
ဖျာပုံမြို့နယ်၊ “MEC”ကိုယ်ပိုင်မူလတန်းကျောင်း၌ ကျောင်းကျန်းမာရေးအသိ ပညာပေး ဟောပြောပွဲတွင် စားသုံးရေးရာဦးစီးဌာနနှင့် မြို့နယ်ကျန်းမာရေးဦးစီးဌာနတို့ ပူးပေါင်း၍ ၂၀၂၅ခုနှစ်၊ အောက်တိုဘာလ(၃၀)ရက်နေ့၊ နံနက်(၁၀ : ၀၀)နာရီအချိန်တွင် စားသုံးသူကာကွယ်ရေး အသိ ပညာပေး ဟောပြောခဲ့ပါသည်။
အဆိုပါဟောပြောပွဲတွင် ကျောင်းအုပ်ဆရာမကြီးမှ အဖွင့်မှာစကားပြောကြားခဲ့ပြီးနောက် စားသုံးသူကာကွယ်ရေးဥပဒေနှင့်ပတ်သက်၍ စားသုံးသူကာကွယ်ရေးဆိုင်ရာ အကြောင်းများ ဖြစ်သည့် အစားအသောက်များတွင် မူလသဘာဝအားဖြင့် ပါဝင်သော ဓါတုပစ္စည်းများ ပါဝင်လာနိုင်ကြောင်း၊ စားသုံးသင့်သော မူလအစားအစာပုံစံများကို ကျော်လွန်ပြီး အရောင်အဆင်း အနံ့အရသာ ပိုမိုကောင်းမွန်ရန်အတွက်လည်း ဓာတုအရောင်ဆိုးဆေး များ ထည့်သွင်းလာမှုနှင့် အစားအစာများ တာရှည်ခံရန်ဘေးအန္တရာယ်ရှိသည့် ဖော်မလင်ဆေးများ ထည့်သွင်းသုံးစွဲလာမှုနှင့် ကုန်အညွှန်းအမှတ်အသားများနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခြင်း၊ ကျောင်းသား/ကျောင်းသူများအနေဖြင့်ရက်စွဲ၊သက်တမ်းကုန်ဆုံးရက်စွဲများကြည့်ဝယ်ရန်တို့အား ရှင်းလင်း ပြောကြားခဲ့ကြောင်း သိရှိရပါသည်။
DOCA(ဧရာဝတီ)
