Main menu

သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal
08 Mar 2024

    စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူး၏ လမ်းညွှန်ချက်အရ ခရိုင်အတွင်း မြို့နယ်များရှိ နေ့စဉ်ရောင်းချနေသော စက်သုံးဆီအရောင်းဆိုင်များတွင် စက်သုံးဆီပြတ်လပ်မှုရှိ/ မရှိနှင့် ကားတန်းစီမှုအခြေ အနေတို့ကို ၄.၃.၂၀၂၄ ရက်နေ့တွင် ကွင်းဆင်း စစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

08 Mar 2024

    စားအုန်းဆီဖြန့်ဖြူးရေးစီမံခန့်ခွဲမှု Software နှင့်ပတ်သက်၍ ရှင်းလင်းပွဲ ၏ ပထမနေ့ဖွင့်ပွဲ အခမ်းအနားကို စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ ပဥ္စမထပ် အစည်းအဝေးခန်းမ တွင် (၄.၃.၂၀၂၄)ရက်နေ့က ကျင်းပပြုလုပ်ခဲ့ပါသည်။ (၃)ရက်တာ ကျင်းပပြုလုပ်သွားမည့် အခမ်းအနား၏ ပထမနေ့ဖွင့်ပွဲကို စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီး ဦးစီးမှူး ဦးကျော်ကျော်လွင် နှင့် တာဝန်ရှိသူများ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ မြို့တော်စည်ပင်သာယာရေးကော်မတီမှ တာဝန်ရှိသူများ၊

08 Mar 2024

     စားသုံးသူရေးရာဦးစီးဌာန၊ မုံရွာခရိုင်ဦးစီးမှူးရုံးမှ ခရိုင်ဦးစီးမှူးနှင့် မြို့နယ်တာဝန်ခံနှင့် ဝန်ထမ်း (၁)ဦးတို့သည် ၂၀၂၄ခုနှစ်၊ မတ်လ   ၆ ရက်နေ့၊ နံနက် (၁၀း၀၀) နာရီအချိန်တွင် မုံရွာမြို့၊ စက်မှုဇုန်ရပ်ကွက်ရှိ “လှိုင်သင်း” ပဲကြော်ဖိုလုပ်ငန်းရှင်နှင့်တွေ့ဆုံ၍ စားသုံးသူကာကွယ်ရေးဥပဒေ(၂၀၁၉)၊ အခန်း(၁၈) အရ ကုန်အညွှန်းအမှတ်အသားဆိုင်ရာ ပြဋ္ဌာန်းချက်များနှင့်ပတ်သက်၍ စီးပွားရေးလုပ်ငန်းရှင်များသိရှိလိုက်နာဆောင်ရွက်နိုင်စေရန်အတွက် အသိပညာပေးဆွေးနွေးခဲ့ပါသည်။

08 Mar 2024

     စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနအနေဖြင့် ပြည်သူများ ဘေးအန္တရာယ်ကင်းရှင်းသော ကုန်စည်များသုံးစွဲနိုင်ရန်နှင့် ဈေးကွက်အတွင်းရောင်းချလျက်ရှိ သော ကုန်ပစ္စည်းများတွင် ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာပါဝင်ခြင်း ရှိ/မရှိ စစ်ဆေးခြင်းလုပ်ငန်းများအား ဆောင်ရွက်လျက်ရှိရာ ၂၀၂၄-ခုနှစ် မတ်လ(၆)ရက်နေ့တွင် စားသုံးသူရေးရာဦးစီးဌာန၊ ကသာခရိုင်ဦးစီးမှူးရုံးမှ စစ်ဆေးရေးမှူး ဦးကြည်နိုင်ဦး (ဦးစီးမှူး)နှင့် ဝန်ထမ်းများသည် ကသာမြို့ပေါ်ရှိ

08 Mar 2024

   စားသုံးသူရေးရာဦးစီးဌာန၊ ချင်းပြည်နယ်ဦးစီးမှူးရုံးမှ ဦးလှမိုးနိုင်(လ/ထညွှန်မှူး)၊ ဦးကီးအောင်လိန်း(ဒု-ဦးစီးမှူး)၊  မြို့နယ်ရဲတပ်ဖွဲ့ရုံးမှ ဦးအောင်အောင်(မြို့နယ်ရဲတပ်ဖွဲ့မှူး) ပြည်နယ်အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာနမှ ဦးတင်မောင်သိန်း(ဦးစီးအရာရှိ)နှင့် ပြည်မြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဦးကျော်ဝင်းထွဋ် (ဒု-ဦးစီးမှူး)တို့သည်  ၂၀၂၄ ခုနှစ်၊ မတ်လ ၆ ရက်နေ့၊ နံနက်(၁၀:၃၀)အချိန်တွင် ဟားခါးမြို့ ပြည်တော်ရပ်ကွက်ရှိ ကုန်စုံဆိုင်များအား ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

Pages