Main menu

သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal
21 Mar 2024

     ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန မအူပင်ခရိုင်ဦးစီးမှူးရုံးအောက်ရှိ ညောင်တုန်းမြို့နယ်ဦးစီးမှူးရုံးမှ ဦးအောင်လွင်မြို့နယ်ဦးစီးမှူး နှင့် ဝန်ထမ်းများသည် (၁၃.၃.၂၀၂၄) ရက်နေ့ ၊နေ့လယ်(၁၃:၀၀) နာရီအချိန်တွင် ဆားမလောက်ကျေးရွာရှိ ငရုတ်စိုက်ပျိုးသူနှင့်တွေ့ဆုံ၍ ထုတ်ကုန်လုံခြုံ စိတ်ချရမှု ရှိစေရေးMSMEs လုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေး ကွင်းဆင်းစစ်ဆေး ဆောင်ရွက်ခဲ့ပါသည်။

21 Mar 2024

     ရန်ကုန်တိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်တောင်ပိုင်းခရိုင်ဦးစီးမှူးရုံးအောက်ရှိ ဒလမြို့နယ်အတွင်း စားသုံးသူပြည်သူများ စားအုန်းဆီအမျိုးမျိုးတို့ကို ဝယ်ယူစားသုံးရာတွင် ဘေးအန္တရာယ်ကင်းရှင်းစေရေးနှင့် ထုတ်ကုန်များလုံခြုံစိတ်ချရမှုရှိစေရန်ရည်ရွယ်၍ ၂၀၂၄ခုနှစ်၊ မတ်လ(၈)ရက်နေ့၊ နံနက် (၁၁:၀၀) နာရီအချိန်တွင် စည်ပင်သာယာမြို့မဈေးအတွင်း/အပြင်ရှိ ကုန်ခြောက်ဆိုင်များသို့သွားရောက်၍ ဈေးကွက်ကွင်းဆင်းစစ်ဆေးခဲ့ကြပါသည်။

21 Mar 2024

    ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင် စားသုံးသူရေးရာဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးထွေးသိမ်းနှင့် မြို့နယ်တာဝန်ခံ ဦးမင်းဇော်တို့သည် ဖျာပုံမြို့၊ (၁၇) ရပ်ကွက်၊ ရွှေဒေါင်းမင်း မုန့်မျိုးစုံလုပ်ငန်းသို့ MSMEs နှင့် ထုတ်ကုန်လုံခြုံစိတ်ချမှုရှိစေရေးအတွက် ကွင်းဆင်းစစ်ဆေးခဲ့ကြပါသည်။

21 Mar 2024

    ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်အတွင်းရှိ ဓနုဖြူမြို့နယ်၏ အသေးစား၊ အလတ်စား၊ အငယ်စား လုပ်ငန်း MSMEs ဒေသထွက် လုပ်ငန်းများစွာရှိသည့်အနက် ဒေသတွင်း မူရင်းကုန်ကြမ်းများကို အခြေခံ၍ မြန်မာ့မုန့်များကို ထုတ်ကုန်အမျိုးအစားများအလိုက်  တန်ဖိုးမြှင့်ထုတ်ကုန်များ အဖြစ် လုပ်ကိုင်ဆောင်ရွက်လျက်ရှိပါသည်။ ပြည်တွင်းထုတ်ကုန် လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက် စေရန် နိုင်ငံတော်မှ တွန်းအားပေးဆောင်ရွက်လျက်ရှိပြီး သွင်းကုန်အစားထိုးရန်နှင့် ပို့ကုန် တိုးမြှင့် ဆောင်ရွက်နိုင်ရေးတို့အတွက် မြေပြင်တွင်

21 Mar 2024

      ဖျာပုံခရိုင်၊ကျိုက်လတ်မြို့နယ် စားသုံးသူရေးရာဦးစီးဌာန မြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းများသည် ၂၀၂၄ ခုနှစ်၊ မတ်လ(၁၂) ရက်နေ့၊နေ့လယ် (၁၁:၃၀) နာရီအချိန်တွင် သာယာဝဲကျေးရွာရှိ စားသုံးသူပြည်သူများအား အသိပညာပေး ဟောပြောခဲ့ပါသည်။

Pages