Main menu

သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal
15 Feb 2024

     စားသုံးသူရေးရာဦးစီးဌာန ဟင်္သာတမြို့နယ်တာဝန်ခံသည် မိတ်ဘက်ဌာနဆိုင်ရာများနှင့် ပူးပေါင်း၍  ဟင်္သာတမြို့နယ် ၊ မြို့ပေါ်ရပ်ကွက်ရှိ ဆေးဆိုင်များအား (၈.၂.၂၀၂၄)ရက်နေ့၊ နံနက် (၀၉:၀၀) နာရီအချိန်တွင် ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများဆောင်ရွက်ခဲ့ပါသည်။

15 Feb 2024

     စားသုံးသူရေးရာဦးစီးဌာန၊ ဟင်္သာတမြို့နယ်ဦးစီးမှူးနှင့်အဖွဲ့သည် ဟင်္သာတမြို့နယ် လိပ်ချောင်းကျေးရွာအုပ်စုရှိ အခြေခံပညာအထက်တန်း (ရွာဦး) ကျောင်းတွင် ဆရာ၊ ဆရာမ နှင့် ကျောင်းသား၊ ကျောင်းသူ ၃၇၅ ဦးအား (၆.၂.၂၀၂၄)နေ့၊ နေ့လယ် (၁၃:၀၀)နာရီတွင်  စားသုံးသူကာကွယ်ရေး အသိပညာပေး ဟောပြောခြင်းများကို ဆောင်ရွက်ခဲ့ပါသည်။

14 Feb 2024

    ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကွမ်းခြံကုန်းမြို့နယ်တွင် ဆန်၊ ဆီဝယ်ယူစားသုံးမှုအဆင်ပြေရန်ရည်ရွယ်၍ စည်ပင်သာယာမြို့မဈေး၊ နယ်နိမိတ်အတွင်း/အပြင်ရှိ ဆန်၊ ဆီလက်လီအရောင်းဆိုင်များအား ၂၀၂၄ခုနှစ်၊ ဖေဖော်ဝါရီလ (၂)ရက်နေ့၊ နေ့လယ်(၁၄:၀၀)နာရီအချိန်တွင် လုပ်ငန်းရှင်များနှင့်‌သွားရောက်တွေ့ဆုံ၍ ဆန်၊ ဆီများကို ဈေးနှုန်းမြှင့်တင်ရောင်းချခြင်းရှိ/ မရှိ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်းသိရပါသည်။

14 Feb 2024

    ရန်ကုန်တိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ တောင်ပိုင်းခရိုင်ဦးစီးမှူးရုံးလက်အောက်ရှိ တွံတေးမြို့နယ်၌ စားသုံးသူရေးရာဦးစီးဌာန၊  ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် တိုင်းရင်းဆေးတို့ပူးပေါင်း၍ စားသုံးသူပြည်သူများအား စားသုံးသူကာကွယ်ရေးအသိပညာပေးရေးလုပ်ငန်းနှင့် စာဖတ်ရှိန်မြှင့်တင်ရေးလုပ်ငန်းများကို စဉ်ဆက်မပြတ်ဆောင်ရွက်လျက်ရှိရာ ၂၀၂၄ခုနှစ်၊ ဖေဖော်ဝါရီလ (၁)ရက်နေ့၊ နံနက်(၁၀:၀၀)နာရီအချိန်တွင် တွံတေးခရိုင်၊ တွံတေးမြို့နယ်၊ ပျော်ဘွယ်လေးကျေးရွာရှိ (အ.မ.က) မူလွန်ကျောင်း၌

14 Feb 2024

     စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ တိုင်းဒေသကြီးဦးစီးမှူး၏လမ်းညွှန်မှုဖြင့် ခရိုင်ဦးစီးမှူးဦးဆောင်သော ဝန်ထမ်းများအဖွဲ့သည် သတ်မှတ်အရည်အသွေးနှင့် ဈေးနှုန်းမှန်ကန်စေရေး၊ ဆေးဝါးပြတ်လပ်မှုမရှိစေရေး၊ ဈေးကွက်အတွင်း ဈေးနှုန်းအဆမတန်မြှင့်တင်ရောင်းချခြင်းမရှိစေရေး၊ ဈေးကစားရန်ရည်ရွယ်ချက်ဖြင့် သိုလှောင်မှုမရှိစေရေး၊ တရားမဝင်အတုအပနှင့် အရည် အသွေးနိမ့်ပစ္စည်းများ ရောင်းချမှုမရှိစေရေးရည်ရွယ်၍ (၅.၂.၂၀၂၄)ရက်နေ့၊ နေ့လယ်(၁၄:၀၀)အချိန် နှင့်(၆.၂.၂၀၂၄) ရက်နေ့၊ နံနက်(၀၉း၃၀)အချိန်တွင

Pages