သတင်းနှင့် လှုပ်ရှားမှုများ
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်၊ ပုဂံမြို့သစ်ရှိ ထွန်းတောက်နေ ကိုယ်ပိုင်အထက်တန်းကျောင်းတွင်(၁၇.၁.၂၀၂၄)ရက်နေ့၊ နံနက်(၁၀:၀၀)နာရီအချိန်တွင် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ညောင်ဦးခရိုင်ဦးစီးမှူးရုံးမှ ဦးသန်းစိုး (ဦးစီးအရာ)သည် မိတ်ဖက်ဌာနများနှင့်ပူးပေါင်း၍ စားသုံးသူကာကွယ်ရေးနှင့် ပတ်သက်ပြီး အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့ပါသည်။
စာသုံးသူရေးရာဦးစီးဌာန၊ တောင်ငူခရိုင်ဦးစီးမှူး ဦးမျိုးအောင်သည် တောင်ငူမြို့နယ်၊ စည်ပင်သာယာရေးအဖွဲ့မှ ဦးစီးအရာရှိ ဦးအောင်ကိုကိုနှင့်အတူ ၂၀၂၄ခုနှစ်၊ ဇန်နဝါရီလ ၁၇ရက်နေ့၊ နံနက်ပိုင်းအချိန်တွင် တောင်ငူမြို့၊ အမှတ် ၂၂ရပ်ကွက်၊ ရန်ကုန်-မန္တလေးလမ်းရှိ A to Z အိမ်ဆောက်ပစ္စည်းအရောင်းဆိုင်သို့သွားရောက်၍ သံချောင်းလုံးများရောင်းချနေမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးခဲ့ပါသည်။
စားသုံးသူရေးရာဦးစီးဌာန၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်တာဝန်ခံ ဒေါ်သန္တာစိုးသည် ပြန်ကြားရေးနှင့်ပြည်သူ့ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဒေါ်အိမာဟိန်းနှင့်အတူ ၂၀၂၄ခုနှစ်၊ ဇန်နဝါရီလ ၁၇ရက်နေ့တွင် ဖြူးမြို့နယ်၊ ဝဲဒေါင့်ကျေးရွာ၊ အခြေခံပညာမူလတန်းလွန်ကျောင်းနှင့် ရေသျှံကြီးကျေးရွာ၊ အခြေခံပညာမူလတန်းလွန်ကျောင်းများသို့သွားရောက်၍ စားသုံးသူကာကွယ်ရေးဆိုင်ရာများကို အသိပညာပေးဟောပြောခဲ့ပါသည်။
စားသုံးသူများအားလုံးသည် ကုန်စည်နှင့်ဝန်ဆောင်မှုများကို ဝယ်ယူအသုံးပြုရာတွင် ဘေးကင်းလုံခြုံစွာအသုံးပြုနိုင်ရေးအတွက် ခရိုင်အတွင်း ထုတ်လုပ်လျက်ရှိသော ကုန်စည်နှင့် စပ်လျဉ်း၍ အာမခံချက်ပေးခြင်းနှင့် ကုန်အညွန်းအမှတ်အသား ပြည့်စုံစွာဖော်ပြမှုရှိစေရေး ရည်ရွယ်၍ ဆောင်ရွက်လျက်ရှိရာ မိတ္ထီလာခရိုင်အတွင်း ၂၀၂၄ ခုနှစ် ဇန်နဝါရီလ ၁၆ ရက်နေ့တွင် ခရိုင်ဦးစီးမှူး ဦးဇော်မင်းနှင့် ဝန်ထမ်းများသည် စက်မှုဇုန်ရှိ အရီးသန်းလက်ဖက်နှင့် ပဲကြော်လုပ်ငန်း၊ မိတ္ထီလာမြို့နယ်၊ မန်ကျည်းကျေးရွာအုပ်စု၊ ညောင်ကုန်း
စားသုံးသူရေးရာဦးစီးဌာန၊ ဟင်္သာတခရိုင်ဦးစီးမှူးသည် (၁၈-၁-၂၀၂၄) ရက်နေ့၊ နေ့လယ် (၁၃:၀၀)နာရီအချိန်တွင် ဟင်္သာတမြို့နယ်၊ ရုံးကြီးရပ်ကွက်၊ အထွေထွေအုပ်ချုပ်ရေးအစည်းအဝေးခန်းမ၌ မြို့ပေါ်ရပ်ကွက်ရှိ လုပ်ငန်းရှင်များအား စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောဆွေးနွေးမှုများပြုလုပ်ခဲ့ပါသည်။