Main menu

သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal
25 Mar 2024

     ကမ္ဘာ့စားသုံးသူအခွင့်အရေးများနေ့ အထိမ်းအမှတ်အခမ်းအနားကို ယနေ့နံနက်ပိုင်းက ပုသိမ်မြို့၊ မြို့တော်ခန်းမ၌ပြုလုပ်ခဲ့ရာ အခမ်းအနားသို့ ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ဌာနဆိုင်ရာများနှင့် လုပ်ငန်းရှင်များ တက်ရောက်ခဲ့ကြသည်။

22 Mar 2024

      စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့တွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့၏ အစီ အစဉ်ဖြင့် (၁၅.၃.၂၀၂၄) ရက်နေ့ မွန်းလွဲ ၁၃:၀၀ နာရီက ကန့်ဘလူမြို့ပေါ်ရပ်ကွက်များရှိ သတ်မှတ် နေရာများတွင်လည်းကောင်း၊ (၁၆.၃.၂၀၂၄)ရက်နေ့ နံနက် ၀၈:၃၀ နာရီအချိန်တွင် ကန့်ဘလူခရိုင်စု ပေါင်းတွင် ဌာနဆိုင်ရာဝန်ထမ်းများကိုလည်းကောင်း  မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန စသည့်တာဝန်ရှိသူများ၏ကြီးကြပ်မှုဖြင့်    ကန့်ဘလူခရိုင်ဆီလုပ်ငန်းရှင် များအသင်းမှ စားသုံးသူပြည်သူများအား

22 Mar 2024

    စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ စစ်ကိုင်းတိုင်းဒေသကြီး ဦးစီးမှူး၏လမ်းညွှန်ချက်၊ ကန့်ဘလူခရိုင်ဦးစီးမှူး၏ကြီးကြပ်မှုတို့ဖြင့် ကျွန်းလှမြို့နယ်တာဝန်ခံ ဒေါ်ဝေဝေ အောင် သည် (၁၅.၃.၂၀၂၄)ရက်နေ့ နံနက် (၀၉;၃၀) နာရီ အချိန်တွင်  ကျွန်းလှမြို့ ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနနှင့်ပူးပေါင်း၍ ကမ္ဘာ့စားသုံးသူအခွင့်အရေးများနေ့ပေါ်ပေါက်လာပုံအကြောင်း အသိ ပညာပေး  (Talk Show) ပြုလုပ် ဆောင်ရွက်ခဲ့ကြောင်းသိရှိရပါသည်။

22 Mar 2024

      ၁၈.၃.၂၀၂၄ ရက်နေ့တွင် စားသုံးသူရေးရာဦးစီးဌာန၊ ကျိုက်ထိုခရိုင်ဦးစီးမှူးသည် ကျိုက်ထိုမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးရှိ လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမတွင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စားသုံးသူရေးရာဦးစီးဌာနတို့ ပူးပေါင်း၍ ကမ္ဘာ့စားသုံးသူ အခွင့်အရေးများနေ့အကြောင်း အသိပညာပေး Talk Show ကျင်းပပြုလုပ်ခဲ့သည်။

22 Mar 2024

      နှစ်(၅၀)ပြည့် ရွှေရတုမွန်ပြည်နယ်နေ့အထိမ်းအမှတ်ပြခန်းများကို မော်လမြိုင်မြို့၊ သမိန်ဗရမ်းကွင်း၌ မတ်လ(၁၇)ရက်နေ့မှ (၁၉)ရက်နေ့ထိ (၃)ရက်တိုင်တိုင် ဖွင့်လှစ်ပြသရာ စားသုံးသူရေးရာ ဦးစီးဌာနနှင့် မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့တို့ ပူးပေါင်းပါဝင်ပြသခဲ့ကြသည်။

Pages