
စစ်ကိုင်းတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ ကန့်ဘလူမြို့နယ်တာဝန်ခံရုံးသည်၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ ၂၇ ရက်၊ နံနက် ၁၀:၃၀ နာရီအချိန်တွင် မြို့နယ်တာဝန်ခံ ဦးမျိုးဝင်းသန်းနှင့် ဒေါ်အိမွန်ကျော်တို့သည် ကျောင်းအုပ်ဆရာမကြီးနှင့် ဆရာ/ဆရာမတို့ဖြင့်ပူးပေါင်း၍ ကန့်ဘလူမြို့ (အ.ထ.က)(ခွဲ)ညောင်အိုင်ကျောင်းမုန့်ဈေးတန်းရှိ မုန့်ဆိုင်များအား ဈေးကွက်စောင့်ကြည့်စစ်ဆေး ခဲ့ကြောင်း သိရသည်။
ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် စားသုံးသူရေးရာဦးစီးဌာနက ဦးဆောင်၍ ကျောင်းအုပ်ဆရာ မကြီးနှင့် ဆရာ/မများပူးပေါင်း၍ ကျောင်းမုန့်ဈေးတန်းတွင် ရောင်းချလျက်ရှိသည့်မုန့်မျိုးစုံတွင်ကုန်အညွှန်အမှတ်အသားများကို(၂/၂၀၁၉)နှင့်အညီ မြန်မာဘာသာဖြင့်ဖော်ပြထားခြင်းရှိ/မရှိ စစ်ဆေးခဲ့ ကြောင်း၊ မြို့နယ်တာဝန်ခံက လုပ်ငန်းရှင်များအနေဖြင့် မိမိတို့ရောင်းချသည့် ကုန်စည်များတွင် မြန်မာဘာသာဖြင့် ကုန်အညွှန်းအမှတ်အသား ပြည့်စုံစွာဖော်ပြထားသည့် ကုန်စည်များ၊ သက်ဆိုင် ရာဌာနများ၏ ထောက်ခံချက်ပါရှိသည့်ကုန်စည်များ စသည်တို့ကိုရောင်းချရန် အသိပညာပေးပြောကြားခဲ့ပြီး စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များပါအသိပညာပေးလက်ကမ်းစာစောင်များဖြန့်ဝေပေးခဲ့ကြောင်း သိရှိရသည်။
DOCA (စစ်ကိုင်း)
