Main menu

ဈေးများအတွင်းရှိ ထိုင်းနိုင်ငံထုတ်စားသောက်ကုန်၊ လူသုံးကုန်ပစ္စည်းများအား မြေပြင်ကွင်းဆင်းစစ်ဆေးခြင်း

Powered by Drupal

        စားသုံးသူရေးရာဦးစီးဌာန၊ မြောက်ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဒေါ်နီလာဝင်း၊ ဦးစီးမှူးနှင့် ဝန်ထမ်းများသည် (၃၀.၁၀.၂၀၂၅)ရက်နေ့ နံနက်(၁၀:၃၀) နာရီခွဲအချိန်တွင် အင်းစိန်မြို့နယ်အတွင်းရှိ အင်းစိန်ဈေးနှင့် ဘိုကုန်းဈေးတို့တွင် ထိုင်းနိုင်ငံထုတ်စားသောက်ကုန်၊ လူသုံးကုန်ပစ္စည်းများ၊ ဈေးနှုန်းဈေးကွက် အခြေအနေအား မြေပြင်ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

        ထိုသို့ကွင်းဆင်းစစ်ဆေးဆောင်ရွက်ရာတွင် ထိုင်းနိုင်ငံထုတ်ကုန်ပစ္စည်းများ၏ ယခင်အပတ်၊ ယခုအပတ်တွင် ရောင်းချနေသော ဈေးနှုန်းကောက်ခံခြင်းနှင့် ကုန်ပစ္စည်းများတွင် ကုန်အညွှန်းအမှတ် အသားဖော်ပြခြင်း ပြည့်စုံမှုရှိ/ မရှိ စစ်ဆေးခဲ့ပြီး ဒေါ်နီလာဝင်း၊ ဦးစီးမှူးက လုပ်ငန်းရှင်များအား စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော စားသုံးသူကာကွယ်ရေးဥပဒေ ၂၀၁၉ တွင် အခန်း(၁၈)ပါ ကုန်အညွှန်းအမှတ်အသားဖော်ပြရာတွင် မည်သည့်စီးပွားရေးလုပ်ငန်းရှင်မဆို ပုဒ်မခွဲ(ခ)နှင့် (ဆ)တို့ပါ အချက်များကို မြန်မာဘာသာ  ဖြင့်ဖြစ်စေ၊ မြန်မာဘာသာနှင့်အခြားဘာ သာတစ်ခု(သို့)တစ်ခုထက်ပို၍ တွဲလျက်ဖြစ်စေရေးသား ဖော်ပြရမည်ဖြစ်ကြောင်း အသိပညာပေး ပြောကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA (ရန်ကုန်)