Main menu

“သမိန်ထော သိမ်ကုန်း”ကျေးရွာရှိ ပြည်သူများသက်သာသောဈေးနှုန်းဖြင့် စာသုံးဆီဖြန့်ဖြူး ရောင်းချနိုင်ရေး အတွက် ကျေးရွာကော်မတီအဖွဲ့ဝင်များအား ဆွေးနွေးပြောကြား

Powered by Drupal

         ဖျာပုံခရိုင်ဦးစီးမှူးရုံး၊ စားသုံးသူရေးရာဦးစီးဌာနတွင် ၂၀၂၅ခုနှစ်၊ အောက်တိုဘာလ (၃၀) ရက်နေ့၊ နံနက် (၁၀:၀၀)နာရီအချိန်တွင် ခရိုင်ဦးစီးမှူးက “သမိတ်ထော သိမ်ကုန်း”ကျေးရွာရှိ စားအုန်းဆီ ကော်မတီ အဖွဲ့ဝင်များအား တွေ့ဆုံဆွေးနွေးမှာကြားခဲ့ပါသည်။

         အဆိုပါတွေ့ဆုံပြောကြားရာတွင် “သမိန်ထော သိမ်ကုန်း” ကျေးရွာရှိ ပြည်သူများ သက်သာသော ဈေးနှုန်းဖြင့် စာအုန်းဆီ ဖြန့်ဖြူးရောင်းချနိုင်ရေးအတွက်   ကျေးရွာအတွင်း ရှိအိမ်ထောင်စု ဝင်အားလုံး စားသုံးဆီရရှိစေ‌ရေး၊ သတ်မှတ်ညွှန်ကြား ပေးသော ဈေးနှုန်းအတိုင်း ရောင်းချစေရေး၊ အလေးချိန် အချိန်အတွယ် မှန်ကန်မှုရှိစေရေးနှင့် ပြည်သူများထံသို့ရောင်းချနေမှုတို့အားဓာတ်ပုံမှတ်တမ်းများပေးပို့ရန်ပြောကြားခဲ့ပြီး“သမိန်ထော သိမ်ကုန်း”ကျေးရွာရှိစားသုံးဆီ ကော်မတီအဖွဲ့ဝင်များအားလိုအပ်သည်များကိုမှာကြားခဲ့ကြောင်းသိရှိရပါသည်။

DOCA(ဧရာဝတီ)