သတင်းနှင့် လှုပ်ရှားမှုများ
၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ(၃၀) ရက်နေ့ နံနက်(၀၉:၃၀)နာရီအချိန်တွင် စားသုံးသူရေးရာ ဦးစီးဌာန၊ တနင်္သာရီတိုင်းဒေသကြီးဦးစီးမှူးရုံးတွင် ဝန်ထမ်းများအား စားသုံးသူ အသိပညာပေး ဟောပြောခြင်းနှင့် စျေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများအား ပိုမိုသိရှိနားလည် တတ်ကျွမ်းစွာ ဆောင်ရွက်နိုင်စေရန် ရည်ရွယ်၍ စားသုံးသူရေးရာနှင့်ထုတ်ကုန်လုံခြုံစိတ်ချရမှုဆိုင်ရာ သိကောင်း စရာများသင်တန်း (၁/၂၀၂၄)ကို သင်တန်းဖွင့်ပွဲအခမ်းအနား ကျင်းပပြုလုပ်ခဲ့ရာ ဖွင့်ပွဲအခမ်းအနားတွင် တိုင်းဒေသကြီးဦးစီးမှူး ဦးတင်အောင်ကျော်မှ
၂၀၂၄ ခုနှစ်၊ဇန်နဝါရီလ(၃၀) ရက်နေ့၊ နံနက် (၀၉:၀၀ နာရီအချိန်တွင် တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့ရှိ ပန်းကံ့ကော်ရနံ့ကိုယ်ပိုင်အထက်တန်းကျောင်း၌ တိုင်းဒေသကြီးစားသုံးသူရေးရာဦးစီးဌာနနှင့် တိုင်းဒေသကြီးအစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန တို့နှင့်ပူးပေါင်း၍ ကျောင်း မုန့်ဆိုင်များအား စျေးကွက်စောင့်ကြည့်စစ်ဆေးခြင်းနှင့် စားသုံးသူကာကွယ်ရေးဥပဒေအကြောင်း ဟောပြောဆွေးနွေးပွဲ ကျင်းပပြုလုပ်ခြင်းများ ဆောင်ရွက်ခဲ့ပါသည်။
စားသုံးသူရေးရာဦးစီးဌာန၊ ကရင်ပြည်နယ်ဦးစီးမှူးရုံးမှ စစ်ဆေးရေးအရာရှိ ဦးမျိုးဝင်းနိုင်နှင့် ဒေါ်စုနွေးသီရိမောင်(အကြီးတန်းစာရေး)တို့သည် (၃၁-၁-၂၀၂၄) ရက်နေ့၊ နံနက်(၀၈:၃၀) နာရီအချိန်တွင် ဘားအံမြို့၊ အ.ထ.က ခွဲ (၂) ရှိ ကျောင်းမုန့်ဈေးတန်း၌ရောင်းချနေသော စားသောက်ကုန်များတွင် ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့်စပ်လျဉ်း၍ မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်၏ ညွှန်ကြားချက်အမှတ် (၂/၂၀၁၉) နှင့်အညီ ကိုက်ညီမှုရှိ/မရှိ ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ကြောင်းသိရသည်။
စားသုံးသူရေးရာဦးစီးဌာန၊ ကရင်ပြည်နယ်ဦးစီးမှူးရုံးမှ ဦးမျိုးဝင်းနိုင် (ဦးစီးအရာရှိ) နှင့် ဒေါ်စုနွေးသီရိမောင်(အကြီးတန်းစာရေး)တို့သည် (၃၁-၁-၂၀၂၄) ရက်နေ့၊ နံနက် (၀၉:၃၀) နာရီအချိန်တွင် ကရင်ပြည်နယ်၊ ဘားအံမြို့ရှိ အ.ထ.က ခွဲ (၂) ၌ စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲကျင်းပခဲ့ကြောင်းသိရှိရပါသည်။
“မြန်မာ့ရော်ဘာထုတ်လုပ်မှုနှင့် ဈေးကွက်ဝင်ရောက်မှုမြှင့်တင်ရေးအလုပ်ရုံဆွေးနွေးပွဲ” ကို (၃၀-၁-၂၀၂၄) ရက်နေ့တွင် မော်လမြိုင်မြို့၊ Royal Mawlamyine ၌ကျင်းပပြုလုပ်ခဲ့ရာ အဆိုပါ အလုပ်ရုံဆွေးနွေးပွဲသို့ မွန်ပြည်နယ်ဝန်ကြီးချုပ်၊ အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ စားသုံးသူရေးရာဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူးအပါအဝင် ဌာနဆိုင်ရာတာဝန်ရှိပုဂ္ဂိုလ်များ၊ ရော်ဘာလုပ်ငန်းရှင်များ၊ ရော်ဘာစိုက်တောင်သူများတက်ရောက်ခဲ့ကြသည်။