
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင် ၊ကျိုက်လတ်မြို့နယ်ရှိ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနရုံးတွင် (၃၀.၁၀.၂၀၂၅) နေ့၊ နေ့လည်(၁၅:၀၀) နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာနမှ (ဒု-ကြီးကြပ်ရေးမှူး) ဦးတင်စိန်သည် Talk Show အစီအစဉ် ပြုလုပ်ဆောင်ရွက်ခဲ့ပါသည်။
အဆိုပါ Talk Show တွင် (ဒု-ကြီးကြပ်ရေးမှူး) ဦးတင်စိန်က စားသုံးသူကာကွယ်ရေး ဥပဒေအခန်းများမှ ကုန်အညွှန်းအမှတ်အသား ဖော်ပြခြင်းနှင့် ပက်သက်၍ စားသုံးသူကာကွယ်ရေး ဥပဒေ အခန်း(၁၈) ၊ ပုဒ်မ ၄၁ ၊ ၄၂ ၊ ၄၃ တို့နှင့် စပ်လျဉ်း၍ အသိပညာပေးဟောပြောခဲ့ပါသည်။ စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် ကုန်အညွှန်းအမှတ်အသား ဖော်ပြခြင်းနှင့် စပ်လျဉ်း၍ ကုန်စည်အမျိုးအစားအလိုက် သတ်မှတ်ချက်များနှင့်အညီ သိသာထင်ရှားစွာဖော်ပြရမည်ဖြစ်ကြောင်း၊ ဖော်ပြရမည့်အချက်(၈) ချက်ရှိကြောင်း၊ ကုန်စည်တံဆိပ်၊အမျိုးအမည်၊ အရွယ်အစား၊ အရေအတွက်၊ အသားတင်ပမာဏ၊ ထားသိုသိမ်းဆည်းပုံအညွန်း၊ သုံးစွဲပုံနည်းလမ်း၊ ဓာတ်မတည့်ကြောင်းဖော်ပြချက်၊ ဘေးထွက်ဆိုးကျိုး၊ သုံးစွဲပုံနည်းလမ်း၊ ကြိုတင်သတိပေးချက်၊ ထုတ်လုပ်သည့်ရက်စွဲ၊ သက်တမ်း ကုန်ဆုံးသည့် ရက်စွဲ၊ စသည်တို့ပါဝင်ရမည်ဖြစ်ကြောင်း၊ “စားသုံးသူရေးရာဦးစီးဌာန” အနေဖြင့် ဈေးကွက်အတွင်းရောင်းချနေသောကုန်စည်များတွင်ကုန်အညွှန်းအမှတ်အသားပြည့်စုံမှုရှိ/မရှိတို့ကိုပူးပေါင်းအဖွဲ့များဖြင့်ကွင်းဆင်းစစ်ဆေးလျက် ရှိကြောင်းအသိပညာပေးဟော ပြောခဲ့ပြီး ပြစ်မှု၊ပြစ်ဒဏ် များ အကြောင်းကိုလည်း ဟောပြောခဲ့သည်ဟု သတင်းရရှိပါသည်။
(DOCA ဧရာဝတီ)
