Main menu

သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal
30 Jan 2024

    ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ဒိုက်ဦးမြို့နယ်၊ အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် စားသုံးသူရေးရာဦးစီးဌာနတို့ပူးပေါင်း၍ အသိပညာပေးဟောပြောပွဲကို ယနေ့နံနက် (၀၉း၀၀) နာရီအချိန်တွင် မူလွန်အမှတ် ()ကျောင်း၌ ကျင်းပပြုလုပ်ခဲ့သည်။

30 Jan 2024

    ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ကျောက်တံခါးမြို့တွင် စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်တာဝန်ခံဦးဆောင်၍ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ မြို့နယ်ရဲတပ်ဖွဲ့၊ မြို့နယ်ကျန်းမာရေးဦးစီးဌာနတို့မှ တာဝန်ရှိသူများနှင့်အတူ (၂၃-၁-၂၀၂၄) ရက်နေ့ ၊ နံနက်ပိုင်းအချိန်၌ ကျောက်တံခါးမြို့၊ စည်ပင်သာယာဈေးတွင် ရောင်းချနေသော  စားသုံးဆီအမျိုးမျိုးတို့၌ ကုန်အညွှန်းအမှတ်အသားများပြည့်စုံစွာဖော်ပြပါရှိခြင်းရှိ/မရှိ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများပြုလုပ်ခဲ့ပါသည်။

30 Jan 2024

     နတ်တလင်းခရိုင်၊ နတ်တလင်းမြို့နယ်တွင် စားအုန်းဆီများဖြန့်ဖြူးရောင်းချလျက်ရှိရာ လုပ်ငန်းများစနစ်တကျရှိစေရေးအတွက် မြို့နယ်အလိုက် လက်ကားကိုယ်စားလှယ်များနှင့် လက်လီရောင်းချသူများ၏အမည်၊ လုပ်ငန်းတည်နေရာ၊ လိပ်စာ၊ ဖုန်းနံပါတ် စသည့်အချက်အလက်များကိုပြုစုပေးပို့နိုင်ရေးနှင့် စားအုန်းဆီပေပါများကို သတ်မှတ်ရည်ညွှန်းဈေးနှုန်းဖြင့် ထုတ်ယူမှုရှိ/မရှိ၊ သတ်မှတ်အလေးချိန်၊ ပမာဏပြည့်မီစွာရရှိမှုရှိ/မရှိ၊ သတ်မှတ်အရည်အသွေးကိုက်ညီမှုရှိ/မရှိတို့ကို စားသုံးသူရေးရာဦးစီးဌာနဝန်ထမ်းများနှင့် မြို့နယ

30 Jan 2024

    နတ်တလင်းခရိုင်၊ နတ်တလင်းမြို့နယ်တွင် MSMEs လုပ်ငန်းများ၏  ဒေသတွင်းထုတ်ကုန်များလုံခြုံစိတ်ချမှုရှိစေရေးအတွက် နတ်တလင်းခရိုင်၊ စားသုံးသူရေးရာဦးစီးဌာန၊ ခရိုင်တာဝန်ခံနှင့်ဝန်ထမ်းများသည်    (၂၄-၁-၂၀၂၄) ရက်နေ့၊ နံနက်   (၁၁:၀၀) နာရီအချိန်တွင် နတ်တလင်းမြို့နယ်၊ မေတ္တာလမ်း “ယောကျ်ားကြီး”  ငါးငါးပိလုပ်ငန်းရှင် ဦးကျော်လင်းဇော်နှင့် သွားရောက် တွေ့ဆုံဆွေးနွေးခြင်းများပြုလုပ်ခဲ့ပါသည်။

30 Jan 2024

     နတ်တလင်းခရိုင်၊ ပေါင်းတည်မြို့နယ်၊ စားသုံးသူရေးရာဦးစီးဌာနနှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ပူးပေါင်း၍ မြို့နယ်စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းများ၊ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူဆက်ဆံရေးဦးစီးဌာနမှ ဦးစီးမှူးနှင့်ဝန်ထမ်းများအဖွဲ့သည် (၂၅-၁-၂၀၂၄) ရက်နေ့၊  နံနက် (၀၉:၀၀)နာရီအချိန်တွင် ပေါင်းတည်မြို့နယ်၊ ကျောင်းကုန်းကျေးရွာ၊  အခြေခံပညာမူလတန်းကျောင်းရှိ ဆရာ/ဆရာမ၊ ကျောင်းသား/ကျောင်သူများအား စားသုံးသူအသိပညာပေးဟောပြောဆွေးနွေးပွဲပြုလုပ်ခဲ့ပါသည်။<

Pages