Main menu

သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal
29 Jan 2024

    စားသုံးသူရေးရာဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပုတောမြို့နယ်တာဝန်ခံရုံးမှ မြို့နယ်တာဝန်ခံသည် စားသုံးသူဘေးအန္တရာယ်ကင်းရှင်းစွာသုံးစွဲနိုင်ရေးရည်ရွယ်၍ ၂၀၂၄ခုနှစ်၊ ဇန်နဝါရီလ (၂၃)ရက်နေ့၊ နံနက် (၁၀း၀၀) နာရီအချိန်တွင် ငပုတောမြို့နယ်တာဝန်ခံရုံး၌ နေလမင်းရေသန့်လုပ်ငန်းရှင်နှင့်တွေ့ဆုံဆွေးနွေးအသိပညာပေးခဲ့ပါသည်။

29 Jan 2024

   ပုသိမ်ခရိုင်၊ ငပုတောမြို့နယ် စားသုံးသူရေးရာဦးစီးဌာနမှ  မြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းများသည် ငပုတောမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့၏ စီမံလမ်းညွှန်ချက်နှင့်အညီ ဌာနမှ ပူးပေါင်းပါဝင်၍ ငပုတောမြို့နယ်အတွင်းရှိ အငြိမ်းစားယူထားသောဝန်ထမ်းများ၏ ပင်စင်လစာ ထုတ်ယူသောနေ့ ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ ၂၂ ရက်နေ့တွင် အခြေခံစားသောက်ကုန်များအား ပြင်ပပေါက်ဈေးနှုန်းထက် သက်သာသောဈေးနှုန်းဖြင့် ရောင်းချပေးခဲ့ရာတွင် ပါဝင်ဆောင်ရွက်ပေးခဲ့ ပါသည်၊၊

29 Jan 2024

      စားသုံးသူရေးရာဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကျုံပျော်မြို့နယ်တာဝန်ခံရုံးမှ မြို့နယ်တာဝန်ခံသည် စားသုံးသူဘေးအန္တရာယ်ကင်းရှင်းစွာသုံးစွဲနိုင်ရေးရည်ရွယ်၍ ၂၀၂၄ခုနှစ်၊ ဇန်နဝါရီလ (၂၂)ရက်နေ့၊ နံနက် (၁၁း၀၀) နာရီအချိန်တွင် မြို့နယ်တာဝန်ခံရုံး၌ ကျုံပျော်မြို့နယ်၊ ကျုံတနီးရွာရှိ မုန့်လုပ်ငန်းရှင်နှင့်တွေ့ဆုံဆွေးနွေးအသိပညာပေးခဲ့ပါသည်။

26 Jan 2024

   ၂၀၂၄ခုနှစ် ၊ဇန်နဝါရီလ(၂၂)ရက်နေ့ နံနက်(၁၀:၀၀)နာရီအချိန်တွင် မွန်ပြည်နယ် စားသုံးသူရေးရာ ဦးစီးဌာနမှ ဒုတိယပြည်နယ်ဦးစီးမှူး၊ မော်လမြိုင်ခရိုင်ဦးစီးမှူးနှင့် ဝန်ထမ်းများအဖွဲ့သည် မုဒုံမြို့နယ် အထက(ခွဲ) ကောခပုံကျောင်း၌ စားသုံးသူကာကွယ်‌ရေး အသိပညာပေးဟောပြောပွဲကျင်းပ ပြုလုပ်ခဲ့ရာ ဆရာ/ဆရာမ၊ ကျောင်းသား/ကျောင်းသူ(၂၃၀)ဦး တက်ရောက်ခဲ့သည်။

26 Jan 2024

   မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်၊ စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းများသည် ၂၃.၁.၂၀၂၄ ရက်နေ့တွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်ရဲတပ်ဖွဲ့၊ မြို့နယ်စုံစမ်းစစ်ဆေးရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့ပူးပေါင်း၍ ဘီးလင်းမြို့၊ မင်္ဂလာဈေး (ဘိုးရာဇာရပ်ကွက်)နှင့် နီလာဈေး(ကန်သာယာရပ်ကွက်)ရှိ ကုန်စုံဆိုင်များတွင် ရောင်းချနေသော စားသုံးဆီအမျိုးမျိုးတို့အား ကုန်အညွှန်းအမှတ်အသား ပြည့်စုံမှန်ကန်မှု ရှိ/မရှိ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း ဆောင်ရွက်ခဲ့သည်

Pages