမှာ ကျပ် ၁၃၀၀၀ ရှိခဲ့ပြီး ယခုအပတ်တွင် ကွန်ပေါင်း (မြန်မာ့ဩဘာရွှေကောမက်) ၁၅:၁၅:၁၅ 50kg ပါတစ်အိတ်မှာ ကျပ် ၁၇၀၀၀၀၊ ကွန်ပေါင်း (မြန်မာ့ဩဘာရွှေကောမက်) ၂၀:၁၂:၁၂ 50kg ပါတစ်အိတ်မှာ ကျပ် ၁၇၂၀၀၀၊ ကွန်ပေါင်း (Thai Grow How) ၁၅:၁၅:၁၅ 50kg ပါတစ်အိတ်မှာ ကျပ် ၁၇၇၀၀၀၊ ပုလဲ (အသေး) ၄၆% မြန်မာ (MPE) 50kg ပါတစ်အိတ်မှာ ကျပ် ၇၀၀၀၀၊ ပုလဲ (အကြီး) ၄၆% ထိုင်း (မြင်းပျံ) 50kg ပါတစ်အိတ်မှာ ကျပ် ၁၂၀၀၀၀၊ ပိုးသတ်ဆေး အမျိုးအစားဖြစ်သည့် မာလာမြိုင်ဆိုက်ပါ ၁၀% (သီးရွက်စုံ) 100cc ပါ ၁ ပုလင်းမှာ ကျပ် ၃၁၀၀၊ မာလာမြိုင်ဆိုက်ပါ ၁၀% (သီးရွက်စုံ) 500cc ပါ ၁ ပုလင်းမှာ ကျပ် ၁၃၅၀၀ ဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်း သိရှိရသည်။

DOCA(မွန်)

တနင်္သာရီတိုင်းဒေသကြီး ကွမ်းသီး‌‌စျေးနှင့် သီဟိုစေ့စျေးများကျဆင်း

       ကွမ်းသီးနှင့် သီဟိုစေ့များသည် မြန်မာနိုင်ငံတောင်ပိုင်း တနင်္သာရီတိုင်းဒေသကြီး နှင့် မွန်ပြည်နယ်တို့တွင် အများဆုံးစိုက်ပျိုးလျက်ရှိပါသည်။ ကွမ်းသီးတွင် ကွမ်းသီးအလုံးစျေးနှင့် ကွမ်းသီးခွဲခြမ်း စျေးဟူ၍ စျေးနှုန်း (၂)မျိုးရှိပြီး သီဟိုစေ့တွင် အခွံမချွတ်ရသေးသောအပင်မှ ဆွတ်ခူးသော အသီးအကြမ်းစျေးနှင့် အခြောက်လှန်းသန့်စင်ပြီး အချောစျေးဟူ၍ စျေးနှုန်း (၂)မျိုးရှိ ကြောင်းသိရှိရပြီး ယခု အောက်တိုဘာ ၆ ရက်တွင် စျေးနှုန်းများကျဆင်းနေပြီး  ကွမ်းသီးစျေးမှာ ကွမ်းသီး အလုံး(အခွံမပါ) တစ်ပိဿာလျှင် (၇၅၀ဝိ/-)နှုန်း နှင့် ကွမ်းသီးခွဲခြမ်း တစ်ပိဿာလျှင် (၇၀၀ဝိ/-) နှုန်းစျေးပေါက် နေကြောင်းသိရှိရပါသည်။ သီဟိုစေ့စျေးနှုန်းမှာ သီဟိုစေ့အကြမ်း တစ်ပိဿာလျှင် ၄၅၀၀ ကျပ်ရှိပြီး  သီဟိုစေ့အချော တစ်ပိဿာလျှင် ၃၂၀၀၀ ကျပ် ရှိကြောင်း စုံစမ်းသိရှိရပါသည်။

      ကွမ်းသီးစျေးနှင့်သီဟိုစေ့စျေး (၂)မျိုးလုံးမှာ စျေးနှုန်းများကျဆင်းလျက်ရှိပြီး အရောင်းအဝယ် မှာလည်း အေးနေကြောင်း သိရှိရပါသည်။

DOCA(တနင်္သာရီ)

 

တနင်္သာရီတိုင်းဒေသကြီး ရော်ဘာ ဈေးကျဆင်းလျက်ရှိ

      တနင်္သာရီတိုင်းဒေသကြီးသည် ရော်ဘာ၊  ကွမ်းသီးများကို အဓိကထား စိုက်ပျိုးလျက်ရှိသည့် တိုင်းဒေသကြီးဖြစ်ပါသည်။ မှိုင်းခံရော်ဘာကို  အဆင့်သတ်မှတ်ချက် ( ၅ ) မျိုးဖြင့် သတ်မှတ်ထား ရှိပြီး ယခုလက်ရှိတွင် တနင်္သာရီတိုင်းဒေသကြီးအတွင်း RSS-3 နှင့် RSS-5 ( ၂ )မျိုးသာ အဓိက အရောင်း အဝယ်ဖြစ်လျက်ရှိပါသည်။ ရော်ဘာဈေးနှုန်းမှာ အောက်တိုဘာ ပထမအပတ်တွင် ဈေးနှုန်းအနည်းငယ်ကျဆင်းလျက်ရှိပြီး ယခုအပတ် (၃.၁၀.၂၀၂၂) မှ (၆. ၁၀ .၂၀၂၂)အထိ ရော်ဘာစျေးနှုန်းမှာ RSS-3 တစ်ပေါင်လျှင် ကျပ် ၁၃၀၀ နှုန်း၊ RSS-5 တစ်ပေါင်လျှင် ကျပ် ၁၂၀၀ နှုန်း ပေါက်ဈေးရှိပြီး RSS-3 သည် RSS-5 ထက်အပြစ်အနာဆာကင်းသောကြောင့် ဈေးကောင်းပိုရလျက်ရှိကြောင်း သိရှိရပါသည်။

     တနင်္သာရီတိုင်းဒေသကြီး ထားဝယ်တွင် ရာဘာစျေးနှုန်းအနေဖြင့် တောင်သူများတွက်ခြေ ကိုက်လျက်ရှိသောကြောင့် ရာဘာအစေးခြစ်လုပ်ငန်းများ ပုံမှန်လုပ်ကိုင်လျက်ရှိပြီး ထိုင်းဘတ်ငွေ စျေးနှုန်းများ ကျဆင်းနေသောကြောင့် ယခင်အပတ်နှင့်နှိုင်းယှဉ်ပါက စျေးနှုန်းများကျဆင်းလျက် ရှိပြီး အရောင်းအဝယ်မှာပုံမှန်ရှိကြောင်း စုံစမ်းသိရှိရပါသည်။

DOCA(တနင်္သာရီ)

နေပြည်တော်ကောင်စီနယ်မြေအတွင်း ရောင်းချလျက်ရှိသော အခြေခံစားကုန်များ၏ ဈေးနှုန်းအခြေအနေ

         ၂၀၂၂ခုနှစ်၊ အောက်တိုဘာ ပထမပတ်အတွင်း နေပြည်‌တော်ကောင်စီနယ်မြေတွင် အခြေခံ စားကုန်များဖြစ်သော ရွှေဘိုပေါ်ဆန်း တစ်ပြည် ၃၈၅၀ကျပ်၊ ဧည့်မထ တစ်ပြည် ၂၂၅၀ကျပ်၊ မနောသုခ တစ်ပြည် ၁၉၂၀ကျပ်နှုန်းဖြင့် အ‌ရောင်းအဝယ် ဖြစ်လျက်ရှိပါသည်။ ကြက်သွန်နီ လက်လီဈေးမှာ (ကြီး)တစ်ပိဿာ ၃၂၀၀ကျပ်၊ (လတ်)တစ်ပိဿာ ၃၀၀၀ကျပ်၊ (သေး)တစ်ပိဿာ ၂၉၀၀ကျပ်နှုန်းဖြင့် ‌အရောင်းအဝယ်ဖြစ်လျက်ရှိပါသည်။ ကြက်သွန်ဖြူ လက်လီဈေးမှာ (ကြူကုတ်) တစ်ပိဿာ ၃၆၀၀ကျပ်မှ ၄၀၀၀ကျပ်ထိ၊ (ရှမ်း)တစ်ပိဿာ ၃၄၀၀ကျပ်မှ ၄၀၀၀ကျပ်ထိ၊ ငရုတ်သီး ခြောက်လက်လီဈေးမှာ (အရှည်) တစ်ပိဿာ ၁၂၅၀၀ကျပ်မှ ၁၆၅၀၀ကျပ်ထိ၊ (အပု)တစ်ပိဿာ ၁၂၀၀၀ကျပ်မှ ၁၈၀၀၀ကျပ်ထိ၊ အာလူးလက်လီဈေးမှာ ၂၁၀၀ကျပ်မှ ၂၄၀၀ကျပ်ထိ၊ ခရမ်းချဥ်သီး တစ်ပိဿာ ၁၂၅၀ကျပ်မှ ၂၀၀၀ကျပ်ထိ အရောင်းအဝယ် ဖြစ်လျက်ရှိပါသည်။

    ကြက်ဥ လက်လီဈေးမှာ  တစ်လုံး ၁၇၅ကျပ်မှ ၁၉၀ကျပ်ထိ ဖြစ်ပါသည်။ နေပြည်တော် ကောင်စီနယ်မြေ၏ အသား/ငါး ဈေးနှုန်းများမှာ ကြက်သား(CP) တစ်ပိဿာ ၇၆၀၀ကျပ်မှ ၉၀၀၀ ကျပ်ထိ၊ ကြက်သား(ဗမာ) တစ်ပိဿာ ၁၁၀၀၀ကျပ်မှ ၁၄၀၀၀ကျပ်ထိ၊ ဝက်သား တစ်ပိဿာ ၁၁၅၀၀ကျပ်မှ ၁၄၀၀၀ကျပ်ထိ၊ အမဲသား တစ်ပိဿာ ၁၂၀၀၀ကျပ်မှ ၁၃၀၀၀ကျပ်ထိ၊ ငါးမြစ်ချင်း တစ်ပိဿာ ၅၁၀၀ကျပ်မှ ၈၂၀၀ထိ၊ ငါးကြင်း တစ်ပိဿာ ၈၀၀၀ကျပ်မှ ၁၂၅၀၀ကျပ်ထိ ရောင်းဝယ်နေကြောင်း သိရသည်။

     စားသုံးဆီ ဈေးနှုန်များမှာ ပဲဆီ တစ်ပိဿာလျှင် ၁၂၈၀၀ကျပ်မှ ၁၄၅၀၀ကျပ်ထိ၊ စားအုန်းဆီ တစ်ပိဿာလျှင် ၇၂၀၀ကျပ်နှင့် နှမ်းဆီ တစ်ပိဿာလျှင် ၁၁၀၀၀ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်း သိရသည်။  

DOCA(ပြည်ထောင်စုနယ်မြေ)

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း