သတင်းနှင့် လှုပ်ရှားမှုများ
စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊စားသုံးသူရေးရာဦးစီးဌာန၊ဗန်းမော်ခရိုင်ဦးစီးမှူးရုံးမှ ဒေါ်နှောင်းနှောင်းဝင်း (ဒု-ဦးစီးမှူး)သည် ၁၈.၁.၂၀၂၄ ရက်နေ့တွင် ခရိုင်ပြန်ကြားရေးနှင့် ပြည့်သူ့ဆက်ဆံရေးဦးစီးဌာနတို့နှင့် ပူးပေါင်း၍ ဗန်းမော်မြို့၊ ညောင်ပင်ရပ်ရပ်ကွက်ရှိ အမှတ်(၃) အခြေခံပညာအလယ်တန်းကျောင်း၊ မေတ္တာခန်းမဆောင်၌ ကျောင်းသား၊ ကျောင်းသူများအား စားသုံးသူကာကွယ်ရေး အသိပညာပေး ဟောပြောခဲ့ပါသည်။
ကချင်ပြည်နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ ဗန်းမာ်ခရိုင်ဦးစီးမှူးရုံးမှ ဒေါ်နှောင်းနှောင်းဝင်း (ဒုဦးစီးမှူး)သည် ၁၉.၁.၂၀၂၄ရက်နေ့တွင် ဗန်းမော်မြို့၊မင်းကုန်းရပ်ကွက်ရှိ ကုန်မျိုးစုံရောင်းဝယ်ရေး လုပ်ငန်းရှင်နှင့် တွေ့ဆုံဆွေးနွေးခဲ့ပါသည်။
စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနမှ ဒေါ်သီတာဖြိုး (အငယ်တန်းစာရေး)သည် (၁၈.၁.၂၀၂၄)ရက်နေ့တွင် မိုးမောက်မြို့၊ မံပုံကျေးရွာ၊ အခြေခံပညာမူလတန်း(လွန်)ကျောင်းရှိကျောင်းသား/ကျောင်းသူများအား စားသုံးသူကာကွယ်ရေးအသိပညာပေး ဟောပြောခဲ့ပါသည်။
စားသုံးသူရေးရာဦးစီးဌာန၊ ဗန်းမာ်ခရိုင်ဦးစီးမှူးရုံးမှ ဒေါ်နှောင်းနှောင်းဝင်း(ဒုဦးစီးမှူး) သည်၁၈-၁-၂၀၂၄ရက်နေ့တွင် ဗန်းမော်မြို့၊ ကန်တော်ရပ်ကွက်၊ ပေါက်ကုန်းရပ်ကွက် ၊ညောင်ပင်ရပ်ရပ်ကွက်ရှိ စတိုးဆိုင်နှင့် ကုန်မျိုးစုံရောင်းချသောဆိုင်များသို့သွားရောက်၍ ကုန်အညွှန်းအမှတ်အသား ဖော်ပြခြင်းနှင့် ပတ်သက်၍ စားသုံးသူကာကွယ်ရေးဥပဒေပါ ပြဌာန်းချက်များနှင့် ကိုက်ညီမှုရှိ/မရှိတို့အား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ပါသည်။
စားသုံးသူရေးရာဦးစီးဌာန၊ မြစ်ကြီးနားခရိုင်ဦးစီးမှူးရုံးမှ ဦးတင်မောင်ထွန်း(ရုံးအုပ်) သည် ၁၈.၁.၂၀၂၄ ရက်နေ့တွင် မြစ်ကြီးနားမြို့၊ ကချင်စုရပ်ကွက်ရှိ ဒေါ်ထုဘူ (ကုန်စုံဆိုင်)သို့ သွားရောက်၍ စားသုံးသူများ ဘေးအန္တရာယ်ကင်းရှင်းပြီး ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရေး၊ဘေးအန္တရာယ်ရှိသော ကုန်စည်များ ဈေးကွက်အတွင်းမှ ပပျောက်စေရေးနှင့် စားသုံးသူကာကွယ်ရေး ဥပဒေပါ ကုန်အညွှန်းအမှတ်အသား ဖော်ပြခြင်းနှင့် ပတ်သက်၍ ကိုက်ညီမှု ရှိ/ မရှိ ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ပါသည်။