သတင်းနှင့် လှုပ်ရှားမှုများ
စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ တိုင်းဒေသကြီးဦးစီးမှူး၏ လမ်းညွှန်မှုဖြင့် ခရိုင်ဦးစီးမှူး ဦးဝေဠုအောင်က အနီးကပ်ကြီးကြပ်၍ ပခုက္ကူခရိုင်ဦးစီးမှူးရုံးမှ ဝန်ထမ်းများအဖွဲ့သည် (၂-၂-၂၀၂၄)ရက်နေ့၊ နံနက်(၁၁:၃၀)နာရီအချိန်တွင် ပခုက္ကူမြို့၊ အမှတ်(၁၇)၊ အခြေခံပညာမူလတန်းလွန်ကျောင်း၌ ဆရာ/ ဆရာမ(၃)ဦး၊ ကျောင်းသား/ ကျောင်းသူ(၉၅)ဦးတို့အား စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောဆွေးနွေးခဲ့ပါသည်။
စားသုံးသူရေးရာဦးစီးဌာနမှ ဝန်ထမ်းများသည် စားသုံးသူပြည်သူများ ဘေးအန္တရာယ်ကင်းရှင်းစေရေးအတွက် အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာနမှ စားသုံးရန်မသင့် ထုတ်ပြန်သော စားသောက်ကုန်များ၊ သက်တမ်းလွန်နေသော စားသောက်ကုန်များနှင့် စျေးကွက်အတွင်းရှိ ကုန်စည်များ၌ ကုန်အညွှန်းအမှတ်အသားများပြည့်စုံမှန်ကန်စွာ ဖော်ပြပါဝင်မှုရှိ/မရှိတို့အား လစဉ်လျာထား ချက်များ သတ်မှတ်ပြီး စျေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများကို စဉ်ဆက်မပြတ်ဆောင်ရွက်လျက်ရှိပါသည်။
စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ တိုင်းဒေသကြီးဦးစီးမှူး၏လမ်းညွှန်မှု၊ ပခုက္ကူခရိုင်ဦးစီးမှူး၏ ကြီးကြပ်မှုဖြင့် (၅-၂-၂၀၂၄) ရက်နေ့၊ နံနက်(၀၉:၃၀)နာရီအချိန်တွင် ပခုက္ကူမြို့၊ အောင်ချမ်းသာရပ်ကွက်ရှိ အမှတ်(၁၉၀)၊ အခြေခံပညာမူလတန်းကျောင်း၌ အသိပညာပေးဟောပြောပွဲပြုလုပ်ခဲ့ရာ ကျောင်းသား/ ကျောင်းသူ (၈၅)ဦး၊ ဆရာ/ ဆရာမ (၃) ဦးနှင့် မိဘပြည်သူ (၂၉)ဦး၊ စုစုပေါင်း (၁၁၇) ဦးတက်ရောက်ခဲ့ကြပါသည်။
စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ တောင်တွင်းကြီးမြို့နယ်ဦးစီးမှူး ဒေါ်ဌေးဌေးသည် စားသုံးသူများ ဘေးကင်းလုံခြုံမှုရှိစေရေးအတွက် ရည်ရွယ်၍ မိတ်ဖက်ဌာနဖြစ်သော စည်ပင်သာယာရေးအဖွဲ့၊ ကျန်းမာရေး ဦးစီးဌာန၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့်ပူးပေါင်း၍ (၅.၂.၂၀၂၄)ရက်နေ့၊ နံနက်(၁၀:၀၀)နာရီအချိန်တွင် တောင်တွင်းကြီးမြို့၊ ရွှေကြာအင်းရပ်ကွက်ရှိ မြို့မစျေးအတွင်း စားသောက်ကုန်ရောင်းချသည့် ဈေးဆိုင်(၁၃)ဆိုင်တို့၌ စားသုံးရန်မသင့်ထ
စားသုံးသူရေးရာဦးစီးဌာန၊ အင်္ဂပူမြို့နယ်မှ ဒေါ်လှနှင်းနွယ် (အကြီးတန်းစာရေး) သည် မိတ်ဘက်ဌာနဆိုင်ရာများနှင့်ပူးပေါင်း၍ (၆.၂.၂၀၂၄) နေ့ နံနက် (၁၀:၃၀) နာရီတွင် အင်္ဂပူမြို့နယ် ရေကျော်ကျေးရွာအုပ်စုရှိ အခြေခံပညာမူလတန်း (လွန်)ကျောင်းတွင် ဆရာ၊ဆရာမ နှင့် ကျောင်းသား၊ ကျောင်းသူ ၁၈၀ ဦးအား စားသုံးသူကာကွယ်ရေးအသိပညာပေး ဟောပြောခြင်းများကိုဆောင်ရွက်ခဲ့ပါသည်။