Main menu

ကော့သောင်းမြို့ပေါ်ရှိ စားသုံးဆီအမျိုးမျိုးရောင်းချနေသည့် ကုန်စုံဆိုင်များအား ကွင်းဆင်းစစ်ဆေးခြင်း

Powered by Drupal

       ၂၀၂၅ ခုနှစ် အောက်တိုဘာလ ၂၃ ရက်နေ့၊ နံနက်(၉:၀၀)အချိန်တွင် ကော့သောင်း ခရိုင်စားသုံးသူရေးရာဦးစီးဌာနသည် မိတ်ဖက်ဌာနများနှင့်အတူပူးပေါင်း၍ ကော့သောင်းမြို့ ပေါ်ရှိ စားသုံးဆီအမျိုးမျိုးရောင်းချနေသည့် အရောင်းဆိုင်များအား ထုတ်ကုန်လုံခြုံစိတ်ချရမှု နှင့်ပတ်သက်၍ စားသုံးသူကာကွယ်ရေးဥပဒေပါ ကုန်အကုန်အညွှန်းအမှတ်အသားဖော်ပြခြင်း နှင့်စပ်လျဉ်း၍ စားသုံးဆီအမျိုးမျိုးတို့အား ကုန်စည်‌‌ပေါ်တွင် အမျိုးအမည်၊ အရွယ်အစား၊ အသား တင်ပမာဏ၊ ထားသိုသိမ်းဆည်းမှုအညွှန်းစသည်တို့ကို သတ်မှတ်ချက်များနှင့်အညီဆောင်ရွက် ရန်နှင့် ကိုက်ညီမှုမရှိသည့် ကုန်စည်များကို‌ ရောင်းချမည်ဆိုလျှင် စားသုံးသူကာကွယ်ရေးဥပဒေ အရ အရေးယူခြင်းခံရမည်ဖြစ်ပါကြောင်း ဆွေးနွေးပြောကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA(တနင်္သာရီ)