Main menu

သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal
07 Feb 2024

     ပဲခူးတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံး၊ ထုတ်ကုန်လုံခြုံစိတ်ချရမှုဌာနခွဲတာဝန်ခံ ဦးကျော်ဆန်းဝင်းသည် ၂၀၂၄ခုနှစ်၊ ဇန်နဝါရီလ ၂၉ရက်နေ့၊ နံနက် (၁၁:၀၀) နာရီအချိန်၌ သနပ္ပင်မြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးသို့သွားရောက်၍ ကုန်စည်များတွင် ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းများနှင့်စပ်လျဉ်း၍ Talk Show အစီအစဉ်ဖြင့် ကျင်းပပြုလုပ်၍   အသိပညာပေးဟောပြောဆွေးနွေးခဲ့ပါသည်။

07 Feb 2024

    ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန မအူပင်ခရိုင်ဦးစီးမှူးရုံးအောက်ရှိ ညောင်တုန်းမြို့နယ်ဦးစီးမှူးရုံးမှ ဒေါ်ချိုမီဇင်(ဒု-ဦးစီးမှူး)နှင့် ဝန်ထမ်းများသည် (၁.၂.၂၀၂၄) ရက်နေ့ ၊နံနက်(၀၉:၄၅) နာရီ အချိန်တွင် မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပူးပေါင်း၍ နတ်ပေး (အ.ထ.က) ကျောင်းတွင် အသိပညာပေးဟောပြောပွဲကျင်းပခဲ့ကြသည်။

07 Feb 2024

   စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်အရှေ့ပိုင်းခရိုင်ဦးစီးမှူးအနေဖြင့် ခရိုင်အတွင်းမြို့နယ်များရှိ စက်သုံးဆီအရောင်းဆိုင်များ၏ နေ့စဉ်ရောင်းချနေသော စက်သုံးဆီဈေးနှုန်းများသည် PPRD မှ ထုတ်ပြန်ထားသော ရည်ညွှန်းဈေးအတိုင်းရောင်းချခြင်းရှိ/မရှိနှင့် စက်သုံးဆီပြတ်လပ်မှုရှိ/မရှိတို့၏ အခြေအနေများကို တိုင်းဒေသကြီးဦးစီးမှူးရုံးသို့ ပေးပို့တင်ပြလျက်ရှိပါသည်။

07 Feb 2024

      စားသုံးသူရေးရာဦးစီးဌာန၊ ချင်းပြည်နယ်ဦးစီးမှူးရုံးမှ တီးတိန်မြို့နယ်တာဝန်ခံ ဦးပြောင်ဒါးလ် (အကြီးတန်းစာရေး)သည် ၂၀၂၄ခုနှစ်၊ ဖေဖော်ဝါရီလ ၅ ရက်နေ့၊နံနက် ၁၀:၃၀ အချိန်တွင် ဝေါင်မွောလ်ကျေးရွာရှိ အခြေခံပညာမူလွန်ကျောင်းတွင် စားသုံးသူကာကွယ်ရေးဆိုင်ရာ  အသိပညာပေးဟောပြော ပွဲကျင်းပခဲ့ကြောင်း သတင်းရရှိပါသည်။

07 Feb 2024

    စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်အရှေ့ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဒေါ်အေးအေးမော် (ဌာနခွဲစာရေး ) နှင့် ဝန်ထမ်း (၂) ဦးတို့သည် (၂၄-၁-၂၀၂၄) ရက်နေ့၊ နံနက် (၁၀:၃၀ ) နာရီအချိန်တွင် ဒဂုံဆိပ်ကမ်းမြို့နယ်၊ ယုဇနဥယျာဉ်မြို့တော်ဈေးအတွင်းရှိ စားသောက်ကုန်နှင့်လူသုံးကုန်များကို ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများဆောင်ရွက်ခဲ့ကြောင်းသိရှိရပါသည်။

Pages