Main menu

သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal
31 Jan 2024

      ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မြောင်းမြခရိုင် ခရိုင်ဆီကုန်သည်နှင့်ဆီလုပ်ငန်း ရှင်များအသင်းအား (၂၂.၁.၂၀၂၄)ရက်နေ့၊ နံနက်(၁၁:၃၀)နာရီက မြောင်းမြခရိုင်၊စားသုံးသူရေးရာဦးစီးဌာန၊ ခရိုင်ဦးစီးမှူးရုံးအစည်းအဝေးခန်းမ၌ မြောင်းမြ၊ ဝါးခယ်မ၊ အိမ်မဲမြို့နယ်များမှ ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအား ဖိတ်ကြားပြီး ခရိုင်ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းအား အသစ်ပြန်လည် ဖွဲ့စည်းပေးခဲ့ပါသည်။

31 Jan 2024

    ၂၆.၁.၂၀၂၄ ရက်နေ့တွင် မွန်ပြည်နယ် စားသုံးသူရေးရာဦးစီးဌာနမှ မော်လမြိုင်ခရိုင်ဦးစီးမှူး၊ ချောင်းဆုံမြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းများသည် ချောင်းဆုံမြို့နယ် အ.ထ.က(ခွဲ) ကွမ်လှာကျောင်းတွင် ကျောင်းသား/ကျောင်းသူများအား စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေးဟောပြောခြင်းကို ဆောင်ရွက်ခဲ့သည်။

31 Jan 2024

           ရန်ကုန်တိုင်းဒေသကြီး၊ စားသုံးသူရေးရာကော်မတီ၏ ၂၀၂၄ ခုနှစ်အတွက် ပထမဆုံး အကြိမ်မြောက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ၂၃-၁-၂၀၂၄ ရက်နေ့၊ (၁၄း၀၀)နာရီအချိန်တွင် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၌ ကျင်းပပြုလုပ်ခဲ့ပါသည်။ အစည်းအဝေးစတင်ချိန်တွင် စားသုံးသူရေးရာကော်မတီ၏ ဒုတိယဥက္ကဌ၊ ဒုတိယတိုင်းဒေသကြီးရဲတပ်ဖွဲ့မှူး ရဲမှူးကြီးမျိုးကြည်က အဖွင့်အမှာစကားပြောကြားခဲ့ပြီး ရန်ကုန်တိုင်းဒေသကြီး စားသုံးသူရေးရာကော်မတီ အတွင်းရေးမှူး၊ စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီး၊ တိုင်းဒေ

31 Jan 2024

    ၂၄.၁.၂၀၂၄ ရက်နေ့တွင် မွန်ပြည်နယ်၊ စားသုံးသူရေးရာဦးစီးဌာန ကျိုက်ထိုမြို့နယ်တာဝန်ခံသည် မိတ်ဖက်ဌာနများနှင့် ပူးပေါင်း၍ ကျိုက်ထိုမြို့နယ်ရှိ စတိုးဆိုင်၊ ကုန်စုံဆိုင်များတွင် ရောင်းချနေသော  စားသုံးဆီများအား ကုန်အညွန်းအမှတ်အသားပြည့်စုံမှန်ကန်မှု ရှိ/မရှိကို ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

30 Jan 2024

    စားသုံးသူရေးရာဦးစီးဌာန၊ ပေါင်းတည်မြို့နယ်တာဝန်ခံ ဦးနိုင်ဝင်းသိန်းသည် (၂၃-၁-၂၀၂၄) ရက်နေ့၊ နေ့လယ် (၁၄:၀၀) နာရီအချိန်တွင် ပေါင်းတည်မြို့၊  ရွှေတည်(၁) ကွက်သစ်၊ (၉)လမ်းနေ “Aung” ကိတ်မုန့်၊ ပေါင်မုန့်လုပ်ငန်းပိုင်ရှင် ဦးမြတ်သူအောင်နှင့်သွားရောက်တွေ့ဆုံ၍ ထုတ်ကုန်များလုံခြုံစိတ်ချမှုရှိစေရေးနှင့် လုပ်ငန်းဆောင်ရွက်နေမှုအခြေအနေများကို ကွင်းဆင်းဆွေးနွေးခြင်းများပြုလုပ်ခဲ့ပါသည်။

Pages