ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

ရွှေဘိုခရိုင်အတွင်း စပါး/ဆန် ဈေးနှုန်းများနှင့် စီးထွက်မှုအခြေအနေ

      ရွှေဘိုခရိုင်အတွင်းရှိ မြို့နယ်များ၌ အောက်တိုဘာလ ‌ဒုတိယပတ်တွင် စပါး /ဆန် ဈေးနှုန်းမှာ တည်ငြိမ်နေပါသည်။ ရွှေဘိုခရိုင်မှ အခြားတိုင်းဒေသကြီးများသို့ ဆန်စီးထွက်မှုမှာ အောက်တိုဘာလ ပထမပတ်တွင် ရန်ကုန်သို့ အိတ်ရေ ၄၅၀၀၀ ၊ မန္တလေးသို့ အိတ်ရေ၅၇၀၀၀၊ နေပြည်တော်သို့ အိတ်ရေ ၁၂၀၀၀၊ ရှမ်း(တောင်)သို့ အိတ်ရေ ၈၀၀၀၊ ရှမ်း(မြောက်)သို့ အိတ်ရေ ၈၀၀၀၊ ပခုက္ကူသို့ အိတ်ရေ ၁၀၀၀၊ စုစုပေါင်းအိတ်ရေ ၁၃၁၀၀၀၊ တန်အားဖြင့် ၆၅၅၀တန် စီးထွက်ခဲ့ပါသည်။ယခုအပတ်တွင် ရွှေဘိုခရိုင်မှ အခြား တိုင်းဒေသ ကြီးများသို့ ဆန်စီးထွက်မှုမှာ ရန်ကုန်သို့ အိတ်ရေ ၄၅၀၀၀၊ မန္တလေးသို့ အိတ်ရေ ၅၇၁၀၀၊ နေပြည်တော်သို့ အိတ်ရေ၁၂၀၀၀ ၊ ရှမ်း(တောင်)သို့ အိတ်ရေ၉၅၀၀ ၊ ရှမ်း(မြောက်)သို့ အိတ်ရေ ၉၅၀၀၊ပခုက္ကူသို့ အိတ်ရေ ၁၀၀၀ ၊ စုစုပေါင်းအိတ်ရေ ၁၃၄၁၀၀ ၊ တန်အားဖြင့် ၆၇၀၅တန် စီးထွက်ခဲ့သည့်အတွက် ယခင်အပတ်နှင့် နှိုင်းယှဉ်လျင် ယခုအပတ်အတွင်း အိတ်ရေ ၃၁၀၀၊ တန်အားဖြင့် ၁၅၅တန် ပို၍ စီးထွက်ခဲ့ပါသည်။

     ရွှေဘိုမြို့၏ အောက်တိုဘာလ ဒုတိယပတ်တွင် ဖြစ်ပေါ်နေသော စပါး/ဆန်  ဈေးနှုန်း များမှာ ရွှေဘိုပေါ်ဆန်းစပါး တင်း၁၀၀လျှင် ကျပ်၂၃၀၀၀၀၀၊ ရွှေဘိုပေါ်ဆန်း ဆန်၂၄ပြည်ပါ တစ်အိတ်လျှင် ကျပ်၈၅၀၀၀၊ ဧရာမင်းစပါး တင်း၁၀၀လျှင် ကျပ်၁၄၅၀၀၀၀၊ ဧရာမင်းဆန် ၂၄ပြည်ပါတစ်အိတ်လျှင် ကျပ် ၆၅၀၀၀၊ ၂၀၂၁-၂၀၂၂ခုနှစ်ထွက် နွေစပါး ရွှေဝါထွန်းစပါး တင်း၁၀၀လျှင် ကျပ် ၁၁၀၀၀၀၀၊ ‌ရွှေဝါထွန်းဆန် ၂၄ပြည်ပါ တစ်အိတ်လျှင် ကျပ် ၄၃၀၀၀ဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်း သိရှိရပါသည်။

DOCA(စစ်ကိုင်း)

 

တနင်္သာရီတိုင်း ဓါတ်မြေသြဇာ၊ ပိုးသတ်ဆေးနှင့် ဘိလပ်မြေစျေးအနည်းငယ်ကျ

          တနင်္သာရီတိုင်းဒေသကြီးအတွင်း အောက်တိုဘာလတွင် ဓါတ်မြေသြဇာ စျေးကွက်မှာ အရောင်းအဝယ်ပုံမှန်ရှိပြီး စျေးကွက်တွင် လူသုံးများသည့် တံဆိပ်များနှင့် စျေးနှုန်းများမှာ သံကွင်း (Yuntianhua)မှာ ၅၀ကီလိုဂရမ် တစ်အိတ်လျှင် ကျပ် ၁၄၅၀ဝဝိ၊ သရဖူ(ထိုင်းနိုင်ငံ) တစ်အိတ်လျှင်  ကျပ် ၁၁၈၀ဝဝ/-၊ Vedagro (ဗီယက်နမ်) တစ်အိတ်လျှင် ကျပ် ၈၆၀ဝဝ/-၊ ၁၈:၄:၅ (သရဖူ)တစ်အိတ်လျှင် ကျပ် ၁၀ဝဝဝဝ/-၊ ၁၅ပတ်လည်(အာမို)တစ်အိတ်လျှင် ကျပ် ၁၅၀၀၀၀/-၊  တနင်္သာရီတိုင်းဒေသကြီးတွင် ပိုးသတ်ဆေးစျေးနှုန်းများမှာ ဒါနာဒင် ၁၀၀စီစီ တစ်ဘူးလျှင် ကျပ် ၆၀၀၀၊ မာလာမြိုင်ဖန့်ဆို ၁၀၀စီစီ တစ်ဘူးလျှင် ကျပ် ၃၆၀၀၊ သန်ဒါး(မြန်မာသြဘာ) ၁၀စီစီ တစ်ဘူးလျှင် ကျပ် ၁၉၀၀၊ ဒိုဇာ(မြန်မာသြဘာ) ၁၀စီစီ တစ်ဘူးလျှင် ကျပ် ၁၅၀၀/-ဖြင့် အရောင်း အဝယ်ဖြစ် နေကြောင်းစုံစမ်းသိရှိရပါသည်။

          အောက်တိုဘာလ ဒုတိယအပတ်တွင် ဘိလပ်မြေစျေးနှုန်းမှာ ဆင်နီ (ထိုင်း) ၅၀ကီလိုဂရမ် တစ်အိတ်လျှင် ကျပ် ၁၅၀၀၀၊ ကြံ့(၂)ကောင်တံဆိပ် ကျပ် ၁၁၅၀၀၊ apache တံဆိပ် ကျပ် ၁၁၀၀၀ ဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်း အိမ်ဆောက်ပစ္စည်းအရောင်းဆိုင်များမှ စုံစမ်းသိရှိရပါသည်။

          ဓါတ်မြေသြဇာ၊ ပိုးသတ်ဆေးနှင့် ဘိလပ်မြေစျေးနှုန်းများမှာ အနည်းငယ်ကျဆင်းလျက်ရှိပြီး အရောင်းအဝယ်မှာ အနည်းငယ်အေးနေကြောင်းသိရှိရပါသည်။

DOCA(တနင်္သာရီ)

 

တနင်္သာရီတိုင်းဒေသကြီး ကွမ်းသီး‌‌စျေးအနည်းငယ်ကျ သီဟိုစေ့စျေးတည်ငြိမ်

       ကွမ်းသီးနှင့် သီဟိုစေ့များသည် မြန်မာနိုင်ငံတောင်ပိုင်း တနင်္သာရီတိုင်းဒေသကြီး နှင့် မွန်ပြည်နယ်တို့တွင် အများဆုံးစိုက်ပျိုးလျက်ရှိပါသည်။ ကွမ်းသီးတွင် ကွမ်းသီးအလုံးစျေးနှင့် ကွမ်းသီးခွဲခြမ်း စျေးဟူ၍ စျေးနှုန်း (၂)မျိုးရှိပြီး သီဟိုစေ့တွင် အခွံမချွတ်ရသေးသောအပင်မှ ဆွတ်ခူးသော အသီးအကြမ်းစျေးနှင့် အခြောက်လှန်းသန့်စင်ပြီး အချောစျေးဟူ၍ စျေးနှုန်း (၂)မျိုးရှိ ကြောင်းသိရှိရပြီး ယခု အောက်တိုဘာ ၁၃ ရက်တွင် စျေးနှုန်းများကျဆင်းနေပြီး  ကွမ်းသီးစျေးမှာ ကွမ်းသီး အလုံး(အခွံမပါ) တစ်ပိဿာလျှင် (၇၀၀ဝိ/-)နှုန်း နှင့် ကွမ်းသီးခွဲခြမ်း တစ်ပိဿာလျှင် (၆၅ဝဝ-၆ဝဝဝ) နှုန်းစျေးပေါက် နေကြောင်းသိရှိရပါသည်။ သီဟိုစေ့စျေးနှုန်းမှာ သီဟိုစေ့အကြမ်း တစ်ပိဿာလျှင် ၄၅၀၀ ကျပ်ရှိပြီး  သီဟိုစေ့အချော တစ်ပိဿာလျှင် ၃၂၀၀၀ ကျပ် ရှိကြောင်း စုံစမ်းသိရှိရပါသည်။

       ကွမ်းသီးစျေးနှုန်းမှာ အနည်းငယ်ကျဆင်း၍ သီဟိုစေ့စျေးနှုန်းမှာ တည်ငြိမ်လျက်ရှိပြီး အရောင်းအဝယ်မှာလည်း အေးနေကြောင်း သိရှိရပြီး ကွမ်းသီးနှင့်သီဟိုကို ထားဝယ်မှရန်ကုန်သို့ တင်ပို့ရာတွင် သယ်ယူပို့ဆောင်ခ(ကားခ) တစ်ပိဿာလျှင် (၁၀ဝိ/-)နှုန်းရှိကြောင်း ကုန်သည်တစ်ဦးထံမှ သိရှိရပါသည်။

DOCA(တနင်္သာရီ)

 

မင်းဘူးမြို့မဈေးအတွင်းရှိ စားဖိုဆောင်သီးနှံများ၏ ဈေးနှုန်းဈေးကွက်အခြေအနေ

       စက်တင်ဘာလနောက်ဆုံးပတ်တွင် မင်းဘူးမြို့၊ မြို့မဈေး၌ ကြက်သွန်နီ(၁)ပိဿာလျှင် (၃၈၀၀)ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိပြီး အောက်တိုဘာလ ပထမပတ်တွင် (၃၅၀၀)ကျပ်ဖြစ်၍ (၃၀၀)ကျပ် ဈေးလျော့ကြောင်း ဈေးသည်များထံမှ သိရှိရပါသည်။

      စားဖိုဆောင်သီးနှံများမှာလည်း ကြက်သွန်ဖြူ(ရှမ်း)(၁)ပိဿာလျှင် (၅၀၀၀)ကျပ်၊ ကြက်သွန်ဖြူ (ဗမာ)(၄၆၀၀)ကျပ်၊ ငရုတ်ခြောက်ရှည်(၁)ပိဿာလျှင် (၁၈၀၀၀)ကျပ်၊ အာလူး(၁)ပိဿာလျှင် (၂၅၀၀)ကျပ်၊ ကုလားပဲ(၁)ပိဿာလျှင် (၅၄၀၀)ကျပ်၊ ကြက်ဥ(၁)လုံးလျှင်(၂၂၀)ကျပ် ဖြစ်ကြောင်း ဆိုင်ခန်းဈေးသည်များနှင့် ပွဲရုံဈေးသည်တစ်ဦးထံမှ သိရှိရပါသည်။

DOCA(မကွေး)

 

မင်းဘူးမြို့မဈေးရှိ စားသုံးဆီနှင့်ဆန်ဈေးနှုန်းဈေးကွက်အခြေအနေ

     အောက်တိုဘာလ ပထမပတ်တွင် မင်းဘူးမြို့မဈေး၌ နှမ်းဆီ၁ပိဿာလျှင်(9000)ကျပ်၊ ပဲဆီ(၁) ပိဿာလျှင် (၁၀၀၀၀)ကျပ်ဖြစ်ပြီး စားအုန်းဈေးမှာ(၁)ပိဿာ(၇၀၀၀)ကျပ် ဖြစ်ကြောင်း၊ စက်တင်ဘာလ နောက်ဆုံးပတ်တွင် နှမ်းဆီ(၁)ပိဿာလျှင်(၁၀၀၀၀)ကျပ်၊ ပဲဆီ(၁) ပိဿာလျှင် (၁၀၀၀၀)ကျပ်၊ စားအုန်းဈေးမှာ(၁)ပိဿာ(၉၀၀၀)ကျပ်ဖြစ်၍ ဈေးနှုန်းကွာခြားချက်အနေဖြင့် နှမ်းဆီ (၁၀၀၀)ကျပ်၊ စားအုန်းဆီ(၂၀၀၀)ကျပ် ဈေးနှုန်းကျဆင်းသွားကြောင်း သိရှိရပါသည်။  

       ဧရာပဒေသာဆန် ၁အိတ်လျှင်(၆၀၀၀၀ မှ ၆၂၀၀၀)ကျပ်ရှိပြီး မနောသုခဆန် ၁အိတ်လျှင် (၄၈၀၀၀မှ ၅၂၀၀၀)ကျပ်ရှိကြောင်း ဧရာပဒေသာဆန်ကို ပွင့်ဖြူ၊ စလင်း၊ ဆင်ဖြူကျွန်းမြို့များမှ ဝယ်ယူရောင်းချပြီး မနောသုခဆန်ကိုဒေသတွင်းနှင့် ဧရာဝတီတိုင်း မြောင်းမြ၊ ဖျာပုံမြို့များမှ ဝယ်ယူရောင်းချကြောင်းသိရှိရပါသည်။ ဧရာပဒေသာဆန်မှာ နိုဝင်ဘာလဆန်းတွင် အသစ် ပေါ်တော့မည်ဖြစ်၍ ဆန်ဈေးနှုန်း တစ်ဖြည်းဖြည်းကျလာမည်ဖြစ်ကြောင်းဆန်ပွဲရုံများမှ သုံးသပ် ထားကြောင်း သိရှိရပါသည်။

DOCA(မကွေး)

 

 

 

 

ပခုက္ကူမြို့ အောက်တိုဘာလ(ပထမ)ပတ်အတွင်း မြေပဲဈေးကွက် အခြေအနေ

       ဆီထွက်သီးနှံမြေပဲ(အတောင့်/အဆံ)များ ပခုက္ကူဈေးကွက်သို့ နေ့စဉ်ဝင်ရောက်၍ အရောင်းအဝယ်ဖြစ်လျက်ရှိသည်။ ယခုအချိန်တွင် မြေပဲ(တောင့်/အဆံ)ဈေးနှုန်းများ အနည်းငယ်ကျဆင်း၍ အရောင်းအဝယ်အေးလျက်ရှိသည်။ ဈေးကွက်အတွင်းသို့ ဇွန်လ မိုးဦးစိုက်မြေပဲများ တူးဖော်ပြီး သီးနှံပေါ်ပြီးစ အချိန်တွင် ပခုက္ကူဈေးကွက်သို့ လှိုင်လှိုင်ဝင်ရောက်၍ မြေပဲ(အသစ်)များ နေ့စဉ် ဝင်ရောက် အရောင်းအဝယ်ဖြစ်လျက်ရှိသည်။ မြေပဲတောင့်များကို ပခုက္ကူမြို့နှင့် နီးစပ်ရာကျေးရွာ များနှင့် ညောင်ဦးမြို့နယ်ဒေသကျေးရွာများမှ ဝင်ရောက်ပြီး မြေပဲဆံများကို ပခုက္ကူဒေသအပြင် ကျောက်ပန်းတောင်း၊ မုံရွာ၊ ပြည်၊ မြန်အောင်မြို့များမှ ဝင်ရောက်အရောင်းအဝယ်ဖြစ်လျက်ရှိ ကြောင်း၊ မြေပဲဈေးများ ကျဆင်းနေခြင်းကြောင့် အရောင်းအဝယ်အေး၍ ပစ္စည်းအဝယ်နည်းသွား ကြောင်း၊ ယခုအောက်တိုဘာ(ပထမ)တစ်ပတ်အတွင်း (၁)ရက်လျှင် မြေပဲတောင့် (၂/၃)တင်း ဝင် အိတ် (၂၅၀) ခန့် (၁)ပတ်အတွင်း အိတ်(၁၈၀၀)ခန့်ဝင်ရောက်ပြီး မြေပဲဆံအဝင်မှာလည်း (၁)ရက် လျှင်(၂၅)ပိဿာဝင်ဆန့် အိတ်(၄၀၀)၊ (၁)ပတ်အတွင်း အိတ်(၂၈၀၀)၊ ပိဿာ(၇၀၀၀၀)ခန့် ဝင်ရောက်ကြောင်း၊ ယခင်တစ်ပတ်ထက် ပစ္စည်းအဝင် လျော့နည်းသွားကြောင်း၊  မြေပဲတောင့် အသေး/အကြီး၊ မြေပဲဆံ ဆီဆံ/လုံးဆံ (အဖြူ/အနီ) အမျိုးမျိုးဝင်ရောက်လျက်ရှိကြောင်း၊ ပစ္စည်း အရည်အသွေး၊ အစို/အခြောက် (သန့်/မသန့်) အပေါ်မူတည်၍ ဈေးနှုန်းကွာခြားကြောင်း၊ ပစ္စည်းဝင်သလောက် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း၊ ဩဂုတ်လကုန်မှ စတင်၍ အောက်တိုဘာလဆန်းထိ မြေပဲ ဈေးနှုန်းများ တဖြေးဖြေးကျဆင်းလျက် ရှိကြောင်းသိရှိရသည်။

      ဈေးနှုန်းဈေးကွက်အနေဖြင့် မြေပဲအဆံအတောင့်မှာ သီးနှံအရည်အသွေးလိုက်၍ မတူညီ ကြောင်း၊ မြေပဲတောင့်(အခြောက်)(၁)ပိဿာလျှင်ယခု(၁)ပတ်အတွင်းတွင်(၂၇၀၀ကျပ် မှ ၁၇၀၀) ကျပ်ထိ အရောင်းအဝယ်ဖြစ်ပြီး ယခင်(၁)ပတ်အတွင်းတွင် မြေပဲတောင့်(အခြောက်)(၁)ပိဿာ လျှင် (၃၀၀၀ ကျပ် မှ ၂၀၀၀ ကျပ် ထိ) ဈေးနှုန်းဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ကြောင်း၊ ယခု(၁)ပတ် အတွင်း မြေပဲဆံ(၁)ပိဿာလျှင် လုံးဆံ(ရှယ်)(၅၃၀၀)ကျပ်၊ လုံးဆံ(ရိုးရိုး)(၅၁၀၀/၅၀၀၀)ကျပ်၊ ဆီဆံ(၄၆၀၀) ကျပ်ဈေးဖြင့် အရောင်းအဝယ်ဖြစ်ကြောင်း၊ ယခင်(၁)ပတ်အတွင်းဈေးနှုန်းမှာ မြေပဲဆံ(ရှယ်)(၁) ပိဿာ (၆၅၀၀)ကျပ်၊ လုံးဆံ (၆၁၀၀)ကျပ်၊ ဆီဆံ(၅၅၀၀)ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်ကြောင်း၊ ယခင်(၁)ပတ်ထက် ဈေးနှုန်းကျဆင်းသွားကြောင်း သိရှိရသည်။

      ကုန်စည်စီးဆင်းမှုအနေဖြင့် မြေပဲတောင့်များကို မြို့ပေါ်ရှိ မြေပဲရောင်းဝယ်ရေး ပဲခွဲစက် လုပ်ငန်းရှင်များနှင့် မြေပဲဆုံဆီ၊ စက်ဆီလုပ်ငန်းရှင်များမှ ဝယ်ယူလျက်ရှိပြီး မြေပဲဆံ(လုံးဆံ/ဆီဆံ) များကို ဆီစက်လုပ်ငန်းရှင်များ၊ မြေပဲဆားလှော်လုပ်ငန်းရှင်များမှ ဝယ်ယူပြီး ပြည်တွင်းရှိ နေရာဒေသအနှံ့အပြား အမြို့မြို့အနယ်နယ်သို့လည်း တင်ပို့ဖြန့်ဖြူးလျက်ရှိကြောင်း၊ ပြည်တွင်း  သာမက ပြည်ပပို့ကုန်အဖြစ် မန္တလေးမြို့မှတစ်ဆင့် တရုတ်နိုင်ငံသို့ တင်ပို့ဖြန့်ဖြူးကြောင်း၊ ယခု အောက်တိုဘာ(ပထမ)ပတ် အတွင်းတွင် မြေပဲဈေးကွက်ငြိမ်၍ ပြည်ပတင်ပို့မှု မရှိကြောင်း၊ ပခုက္ကူ မြို့ပေါ်ရှိ မြေပဲရောင်းဝယ်ရေး လုပ်ငန်းရှင်မှ တစ်ဆင့်သိရှိရသည်။

DOCA(မကွေး)

 

မင်းဘူးမြို့နယ် ထောက်ရှာပင်ကျေးရွာရှိ မိသားစုတစ်နိုင်တစ်ပိုင်မန်ကျည်းယိုလုပ်ငန်းထုတ်လုပ်မှုနှင့် အကျိုးအမြတ်ရရှိမှုအခြေအနေ

      မကွေးတိုင်းဒေသကြီး၊စားသုံးသူရေးရာဦးစီးဌာန၊ မင်းဘူးခရိုင်ဦးစီးမှူးရုံးမှ ဒု-ခရိုင်ဦးစီးမှူး (မင်းဘူးမြို့ နယ်တာဝန်ခံ) ဦးမြင့်ကြည်သည် (၇.၁၀.၂၀၂၂)ရက်နေ့ နံနက်(၁၀:၃၀)အချိန်တွင်  ကုန်သွယ်မှုလုပ်ငန်း ဖွံ့ဖြိုးတိုးတက်စေရေးအတွက် မင်းဘူးမြို့နယ်၊ ထောက်ရှာပင်ကျေးရွာရှိ ဒေသတွင်းထုတ်လုပ်သော တနိုင်တပိုင် မန်ကျည်းယိုလုပ်ငန်းထုတ်လုပ်မှုနှင့် အကျိုးအမြတ်ရရှိမှု အခြေအနေအား ကွင်းဆင်းလေ့လာခဲ့ပါသည်။

       “အောင်”မန်ကျည်းယိုလုပ်ငန်းသို့ သွားရောက်ကွင်းဆင်းပြီး  ထုတ်လုပ်ပုံအဆင့်ဆင့်များကို မေးမြန်းခဲ့ရာ ပထမဦးစွာ ကုန်ကြမ်းဖြစ်သော မန်ကျည်းသီးအားပြန်လည်သန့်စင်ပြီး အသားကြိတ်စက် ဖြင့်ကြိတ်ရပါကြောင်း၊ ထန်းလျက်အမဲအားလည်း  ကြိုရပါကြောင်း၊ ကြိုပြီးသားထန်းလျက်ထဲသို့ ကြိတ်ပြီးသားမန်ကျည်းသီးထည့်၍ ထပ်ပြီးရောကြိုရပါကြောင်း၊ ဆားအနည်းငယ်ထည့်ရကြောင်း၊ ရောကြိုထားသောအရည်များ ပြစ်ခဲလာပါက လင်ဗန်းထဲသို့ထည့်ရကြောင်း၊ အပူချိန်အနေတော်ရှိသည့် အချိန်တွင် သကြားဖြူး၍ အလုံးသေးသေးများ လုံးရပါကြောင်း၊ အနံ့၊ ဆေးသကြား လုံးဝ မထည့် ပါကြောင်း၊ လုံးပြီးသားမန်ကျည်းလုံးများအား နေ(၂)ရက်ခန့်လှန်းရကြောင်း၊ နေလှန်းပြီးသော မန်ကျည်းယိုများအား အထုတ်ထုတ်ရပါကြောင်း၊ မန်ကျည်းသီး(၂)ပိဿာလျှင် ထန်းလျက်(၂)ပိဿာ၊ သကြား(၂)ပိဿာနှင့် ဆားအနည်းငယ်ထည့်ရပြီး အထုတ်(၆၀၀)ထွက်ရှိပါကြောင်း၊ မန်ကျည်ယိုထုတ် (၆)ထုတ်တစ်တွဲ တွဲ၍ တစ်တွဲလျှင်(၅၀၀)ကျပ်ဖြင့်ရောင်းချပါကြောင်း၊ မန်ကျည်းသီး(၁)ပိဿာ (၄၀၀၀)ကျပ်၊ ထန်းလျက်(၁)ပိဿာ (၄၀၀၀)ကျပ်နှင့် သကြား(၁)ပိဿာလျှင်(၃၀၀၀)ကျပ်ဖြင့် ဝယ်ယူရပြီး ထုတ်ပိုး သည့်အိတ်နှင့် တံဆိပ်ကုန်ကျစရိတ်မှာ (၈၀၀၀)ကျပ် ရှိပါကြောင်း၊ လုပ်သားတစ်ဦးလျှင် (၃၅၀၀) ကျပ်ဖြင့် တစ်ဦးသာငှားရမ်းပြီး မိသားစု လုပ်အားဖြင့် လုပ်ကိုင်ပါကြောင်း၊ ထုတ်ပိုးပြီးသား မန်ကျည်း ယိုများအား မကွေးနှင့် မင်းဘူး မြို့မဈေးများသို့ လက်ကားရောင်းချပါကြောင်း၊ ကုန်ကျစရိတ်အနေဖြင့် (၃၃၅၀၀)ကျပ် ကုန်ကျပြီး မန်ကျည်းတွဲ(၁၀၀)ရောင်းရငွေ (၅၀၀၀၀)ကျပ်ရရှိပါသဖြင့် မိသားစု လုပ်အားခပါ အကျိုးအမြတ် အနေဖြင့် (၁၆၅၀၀)ကျပ် အသားတင်အကျိုးအမြတ်ရရှိပါကြောင်း လေ့လာသိရှိရပါသည်။

DOCA(မကွေး)

 

မင်းဘူးမြို့ပေါ်တွင်ဖြစ်ပေါ်လျက်ရှိသော ရေထွက်ကုန်ပစ္စည်း ဈေးနှုန်းဈေးကွက်

      မကွေးတိုင်းဒေသကြီး၊မင်းဘူးမြို့မဈေးကြီးအတွင်း ရောင်းချလျက်ရှိသော ရေထွက်ကုန်ပစ္စည်းများမှာ အောက်တိုဘာလ ပထမပတ်တွင် ငါးသေတ္တာခြောက် (၁)ပိဿာလျှင် ကျပ် ၈၀၀၀ မှ ၁၀၀၀၀၊ ငါးတံခွန်ခြောက် (၁)ပိဿာလျှင် ကျပ် ၈၀၀၀ မှ ၁၃၀၀၀၊ ငါးကြင်းဖြူခြောက် (၁)ပိဿာလျှင် ကျပ် ၁၀၀၀၀၊ အာဗြဲခြောက် (၁)ပိဿာလျှင် ကျပ်၁၀၀၀၀ မှ ၂၀၀၀၀၊ ပုဇွန်ခြောက် (၁)ပိဿာလျှင် ကျပ်၃၅၀၀၀ မှ ၆၀၀၀၀ ရှိကြောင်း၊ ပုဇွန်ခြောက်သည် ဆား အပေါ့၊ အငန်ပေါ်မူတည်၍ ဈေးနှုန်းကွာခြားကြောင်း ပုဇွန်ခြောက်များကို ရခိုင်ပြည်နယ်မှလည်းကောင်း ငါးခြောက်များကို ရန်ကုန်၊ ရခိုင်ပြည်နယ်တို့မှ လည်းကောင်း ဝယ်ယူရောင်းချလျက်ရှိကြောင်း ကွင်းဆင်းမေးမြန်းမှုအရ သိရှိရပါသည်။

DOCA(မကွေး)

နေပြည်တော်ကောင်စီနယ်မြေအတွင်း ရောင်းချလျက်ရှိသော အခြေခံစားကုန်များ၏ ဈေးနှုန်းအခြေအနေ

          ၂၀၂၂ခုနှစ်၊ အောက်တိုဘာ ဒုတိယပတ်အတွင်း နေပြည်‌တော်ကောင်စီနယ်မြေတွင် အခြေခံစားကုန်များဖြစ်သော ရွှေဘိုပေါ်ဆန်း တစ်ပြည် ၃၈၅၀ကျပ်၊ ဧည့်မထ တစ်ပြည် ၂၂၅၀ကျပ်၊ မနောသုခ တစ်ပြည် ၁၉၂၀ကျပ်နှုန်းဖြင့် အ‌ရောင်းအဝယ် ဖြစ်လျက်ရှိပါသည်။ ကြက်သွန်နီ လက်လီဈေးမှာ (ကြီး)တစ်ပိဿာ ၃၂၀၀ကျပ်၊ (လတ်)တစ်ပိဿာ ၃၀၀၀ကျပ်၊ (သေး)တစ်ပိဿာ ၂၉၀၀ကျပ်နှုန်းဖြင့် ‌အရောင်းအဝယ်ဖြစ်လျက်ရှိပါသည်။ ကြက်သွန်ဖြူ လက်လီဈေးမှာ (ကြူကုတ်) တစ်ပိဿာ ၃၆၀၀ကျပ်မှ ၄၀၀၀ကျပ်ထိ၊ (ရှမ်း)တစ်ပိဿာ ၃၄၀၀ကျပ်မှ ၄၀၀၀ကျပ်ထိ၊ ငရုတ်သီး ခြောက်လက်လီဈေးမှာ (အရှည်) တစ်ပိဿာ ၁၂၅၀၀ကျပ်မှ ၁၆၅၀၀ကျပ်ထိ၊ (အပု)တစ်ပိဿာ ၁၂၀၀၀ကျပ်မှ ၁၈၀၀၀ကျပ်ထိ၊ အာလူးလက်လီဈေးမှာ ၂၂၅၀ကျပ်မှ ၂၈၀၀ကျပ်ထိ၊ ခရမ်းချဥ်သီး တစ်ပိဿာ ၁၄၀၀ကျပ်မှ ၂၂၀၀ကျပ်ထိ အရောင်းအဝယ် ဖြစ်လျက်ရှိပါသည်။

      ကြက်ဥ လက်လီဈေးမှာ တစ်လုံး ၁၇၅ကျပ်မှ ၁၉၀ကျပ်ထိ ဖြစ်ပါသည်။ နေပြည်တော် ကောင်စီနယ်မြေ၏ အသား/ငါး ဈေးနှုန်းများမှာ ကြက်သား(CP) တစ်ပိဿာ ၇၆၀၀ကျပ်မှ ၉၀၀၀ ကျပ်ထိ၊ ကြက်သား(ဗမာ) တစ်ပိဿာ ၁၁၀၀၀ကျပ်မှ ၁၄၀၀၀ကျပ်ထိ၊ ဝက်သား တစ်ပိဿာ ၁၁၅၀၀ကျပ်မှ ၁၄၀၀၀ကျပ်ထိ၊ အမဲသား တစ်ပိဿာ ၁၂၀၀၀ကျပ်မှ ၁၃၀၀၀ကျပ်ထိ၊ ငါးမြစ်ချင်း တစ်ပိဿာ ၅၁၀၀ကျပ်မှ ၈၂၀၀ထိ၊ ငါးကြင်း တစ်ပိဿာ ၈၀၀၀ကျပ်မှ ၁၂၅၀၀ကျပ်ထိ ရောင်းဝယ်နေကြောင်း သိရသည်။

          စားသုံးဆီ ဈေးနှုန်များမှာ ပဲဆီ တစ်ပိဿာလျှင် ၁၂၈၀၀ကျပ်မှ ၁၄၅၀၀ကျပ်ထိ၊ စားအုန်းဆီ တစ်ပိဿာလျှင် ၆၈၀၀ကျပ်နှင့် နှမ်းဆီ တစ်ပိဿာလျှင် ၁၀၀၀၀ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်း သိရသည်။  

DOCA(ပြည်ထောင်စုနယ်မြေ)

“ကျောက်ဆည်မြို့နယ်အတွင်း ရောင်းချနေသော အခြေခံစားကုန်များ၏ ဈေးနှုန်းအခြေအနေ”

         မန္တလေးတိုင်းဒေသကြီး၊ကျောက်ဆည်မြို့နယ်အတွင်းရှိအေးမြကြည်လင်စျေးနှင့်မြို့မဈေး တွင် ၂၀၂၂ခုနှစ် အောက်တိုဘာလ ပထမပတ်အတွင်းရောင်းချလျှက်ရှိသော အခြေခံစားကုန်များမှာ ပဒေသာဆန် တစ်ပြည် (၂၈၀ဝိ/-)ကျပ် ၊  (၂၄)ပြည်  တစ်အိတ်လျှင် (၆၇၀၀ဝိ/-)ကျပ် ၊  မနောသုခဆန် တစ်ပြည်(၁၉၀ဝိ/-)ကျပ်၊(၂၄)ပြည်တစ်အိတ်လျှင်(၄၅၀၀ဝိ/)ကျပ်၊ ခရမ်းချဉ်သီး လက်လီဈေးနှုန်းမှာ တစ်ပိဿာလျှင်(၂၅၀ဝိ/-)ကျပ်၊ ကြက်သွန်နီ လက်လီဈေးနှုန်းမှာ (ကြီး) တစ်ပိဿာလျှင်(၃၅၀ဝိ/-)ကျပ် ၊ (လတ်) တစ်ပိဿာလျှင် (၃၀၀ဝိ/-)ကျပ်၊(အသေး) တစ်ပိဿာ လျှင်(၂၆၀ဝိ/-)ကျပ်၊ ကြက်သွန်ဖြူလက်လီ (ဗမာ) တစ်ပိဿာလျှင်(၄၀၀ဝိ/-)ကျပ်၊ (ရှမ်း)တစ်ပိဿာလျှင်(၄၀၀ဝိ/-)ကျပ်၊ အာလူးတစ်ပိဿာလျှင် (၂၄၀ဝိ/-)ကျပ် ၊ မန်ကျည်းသီး တစ်ပိဿာလျှင် (၃၅၀ဝိ/-)ကျပ် ၊ ဂျင်းတစ်ပိဿာလျှင်(၁၅၀ဝိ/-)ကျပ်၊ ဆားတစ်ပိဿာ လျှင်(၆၀ဝိ/-)ကျပ် ဈေးနှုန်းများဖြင့် အရောင်းအဝယ်ဖြစ်လျှက်ရှိပါသည်။ ကျောက်ဆည်မြို့နယ်၏ သား၊ငါးဈေးနှုန်းများမှာ ကြက်သား(ဗမာ)တစ်ပိဿာလျှင် (၁၃၀၀ဝိ/-)ကျပ် ၊ ကြက်သား(CP) တစ်ပိဿာလျှင် (၁၀၀၀ဝိ/-) ကျပ် ၊ ဝက်သားတစ်ပိဿာလျှင် (၁၃၀၀ဝိ/-)ကျပ်၊ အမဲသား တစ်ပိဿာလျှင်(၁၆၀၀ဝိ/-)ကျပ်၊ ဆိတ်သားတစ်ပိဿာလျှင် (၂၄၀၀ဝိ/-) ကျပ်နှင့် ငါးမြစ်ချင်း တစ်ပိဿာလျှင် (၈၀၀၀)ကျပ်၊ ငါးကြင်း တစ်ပိဿာလျှင် (၆၀၀၀)ကျပ်ဈေးနှုန်းများဖြင့် အရောင်းအဝယ်ဖြစ်လျှက်ရှိပြီး ဆီဈေးနှုန်းများအနေဖြင့် ပဲဆီသန့်တစ်ပိဿာလျှင် (၁၄၀၀ဝိ/-) ကျပ် ၊ နှမ်းဆီသန့်တစ်ပိဿာလျှင်(၁၂၀၀ဝိ/-) ကျပ်၊ နေကြာဆီသန့်တစ်ပိဿာလျှင် (၁၆၀၀၀) နှင့် စားဆီတစ်ပိဿာလျှင် (၇၃၀ဝိ/-)ကျပ် ဈေးနှုန်းများဖြင့် အရောင်းအဝယ် ဖြစ်နေကြောင်းသိရှိရပါ သည်။

DOCA(မန္တလေး)

 

 

                                                     

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း