သတင်းနှင့် လှုပ်ရှားမှုများ
ယနေ့ကာလ၌ အွန်လိုင်းစနစ်ဖြင့် ရောင်းချသောလုပ်ငန်းများသည် စားသုံးသူပြည်သူများကို လိမ်လည်လှည့်ဖြားမှုများပြားလာပါသဖြင့် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက အွန်လိုင်းစနစ်ဖြင့် ရောင်းချခြင်းလုပ်ငန်းကို အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေအရ အရေး ကြီးဝန်ဆောင်မှုလုပ်ငန်းအဖြစ် သတ်မှတ်ကြောင်း ၂၀၂၃ ခုနှစ်၊ ဇူလိုင်လ ၂၃ ရက်နေ့ ရက်စွဲပါ အမိန့်ကြော်ငြာစာအမှတ်(၅၀/၂၀၂၃) ဖြင့် ထုတ်ပြန်ခဲ့သည်။ ထို့ပြင် အွန်လိုင်းစနစ်ဖြင့် ရောင်းချခြင်းလုပ်ငန်းများ စနစ်တကျမှတ်ပုံတင်နိုင်ရန် အွန်လ
၂၀၂၄ခုနှစ်၊ ဇန်နဝါရီလ၊ ၂၆ရက်နေ့ ၊ နံနက် (၁၀း၀၀) နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့မှ စစ်ဆေးရေးအရာရှိနှင့် ဝန်ထမ်းများသည် ဦးစားပေးကုန်စည်များမှ တစ်မျိုးဖြစ်သည့် စားသုံးဆီအမျိုးမျိုးအား ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန ၊ စည်ပင်သာယာရေးအဖွဲ့တို့နှင့်ပူးပေါင်း၍ ထားဝယ်မြို့ပေါ်ရှိ စားသုံးဆီအမျိုးမျိုး လက်လီ/လက်ကား ရောင်းချသည့် ကုန်စုံဆိုင်များတွင် ကုန်အညွှန်းအမှတ်အသားများပြည့်စုံစွာ ဖော်ပြပါရှိမှု ရှိ
ပဲခူးတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာ၊ တိုင်းဒေသကြီးဦးစီးမှူး၏ လမ်းညွှန်မှုဖြင့် သာယာဝတီခရိုင်ဦးစီးမှူးက ကြီးကြပ်၍ ခရိုင်ဦးစီးမှူးရုံးမှ ဝန်ထမ်းများသည် ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မင်းလှမြို့၊ စည်ပင်သာယာမြို့မဈေးအတွင်း/အပြင်ရှိ ကုန်စုံဆိုင်များနှင့် ဈေးကွက်အတွင်းသို့သွားရောက်ကာ ဆီများရောင်းချနေမှုအခြေအနေများကိုသိရှိရန် ကွင်းဆင်းစစ်ဆေးဆောင်ရွက်လျက်ရှိပါသည်။
စားသုံးသူရေးရာဦးစီးဌာန၊ သာယာဝတီခရိုင်၊ ခရိုင်ဦးစီးမှူး၏ လမ်းညွှန်မှုဖြင့် (၂၃-၁-၂၀၂၄) ရက်နေ့၊ နံနက်(၁၀:၀၀)နာရီအချိန်တွင် လက်ပံတန်းမြို့၊ မြို့မဈေးအပြင်တန်းဘက် စန္ဒာမြိုင်ဆေးဆိုင်ရှိ ဆေးပစ္စည်းများ၌ ကုန်အညွှန်းအမှတ်အသားများပြည်စုံစွာဖော်ပြခြင်းရှိ/မရှိကို မြို့နယ်တာဝန်ခံ ဦးချစ်ကိုကိုနှင့် ဝန်ထမ်းများက ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ကြပါသည်။ စစ်ဆေးရာတွင် စားသုံးသူများအနေဖြင့် တိကျမှန်ကန်ရှင်းလင်းသော သတင်းအချက်များသိရှိစေရန်၊ စားသုံးသူများဘေးအန္တရာယ်ကင်းရှင်းစေရန်နှင့် စိတ်ကျ
မော်လမြိုင်မြို့နယ်၊ ဆန်ကုန်သည်အသင်းဖွဲ့စည်းခြင်းအခမ်းအနားကို ၂၂.၁.၂၀၂၄ ရက်နေ့တွင် စားသုံးသူရေးရာဦးစီးဌာန၊ မွန်ပြည်နယ်ဦးစီးမှူးရုံး၌ ကျင်းပပြုလုပ်ခဲ့ရာ ပြည်နယ်ဦးစီးမှူးတက်ရောက်ခဲ့ပြီး ဆန်ကုန်သည် (၂၂) ဦးတက်ရောက်ခဲ့ကြောင်း သိရှိရသည်။