Main menu

သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal
15 Feb 2024

   ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ပန်းတနော်မြို့နယ်ရှိ ယူကေစိန် သင်ဖျာလုပ်ငန်းသို့ မအူပင်ခရိုင်ဦးစီးမှူးနှင့် ဝန်ထမ်းများ သွားရောက်၍ (၈.၂.၂၀၂၄)ရက်နေ့၊နေ့လယ် (၁၄:၀၀)တွင် လုပ်ငန်းဆောင်ရွက်မှုအား ထုတ်ကုန်လုံခြုံစိတ်ချရမှု ရှိစေရန် ကွင်ဆင်းစစ်ဆေးဆောင်ရွက်ခဲ့ကြသည်။

15 Feb 2024

    စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနအနေဖြင့် စားသုံးသူကာကွယ်ပေးရေးဥပဒေအရ ကုန်စည် (သို့) ဝန်ဆောင်မှုလုပ်ငန်းများနှင့်စပ်လျဉ်း၍ စားသုံးသူနစ်နာဆုံးရှုံးမှုများအပေါ် တိုင်ကြားလာ၍သော်လည်းကောင်း၊ စားသုံးသူများဘေးအန္တရာယ်ရှိသည်ဟုထင်မြင်ယူဆရသော ကုန်စည် (သို့) ဝန်ဆောင်မှုနှင့်စပ်လျဉ်း၍သော်လည်းကောင်း  စုံစမ်းစစ်ဆေးမှုများပြုလုပ်၍ စားသုံးသူကာကွယ်ရေးဥပဒေနှင့်အညီ ဖြေရှင်းဆောင်ရွက်ပေးလျက်ရှိပါသည်။

15 Feb 2024

   (၇.၂.၂၀၂၄)ရက်နေ့၊နံနက် (၁၀:၃၀)အချိန်က ဧရာဝတီတိုင်းဒေသကြီး မအူပင်ခရိုင်ဦးစီးမှူး ဦးဇော်မင်းနှင့် ဝန်ထမ်းများသည် ပန်းတနော်မြို့ရှိ ဌာနဆိုင်ရာ ဝန်ထမ်းများနှင့်အတူ ပူးပေါင်း၍ ပန်းတနော်မြို့ပေါ်ရှိ ဆေးဆိုင်များအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ကြပါသည်။

15 Feb 2024

     စားသုံးသူရေးရာဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်ဦးစီးမှူးရုံး၊ ညောင်တုန်းမြို့နယ်ဦးစီးမှူးရုံးမှ ဦးအောင်လွင်မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများသည် မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်စိုက်ပျိုး ရေးဦးစီးဌာန၊ မြေစာရင်းဦးစီးဌာန၊ ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန တို့ပူးပေါင်း၍ မတ်ပဲစိုက်တောင်သူ(၆၈)ဦး အသိပညာပေးဟောပြောပွဲ ပြုလုပ်ခဲ့ကြပါသည်။

15 Feb 2024

     စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်အရှေ့ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဒေါ်မိုးမိုးကြည်(ဌာနခွဲစာရေး)နှင့် ဝန်ထမ်းများသည်   (၇-၂-၂၀၂၄) ရက်နေ့၊ နံနက် (၁၀:၃၀) နာရီအချိန်တွင်   ပုဇွန်တောင်မြို့နယ်၊ ပုဇွန်တောင်ဈေးနှင့် ဈေးပတ်ဝန်းကျင်ရှိ ဆေးဝါးနှင့်ဆေးပစ္စည်းများရောင်းချသည့် ဆေးဆိုင်များသို့သွားရောက်၍  ကွင်းဆင်းစစ်ဆေးခဲ့ကြောင်းသိရှိရပါသည်။

Pages